big big slider

Nav Menu Pages

Wednesday, 20 August 2014

ဗောက်ကင်းစင်စေမယ့် အိမ်တွင်းဖြစ်ကုထုံးများ

ပျိုမေတွေဟာ မိမိတို့ရဲ့ ဆံကေသာကို အလွန်ပဲ လှပ ကောင်းမွန်ချင်ကြပါတယ်။ ဆံကေသာ လှပဖို့အတွက် ဦးရေပြား ကျန်းမာရေးဟာ အဓိက ကျပါတယ်။ သင့် ဦးရေပြား သန့်ရှင်း ကျန်းမာနေမှသာ သင့်ဆံကေသာလည်း လှပမှာ ဖြစ်ပါတယ်။ ဦးရေပြားမှာ အဓိက ဖြစ် တတ်တဲ့ ပြဿနာ ကတော့  ဗောက်ထခြင်းပဲ ဖြစ်ပါတယ်။ ထိုကဲ့ သို့ ဗောက်များဖြစ်ပေါ်လာရ ခြင်းဟာ ဦးရေပြား ကျန်းမာရေး ပုံမှန် အခြေ အနေမှာ မရှိဘဲ ခြောက်သွေ့နေပြီး အဖတ် ကလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီ အဖတ် ကလေးများဟာ ဦးရေပြားပေါ်မှ ဆဲလ်သေ တွေဖြစ်ပြီး မျက်နှာ၊ နဖူးနဲ့ ပခုံးနေရာများသို့ ကွာကျလာတာ ကို တွေ့မြင်ဖူးကြမှာပါ။ ဒါဟာ ဦးရေပြား ကျန်းမာရေး အတွက် မကောင်းသလို ကိုယ့်ရဲ့ သွင်ပြင်ကိုလည်း ထိခိုက်စေပါတယ်။ ဦးရေပြား အလွန်အမင်း ခြောက်သွေ့တာ၊ အလွန်အမင်း အဆီပြန် တာတွေ ဟာ ဗောက် ထခြင်းရဲ့ အဓိက ပြဿနာရပ် များပဲ ဖြစ်ပါတယ်။

ဦးရေ ပြား ခြောက်သွေ့လွန်းတာ၊ အဆီပြန်လွန်းတာ တွေကနေ အခြေခံပြီး ဗက်တီးရီးယားပိုးမွားတွေ ကပ်ငြိလာကာ ဦးရေပြား ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနို င်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဦးရေပြားမှာ ဗောက်တွေတွေ့နေပြီဆိုရင်တော့ စတင်နှိမ်နင်းဖို့ လို အပ်နေ ပါပြီ။ ဗောက်တွေ ကို နှိမ်နင်း တဲ့ နေရာမှာ သင့်အိမ်တွင်းမှာ ရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ထိန်းသိမ်းကုသလို့ရတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဗောက်အမျိုးအစားဘယ်နှမျိုးရှိသလဲ



အဆီပြန်တဲ့ဗောက်

အဆီပြန်တဲ့ဗောက် ဆိုတာကတော့ ဦးရေ ပြားရဲ့ အပေါ်ယံမှာရှိတဲ့ အလွှာလေးတွေဟာ ဦး ခေါင်းကထွက်ရှိတဲ့ အဆီပြင်နဲ့ရောနှောသွားပြီး ဦးရေပြားပေါ်မှာ အကွက် လိုက် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ဗောက်

ဦးရေပြား ခြောက်သွေ့လွန်းတဲ့အတွက် ဦးရေပြားဆဲလ်တွေဟာ သေဆုံးပြီး အဖြူရောင် အဖတ်ကလေးများအဖြစ် ကွာကျလာခြင်းပဲ ဖြစ်ပါတယ်။ ဦးရေပြား ပေါ်မှ ဗောက်တွေဟာ ဘယ်လိုဖြစ် ပေါ်လာတာလဲ။ ဗောက်အမျိုးအစား ဘယ်နှမျိုးရှိသလဲဆို တာတွေကို သိပြီဆိုရင်တော့ ဒီဗောက်တွေကို နှိမ်နင်းဖို့အတွက် အိမ်တွင်းဖြစ် ကုထုံးတွေကို ဆက်လက်လေ့လာ ကြည့်ပါဦးနော်။

အိမ်တွင်းဖြစ်ကုထုံး(၁)

ဗာဒံဆီနဲ့ သံလွင်ဆီတို့ကို ရောစပ်ပြီး ဦးရေပြားပေါ်သို့ နှံ့စပ်အောင်လိမ်းကာ ငါး မိနစ်ခန့်နှိပ်နယ်ပေးပါ။ နှိပ်နယ်ပြီးနောက် မိနစ် (၃ဝ) ခန့်ထားပြီး ရေစင်အောင်ဆေးချ လိုက်ပါ။ သင့်ဦးရေပြားမှာ ဗောက်များကင်းစင်သွားတာကို တွေ့ရပါလိမ့်မယ်။

အိမ်တွင်းဖြစ်ကုထုံး(၂)

ဒိန်ချဉ်ဟာ သင့်ဦးရေပြားပေါ်မှာရှိနေတဲ့ ဗောက်တွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ ငရုတ်ကောင်းအမည်းမှုန့် လက်ဖက်ရည်ဇွန်း(၂)ဇွန်းခန့်ကို ဒိန်ခဲအစိမ်း တစ်ခွက် စာနှင့် နှံ့စပ် အောင်ရောမွှေပါ။ ထို့နောက် ဦးရေပြားပေါ်ရှိ ဗောက်ရှိတဲ့နေရာများကို ပွတ်တိုက်လိမ်းကျံပေးပြီး တစ်နာရီခန့်ထားကာ ပြင်းထန်တဲ့ ဓာတုပစ္စည်း မပါဝင်တဲ့ ခေါင်းလျှော်ရည် အပျော့စားနဲ့ ခေါင်း လျှော်ပစ်ရမှာဖြစ်ပါတယ်။

အိမ်တွင်းဖြစ်ကုထုံး(၃)

အိမ်တွင်းဖြစ် ကုထုံးတွေထဲမှာ ဦးရေပြား ပေါ်ရှိ ဗောက်တွေကို ဖယ်ရှားပြီး ဦးရေပြားရဲ့ လုပ်ငန်းဆောင်တာတွေကို ညီညွတ်မျှတစေဖို့ အတွက် သံလွင်ဆီကို အသုံးပြုပေးဖို့လိုအပ်ပါ တယ်။ သံလွင်ဆီဟာ သဘာဝ အသီးအနှံမှ ထွက် ရှိတဲ့အဆီဖြစ်ပြီး ဦးရေပြားအစိုဓာတ်ကိုလည်း ပံ့ပိုးကူညီပေးပါတယ်။ သံလွင် ဆီ ဟာ ဗောက် တွေကို ဖယ်ရှားဖို့ အတွက် အိမ်တွင်းဖြစ်ကုထုံး တွေထဲမှာ စိတ်ကျေနပ်မှုအပေးဆုံး ပစ္စည်း ဆိုရင် လည်း မမှားပါဘူး။ သံလွင်ဆီကို ပူနွေး ရုံလေးသာ အပူပေးပြီး ဦးရေပြားပေါ် လိမ်းကျံပေးပါ။ ဗောက် တွေကို ဖယ်ရှားဖို့အတွက် ကူညီပေးပါလိမ့်မယ်။ သံလွင်ဆီကို ပြင်းထန်စွာ အပူပေးခြင်းကို ရှောင် ရှားပါ။ ပူလွန်းတဲ့ သံလွင်ဆီဟာ ဦးရေပြားရဲ့ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေ ပါတယ်။ ဒါကြောင့် နွေးရုံသာရှိတဲ့ သံလွင်ဆီကို အိပ်ရာမဝင်ခင် လိမ်းအိပ်ပြီး နံနက်ရောက်တဲ့ အခါမှာ ပြင်းထန်တဲ့ ဓာတုပစ္စည်း မပါဝင်တဲ့ အပျော့စား ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ချလိုက်ပါ။

အိမ်တွင်းဖြစ်ကုထုံး(၄)

ရေစတီးဇွန်းနဲ့ (၆)ဇွန်း၊သံပရိုရည်(၁)ဇွန်း၊ လက်ဖက်ရည်ဇွန်းနဲ့ ဆားဇွန်းတစ်ဝက်၊ သန့်စင်တဲ့ရှာလကာရည်(၂)ဇွန်းတို့ကို ပေါင်းစပ်လိုက်ပါ။ ထိုပေါင်းစပ်ထားတဲ့အရည်ကို ဦးရေ ပြားပေါ်သို့ ဂွမ်းစကို အသုံးပြုပြီးဆွတ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် အချိန်အနည်းငယ်ထား ပြီး ရေဆေးချလိုက်ပါ။ ထိုကဲ့သို့ (၃)လခန့် ဆက်တိုက် လုပ်ဆောင်ပေးခြင်းဖြင့် သင့်ဦးရေပြားမှာ ဗောက်များလုံးဝကင်းစင်သွားမှာ ဖြစ်ပါ တယ်။

အိမ်တွင်းဖြစ် ကုထုံး(၅)

ဒီအချက်ကတော့ သင်သိပ်ပြီး ထင် မှတ်မထားတဲ့ အချက်ပဲ ဖြစ်ပါ တယ်။ ဒါကတော့ သင့်ရဲ့စားသောက်မှုပုံစံကအရေးကြီးတယ် လို့ဆိုထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ အခြေခံ စားသောက်မှုပုံစံထဲမှာ အသီးအရွက်၊ ဂျုံ၊ မုယောစပါးနဲ့ အသီးအနှံတွေမျှတစွာ ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေများများသောက် ဖို့လည်း လိုအပ်တယ်လို့ ဆိုထားပါတယ်။

အေမီချို

No comments:

Post a Comment