Thursday, 21 August 2014
မြန်မာအင်ပါယာ Burmese Kingdom
မြန်မာနိုင်ငံသမိုင်း သရုပ်ပြပုံဖြစ်ပါသည်။
အနော်ရထာမင်း ပုဂံမြို့တော်မှ AD 849 တွင် စတင်ခဲ့သည်။ နှစ်ပေါင်း ၄၅၀ခန့် တည့်တံ့ခဲ့ပြီး၊ မွန်ဂိုအင်ပါယာ ကျုးကျော်မှုကြောင့် ပုဂံမင်းဆက်ပျောက်ခဲ့သည်။ တောင်ငူမင်းဆက် ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၂၇၀ခန့်အုပ်စိုးခဲ့သည်။ ပြည်တွင်း မွန်-မြန်မာ တိုက်ပွဲများဖြင့် 1752 တွင် မင်းဆက်ပျက်ခဲ့ရပြန်သည်။ စစ်အင်အားကြီးသူ အလောင်းဘုရား ကုန်းဘောင်မင်းဆက် AD1752 စတင်ခဲ့သည်။ နှစ်၇၀ကြာ ကုန်းဘောင်မင်းဆက်တွင် ကျူးကျော်သူ တရုပ်ကို ၄ကြိမ် အနိုင်တိုက်ခိုက်ခဲ့သည်။ ထိုင်း၊အာသံ၊မဏိပူရ၊ နာဂ၊ ရခိုင် စသည့်နိုင်ငံများကို စစ်နိုင်ခဲ့သည်။ တိုအချိန်က အင်အားကြီးမားလှသော အင်္ဂလိပ်အင်ပါယာကို စစ်အင်အားဖြင့်ယှဉ်ပြိုင်ခဲ့ရမှ အနှစ်၆၀ကာလ ၁၈၂၄၊ ၁၉၅၂၊ ၁၉၈၈၆ အင်္ဂလိပ်မြန်မာစစ်ပွဲများ၊ အင်္ဂလိပ်က မြန်မာဘုရင်ကိုဖမ်းဆီးနိုင်ပြီး၊ မင်းဆက်ပျောက်ခဲ့ရသည်။ အင်္ဂလိပ်လက်အောက်တွင် ၁၈၈၅-၁၉၄၈ နှစ်ပေါင်း ၆၃နှစ် ကြာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့တပ်မတော် ပေါ်ထွက်လာသည်။ စတ္တုထမြန်မာနိုင်ငံဟု သမိုင်းတွင်ခဲ့သည်။ အင်္ဂလိပ်၊ ဂျပန်တို့ထံမှ လွတ်လပ်ရေးရယူခဲ့ပြီး ၁၉၄၈-၂၀၁၁ နှစ်ပေါင်း ၆၃နှစ် ကိုယ့်ထီးကိုယ်နန်းအုပ်ချုပ်ခဲ့သည်။ တနည်းအားဖြင့် စစ်ဝါဒီအစိုးရ (စစ်ဗိုလ်ချုပ်များ) အုပ်ချုပ်ခဲ့သော ၁၉၆၂နောက်ပိုင်း မြန်မာပြည်သည်၊ အရှေ့တောင်အာရှအဆင်းရဲ့ဆုံးဖြစ်ရုံမက၊ ကမ္ဘာ့အဆင်းရဲ့ဆုံးဖြစ်သွားခဲ့ရသည်။ ကမ္ဘာနှင့် နှစ်၅၀ အဆက်ပြတ်သွားရသည်။ ယခုအခါ ပြုပြင်ပြောင်းလဲလိုသော စစ်ဗိုလ်ချုပ်ဟောင်းများ ခေါင်းဆောင်နေသည်။ စစ်ဝါဒီဖြစ်ပါစေ စစ်မှန်သောအမျိုးသားစိတ် (နိုင်ငံသားချင်းအနိုင်မကျင့်သောစိတ်) ရှိသော Nationalist များခေါင်းဆောင်ဖို့ လိုပါသည်။
အင်ပါယာကြီးများ နှစ်ပေါင်းများစွာ တည်တံ့၊ စည်ပင်တိုးတက်ခြင်းတွင်၊ လူ့အခွင့်အရေးပေးခြင်း၊ သူတို့၏ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှုထုံးတမ်းဓလေ့များကို ဆက်လက်ကျင့်သုံးခွင့်ပေးခြင်းသည် အဓိက ဖြစ်သည်။ ရောမအင်ပါယာအောက် ကျရောက်သွားသော တိုင်းပြည်ရှိ၊ လူမျိုး၊ ဘာသာ၊ စာပေများ ပျောက်မသွားပါ။ ရောမအုပ်ချုပ်ရေးစနစ်ကို နာခံ၊ အခွန်ဆောင်၊ ဒါပဲ အဓိကဖြစ်သည်။ တူရကီအော်တိုမန် အင်ပါယာအောက် ကျရောက်သွားသော တိုင်းပြည်များလည်း ထို့အတူ။ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများကို ဆက်လက်ကျင့်သုံးခွင့်ရသည်။ တူရကီက မူဆလင်ဆိုပြီး၊ အားလုံးမူဆလင်ကိုးကွယ်ရမယ်..ဟု အတင်းကျပ်မလုပ်ပါ။ ဗြိတိသျှအင်ပါယာအောက် ကျရောက်သွားသော ဗုဒ္ဓဘာသာနိုင်ငံ၊ ဟိဒ္ဒြူနိုင်ငံ၊ မူဆလင်နိုင်ငံ ..အားလုံးကို နေမြဲအတိုင်း ဘာသာ၊စာပေ၊ယဉ်ကျေးမှုများ ဆက်လက်ကျင့်သုံးစေပါသည်။
အင်ပါယာကို ကြီးထွားလိုပါက
- အင်ပါယာအတွက်လုပ်သူများ စီးပွားရေးမလုပ်သင့်။
- စီးပွားလုပ်သူ သူဌေးသည် အမြတ်ရဖို့၊ အင်ပါယာကိုအခွန်ဆောင်ရမည်
- ပညာရေးထူးချွန်သူများကို အင်ပါယာက စောင့်ရှောက်ပေးရမည်။
မိမိတိုင်းပြည်တွင်းရှိသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုများထိန်းသိမ်းထားရန်အတွက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးပင်ဖြစ်သည်။ Human Resource ကိုယ်ပိုင်အုပ်ချုပ်နိုင်သူများ နေရာပေးဖို့ အထူးလိုနေပါသည်။ အမေရိကန်၊ တရုပ်ပြည်နယ်များကို သွားလေ့လာနေစရာမလိုပါ။ မြန်မာများစွာ အလုပ်လုပ်နေသော၊ ထိုင်း၊ မလေးရှားပြည်နယ်များကိုသာ လေ့လာရေး၊များများ စေလွှတ်ပါက မြန်မာအင်ပါယာကြီး သာယာဝပြောလာမည်..ဟု ရိုးသားစွာ မျှော်လင့်မိပါကြောင်း။
ဇော်အောင်
All Credit to original post owner.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment