big big slider

Nav Menu Pages

Friday, 1 August 2014

အချစ်ကိုတန်ဖိုးထားသူများအတွက် ဂုဏ်ပြုခြင်း ဝတ္ထုတစ်ပုဒ်

ကျွန်မဟာ company ၀န်ထမ်းတစ်ဦးဖြစ်လို. သူ.အတွက် အစာကို သူစားတဲ့ ပန်းကန်ထဲကို နံက်စာ ကျွေးပြီးရင် နေ.လည် အတွက် ထပ်မံစီမံပြီးထည့်ပေးခဲ့ရတယ်။ သောက်ဖို.ရေကိုလည်း အဆင်သင့် ခပ်ပေးခဲ့ရတယ်။ အရင်က ရုံးကပြန်လာရင် အထီးလေးရဲ. ထမင်းပန်းကန်ကိုကြည့်လိုက်ရင် ပြောင်စင်စွာ စားသောက်ထားတာတွေ.ရပြီး ခုတလောမှာ ထမင်းကျန်ဟင်းကျန်တွေနဲ. အဆင်မပြေစွာ တွေ.လာရပါ တယ်။ ယခင်ကျွန်မပြန်လာတိုင်း အနားမှာ ပွတ်သီးပွတ်သပ်လုပ်ပြီး သခင်ကို ခေါင်းလေးဝှေ.ပြီး ချွဲနွဲ.နေသမျှ ခုဆိုအနား လာဖို.နေနေသာ သူ.ကို လိုက်ရှာရတာ ကျွန်မအတွက်အလုပ်တစ်ခု တိုးလာရပါတယ်။ သိပ်ပြီးဝေးဝေးလံလံ ရှာစရာတော့ မလိုပါဘူး။ ခြေရင်းအိမ်ရဲ. နောက်ဘက်နားမှာ ငုတ်တုတ်လေး အမြဲတွေ.ရတယ်။ တွေ.တိုင်းသူ.ကိုပွေ.ခေါ် ချော့မော့ပြီး အစာကျွေးရတယ်။ သိပ်လိမ္မာတဲ့ အထီးလေးပါ။ ကျွန်မစိတ်ဆင်းရဲမှာ စိုးတယ်ထင်ပါ့။ ကျွေးရင်နည်းနည်းတော့ဝင်အောင် စားတယ်။ ဒါပေမဲ့…ကွယ်….။
အဲ့ဒီနေ.ကပေါ့..။ မိုးဖွဲလေးတွေကျနေတယ်..။ မနက်ကထဲကပါပဲ..။ အမြဲကျွန်မအိပ်ရာ ခြေရင်းနားမှာအိပ်နေကျ အထီးလေး ကို မတွေ.ရဘူး..။ ကျွန်မအိပ်ရာ နိုးနိုးချင်း အရင်ဆုံး အထီးလေးကို ရှာရတယ်။ သူရှိနေကျ ခြေရင်းအိမ်ရဲ. နောက်ဘေးဘက်မှာ သူမရှိ ဘူး။ မိုးကလဲ ရွာနေပြီး မနက် ခြောက်နာရီ မထိုးသေးတော့ ကျွန်မတို.အိမ်ထဲ တစ်နေရာမှာ ရှိနေလိမ့်မယ် ကျွန်မထင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ သူငယ်ချင်းတစ်ယောက်ဈေးက ပြန်လာတော့ အထီးလေးကို လက်ထဲမှာ ပွေ.လာတယ်။ မိုးရေတွေကလည်း စိုရွဲလို.ပါ။ ဘယ်ကတွေ.တာလဲ မေးတော့ ခြေရင်းအိမ် မျက်နှာစာမှာ ထိုင်နေသတဲ.။ အိမ်ထဲလည်း ၀င်လို. မရတော့ အိမ်အပြင် မိုးရွာထဲမှာ ထိုင်နေ တယ်တဲ့လေ။ ထူးဆန်းလိုက်တာ သူ.ကို ဟိုအဖိုးကြီးက ဘာမှမလုပ်ဖူးလား မေးတော့ စီးကရက်တစ်လိပ်ကို နှစ်နှစ်ခြိုက်ခြိုက်ဖွာလို. ထိုင်ကြည့်နေတယ် ဆိုပဲ။ ဒါနဲ. ကျွန်မ မသိမသာ အပြင်ထွက်ပြီး သူတို.အိမ်ထဲကို ကြည့်လိုက်တယ်။ အားပါးပါး...ကြောက်စရာကောင်း ပါ လား ရှင်။ ကြောင်မလေးရဲ ခြေထောက်လေးတွေ လက်လေးတွေကို သံကြိုးသေးသေးလေးတွေနဲ. ဘယ်မှမသွားနိုင်အောင်ချည် နှောင်ထားပြီး အပြင်ဘက် အထီးလေး မြင်သာတဲ့ နေရာမှာ ထုတ်ထားတယ်။ ပြီးတော့ သူက ထိုင်ကြည့်နေတယ်လေ။
အသိဥာဏ်ကင်းမဲ့တဲ့ ကြောင်လေးတစ်ကောင်ဟာ အချစ်ရဲ. တန်ခိုးကြောင့် မိုးကိုလည်း မကြောက်၊ အရိုက်ခံရမှာလည်း မကြောက်တော့ပဲ တစ်ပတ်လောက်ပျောက်သွားတဲ့ ချစ်သူကို ထပ်မတွေ.တော့မှာ စိုးလို.လား?????? ဒါမှမဟုတ် အဲ့ဒီအဖိုးကြီး လစ်တဲ့အချိန် ချစ်သူ.အနားကပ်ချင်လို.လား????? ဘာမှန်းမသိရပေမဲ့ အဲ့ဒီအကြောင်းနှစ်ချက်ကြောင့်သာ သွားထိုင် နေတာနေမှာ ပေါ့လို. ကျွန်မနားလည်လိုက်ရသည်။ ဒါပေမဲ ကျွန်မနားမလည်နိုင်တာက အဲ့ဒီလူ. တိရိစ္ဆာန်ကြီးကိုပါ။ သူဘာကြောင့်များ ဒီလိုလုပ် တာလဲ…။
ကျွန်မ အထီးလေးကို သဘက်ကလေးနဲ.သုတ်ပေးပြီး စောင်လေးပတ်ပေးထားလိုက်ပါတယ်။ သူငယ်ချင်းကို ခဏအပ်ခဲ့ပြီး ဈေးမှာ အထီးလေးအတွက် နွားနို.လေး နဲ. ငါးသေးသေးလေးတွေ သွားဝယ်ပါတယ်။ ပြန်လာတော့ အထီးလေး အတွက် နံနက်စာ ကျွေးပြီး အိပ်ဆေးလေး တိုက်ခဲ့တယ်။ အထီးလေးအတွက် အချိန်ပေးလိုက်ရလို. ကျွန်မအတွက် နံနံက်စာတောင်လွတ်သွားခဲ့ရတယ်။ တိရိစ္ဆာန်တစ်ကောင်ကို ပိတ်လှောင်ပြီး မထားခဲ့ချင်တဲ့စိတ်ကြောင့် ကျွန်မရဲ. အခန်းတံခါးကို မပိတ်ခဲ့မိဘူး။ အိမ်ရှေ.က ကွမ်းယာဆိုင်က အမတစ်ယောက်ကို အထီးလေး တကယ်လို. ထွက်လာရင် ကြည့်ပေးထားဖို. မှာပြီး ရုံးကို ကျွန်မထွက်လာခဲ့ပါတယ်။
စိတ်တထင့်ထင့်နဲ. ရုံးမှာ နေခဲ့ရပေမဲ့ အဲ့လို အဖြစ်ဆိုးမျိုး အထီးလေး မကြုံနိုင်ဘူးလို. ကျွန်မ ထင်ထားခဲ့တယ်။ ဒါပေမဲ့ရှင်…။ ကျွန်မ ရုံးကနေ အိမ်ပြန်ရောက်တော့ အေးစက်တောင့်တင်းနေတဲ့ အထီးလေးရဲ. သက်မဲ့ကိုယ်ထည် က ကျွန်မကို ဆီးကြိုလို. စောင့် နေရဲ.။ ကျွန်မ သိပ်ထားခဲ့တဲ့ အထီးလေးဟာ သူအိပ်ရာကနိုးတော့ အပြင်ကိုထွက်ခဲ့ပါတယ်။ ကျွန်မတို.က ရုံးသူရုံးသားတွေ ဆိုတော့ တစ်နေကုန် အိမ်မှာ လူမရှိကြဘူး။ အထူးသဖြင့် အထီးလေးကို စောင့်ကြည့်နေနိုင်မည့်သူတွေ မရှိကြဘူး။ကွမ်းယာဆိုင်က အမပြောတာ တော့ သူ.ခေါင်းထဲမှာ အချိန်ပြည့်နေရာယူထားတဲ့ ချစ်သူကို မိုးရွာထဲမှာ ထပ်မံသွားစောင့်ကြည့်နေခဲ့တယ်တဲ့။ ခေါ်လို.လဲ မရဘူး ခေါ်ထား ရင်လဲ လစ်တာနဲ. အဲ့ဒီအိမ်ရှေ. ပြန်ပြန်ရောက်သွားတယ်။ မိုးကတစ်နေ.လုံး ဖွဲဖွဲကျနေတာဆိုတော့ တစ်နေ.လုံး အအေးမိတယ်။ အသိဥာဏ်ကမရှိတော့ ငါဒါလုပ်ရင်ဒီလိုဖြစ်မှာပါလားဆိုတဲ့ အတွေးမျိုး အထီးလေး မှာမရှိခဲ့ဘူး.။ တစ်ညနဲ.တစ်နေ. မိုးမိတဲ့ဒဏ်ကြောင့် အထီးလေး အဲ့ဒီအိမ်ရှေ.မှာပဲ သေဆုံးသွား ခဲ့ပါတယ်..။ အဲ့ဒီနေ.ဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကျွန်မဘ၀ထဲက နေ.တစ်နေ.ပါပဲ။
အထီးလေး သေသွားပြီးတဲ့အချိန်ကစလို. သူ.ချစ်သူကြောင်မလေးဟာ လွတ်လပ်ခွင့်ရသွား ခဲ့တယ်။ သူ.ခြေလက်တွေက သံကြိုးလေးတွေဖြုတ်ပေးလိုက်ပြီ။ ဒါပေမဲ့ အထီးလေး မရှိတော့တဲ့ နောက်ပိုင်းမှာ ကြောင်မလေးဟာ ပိန်ပိန်သွားတယ်။ တစ်ခါတစ်လေ ကျွန်မ အခန်းထဲ ကူးလာတတ်ပြီး အထီးလေးကို လာရှာတယ် ထင်ပါ့။ ကျွန်မဖြင့် အဲ့ဒီကြောင်မလေးကိုလည်းချစ်ပါတယ်။ ချစ်သူပျောက် နေ တဲ့ကြောင်မလေးကို သနားလွန်းလို. တစ်ရက်မှာတော့ သူမ နားလည်လား မလည်လား မသိရပေမဲ့ စကားနည်းနည်းတော့ပြော လိုက်ပါတယ်။ မင်းချစ်သူမရှိတော့ဘူး မမဆီလဲ အထီးလေး ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်သလို မင်းဆီကိုလည်း မင်းချစ်သူ ဘယ်တော့မှ လာမရှာနိုင်တော့ပါဘူး…လို. ပြောလိုက်မိတယ်။
အဲ့လိုပြောပြီးနောက်ပိုင်း သိပ်ထူးဆန်းတဲ့ဖြစ်ရပ်လေးတစ်ခုကတော့ အဲ့လိုပြောလိုက်မိတဲ့နေ. က စပြီး အဖိုးကြီးရဲ.ကြောင်မလေး ပျောက်ခြင်း မလှပျောက်သွားပါတော့တယ်..။
အချစ်သည် သက်ရှိသတ္တ၀ါအားလုံးအတွက် အရာရာတိုင်းကို ဆောင်ကျဉ်းပေးနိုင်သည်။ ပျော်ရွှင်ကြည်နူးခြင်း၊ ၀မ်းနည်းကြေကွဲခြင်း၊ လွမ်းဆွတ်သတိယခြင်း၊ ပေးဆပ်အနစ်နာခံခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ မျှော်လင့်ခြင်း၊ အောင်မြင်မှု၊ အလှအပ၊ နာကျဉ်းခြင်း၊ ဘ၀ပျက်ခြင်း၊ သံသယ၊ အာဃာသ………….. အမျိုးမျိုးသော အကြောင်းအရာများသည် အချစ်ကို အကြောင်းရင်းခံပြီး ဖြစ်ပေါ်ရသည်။ သို.ပါသော်လည်း ကမ္ဘာတည်သရွေ. အချစ်ဆိုတာ သက်ရှိသတ္တ၀ါတိုင်း ကြုံတွေ.ရမည့် စကားလုံးလေးသာ ဖြစ်သည်..။ သင်ကော ဘယ်လိုအကြောင်းအရာဖြင့် ကြုံတွေ.ဖူးပြီလဲ..။ကျွန်မ ကတော့ အချစ်ကိုတွေ.ရှိသောသူတိုင်းအားလုံးအတွက် စတင်တွေ.ရှိသည့်အချိန်မှစပြီး…..
ချစ်မိသူတိုင်းအားလုံး တစ်ကြိမ်တစ်ခါထဲအတွင်းမှာ ပေါင်းဖက်ကြည်နူးနိုင်ကြပါစေ…။
စလယ်ဝင်အိုးလေးကို ဒုတိယအကြိမ်ပြန်လည်သုံးစွဲနိုင်ခြင်းဖြင့် ချစ်သက်တမ်းရှည်ကြပါစေ….ဟု ဆုတောင်းရင်း…။

Mrs KyawZinHein (လမင်းငယ်ငယ်) ရေးသားပါသည်။

No comments:

Post a Comment