သူတော်သူမြတ် လက္ခဏာ (၄)ပါး
၁) သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင် မပြော၊
မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။
၂) သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊
မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။
၃) မိမိ၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊
မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။
၎) မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့် မပြော၊
မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။
သူတော်ကောင်းမှတ်ကျောက်
သူယုတ်မာတို့သည် ရွှေအတုကဲ့သို့ သူတော်ကောင်းများအသွင်အပြင် အခြံအရံဖြင့် ဖုံးကွယ်လျက် လောက၌လှည့်လည်နေကြကုန်၏။
သူတော်ကောင်းနှင့် ဆင်တူယိုးမှား ထိုပုဂ္ဂိုလ်ထူးများကို သီလ၊ သမာဓိ၊ ပညာမှတ်ကျောက်ဖြင့် ခွဲခြားကြည်ညိုရာ၏။
(သဂါထာဝဂ်၊ သတ္တဇဋိလသုတ်)
သူမိုက်သူယုတ် လက္ခဏာ (၄) ပါး
၁) သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောကြားတတ်ပြီး၊
မေးလျှင်လည်း ချဲ့ကား၍ ပြောတတ်ခြင်း။
၂) သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးလျှင် မပြောဘဲ၊
မေးလျှင် လျော့ပေါ့၍ ပြောခြင်း။
၃) မိမိ၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင် မပြော၊
မေးလျှင် လျှော့ပေါ့ထိန်ချန်၍ပြောခြင်း။
၎) မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့် ပြောကြားတတ်သည်။
မေးလျှင် ချဲ့ကား၍ ပြောကြားတတ်ခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ သပ္ပုရိသသုတ်)
အညွှန်း ဗုဒ္ဓဟောကြားကြီးပွားကြောင်းတရား။ ဦးသက်စိန် မြတ်ဗုဒ္ဓသာသနာ့အခြေခံ စာအုပ်။
သူယုတ်သည် သူမိုက်ထက် ပိုပြီးယုတ်ညံ့ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေသူငယ်ချင်းများလည်း သူယုတ်နဲ့သူမိုက်၊ သူတောင်ကောင်းနဲ့ မိတ်ဆွေကောင်း ခွဲခြားနိုင်ပြီး မိမိကိုယ်ကိုလည်း ပြုပြင်ထိန်းသိမ်းရင်း သူတော်ကောင်း မိတ်ဆွေကောင်းတစ်ယောက်ဖြစ်နိုင်ပါစေလို့ ဆုတောင်းကောင်းတောင်းလိုက်ပါတယ်။
မေတ္တာရိပ်
No comments:
Post a Comment