big big slider

Nav Menu Pages

Thursday, 7 August 2014

ဆရာတော်ဦးဇောတိက မှတ်သားဖွယ်စာစုများ - (၁)

မလိုအပ်တဲ့အတွေးတွေကို မတွေးပဲနေနိုင်ရင်
စိတ်ကြည်လင် အေးချမ်းမှုရမယ်။"

အပျော်အပါးကို ဦးစားပေးပြီးတော့
ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို
မလုပ်တဲ့သူဟာ ရေရှည်မှာ
မပျော်နိုင်တော့ဘူး။
ပူပင်သောက များမယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ ဖြစ်မှာပဲ။

ငွေကြေးချမ်းသာရင် ပစ္စည်းတွေ
အများကြီး စုမိလိမ့်မယ်။
ဒါပေမယ့် စိတ်ထားကောင်းမှ
အဲ့ပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့
သုံးနိုင်မယ်။



ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင်
လုပ်တာဟာ သူများမဟုတ်ပါဘူး။
ကိုယ့်စိတ်ပါ ကိုယ့်အတွေးပါ။
ကိုယ့်သဘောထား မှားနေလို့ပါ။

ကိုယ်က သူများ မကောင်းကြောင်းကို ပြောရင်
ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာ သေချာတယ်။
ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ဘယ်လိုလူ
ဆိုတာကို ဖော်ပြတယ်။

ကိုယ်မှားနေတာကို ထောက်ပြတာကို
လက်မခံနိုင်ဘူးဆိုရင် အဲဒီလူဟာ
ကိုယ့်ကိုကိုယ် မပြုပြင်နိုင်တော့ဘူး။
တနည်းအားဖြင့် မာနခံနေတဲ့သဘောဖြစ်တယ်။
အဲဒီလို မာနကြီးရှိနေလို့ ရှိရင်လည်းပဲ
တရားအားထုတ်လို့ မရဘူး။

လူ့ဘဝမှာ ဒုက္ခအစစ်တွေ
အလုံအလောက် ရှိပါတယ်။
သင့်စိတ်က ဒုက္ခအတုတွေ
ဖန်တီးတာကို ခွင့်မပြုပါနဲ့။

စိတ်ချမ်းသာအောင် နေချင်ရင်
စိတ်ဆင်းရဲစရာကို ရှာပြီး မပြောပါနဲ့။
စိတ်ချမ်းသာစရာကို ရှာတွေးပါ။
စိတ်ချမ်းသာစရာကို ပြောပါ။

ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကိုက
ကိုယ့်ကို တစ်ခါတစ်ရံမှာ မကောင်းမှုပြုလုပ်ဖို့
တိုက်တွန်းတတ်တယ်။
ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က
အကျင့်သီလနဲ့ ပက်သက်ပြီး
တိတိကျကျ တင်းတင်းကျပ်ကျပ်
ထိန်းသိမ်းဖို့ရာ ရည်ရွယ်ချက် မရှိဘူး။

ကိုယ်သိထားတဲ့ အကြောင်းအရာ တစ်ချက်နှစ်ချက်လေးနဲ့
လူတစ်ယောက်ကို ဘယ်လိုလူပါလို့ သတ်မှတ်ထားတာဟာ
အင်မတန်ညာဏ်နဲလို့ပါ။

ကြော်ငြာတွေက ဘာကိုပြောနေသလဲ။
သင့်စိတ်ချမ်းသာမှုဟာ သူတို့ပစ္စည်းထဲမှာရှိနေတယ်လို့
ပြောနေတယ်။
ယုံသလား?
ယုံတဲ့သူ များပါတယ်။
သင်ဟာ အဲ့ဒီအထဲပါနေရင် သင်ဟာအများထဲကတစ်ယောက်ပါပဲ။

ငါမှန်တယ်ဆိုပြီး အနိုင်ယူတိုင်းလည်း စိတ်မချမ်းသာဘူး။
တကယ်တော့ စိတ်ချမ်းသာအောင် နေလိုက်တာက အနိုင်ရတာ။
အနိုင်ယူချင်သလား? စိတ်ချမ်းသာချင်သလား?
စိတ်ချမ်းသာချင်ရင် အနိုင်အရှုံးမရှိအောင် နေပါ။

သင့်စိတ်ချမ်းသာမှုဟာ တစ်စုံတစ်ယောက် တစ်ခုခု
လုပ်တာ မလုပ်တာပေါ်မှာပဲ မူတည်နေတယ်ဆိုရင်တော့
သင့်မှာ ကြီးမားတဲ့ပြဿနာ ရှိနေပြီ။
Credit to : Mg Chan Nyein Win

No comments:

Post a Comment