big big slider

Nav Menu Pages

Tuesday, 12 August 2014

ရုပ်တု ကိုးကွယ်ခြင်း နှင့် ဘာသာခြားတို့၏ အမြင်

ဘာသာခြားတို့ ထင်မှတ်ထားသလို ဗုဒ္ဓဘာသာသည် ရုပ်တို တို့ကို
ကိုးကွယ်ဆည်းကပ်နေသော ဘာသာ တစ်ခု မဟုတ်ချေ။ အရုပ်သည် အရုပ်ပင် ဖြစ်သည်။
သစ်သားဖြင့် ပြုလုပ်ထားသော အရုပ်သည် သစ်သားရုပ်ဖြစ်သည်။
ကျောက်တုန်းဖြင့်ပြုလုပ်ထားသော အရုပ်သည် ကျောက်တုံးရုပ် ပင် ဖြစ်သည်။
များစွာသော ဘာသာခြားများသည် ဗုဒ္ဓဘာသာ များရှေ့တွင် မူ မပြောရဲကြသော်လည်း
ကွယ်ရာတွင်မူ ရုပ်တု ကိုးကွယ်သော ဘာသာ  တစ်ခု အဖြစ် အထင်သေး
အမြင်သေးရှိကြပေသည်။ ၄င်းတို့ အမြင်အရ ဘာမျှလုပ်မပေးနိုင်သော ရုပ်တု ကို
တစ်ခုခု မျှော်ကိုး၍ ၀တ်ပြုနေခြင်းသည် ရူးသွပ် ခြင်း ၊
အဆင့်အတန်းနိမ့်ကျခြင်း၊ အဓိပ္ပါယ် မဲ့ခြင်း ၊ စသည့် အမြင်သဘောထက် ပို၍
မမြင်ချေ။ သို့သော် တစ်ချို့သော အလယ်အလတ် သဘောရှိသော ခရစ်ယာန်များက မူ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ၏ တရားတော်များကို နှစ်ခြိုက်စွာ
နာယူလေ့ရှိကြောင်းမျက်မြင်ကိုယ်တွေ့ တွေ့ဖူးပါသည်။ မကြာ ခဏ လည်
းကြားသိရပါသည်။ ကျွန်တော်တို့ ဖက်တွင် မူ ခရစ်ယာန် ဘုန်းကြီးများ (
father ) များသည် တမင် ဘုန်းကြီးများကို ပင်ပင့်ဖိတ်လျှောက်ထား ပြီးနာယူ
ကြသည်မှာ လက်တွေ့ပင်ဖြစ်သည်။



ရုပ်တု တို့ကို ဗုဒ္ဓဘာသာတို့ အဘယ်ကြောင့် ဤမျှ အလေးထားနေရပါသနည်း ။
အဘယ်ကြောင့် ဦးချ ရှိခိုးလျှက် ဆုတောင်းမှုများကို ပြုလုပ်ကြပါ သနည်း ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာများတွင် အဖြေရှိသော်လည်း
ဘာသာခြားများတွင်ကားအဖြေမရှိပါ။ တစ်ချို့က အဖြေကို ကြားပင်မကြားချင် ပါ။
သို့သော် ရှင်းပြစရာရှိတာတော့ ရှင်းပြရမည်ပင်။ ခရစ်ယာန်တို့ ၏
သမ္မာကျမ်းစာ နှင့် မွတ်စလင်တို့ ၏ ကိုရမ်ကျမ်း တွင် ရုပ်တု
ကိုးကွယ်ခြင်းကို
ပြင်းထန်စွာတားမြစ် ပိတ်ပင်ထားပါသည်။ ဤသည်မှာလည်း ၄င်းဘာသာတို့၏
အသက်ပင်ဖြစ်သည်။ အလွန်ကြီးလေးသော အပြစ် ဖြစ်နိုင်ကြောင်း
ပြင်းထန်စွာတားမြစ်ထားခြင်းသည် မူလက ကျွန်တော်ပြောထားသကဲ့သို့
ဘုရားသခင်အားဆန့်ကျင်၍ တခြားကိုးကွယ်ရာ ရှာခြင်းဟု ၄င်းတို့ က ယူဆ
ကြဟန်တူပါသည်။ သို့သော် ဘုရားသခင်ချင်းအတူတူ ပင်ဖြစ်လင့်ကစား
မွတ်စလင်နှင့် ခရစ်ယာန် တို့၏ ဘုရားသခင်ချင်းကလည်း မတူပြန်ချေ။
ရုပ်တုအကြောင်းဆက်ပါမည်။ အရုပ်တို့ ဘာမျှ လုပ်မပေးနိုင်ကြောင်း
သန်းပေါင်း ၆၀၀ သော ဗုဒ္ဓဘာသာဝင်တို့ နားလည်ပါသည်။ ဦးနှောက်လည်း
ရှိပါသည်။ စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း ထိုမျှလောက်တော့ ရှိကြပါသည်။
သို့အတွက်ဆိုလျှင် အဘယ်ကြောင့် အရုပ်တို့ကို ရှိခိုးခြင်း ကိုးကွယ်ခြင်း
တို့ကို ပြုလုပ်ကြသနည်း။ အုတ်ဖြင့်ပြုလုပ်ထားသော စေတီ များကို နေရာ အနှံ့
ဆောက်လုပ်ကြသနည်း၊ ကျောက်သားဖြင့် ၄င်း ၊ သစ်သားဖြင့် ၄င်း ၊
သံ၊ရွှေ၊ငွေ။ကြေး၊သတ္တု ဖြင့်၎င်း အဘယ်ကြောင့် ဗုဒ္ဓ့ပုံစံ
သွန်းလုပ်ကြသနည်း။
၁- ကိုယ်စားပြုခြင်း....( representation )
ဗုဒ္ဓဟောခဲ့သည်မှ သူ၏ အယူဝါဒ ကို ၄င်း သူ့ကိုသော်၎င်း ၊
ကိုယ်စားပြုနိုင်သော အရာ (စေတိယ ) လေးမျိုးကို ဖော်ပြခဲ့ပါသည်။
၎င်းတို့မှာ ၁-ဓမ္မစေတိယာ ( တရားစာများ ၊ တရားများ )
            ၂-ဥဒ္ဒိဿစေတိယာ( ဗုဒ္ဓကို ရည်စူး၍ တည်ဆောက်အပ်သော အရာမှန်သမျှ
...သဲပုံ၊ အုတ်ပုံ၊အမှတ်အသား စသည်...)
            ၃-ပရိဘောဂ စေတိယာ ( သစ်သားဖြင့် ပြုလုပ်ထားသော ဗုဒ္ဓအမှတ်အသား
များ ..ရုပ်တု စသည်)
            ၄-ဓါတု စေတိယာ ( ဗုဒ္ဓ မှ ကြွင်းကျန်ရစ်သော ဓါတ်တော်မွေတော်များ )
စသည် စသည် မည်သည့် အရာကိုမဆို ဤအရာသည် ဗုဒ္ဓကို ရည်ညွှန်း၍ တည်ဆောက်၏ ။
မိမိတို့စိတ်နှလုံးတွင် အမှန်တကယ် ဗုဒ္ဓအရှေ့ ၌ အသက် ထင် ရှားရှိသည့် ဟန်
နှလုံးသွင်းနိုင်ပါက ... အကျိုးဖြစ်ထွန်းနိုင်မည် ဟု
ယုံကြည်ကြသောကြောင့်ဖြစ်ပါသည်။
၂-သင်္ကေတ ပြုခြင်း ( sombolization )
ဘာသာတိုင်းတွင် ၄င်းတို့ ၏ သင်္ကေတ များရှိပါသည်။ ခရစ်ယာန်တွင် ကားတိုင်
သည် သင်္ကေတ ဖြစ်ပါသည်။ ယေရှု ခရစ် သည် လူသားများ စွာ တို့ အတွက်
အပြစ်ကြွေးကို ကားတိုင်ပေါ်တွင် ပေးဆပ်သွားခဲ့ရကား လူသားတို့နောင်တ
ရစေခြင်းငှာ ရည်စူး၍ ကားတိုင်ကို သင်္ကေတ အနေဖြင့် ချက်(ရှ် )
ကျောင်းများတွင်ထားရှိကြပါသည်။ ဘာမှ မရှိသည် ထက်စာ လျင် ကားတိုင်
ရှိနေခြင်းကြောင့် ကားတိုင်ကို ရည်စူး၍ အမှန်တကယ် ယေရှုသည် အေ၇ှ့
တွင် ရှင်ပြန်ထမြောက်လာ သကဲ့သို့  နှလုံးသွင်း ရ လွယ်ကူ အဆင်ပြေသည် မဟုတ်ပါလား။
မွတ်စလင်တို့တွင်မူကား ဗလီသည် အလ္လာဟ် အရှင်မြတ်ကို
ဝတ်ပြုရန်ဆောက်လုပ်ထားသော နေရာ ၊ ၀တ်ပြု ကျောင်းဖြစ်သည်။ ထိုနေရာသို့
ဘာသာခြားတို့မဆိုထားနှင့် မွတ်စလင် အမျိုးသမီးများပင်လျှင်
ဝင်ရောက်ခွင့်မရှိ၊ ကိုရမ်မှ ကျမ်းစာများကို သင်္ကေတ အနေဖြင့် ဗလီနံရံများ
အခန်း ဆီးများ တွင် အာရဗီစာများဖြင့် ရေးထိုးထားသည်ကို တွေ့နိုင်ပါသည်။
ပြီးနောက် မက္ကာ ရှိ ဗလီဝတ်ကျောင်းတော်ပုံ မျာုးကိုလည်း ချိတ်ဆွဲထားတတ်
သေးသည်။ ထိုအခြင်းအရာများသည် မိမိတို့ဘာသာကိုသင်္ကေတပြုခြင်းဖြစ်သည်
။အမှတ်ရစေရန်အလို့ငှါ၎င်း၊နှလုံးသွင်းရန်လွယ်ကူစေရန် အတွက် ၄င်း
သင်္ကေတ ပြုခြင်းပင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ သည်လည်း ထို့အတူပင်ဖြစ်ပါသည်။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုသွားပြီ
ဖြစ်သောကြောင့် ဗုဒ္ဓသည် ၄င်းတို့ကို တစ်ခုခု
လာလုပ်ပေးလိမ့်နိုးနိုးဖြင့်
ရှိခိုးကိုးကွယ်နေခြင်းမျိုးမဟုတ်၊ ဗုဒ္ဓသက်ရှိထင်ရှားရှိနေဟန်
နှလုံးသွင်းပြီး မိမိဖြစ်လိုသော ဆန္ဒကို ဆုတောင်းခြင်း
ပြုကြခြင်းပင်ဖြစ်ပါသည်။ သို့သော်
ဗုဒ္ဓဘာသာတို့က အခြားဘာသာများနှင့် ကွာခြားနေသည်မှာကား
မည်သို့ပင်ဆုတောင်းနေစေကာမူ ကိုယ်တိုင်ကြိုးစားမှ ရမည် ဖြစ်ကြောင်း
ဆုတောင်း
 နေသူကိုယ်တိုင်က သိရှိနားလည် ခြင်းပင်ဖြစ်ပါသည်။
အခြားဘာသာတို့တွင်မူကား အရာရာအားလုံးတို့သည် ဘု၇ားသခင်
အလိုတော်အတိုင်းပင်ဖြစ်သောကြောင့် ဆုတောင်းသောအခါ ၌ဆုတောင်းသည့်
အတိုင်းတကယ် အမှန်ဖြစ်လာမည်ဟု တစ်ထစ်ချ
ယုံကြည်ကြခြင်းပင်ဖြစ်ပါသည်။မိမိဆုတောင်းသော အသံကို ဘုရားသခင်သည်
ကောင်းကင် ဘုံမှ နေ၍ ကြားသိပြီး သကာလ မိမိတို့၏ တောင်းဆုများကို
ဖြည့်ဆည်းပေးခြင်းဖြင့် သနားဂရုဏာတော်ကို ပြသ လိမ့်မည်ဟု
သက်ဝင်ယုံကြည်ကြပါသည်။
ခရစ်ယာန်တို့မှာကား မိမိလုပ်ခဲ့မိသော အပြစ်တစ်စုံတစ်ရာအတွက်
အမှန်တကယ်နောင်တ ရပြီး ၊ တောင်းပန်ဝန်ချခြင်းဖြင့် ထိုအပြစ်ကို
ပြေပျောက်စေ နိုင်သည် ဟုလည်း ယုံကြည်နေကြပြန်ပါသည်။အပြစ်ကို
ဝန်ခံခြင်းသည် ကောင်းမွန်သောလုပ်ရပ်ပင်ဖြစ်လင့်က စား ဗုဒ္ဓဘာသာတွင်မူ
ထိုအပြစ်ကို တစ်နေ့ပြန်ခံရမည် ဟု ယုံကြည်နေမှုလည်းရှိနေပြန်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ဗုဒ္ဓဘာသာ ၀င်များသည် အခြားသော
ဘာသာဝင်များထင်မှတ်နေသကဲ့သို့ အရုပ်များကို (ထိုအရုပ်များက မိမိတို့ ဘဝ
ကောင်း၇ာ ကောင်းကျိုးကို ပေးစေနိုင်သည်ဟု ယုံကြည်လျှက် )
ရှိခိုးကိုးကွယ်နေသော အဆင့်အတန်းနိမ့်ကျသည့် ဘာသာဝင်များမဟုတ်ကြောင်း၊
ကျောက်တုံးများ ၊ အုတ်ပုံများကို အဓိပ္ပါယ်မဲ့ ကန်တော့လျှက်
အယူမှားနေကြသော ဘာသာဝင်များလည်း
မဟုတ်ကြောင်း၊ထိုအရုပ်များ၊ကျောက်တုံး၊အုတ်ပုံများထက် အရေးကြီးသော
ကိုယ်ကျင့်တရားနှင့် ဘ၀ အဓိပ္ပါယ် များစွာရှိသည့် 
ဘာသာရေးလမ်းညွှန်ဆုံးမမှုများ ( ပိဋ္ဋကတ် စာပေ ) ခရစ်ယာန်တွင် သမ္မာကျမ်းစာ၊
မွတ်စလင်တို့တွင် ကိုရမ်ကျမ်း နှင့်ထက်တူပင် ၊ ကို ပိုမိုအလေးထား လိုက်နာ
တန်ဖိုးထားသူများသာဖြစ်ကြောင်း၊
တင်ပြလိုက်ပါသည်။
ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ငါ့အရုပ်ကို ရှိခိုးကိုးကွယ်ရုံမျှဖြင့်
နိဗ္ဗာန်သို့ရောက်လိမ့်မည်ဟုဟောမထားချေ။ ငါ့တရားကို သင်တို့သည် အမှန်တကယ်
လိုက်နာကျင့်သုံးပြီးဘ၀ကို လျှောက်လှမ်းမှသာ ကောင်းကျိုးနိဗ္ဗာန်ကို
ခံစားရမည်ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်အောင်
ဟောကြားထားပြီးဖြစ်ပါသည်။
မှတ်ချက်...ရုပ်တု များကို မူ ဒီအတိုင်းတော့ ဘုရားဟု မသတ်မှတ်သေးပါ။
သံဃာများမှ နေကဇာ တင်ဂါထာကို ရွတ်ဖတ်ပြီးမှ ဘုရားအမှတ်ဖြင့်
ရည်စူးကြခြင်းဖြစ်ကြောင်း စကားချပ်အနေဖြင့် တင်ပြလိုက်ပါသည်။


--
ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။
ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။
တိုင်းတိုင်းပြည်သူ လူဟူသမျှ
ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို
ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။

မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း
ကျွန်ုပ်မမြင်..မထင်ပါသေး။
ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန်
ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား..
တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။

                                            သုရှင်
                                 (conservatism,traditionalism,nationalism )
          (အစဉ်အလာကိုချစ်သော၊ရိုးရာကိုမြတ်နိုးသော၊အမျိုးသားရေးဝါဒီ)

No comments:

Post a Comment