big big slider

Nav Menu Pages

Wednesday, 6 August 2014

မိတ်ဆွေကောင်း သူယုတ် ခွဲခြားနည်း

မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါး
၁) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
၂) ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။
၃) သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။
၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်ထားခြင်း။
၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း။
၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း။
     
          
သူယုတ်အင်္ဂါ (မိတ်ဆွေကောင်းအင်္ဂါ၏ အပြန်)
၁) ပေးနိုင်ခဲသော အရာဝတ္ထုကို မပေးခြင်း။
၂) ပြုနိုင်ခဲသော အမှုကိစ္စကို မပြုလုပ်ခြင်း။
၃) သည်းခံနိုင်ခဲသော အရာကို သည်းမခံခြင်း။
၎) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟ မပြောကြားခြင်း။
၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို မလျှို့ဝှက်ထားခြင်း။
၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်ထားခြင်း။
၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် ပြုတတ်ခြင်း။
 (အင်္ဂုတ္တိုရ်ပါဠိတော်၊ သတ္တကနိပါတ်၊ ပဌမမိတ္တသုတ်)

လူသားတွေဟာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေကိုသာ အလိုရှိပြီး ကိုယ့်ကို မကောင်းကျိုးတွေပေးလာနိုင်မယ့်သူကိုတော့ မလိုလားသည်မှာ ဓမ္မသာပင်ဖြစ်ပါတယ်။ သို့သော်လည်း မိမိအလိုရှိသလို သူတစ်ပါးသည်လည်း အလိုရှိသည်ပင်တည်း။ ထို့ကြောင့် မိမိကိုယ်သည်လည်း မိတ်ဆွေအင်္ဂါနဲ့ သူယုတ်အင်္ဂါကို ခွဲခြားသိပြီး မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နိုင်ပါစေ။
Credti to မေတ္တာရိပ် (mettayate)

No comments:

Post a Comment