big big slider

Nav Menu Pages

Wednesday, 27 August 2014

ရှင်ရဟန်းမပြုထိုက်သူ သုံးကျိတ်နှစ်ယောက်-

ဟန်းမပြုထိုက်သူ သုံးကျိတ်နှစ်ယောက်(၃၂-ယောက်)


၁။ လက်ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂။ ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃။ လက်ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၎။ နားပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၅။ နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၆။ နား နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၇။ ခြေချောင်း လက်ချောင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၈။ ခြေမ လက်မပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၉။ အကြောမ ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁ဝ။ ခြေချောင်း လက်ချောင်း ပူးနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၁။ ခါးကုန်းနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၂။ ပုကွသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၃။ လည်ပင်းကြီးနာရှိသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၅။ ကြိမ်ဒဏ်ပေးခံရသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၆။ တွေ့ရာအရပ်၌ သတ် ဟူ၍ ကြော်ညာထားသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၇။ ခြေထိုင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၈။ အနာဆိုးရှိသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၉။ ပရိသတ်ကို ဖျက်ဆီးသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂ဝ။ မျက်စိတစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၁။ လက်ခြေကောက်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၂။ ခွင်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၃။ ကိုယ်တစ်ခြမ်းသေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။(ဖက်သကပ်နာ)
၂၄။ ဆွံ့သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၅။ အိုမင်းမစွမ်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၆။ မျက်စိနှစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၇။ (စကားဆွံ့) အသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၈။ နားပင်းသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၉။ ကန်းလည်းကန်း အလည်းအသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃ဝ။ ကန်းလည်းကန်း နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၁။ အလည်းအ နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၂။ ကန်းလည်းကန်း အလည်းအ နားလည်းပင်းသောသူအား ရှင်ရဟန်း ပြုမပေးအပ်။

ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏။

(ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်မပြည့်သူ၊ ပါရာဇိကသို့ရောက်သူ၊ ပဏ္ဍုက်စသော အဘဗ္ဗပုဂ္ဂိုလ်တစ်ကျိတ်တစ်ယောက်၊ ပေါင်း ၁၃-ယောက်သည် ရဟန်းပြုသော်လည်း ရဟန်းမဖြစ်။ ကြွင်းသောပုဂ္ဂိုလ်တို့ကား ရဟန်းဖြစ်ကုန်၏။ သို့သော် ရဟန်းပြုပေးသောသူ အာပတ်မလွတ်။)

မဟာဝဂ်ပါဠိတော် မြန်မာပြန်၊ ဦးရေ ၅၇၊ စာ ၁၂၇။
all credit to original post owner. (http://www.lknt.org/ )

မချစ်အပ်သူ မမြတ်နိုးအပ်သူ-


* ဤတရား ၅-မျိုးနှင့် ပြည့်စုံသောသူသည်
မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ ဖြစ်၏။

စွဲမက်ဖွယ် အာရုံ၌ စွဲမက်သူ။
ပြစ်မှားဖွယ် အာရုံ၌ ပြစ်မှားသူ။
တွေဝေဖွယ် အာရုံ၌ တွေဝေသူ။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်ထွက်သူ။
ယစ်မူးဖွယ် အာရုံ၌ ယစ်မူးသူ။

* ဤတရား ၅-မျိုးနှင့် ပြည့်စုံသောသူသည်
ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ ဖြစ်၏။

စွဲမက်ဖွယ် အာရုံ၌ မစွဲမက်သူ။
ပြစ်မှားဖွယ် အာရုံ၌ မပြစ်မှားသူ။
တွေဝေဖွယ် အာရုံ၌ မတွေဝေသူ။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်သူ။
ယစ်မူးဖွယ် အာရုံ၌ မယစ်မူးသူ။

မှီငြမ်း ။ ။ အင်္ဂုတ္တိုရ်၊ ထေရဝဂ်၊ ရဇနီယသုတ်။
All credit to original post owner.

မြတ်စွာဘုရားသည် ဗေဒင်ကို လက်မခံပါ

နက္ခတ္တံ ပဋိမာနေန္တံ

အတ္ထော ဗာလံ ဥပစ္စဂါ

အတ္ထော အတ္ထဿ နက္ခတ္တံ

ကိံကရိဿန္တိ တာရကာ ။

နက္ခတ္တံ ၊ နက္ခတ်ကို ။ ပဋိမာနေန္တံ ၊ စောင့်မျှော်နေသော ။ ဗာလံ ၊ လူမိုက်ကို ။ အတ္ထော ၊ အကျိုးစီးပွားသည် ။ ဥပစ္စဂါ ၊ စွန့်ပစ်သွားပြီး ။ အတ္ထော ၊ အလိုရှိအပ်သော အကျိုးစီးပွား သည် ။ အတ္ထဿ ၊ အလိုရှိသောသူ၏ ။ နက္ခတ္တံ ၊ နက္ခတ်ပင်တည်း ။ တာရကာ ၊ ကောင်းကင် တွင် လှည့်သွားနေသော နက္ခတ်တို့သည် ။ ကိံကရိဿန္တိ ၊ အဘယ်ကို ပြုပြင်နိုင်အံ့နည်း ။

ထိုပါဠိ ဂါထာသည် ဗေဒင်ကို ဘုရားလက်မခံဘူး ဆိုရာတွင် ပြသော ခိုင်မာသည့် အထောက်အထားဖြစ်သည် ။ အဓိပ္ပာယ်အား ပိုရှင်းအောင် ပြောရမည်ဆိုလျှင် -

“ နက္ခတ်ကို စောင့်မျှော်နေသော လူမိုက်အား အကျိုးစီးပွားသည် စွန့်ပစ်သွားပြီး ၊ နက္ခတ်ကို စောင့်မျှော်လျက် နက္ခတ်မကောင်းလို့ နက္ခတ်ကောင်းမည့်ရက်ကို စောင့်မျှော်လျက် နေသော လူမိုက်သည် သူလုပ်ရမည့်အလုပ်အား အချိန်မီ မလုပ်လို့ သူလိုချင်တဲ့အကျိုးကို မရ တော့ပေ ။ “ ထို့ကြောင့် အကျိုးစီးပွားသည် သူ့အား စွန့်ပစ်သွားပြီဟု ဆိုခြင်းဖြစ်သည် ။

“ အလိုရှိအပ်သော အကျိုးစီးပွားသည် အလိုရှိသူ၏ နက္ခတ်ပင်တည်း “ ဆိုသည်မှာ ကိုယ်လိုချင်သည်က ကောင်းတာဖြစ်လျှင် ကိုယ့်နက္ခတ် ကောင်းသည်ဟု ဆိုခြင်းဖြစ်သည် ။ ကောင်းတာလုပ်ချင်လျှင် နက္ခတ်ကောင်းသလားဟု မေးနေဖို့ မလိုတော့ပေ ။ နက္ခတ်အမြဲ ကောင်း၏ ။ မကောင်းတာလုပ်ချင်လျှင် နေ့တိုင်းသည် နက္ခတ်မကောင်းသော နေ့တွေပဲဖြစ်၏။ နေ့ကောင်းရက်ကောင်း ရွေးနေဖို့ မလိုတော့ပေ ။ ကိုယ်လုပ်ချင်သောအလုပ်သည် ကောင်း သောအလုပ်လား ၊ မကောင်းသောအလုပ်လားဟု စဉ်းစားဖို့ပဲလို၏ ။

“ ကောင်းကင်တွင် လှည့်သွားနေသော နက္ခတ်တို့သည် အဘယ်ကိုပြုနိုင်ပါအံ့နည်း “ ဆိုသည်ကား အဓိပ္ပာယ်ရှင်းပါသည် ။ နက္ခတ်က ကောင်းတာလည်းလုပ်မပေးနိုင် ၊ မကောင်း တာလည်း လုပ်မပေးနိုင် ဟုဆိုလိုသည် ။

ဤဂါထာအရ ဗေဒင်မေးခြင်းသည် လူမိုက်တွေ ၊ ဥာဏ်ပညာနည်းသောသူတွေလုပ် သောအလုပ်ဟု ဆိုလိုသည် ။ လူမိုက်ဆိုသည်မှာ ဥာဏ်ပညာနည်းသောသူအားခေါ်ခြင်းဖြစ် ၏ ။

ဥာဏ်နည်းသောကြောင့် ဗေဒင်မေးခြင်းဖြစ်၏ ။ အမှန်တကယ် ဥာဏ်ရှိသောသူ သည် ဗေဒင်မမေးပေ ။ အကြောင်းအကျိုးကိုက်အောင် စဉ်းစားပြီး လုပ်သင့်သည်ကို အချိန် မရွှေ့ ၊ နေ့မရွေးပဲလုပ်၏ ။

“ အဇ္စျေဝ ကိစ္စံ ကာတဗ္ဗံ ။ “ ပြုသင့်သော ၊ ကောင်းသော အလုပ်ကိစ္စကို ဒီနေ့ပင် ပြု လုပ်ရာ၏ …..။ “ ပြုသင့်သောကိစ္စအား နေ့ကောင်းရက်ကောင်းရွေးပြီး ပြုရာ၏ “ ဟု မဟော ပေ ။

သဘာဝတရားအား အကြောင်းအကျိုးကိုက်အောင်နားလည်သည့် ဥာဏ်မရှိသော ကြောင့် သဘာဝမကျခြင်းတို့အား ကြောက်ကြ၏ ။ ကြောက်သောကြောင့် သဘာဝမကျခြင်း တို့အား , အားကိုးပြန်၏ ။ အားငယ်စိတ်ကြီးသောကြောင့် မိမိဥာဏ်ကို မိမိအားမကိုးနိုင်သော ကြောင့် အားကိုးစရာအား အပြင်မှာရှာဖွေကြ၏ ။

“ အတ္တဟိ အတ္တနော နာထော ။ “ “ မိမိသည်သာလျှင် မိမိ၏ အားကိုးရာ ၊ အားထား ရာ “ ဆိုသည်ကို အကြိမ်ဘယ်လောက်ပင် ကြားရကြားရ အမှန်တကယ် မယုံနိုင်ကြပေ ။ အခြားမှာပဲ အားကိုးရာကို ရှာဖွေကြ၏ ။

စိတ်ပညာရှင်များ သုတေသနလုပ်ပြီး တွေ့ရှိရသော အချက်တစ်ချက်ရှိ၏ ။ လူတွေ အားငယ်လာသည့်အခါ ၊ powerless ဖြစ်လာသည့်အခါ magic ကို အားကိုးကြသည်ဟု ဆိုပါ သည် ။ အားငယ်လာသည့်အခါ ဗေဒင် ၊ ယတြာ ၊ ဘိုးတော် ၊ မယ်တော် ၊ နတ် ၊ လက်ဖွဲ့ ၊ အဆောင် စသည်များကို အားကိုးလာကြ၏ ။ ဥာဏ်ပညာနည်းခြင်းနှင့်အားငယ်ခြင်းသည် ဒွန် တွဲနေ၏ ။ အမှန်တကယ် ဥာဏ်ရှိသည်မှန်လျှင် ထိုအရာများကို အားမကိုးတော့ပေ ။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀ခန့်တွင် သိပ္ပံပညာ မထွန်းကားသေးပေ ။ လူတွေသည် သဘာဝတရားကို စိတ်ဝင်စားပေမယ့် သဘာဝကျကျ ၊ တိတိကျကျ မလေ့လာနိုင်ခဲ့ပေ ။ ဘာ ကြောင့် ဖြစ်တာလည်း ဆိုသည့်မေးခွန်းအား အကြောင်းအကျိုးကိုက်အောင် ၊ သဘာဝကျ အောင် မဖြေဆိုနိုင်ခဲ့ပေ ။ “ မိုးဘာဖြစ်လို့ ရွာတာလဲ “ ဟုမေးလျှင် သိကြားမင်းလုပ်သော ကြောင့် ရွာတာဟု ဖြေကြ၏ ။ သိပ္ပံပညာ မထွန်းကားသောခေတ် ၊ သဘာဝကျကျ မစဉ်းစား နိုင်သောခေတ်က လူတွေ၏ဘ၀တွင် အကောင်းအဆိုး တစ်ခုခုဖြစ်လာခဲ့လျှင် သဘာဝကျ သော အဖြေကို မပေးနိုင်သောကြောင့် ကြံဖန်၍ ဖြေကြရ၏ ။ ဖန်ဆင်းရှင်ဘုရားသခင် ဖန်ဆင်းသောကြောင့် ၊ နက္ခတ်မကောင်းသောကြောင့် ၊ ဇာတာမကောင်းသောကြောင့် ဟုဆို ပြီး အကြံအဖန် အဖြေများပေးကြ၏ ။

နောက်ပြီး ဘုရင်တွေသည် လူတွေရဲ့ဘ၀အား စိုးမိုးချင်သောကြောင့် စစ်တပ်အင်အား ကိုသုံးပြီး စိုးမိုးကြ၏ ။ ပုဏ္ဏားတွေသည်လည်း လူတွေရဲ့ဘ၀အား စိုးမိုးချင်ပေမယ့် သူတို့တွင် စစ်တပ်မရှိပေ ။ စစ်တပ်မရှိတော့ လူတွေကြောက်အောင် တစ်နည်းနည်းနှင့် လုပ်မှဖြစ်မည်ဟု တွေးကြံကြ၏ ။ ထိုအခါ လူတွေမှာ အဆင်မပြေခြင်းများ တစ်ခုခု ဖြစ်လာခဲ့ပြီဆိုလျှင် ဘာ ကြောင့်ဖြစ်တယ်ဆိုသည်ကို သူတို့သိသည် ။ နက္ခတ်မကောင်းသောကြောင့် ယတြာချေရမည် ဆိုပြီး လူတွေရဲ့ဘ၀တွင် သူတို့နေရာရအောင် လုပ်ကြ၏ ။

အဆင်မပြေခြင်းများ ဖြစ်သည်မှာ မထူးဆန်းပေ ။ ရာသီဥတုမကောင်းလို့ ၊ မိုးမမှန်လို့ အသီးအနှံတွေ အထွက်မကောင်းဘူး ။ ရေကာတာ ၊ ရေလှောင်ကန်တွေ လုပ်ဖို့လို၏ ။ ဗေဒင် ဆရာများ ၊ နတ်ဆရာများက နတ်တင်ပါ ၊ ပူဇော်ပါ ၊ ပသပါ ၊ မိုးရွာလိမ့်မည်ဆိုပြီး သဘာဝ မကျသော လုပ်နည်းများဖြင့် ပြောကြ၏ ။ ထိုနည်းများဖြင့် သူတို့၏ စားဝတ်နေရေးကို ရှာကြ၏ ။ လူတွေဥာဏ်နည်းလေလေ သူတို့နေရာ ရလေလေပင်ဖြစ်၏ ။

ရောဂါဖြစ်လျှင် နတ်တွေဖမ်းစားသောကြောင့် ဗလိနတ်စာ ကျွေးရမည် ၊ နတ်တင်ရ မည်ဆိုပြီး သဘာဝမကျခြင်းများအား လုပ်ခိုင်းကြ၏ ။ ဂြိုလ်စီးဂြိုလ်နင်း မကောင်းသောကြောင့် ယတြာချေရမည်ဆိုပြီး ဗေဒင်ဆရာများခိုင်းကြ၏ ။

အိမ်ထောင်ရေး အဆင်မပြေခြင်းများလည်းထို့အတူပေ ။ ယတြာချေဖို့ပဲပြောကြ၏ ။ သူတို့ပြောတတ်တာ ဒီတစ်ခုပဲ ရှိသည် ။ ဥာဏ်နှင့်ဖြေရှင်းဖို့ သူတို့ ဘယ်တော့မှ မပြောပေ ။ ဘာဖြစ်လို့မပြောတာလည်းဆိုတော့ သူတို့သည် ဥာဏ်ကို မယုံကြခြင်းပင်ဖြစ်၏ ။

သဘာဝအားနားမလည်သည့်အချိန်နှင့်သဘာဝအားနားလည်သည့်အချိန်တွင် လုပ်ပုံ လုပ်နည်း မတူတော့ပေ ။ နားမလည်သည့်အချိန်တွင်လုပ်ခဲ့သည်ကို အပြစ်မတင်လိုပေ ။ နား လည်လာသည့်အခါမှာတော့ သဘာဝကျခြင်းကို လုပ်ရမည်ဖြစ်၏ ။ နှစ်ပေါင်း၃၀၀၀ခန့်ကာလ တွင် တိုးတက်လာသည်မှာ အံ့မခန်းပင်ဖြစ်၏ ။ ယခုအချိန်တွင် သဘာဝမကျသော လုပ်နည်း များအား စွန့်ပယ်ရမည်ဖြစ်၏ ။ ဘာဖြစ်လို့ မစွန့်ပယ်ကြတာလည်းဆိုတော့ -

မိမိဥာဏ်ကို မိမိအားမကိုးလို့ ၊ မိမိကိုယ်ကို ဘာလုပ်ရမည်ဆိုသည်ကို မဆုံးဖြတ်နိုင်လို့ သူများအား ဆုံးဖြတ်ခိုင်းကြခြင်းဖြစ်၏ ။ သူများဆုံးဖြတ်သည်ကို လက်ခံကြ၏ ။ ဗေဒင်ဆရာ က ဆုံးဖြတ်ချက် ချပေးရ၏ ။ မိမိကိုယ်ကို ဘာလုပ်ရမည်ကို မဆုံးဖြတ်ရဲကြပေ ။

ဗေဒင်ဆရာများသည်လည်း လူတွေရဲ့ဘ၀မှာ နေရာအများကြီး ယူချင်ကြ၏ ။ ကလေး မွေးလျှင် သူတို့အားပင့်ပြီး ဇာတာရေးခိုင်းကြ၏ ။ ဇာတာမှမရေးထားလျှင် တစ်ခုခုတော့ ဖြစ် တော့မည်ထင်ကြ၏ ။ ဇာတာကောင်းသည် ၊ ရာဇဘွားဆိုလျှင် မိဘများပျော်နေကြ၏ ။ မိမိ သားသမီး၏ဘ၀အား မွေးခါစကတည်းက ဗေဒင်ဆရာလက်ထဲ အပ်ထားလိုက်ကြ၏ ။ ရာဇ ဘွားဖြစ်ရုံနှင့် ဘာမှဖြစ်လာမှာ မဟုတ်ပေ ။ ဥာဏ်ပညာရှိအောင် ၊ အရည်အချင်းရှိအောင် ၊ အလုပ်ကို အများလည်းအကျိုးရှိ မိမိလည်းအကျိုးရှိအောင် ကြိုးစားပါမှ ကြီးပွားမည် ဖြစ်၏ ။ လူ့လောကတွင် လူတွေ၏လေးစားမှုကိုရဖို့ဆိုသည်မှာ မွေးသောရက်နှင့်ဘာမှမဆိုင်ပေ ။

နောက်ပြီး ကလေးနာမည်ပေးမည်ဆိုလျှင် ဗေဒင်ဆရာအား မေးကြပြန်သည် ။ မိမိ သားသမီး နာမည်ကို မိမိစိတ်ကြိုက်ရွေးပြီး မပေးနိုင်ကြပေ ။ သားသမီး၏နာမည်လည်း ဗေဒင်ဆရာ၏လက်ထဲ ရောက်ရပြန်၏ ။

သားသမီးနေမကောင်းဖြစ်လျှင် ဗေဒင်ဆရာမေးကြပြန်သည် ။ ကျောင်းထားတော့မည် ဆိုလျှင်လည်း မေးရပြန်၏ ။ သူရဿတီမယ်တော်အား ကိုးကွယ်ရပြန်လေ၏ ။ ထို့အပြင် မင်္ဂလာဆောင်ပြန်လျှင်လည်း နေ့နာမ်သင့်ရဲ့လားဆိုပြီး မေးရပြန်လေ၏ ။ သတို့သားနှင့် သတို့သမီး စိတ်ထားချင်း ၊ စရိုက်ချင်း ကိုက်ညီရဲ့လားဆိုတာတော့ မစဉ်းစားကြပေ ။ သဘာဝကျခြင်းအား ဘေးဖယ်ထားပြီး သဘာဝမကျခြင်းကို ရှေ့တန်းတင်ကြ၏ ။ သေတာ တောင် ဗေဒင်ဆရာမပါဘဲ သုဿန်ကို မရောက်ပေ ။

ဗေဒင်ဆရာတွေ ၊ ပုဏ္ဏားတွေသည် လူတွေရဲ့ဘ၀အား လွှမ်းမိုးချင်သောကြောင့် လုပ် လာခဲ့သောနည်းတွေသည် အားငယ်တတ်သောသူတွေများတဲ့ခေတ်မှာ အလွန်ပင် ရေပန်းစား နေ၏ ။ “ ခေတ်မီသူတိုင်း ဗေဒင်မေးကြသည် “ လို့တောင် ပြောရတော့မည်ဖြစ်၏ ။ တကယ် တော့ အရမ်းခေတ်နောက်ကျသောသူတွေသာ ဗေဒင်မေးကြတာဖြစ်၏ ။

လူတွေအားငယ်နေသ၍ ၊ ဥာဏ်နည်းနေသ၍ ၊ ကိုယ့်အားကိုယ်မကိုးသ၍ ဗေဒင် ဆရာများ ထမင်းမငတ်ကြပေ ။ ဒီလိုဆိုတော့ ဗေဒင်ဆရာများ ဘယ်တော့မှ ထမင်းမငတ်ဟု ပြောသလို ဖြစ်သွားပြီ ဖြစ်၏ ။ လူတွေလည်း အားငယ်နေကြဦးမှာပါပဲ ။ မိမိအသိဥာဏ်မိမိ မယုံကြသ၍ အားငယ်နေဦးမှာပါပဲ ။ အားငယ်နေရတာကို ကြိုက်တဲ့လူတွေလည်း ရှိ၏ ။

မိမိဘ၀အား မိမိလက်ထဲမှာပဲ ထားကြပါ ။ ဘာဖြစ်လို့ သူများလက်ထဲ ထားချင်ရတာ လဲ ။ ဆုံးဖြတ်စရာရှိလျှင် မိမိဥာဏ်နှင့်မိမိ ဆုံးဖြတ်ပါ ။ ဒါမှ သတ္တိရှိသောသူ ၊ ဆုံးဖြတ်ရဲသော သူ ဖြစ်လာမည် ဖြစ်၏ ။ မိမိကိစ္စမိမိဆုံးဖြတ်မှသာလျှင် မိမိဘ၀ကိုမိမိတာဝန်ယူတဲ့သူ ဖြစ်လာ မည် ။ တိုင်ပင်ချင်လျှင် သဘာဝကျကျ တွေးတတ် ၊ လုပ်တတ်သော သူနဲ့တိုင်ပင်ပါ ။ သို့ပေ မယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မိမိဆုံးဖြတ်ချက်ပဲ ဖြစ်ရမည် ။ မိမိဆုံးဖြတ်ချက် မှား လှင်လည်း မိမိကိုယ်တိုင်ပဲ တာဝန်ယူပါ ။ ထိုအခါ တစ်နေ့တစ်ခြား ဆုံးဖြတ်ချက် ပိုမှန်လာ မည် ဖြစ်၏ ။

ထို့ကြောင့် မိမိဘ၀နှင့်ပတ်သက်လာလျှင် သူများအားဆုံးဖြတ်ခိုင်းတာသည် မိမိ ဘ၀က်ုမိမိ တာဝန်မယူတာပဲ ဖြစ်၏ ။ မိမိဘ၀ကိုမိမိတာဝန်မယူသောသူသည် လွတ်လပ်သော သူဖြစ်မလာနိုင်ပေ ။

ဗေဒင်မေးသောသူ ၊ ဗေဒင်ယုံသောသူ ၊ ဗေဒင်ဟောသောသူတွေသည် လွတ်လပ် သောသူ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပေ ။

သူများ၏ဆုံးဖြတ်ချက်နှင့်မိမိဘ၀ကိုနေချင်သောသူသည် အမြဲတမ်း ကလေးဘ၀ မှာပဲ နေရမည်ဖြစ်၏ ။ ဘယ်တော့မှ လူကြီးမဖြစ်တော့ပေ ။

မိမိဘ၀နှင့်ပတ်သက်သည်ကို မိမိကိုယ်တိုင်ဆုံးဖြတ်ပါ ။ မိမိဆုံးဖြတ်ချက် ၊ ရွေးချယ်မှု နှင့် မိမိဘ၀ကို နေနိုင်မှ စိတ်ဓာတ် ရင့်ကျက်လာမည်ဖြစ်၏ ။

All credit to original post owner.

လူမိုက်ဟူသည်

မြတ်ဗုဒ္ဓက (အသေ၀နာစ ဗာလာနံ)လူမိုက်ကို ရှောင်ကြဉ်ကြရန် မှာကြားတော်မူခဲ့သည်။ လူမိုက်ဟူသည် အောက်ပါလက္ခဏာ များ ရှိသူပင်တည်း။

    အကြောင်းတစ်စုံတစ်ရာမရှိဘဲ အမျက်ဒေါသ ထွက်နေတတ်ခြင်း၊
    **(ယင်းဒေါသကြောင့်ပင် ပစ္စုပ္ပန်ကာလတွင် ရန်သူပေါများတတ် သည်။ နောင်တမလွန်ဘဝ၌ကား အပါယ်လားရတတ်၏။)

   အကျိုးမရှိဘဲ အပြောင်းအလဲများတတ်ခြင်း၊
 **(မိမိဘဝ၏ အချိန်နှင့် အတွေ့ အကြုံကို ဖြုန်းတီးနေခြင်း သက်သက်သာဖြစ်သည်။)

    ရည်မှန်းချက်မရှိဘဲ စပ်စုတတ်ခြင်း။
     **(အမုန်းတရားကို ဖန်တီးနေခြင်းပင်ဖြစ်သည်။)

    မောဟအားကြီးသည့်အလျောက် သူစိမ်းတစ်ရံဆံကို ယုံကြည် လွန်းခြင်း။
     **(မိမိ၊ မိမိ၏ မိသားစုနှင့် မိမိကျင်လည်ရာ အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းရတတ်သည်။)

    ရန်သူကိုမိတ်ဖွဲ့ တတ်ခြင်း။
     **(မုန်းစကို ရှည်စေရုံမှတစ်ပါး အခြားမရှိပြီ။)

သို့ ဖြစ်၍၊ အဖက်ဖက်တွင် သတိတရားလက်ကိုင်ထားကာ နေထိုင်ပါလျှင် လူတော်လူကောင်းဖြစ်နိုင် သည်ကား ဧကန်မုချဖြစ်ပေသည်။


ကျမ်းကိုး။    ။ဇောတိက၊ ဦး (ပခုက္ကူလေယာဉ်ကွင်းဆရာတော်)။ " သောတာပန်စစ်တမ်း " တရားတော်။ ဆစ်ဒနီ၊ ၂ဝ၁၁။
All credit to post owner.

ကသမုတ္တိသုတ် (ခေါ်) ကာလာမသုတ် အရှည်

ကာလာမမင်းတို့ တပ်မက်သော ပုဂ္ဂိုလ်သည် တပ်မက်သော{လောဘ}နှိပ် စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကို လည်း ခိုးယူ၏၊ သူ့မယားကိုလည်း သွားလာ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည် စေ၏၊ ယင်း သူတစ်ပါး အသက် သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာ သော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ် လောဟု (မိန့်တော်မူ၏)။

အစီးအပွား မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်ပါသည် အသျှင်ဘုရား။

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလ တိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တ မည်သော နိဂုံးသို့ ရောက်တော်မူ၏။ ကေသမုတ္တနိဂုံးသား ကာလာမမင်းတို့သည် ဤသို့ ကြားသိကြကုန်၏-

{{အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမ သည် ကေသမုတ္တနိဂုံးသို့ ရောက်လာတော်မူ၏။ ထို အသျှင်ဂေါတမ၏ ကောင်း သော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။

ထို မြတ်စွာဘုရားသည် ပူဇော်အထူး ကို ခံတော်မူထိုက်သော အကြောင်းကြောင့် လည်း အရဟံ မည်တော်မူ၏။ပ။ ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့အား ဖူးမြော်ရ ခြင်းသည် ကောင်းသည် သာတည်း}} ဟု (ကြားသိကြကုန်၏)။

ကာလာမသုတ် (ဆရာတော်ဦးဇောတိက)

(ဒီနေ့တော့ ဆရာတော် ဦးဇောတိကရဲ့ ဘာကိုတန်ဖိုးထားရမလဲ စာအုပ်ထဲက ကာလမ သုတ်ကို ဝေမျှလိုက်ပါတယ်။)
ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေသွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှနတယ်လို့ သိလိုက်တဲ့ အချိန်ကျမှသာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။
ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ်ဆိုတာကို သွားသတိရတယ်။ ကာလာမသုတ်မှာ မြတ်စွာ ဘုရားက
"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံဖြတ်ပါနဲ့တဲ့။
"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။
"မာ တက္ကဟေတု" တက္ကနည်းတွေနဲ့ အကျိုးကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့ မယူဆပါနဲ့။
"မာ နယဟေတု" နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့ ရလာတဲ့ အဖြေနဲ့လည်း အမှန်တယ်လို့ မယူဆပါနဲ့တဲ့။
"မာ ဘဗ္ဗရူပတာယ" ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ သူပြောတာ မှန်တယ်လို့လည်း မယူဆပါနဲ့တဲ့။
"မာ ပိဋကသမ္ပဒါဒေန" ပိဋကစာပေနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ မယူဆပါနဲ့တဲ့။
"မာ သာမဏော နောဂရူတိ" ဒီရဟန်းဟာ တို့ရဲ့ ဆရာပဲ၊ ဒါကြောင့် သူပြောတာ မှန်တယ် လို့ပဲ လက်ခံရမှာပဲ လို့ဆိုပြီး မှန်တယ်လို့ လက်ခံပါနဲ့။
ဒီနေရာမှာ သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်တယ်။
ဒါကြောင့် အဲဒီသုတ်ထဲမှာပဲ မြတ်စွာဘုရားက ကိုယ်ကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့ အကျိုးရှိရင် လုပ်ပါတဲ့။ ကိုယ်တွေ့ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာကို အင်မတန် ဦးစားပေးတဲ့ မြတ်စွာဘုရားဖြစ်တယ်။ ဘာလို့တုန်းဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ မသိပဲ ယုံကြည်နေရုံ သက်သက်ဟာ သိပ်ခရီးမရောက်ဘူး၊ မနက်နဲဘူး။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့၊ ကိုယ်တိုင် ဆုံးဖြတ်ဖို့၊ ကိုယ်တိုင် ရွေးချယ်ဖို့ ဆိုတာဟာ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အင်မတန် အရေးကြီးတဲ့ အဆုံးအမဖြစ်နေတယ်။
All Credit to original post uploader.

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန် အင်္ဂလိပ်

- အနတ္တလက္ခဏသုတ် အမွှန်း -

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။

(A) On the full moon day of Waso, at Isipatana, Migadawon forest near Varanasi, Buddha taught the Dhammacakka Pavattana to five ascetics; Kondanna, Vappa, Boddiya, Mahanam and Assaji. ( five ascetics = the group of five were the monks who had previously followed the Bodhisatta while he was practicing austerities and who later heard the First Discourse and became the Buddha's first disciples.)

(B) In succession by one another after attainment of Sotapatti Phala on consecutive days, (on the 5th of waning Waso month) Buddha taught them the Anatta Lakkhana sutta for the attainment of Arahatta Phala. O, Good persons, let's recite this Anatta Lakkhana sutta now.

- အနတ္တလက္ခဏသုတ် နိဒါန်း -

ဧဝံ မေ သုတံ...
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ ကုန်၏။

The introduction of Anattalakkha Sutta:
At one time, Buddha was staying in Isipatana, the Deer park, near the township of Varanasi. There the the Bhagava addressed the group of five Bhikkhus 'O! Bhikkhus, and the Bhikkhus answered, " Bhante" , then the Bhagava spoke thus: -

- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -

ရူပံ ဘိက္ခဝေ အနတ္တာ...
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ရူုပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

"Matter, Bhikkhus, is neither the self nor a living entity" If matter, Bhikkhus, were the self, then matter would not tend to sickness, and one could say of matter, "Thus let matter happen to me this way (in favorable condition), let matter not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as matter is not the self, which is why matter tends to sickness. And one cannot say of matter, "Thus let matter be thus for me, let matter not be thus for me."

- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝေဒနာ အနတ္တာ...
ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

"Feeling, Bhikkhus, is neither the self nor a living entity" If feeling, Bhikkhus, were the self, then feeling would not tend to sickness, and one could say of feeling, "Thus let feeling happen to me this way (in favorable condition), let feeling not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as feeling is not the self, which is why feeling tends to sickness. And one cannot say of feeling, "Thus let feeling be thus for me, let feeling not be thus for me."

- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -

သညာ အနတ္တာ...
သညာ စ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ၊ နယိဒံ သညာ အာဗာဓာယ သံဝေတၱယ်။ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။

သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

"Perception, Bhikkhus, is neither the self nor a living entity" If perception, Bhikkhus, were the self, then perception would not tend to sickness, and one could say of perception, "Thus let perception happen to me this way (in favorable condition), let perception not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as perception is not the self, which is why perception tends to sickness. And one cannot say of perception, "Thus let perception be thus for me, let perception not be thus for me."

- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -

သင်္ခါရာ အနတ္တာ...
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။

သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

"Mental formation, Bhikkhus, is neither the self nor a living entity" If mental formation, Bhikkhus, were the self, then mental formation would not tend to sickness, and one could say of mental formation, "Thus let mental formation happen to me this way (in favorable condition), let mental formation not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as mental formation is not the self, which is why mental formation tends to sickness. And one cannot say of mental formation, "Thus let mental formation be thus for me, let mental formation not be thus for me."

- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝိညာဏံ အနတ္တာ...
ဝိညာဏဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘ၀ိႆ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝေတၱယ်။ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်း မရ။

"Consciousness, Bhikkhus, is neither the self nor a living entity" If consciousness, Bhikkhus, were the self, then consciousness would not tend to sickness, and one could say of consciousness, "Thus let consciousness happen to me this way (in favorable condition), let consciousness not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as consciousness is not the self, which is why consciousness tends to sickness. And one cannot say of consciousness, "Thus let consciousness be thus for me, let consciousness not be thus for me."

- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

What do you think of this, Bhikkhus? Is matter permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -

ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is feeling permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is perception permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is mental formation permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is consciousness permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever matter there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, matter of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever feeling there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, feeling of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever perception there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, perception of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever mental formation there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, mental formation of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever consciousness there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, consciousness of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -

ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

So seen, Bhikkhus, the well taught noble disciple is disgusted with matter, disgusted with feeling, disgusted with perception, disgusted with mental formation, disgusted with consciousness. So being disgusted, he is dispassionate. Through dispassion, he is free from craving. When he is freed, he knows that it is freedom. Further he knows that birth is ended. The Holy life has been lived. What was to be done has been done. Nothing further has to be done for this noble path.

- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -

ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။

This is what the Buddha had said and the group of five Bhikkhus was delighted and rejoiced at what the Buddha had explained. After this explanation was done, the minds of five Bhikkhus were freed from Asava; ( four Asava: desire, craving, wrong belief, ignorance).

Here ends the Anattalakhana sutta.

သာသနာအတွက် အထောက်အပံ့ဖြစ်စေရန် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။
Anatta Sutta Pali Myanmar English (အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန် အင်္ဂလိပ်) by Buddha (မြတ်စွာဘုရား)
အနတ္တလက္ခဏသုတ် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
All Credit to Original post owner.
တဆင့်ပြန်လည် ကူးယူပူဇော်မှတ်သားပါသည်။

သစ္စာလေးပါး မြတ်တရား ဆိုသည်မှာ

ဒုက္ခသစ္စာ

မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)

သမုဒယသစ္စာ

နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒ္ဒယ သစ္စာပင်တည်း)

နိရောဓသစ္စာ

နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)

မဂ္ဂသစ္စာ

သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။

သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

All Credit to original owner.

Monday, 25 August 2014

ငှက်ကြီးတောင်၏အဓိပ္ပါယ်

ငှက်ကြီးတောင်၏အဓိပ္ပါယ်

ဓါးပုံစံမှာ အရင်းတွင် လက် နှစ်သစ်သာရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့်ရှိသည်။ ငှက်အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီတက် သွားသော်ကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ခုတ်ဓါးလိုလည်းသုံးနိုင်သည်၊ ထိုးဓါးလိုလည်းသုံးနိုင်သည်။ ပိုင်းဓါးလိုလည်း သုံးနိုင်သည်။ ပေါက်ဓါးလိုလည်းသုံးနိုင်သည်။

ဓါးအရှည်
ဓါးအရှည်မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက်(၃၃ လက်မခန့်)၊ အရိုးတထွာ (၁၀ လက်မခန့်) ရှိသည်။

ဓါးရိုး(ဓါးနှောင့်)
ဓါးတလက်၏အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီ ဓါးရိုးမကောင်ပါက ဓါးကျွတ်ထွက်သွားမည် ဖြစ်သည်။ ဓါးရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။ လက်ကိုင်မကျွတ်ထွက် စေရန် ဓါးရိုးသံကို ဓါးနှောင့်နှင့်မြဲအောင်တခါထဲသတ်ရိုက်ထားသည်။ ဓါးလက်ကိုင်(ဓါးရိုး)၏အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုသွားတို့ဖြင့်ပြုလုပ် ထားသော ငယ်ဟုခေါ်သည့် ဘုချွန်လေးရှိသည်။ ဓါးပြီး၊ တုတ်ပြီးသောသူ များအား ထိုငယ်ဖြင့် ထုရိုက်ပါက သေလေသည်။

ဓါးကောင်းသတ်မှတ်ပုံ
ဓါး၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓါးအလယ်မှ ကိုင်ကာလက်ဖ၀ါးပေါ်တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ်သည်။ ထိုသို့သော်ဓါးမျိုးများသည် ဓါးကောင်း စာရင်းမ၀င်ပါ။ အရှေ့ အနောက် မညွတ်ဘဲ ငြိမ်နေသည့်ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။

မြန်မာသမိုင်းကြောင်းတလျှောက် ငှက်ကြီးတောင်ဓါးရဲ့  အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။ ငှက်ကြီးတောင်ဓါးဖြင့်ကစားရသော

Thursday, 21 August 2014

မြန်မာအင်ပါယာ Burmese Kingdom


မြန်မာနိုင်ငံသမိုင်း သရုပ်ပြပုံဖြစ်ပါသည်။

အနော်ရထာမင်း ပုဂံမြို့တော်မှ AD 849 တွင် စတင်ခဲ့သည်။ နှစ်ပေါင်း ၄၅၀ခန့် တည့်တံ့ခဲ့ပြီး၊ မွန်ဂိုအင်ပါယာ ကျုးကျော်မှုကြောင့် ပုဂံမင်းဆက်ပျောက်ခဲ့သည်။ တောင်ငူမင်းဆက် ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၂၇၀ခန့်အုပ်စိုးခဲ့သည်။ ပြည်တွင်း မွန်-မြန်မာ တိုက်ပွဲများဖြင့် 1752 တွင် မင်းဆက်ပျက်ခဲ့ရပြန်သည်။ စစ်အင်အားကြီးသူ အလောင်းဘုရား ကုန်းဘောင်မင်းဆက် AD1752 စတင်ခဲ့သည်။ နှစ်၇၀ကြာ ကုန်းဘောင်မင်းဆက်တွင် ကျူးကျော်သူ တရုပ်ကို ၄ကြိမ် အနိုင်တိုက်ခိုက်ခဲ့သည်။ ထိုင်း၊အာသံ၊မဏိပူရ၊ နာဂ၊ ရခိုင် စသည့်နိုင်ငံများကို စစ်နိုင်ခဲ့သည်။ တိုအချိန်က အင်အားကြီးမားလှသော အင်္ဂလိပ်အင်ပါယာကို စစ်အင်အားဖြင့်ယှဉ်ပြိုင်ခဲ့ရမှ အနှစ်၆၀ကာလ  ၁၈၂၄၊ ၁၉၅၂၊ ၁၉၈၈၆ အင်္ဂလိပ်မြန်မာစစ်ပွဲများ၊ အင်္ဂလိပ်က မြန်မာဘုရင်ကိုဖမ်းဆီးနိုင်ပြီး၊ မင်းဆက်ပျောက်ခဲ့ရသည်။ အင်္ဂလိပ်လက်အောက်တွင် ၁၈၈၅-၁၉၄၈ နှစ်ပေါင်း ၆၃နှစ် ကြာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့တပ်မတော် ပေါ်ထွက်လာသည်။ စတ္တုထမြန်မာနိုင်ငံဟု သမိုင်းတွင်ခဲ့သည်။ အင်္ဂလိပ်၊ ဂျပန်တို့ထံမှ လွတ်လပ်ရေးရယူခဲ့ပြီး ၁၉၄၈-၂၀၁၁ နှစ်ပေါင်း ၆၃နှစ် ကိုယ့်ထီးကိုယ်နန်းအုပ်ချုပ်ခဲ့သည်။ တနည်းအားဖြင့် စစ်ဝါဒီအစိုးရ (စစ်ဗိုလ်ချုပ်များ) အုပ်ချုပ်ခဲ့သော ၁၉၆၂နောက်ပိုင်း မြန်မာပြည်သည်၊ အရှေ့တောင်အာရှအဆင်းရဲ့ဆုံးဖြစ်ရုံမက၊ ကမ္ဘာ့အဆင်းရဲ့ဆုံးဖြစ်သွားခဲ့ရသည်။ ကမ္ဘာနှင့် နှစ်၅၀ အဆက်ပြတ်သွားရသည်။ ယခုအခါ ပြုပြင်ပြောင်းလဲလိုသော စစ်ဗိုလ်ချုပ်ဟောင်းများ ခေါင်းဆောင်နေသည်။ စစ်ဝါဒီဖြစ်ပါစေ စစ်မှန်သောအမျိုးသားစိတ် (နိုင်ငံသားချင်းအနိုင်မကျင့်သောစိတ်) ရှိသော Nationalist များခေါင်းဆောင်ဖို့ လိုပါသည်။

အင်ပါယာကြီးများ နှစ်ပေါင်းများစွာ တည်တံ့၊ စည်ပင်တိုးတက်ခြင်းတွင်၊ လူ့အခွင့်အရေးပေးခြင်း၊ သူတို့၏ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှုထုံးတမ်းဓလေ့များကို ဆက်လက်ကျင့်သုံးခွင့်ပေးခြင်းသည် အဓိက ဖြစ်သည်။ ရောမအင်ပါယာအောက် ကျရောက်သွားသော တိုင်းပြည်ရှိ၊ လူမျိုး၊ ဘာသာ၊ စာပေများ ပျောက်မသွားပါ။ ရောမအုပ်ချုပ်ရေးစနစ်ကို နာခံ၊ အခွန်ဆောင်၊ ဒါပဲ အဓိကဖြစ်သည်။ တူရကီအော်တိုမန် အင်ပါယာအောက် ကျရောက်သွားသော တိုင်းပြည်များလည်း ထို့အတူ။ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများကို ဆက်လက်ကျင့်သုံးခွင့်ရသည်။ တူရကီက မူဆလင်ဆိုပြီး၊ အားလုံးမူဆလင်ကိုးကွယ်ရမယ်..ဟု အတင်းကျပ်မလုပ်ပါ။ ဗြိတိသျှအင်ပါယာအောက် ကျရောက်သွားသော ဗုဒ္ဓဘာသာနိုင်ငံ၊ ဟိဒ္ဒြူနိုင်ငံ၊ မူဆလင်နိုင်ငံ ..အားလုံးကို နေမြဲအတိုင်း ဘာသာ၊စာပေ၊ယဉ်ကျေးမှုများ ဆက်လက်ကျင့်သုံးစေပါသည်။

အင်ပါယာကို ကြီးထွားလိုပါက
- အင်ပါယာအတွက်လုပ်သူများ စီးပွားရေးမလုပ်သင့်။
- စီးပွားလုပ်သူ သူဌေးသည် အမြတ်ရဖို့၊ အင်ပါယာကိုအခွန်ဆောင်ရမည်
- ပညာရေးထူးချွန်သူများကို အင်ပါယာက စောင့်ရှောက်ပေးရမည်။

မိမိတိုင်းပြည်တွင်းရှိသော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုများထိန်းသိမ်းထားရန်အတွက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေးပင်ဖြစ်သည်။ Human Resource ကိုယ်ပိုင်အုပ်ချုပ်နိုင်သူများ နေရာပေးဖို့ အထူးလိုနေပါသည်။ အမေရိကန်၊ တရုပ်ပြည်နယ်များကို သွားလေ့လာနေစရာမလိုပါ။ မြန်မာများစွာ အလုပ်လုပ်နေသော၊ ထိုင်း၊ မလေးရှားပြည်နယ်များကိုသာ လေ့လာရေး၊များများ စေလွှတ်ပါက မြန်မာအင်ပါယာကြီး သာယာဝပြောလာမည်..ဟု ရိုးသားစွာ မျှော်လင့်မိပါကြောင်း။  



ဇော်အောင်

All Credit to original post owner.

Wednesday, 20 August 2014

ဗောက်ကင်းစင်စေမယ့် အိမ်တွင်းဖြစ်ကုထုံးများ

ပျိုမေတွေဟာ မိမိတို့ရဲ့ ဆံကေသာကို အလွန်ပဲ လှပ ကောင်းမွန်ချင်ကြပါတယ်။ ဆံကေသာ လှပဖို့အတွက် ဦးရေပြား ကျန်းမာရေးဟာ အဓိက ကျပါတယ်။ သင့် ဦးရေပြား သန့်ရှင်း ကျန်းမာနေမှသာ သင့်ဆံကေသာလည်း လှပမှာ ဖြစ်ပါတယ်။ ဦးရေပြားမှာ အဓိက ဖြစ် တတ်တဲ့ ပြဿနာ ကတော့  ဗောက်ထခြင်းပဲ ဖြစ်ပါတယ်။ ထိုကဲ့ သို့ ဗောက်များဖြစ်ပေါ်လာရ ခြင်းဟာ ဦးရေပြား ကျန်းမာရေး ပုံမှန် အခြေ အနေမှာ မရှိဘဲ ခြောက်သွေ့နေပြီး အဖတ် ကလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီ အဖတ် ကလေးများဟာ ဦးရေပြားပေါ်မှ ဆဲလ်သေ တွေဖြစ်ပြီး မျက်နှာ၊ နဖူးနဲ့ ပခုံးနေရာများသို့ ကွာကျလာတာ ကို တွေ့မြင်ဖူးကြမှာပါ။ ဒါဟာ ဦးရေပြား ကျန်းမာရေး အတွက် မကောင်းသလို ကိုယ့်ရဲ့ သွင်ပြင်ကိုလည်း ထိခိုက်စေပါတယ်။ ဦးရေပြား အလွန်အမင်း ခြောက်သွေ့တာ၊ အလွန်အမင်း အဆီပြန် တာတွေ ဟာ ဗောက် ထခြင်းရဲ့ အဓိက ပြဿနာရပ် များပဲ ဖြစ်ပါတယ်။

ဦးရေ ပြား ခြောက်သွေ့လွန်းတာ၊ အဆီပြန်လွန်းတာ တွေကနေ အခြေခံပြီး ဗက်တီးရီးယားပိုးမွားတွေ ကပ်ငြိလာကာ ဦးရေပြား ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနို င်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဦးရေပြားမှာ ဗောက်တွေတွေ့နေပြီဆိုရင်တော့ စတင်နှိမ်နင်းဖို့ လို အပ်နေ ပါပြီ။ ဗောက်တွေ ကို နှိမ်နင်း တဲ့ နေရာမှာ သင့်အိမ်တွင်းမှာ ရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ထိန်းသိမ်းကုသလို့ရတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဗောက်အမျိုးအစားဘယ်နှမျိုးရှိသလဲ

အရိုးစွဲနေသောအမှား အသိများကို ဖော်ထုတ်တင်ပြခြင်း

ကျွန်တော်သည်ငယ်စဉ်ကတည်းကပင် စာဖတ်ခြင်းကိုဝါသနာထုံခဲ့သည်။စာဖတ်၍မရှင်းလင်းခဲ့သည်များကို ဆရာ၊မိဘများနှင့် လူကြီးသူမများကိုမေးမြန်းလေ့ရှိ၏။
    မေးမြန်း၍သိရသော ထိုအသိများကို လည်း အရိုးစွဲအောင်မှတ်ထားလေ့ရှိ၏။
    ယခုအခါ ထေရ၀ါဒစာပေများကို ဖတ်ရှုလေ့လာရာ ၌ ယခင်က အရိုးစွဲအောင်သိထားသော အကြောင်းအရာအချို့သည် မှားယွင်းနေကြောင်းတွေ့ရှိရ၏။ကျွန်တော်ကဲ့သို့ အမှားသိနေသူများ အမှန်အတိုင်းသိစေရန် အောက်ပါ အကြောင်းအရာများကို ရှာဖွေ ရေးသားတင်ပြလိုက်ပါသည်။

ဒုက္ကရစရိယာ အကျင့်နှင့် စောင်းဥပမာ

 မြတ်စွာဘုရား ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူစဉ်က အကျင့်လွန်ကဲသဖြင့်(၀ါ)တစ်ဖက်စွန်းသို့ရောက်သွားခဲ့သဖြင့် သေမတတ်ကြုံခဲ့ရသည်။သို့သော် မိစ္ဆိမဘ၀ိက ပုဂ္ဂိုလ်ဖြစ်၍သာ မသေရခြင်းဖြစ်သည်။
    ထိုသို့ လွန်လွန်ကဲကဲပြင်းပြင်းထန်ထန်ပြုကျင့်နေသည်ကို မယုတ်မလွန်ကျင့်သင့်ပါကြောင်း သိကြားမင်းက ပဉ္စသိင်္ခနတ်သားအားစေလွှတ်၍ စောင်းတီးပြစေသည်။
    လျော့၍တစ်မျိုး၊တင်း၍တစ်ခါ တီးပြပြီး ဥပမာပြကာ ညွှန်ကြားပေးသည့်အတွက် အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါ အကျင့်ဖြင့် ဘုရားအဖြစ်ကို ရတော်မူ၏ ဆိုသော စကားကို နားရည်ဝခဲ့ပါသည်။

အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုးအပါယ်လေးပါးဆိုတာ ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။အပါယ်ဆိုတာက(အပါယ)ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ(အပ+အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။အပ=ကင်းခြင်း၊အယ=ကုသိုလ်တရား နှစ်ပုဒ် ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှ ကင်းခြင်း ၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ် ရပါ တယ်။မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်း မရှိသည့် အတွက် ကောင်းသော ဘုံဌာနကို ပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။အကုသိုလ်ကံ အဟုန်တွေ ကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။


ငရဲဘုံဆိုရင်လည်းငရဲသူ၊ငရဲသားတို့ရဲ့ဆင်းရဲဒုက္ခအလွန်ကြီးပါတယ်။သံရည်ပူများနှင့်လောင်းခံရခြင်း၊ခွေးနက်ကြီးများရဲ့
ကိုက်ခဲခြင်းကိုခံရခြင်း၊ဓါ၊လှံတို့ဖြင့်ထိုးခံရခြင်းစသည်ဖြင့် ဒုက္ခများစွာ ဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့   မြူမှုန်တစ်မှုန် မျှမရှိလိှု့ရဲလို့ခေါ်တာပါ။ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။


  အိပ်ခြင်း၊စားခြင်း၊ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကို မသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ဘုရား၊တရားသံဃာ၊မိဘ၊ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရား တို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ၊ တိရိစ္ဆာန်ဘဝကို စဉ်းစားကြည့်ပါ။မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်း စွာဖောက်ပြန်မှုတွေ ရှိပါတယ်။ကုသိုလ်ကို ကုသိုလ်ပါ လို့နားမလည်ပါဘူး။အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လို့မသိရတဲ့ဘဝပါ။ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်လို့ မသိတဲ့ သူများ အထူး သတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကိုလည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လို အနေထား ကိုရောက်သွားပြီဆိုတာသိသာပါတယ်။ဒါကတိရိစ္ဆာန်ပါ။
ပြိတ္တာဆိုတာက ပေတဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှ ဝေးကွာသော သတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

Thursday, 14 August 2014

အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ

မြန်မာနိုင်ငံမင်္ဂလာပါ
(မြန်မာဘာသာဖြင့် နှုတ်ဆက်သောကြောင့် ရယ်သံများနှင့် လက်ခုပ်သံများစွာ ဆူညံသွားသည်)

ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဒီကို ရောက်လာခဲ့ တာဟာ ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ ခင်ဗျားတို့ဟာ အရှေ့နဲ့ တောင်အာရှရဲ့လမ်းဆုံမှာ တည်ရှိနေတာပါ။ ဒီနိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်ခုရဲ့ နယ်ခြားလည်း ဖြစ်နေပါတယ်။ ခင်ဗျားတို့မှာ နှစ်ထောင်ချီတဲ့ သမိုင်းလည်းရှိတယ်၊ ကမ္ဘာမြေရဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ကူညီနိုင်တဲ့ အစွမ်းလည်းရှိနေတဲ့ နိုင်ငံပါ။

ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ခင်ဗျားတို့နိုင်ငံရဲ့ လှပတင့်တယ်မှုနဲ့ မတူကွဲပြားမှုတွေ ကြောင့်ပါပဲ။ ဒီနေ့အစောပိုင်းမှာ ရွှေရောင်လွှမ်းနေတဲ့ ရွှေတိဂုံဘုရားကို ဖူးမြင်ခွင့်ရခဲ့တယ်။ အချိန်ဆိုတဲ့အရာကို လွန်မြောက်တဲ့ မေတ္တာတရားဆိုတဲ့ အိုင်ဒီယာ-ကျွန်တော်တို့ ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့်ရတဲ့ အချိန်ကာလကို သည်းခံမှု(ခန္တီ)နဲ့ ချစ်ခြင်း(မေတ္တာ) ဆိုတဲ့ အရာတွေနဲ့ ဖွင့်ဆိုနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့ပါတယ်။


ဒီမြေဟာ ဒီမြို့ဟောင်းကြီးရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်ဝန်းကျင်တွေကနေ ကျေးရွာပေါင်း ၆၀၀၀၀ ကျာ်အထိ၊ ဟိမ၀န္တာတောင်ထွတ်ဖျားကနေ၊ ကရင်ပြည်နယ် သစ်တောတွေအထိ၊ ဧရာဝတီ မြစ်ကမ်းပါးတွေ အထိ ကျယ်ပြောတယ်ဆိုတာ ကျွန်တော်သိထားပါတယ်။

Wednesday, 13 August 2014

မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း


ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။
ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသားသုံးသပ်ရန်မှာ အင်မတန်ခက်ခဲလှသည်။ အကြောင်းမှာ- တစ်ဖက်စောင်းနှင်းဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာမှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှား မှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည်ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။
သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများရရှိစေရန် စာအုပ်များ ဖတ်ရှုလေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြချက်များမှာ ဗုဒ္ဓအဆုံးအမနှင့် ကျမ်းဂန်လာများ သာ ဖြစ်ကြောင်း သိစေလိုပါသည်။
ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုးအများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာဖော်ပြလိုပါသည်။ ထို့နောက် မဟာယာနကို အကျယ်တစ်ပွင့်ဖော်ပြပါမည်။
ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ်ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်းမထေရ်တို့၏ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက်ပိုမိုကျယ်ပြန့်စွာ လည်း ဖော်ပြနိုင်ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ်အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာစသည့် အရိယာအဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။
မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်းလမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။ ၁။ သတ္တဝါအများကိုကယ်တင်နိုင်သဖြင့် ကြီးကျယ်များပြားသော အနက်၊ ၂။ သမာရိုးကျဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက်သာလွန်မြင့်မြတ်သည့်ရည်မှန်းချက်ရှိသော အနက်… ထိုအနက်နှစ်ခုကြောင့် မဟာဟုခေါ်ဆိုခြင်းဖြစ်သည်။

Tuesday, 12 August 2014

ဘဝတိုးတက်ရာ....အတွေးခေါ်အယူဆများ

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကား
by Teenagers & Business Idea Sharing Zone(Era's Dream!) on Thursday, July 19, 2012 at 1:11pm ·
ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။

၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။


တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။


နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။


သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။


ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။


မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။


နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။


ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။


အောင်မြင်မှုနှင့် တိုးတက်မှု


မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။


ဖိအားနှင့် တွန်းအား


အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
All Credit to Original post Owner

စာဖတ်ခြင်း

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။
စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင် မခံဘူး။ အခြေအမြစ်ကို အရဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။
စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။
စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။ ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။
စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။
ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကို သင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။
စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။
စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။
စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်ခြင်းကိုနှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။
မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။
စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်...
စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။
စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင် မခံဘူး။ အခြေအမြစ်ကို အရဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။
စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။
စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။ ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။
စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။
ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကို သင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။
စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။
စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။
စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်ခြင်းကိုနှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။
မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။
စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်...
စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။
စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင် မခံဘူး။ အခြေအမြစ်ကို အရဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။
စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။
စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။ ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။
စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။
ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကို သင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။
စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။
စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။
စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်ခြင်းကိုနှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။
မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။
တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။
စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်...
စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။
(နိုင်းနိုင်းစနေ)

နှုတ်ချိုခြင်းသည် မင်္ဂလာတစ်ပါး

နားဝင်ချိုတဲ့စကားကို လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် နားဝင်ချိုအောင် လူတိုင်း မပြောတတ်ကြဘူး။ကျွန်မဖတ်ဖူးတဲ့ တစ်ခြားလူပြောတဲ့ နားဝင်ချိုစကား တွေကို မျှဝေ လိုက်ပါတယ်။

၁)
သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျား ကတွေ့တော့ “ဒီမျောက်လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေ ကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်” လို့ ဒေါနဲ့မောနဲ့ပြောတော့ အိမ်ရှင်မက “ ရှင်အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။ ကလေးတွေနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနားတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ... တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။

၂)
တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့ သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တစ်ရက်မှာ သူဌေးက အဲဒီစာကို “ ဥပဒေနှင့် ငြိစွန်းနိုင်ပါသဖြင့် တည်းခိုခန်း ပုဝါအား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ်ဝယ်ယူနိုင်သည်။ ပုဝါဟောင်းကိုယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။

၃)
လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက်လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာမ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက် တော့တယ်။

၎) မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူးလား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။

၅) လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။

တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။ တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်းကြောင့်ဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw

ရုပ်တု ကိုးကွယ်ခြင်း နှင့် ဘာသာခြားတို့၏ အမြင်

ဘာသာခြားတို့ ထင်မှတ်ထားသလို ဗုဒ္ဓဘာသာသည် ရုပ်တို တို့ကို
ကိုးကွယ်ဆည်းကပ်နေသော ဘာသာ တစ်ခု မဟုတ်ချေ။ အရုပ်သည် အရုပ်ပင် ဖြစ်သည်။
သစ်သားဖြင့် ပြုလုပ်ထားသော အရုပ်သည် သစ်သားရုပ်ဖြစ်သည်။
ကျောက်တုန်းဖြင့်ပြုလုပ်ထားသော အရုပ်သည် ကျောက်တုံးရုပ် ပင် ဖြစ်သည်။
များစွာသော ဘာသာခြားများသည် ဗုဒ္ဓဘာသာ များရှေ့တွင် မူ မပြောရဲကြသော်လည်း
ကွယ်ရာတွင်မူ ရုပ်တု ကိုးကွယ်သော ဘာသာ  တစ်ခု အဖြစ် အထင်သေး
အမြင်သေးရှိကြပေသည်။ ၄င်းတို့ အမြင်အရ ဘာမျှလုပ်မပေးနိုင်သော ရုပ်တု ကို
တစ်ခုခု မျှော်ကိုး၍ ၀တ်ပြုနေခြင်းသည် ရူးသွပ် ခြင်း ၊
အဆင့်အတန်းနိမ့်ကျခြင်း၊ အဓိပ္ပါယ် မဲ့ခြင်း ၊ စသည့် အမြင်သဘောထက် ပို၍
မမြင်ချေ။ သို့သော် တစ်ချို့သော အလယ်အလတ် သဘောရှိသော ခရစ်ယာန်များက မူ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ၏ တရားတော်များကို နှစ်ခြိုက်စွာ
နာယူလေ့ရှိကြောင်းမျက်မြင်ကိုယ်တွေ့ တွေ့ဖူးပါသည်။ မကြာ ခဏ လည်
းကြားသိရပါသည်။ ကျွန်တော်တို့ ဖက်တွင် မူ ခရစ်ယာန် ဘုန်းကြီးများ (
father ) များသည် တမင် ဘုန်းကြီးများကို ပင်ပင့်ဖိတ်လျှောက်ထား ပြီးနာယူ
ကြသည်မှာ လက်တွေ့ပင်ဖြစ်သည်။

အချိုမှုန့် ဆိုတာ ဘာလဲ

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့
အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု
ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး
စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ
အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ
ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။
နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့
ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP)
လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့
အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin)
ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့
ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို
တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို
ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊
နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို
အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ
အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့
ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

Friday, 8 August 2014

ပိုပြီးအဆင်ပြေချောမွေ.သော ဘဝနေနည်း (၁၀)မျိုး

ကျွန်မတို့တွေအများစု လိုချင်တောင့်တကြတာကတော့ ရိုးရှင်းလှတဲ့ ဘဝတွေပါ။ ဒါပေမယ့် အနည်းစုကတော့ ဒီဘဝတွေကိုပိုင်ဆိုင်ဖို့ ဘာမှမလုပ်ကြပါဘူး။ ရိုးရှင်းလှတဲ့ဘဝရဲ့ ရိုးရှင်းလှတဲ့ သာယာမှုတွေအတွက် အချိန်ဆိုတာကို မပေးနိုင်ကြဘူးလေ။ အောက်ဖော်ပြပါ အချက် (၁၀)ချက်ကိုဖတ်ကြည့်ပြီး ကျွန်မတို့ဘဝတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်လိုက်ကြရအောင်။

စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်ဖို့


၁။ အကောင်းမြင်တတ်ပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ ဟန်ပန်လေးတွေက အလင်းရောင်လေးတွေဖြာထွက်နေစေပါတယ်။ ကိုယ့်ကိုတောက်ပနေစေပါတယ်။

၂။ ကိုယ့်မှာမပြည့်စုံတဲ့အချက်တွေ၊ ကိုယ်မနှစ်သက်တဲ့အချက်တွေ ရှိရင် အားလုံးကိုမေ့ပစ်လိုက်။ အဲဒါတွေအစားကိုယ့်မှာရှိနေတဲ့ ကိုယ်နှစ်သက်တဲ့၊ ကောင်းတဲ့ အချက်လေးတွေကိုပဲစဉ်းစားနေပေါ့။ ဒါဆို ပြုံးပျော်ပြီးယုံကြည်မှုရှိလာပါလိမ့်မယ်။

၃။ ကိုယ်အကြိုက်ဆုံးရေမွှေးကို ရှာပြီးအမြဲဆွတ်ထားပါ။ လူတစ်ဦးတစ်ယောက်စီမှာ ထူးခြားတဲ့အနံ့လေးတွေ ရှိတတ်ကြတယ်မဟုတ်လား၊ ကိုယ့်ရဲ့ကိုယ်သင်းနံ့လေးကိုထူးခြားပြီးချိုမြနေတဲ့အနံ့လေး ဖြစ်နေအောင်ထားပြီးဆွဲဆောင်နိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုသာယုံကြည်စိတ်ချလိုက်ပြီးအတွင်းကပြောတဲ့စကားသံကိုနားထောင်လိုက်ပါ။ ကိုယ်ထင်တာကိုလုပ်လိုက်တာကအမြဲမှန်ပါတယ်။

ဗြဟ္မစိုရ် တရား လက်ကိုင်ထားနိုင်လျှင်

ဗြဟ္မစိုရ်တရားဟူသည်--
မေတ္တာ=ဆင်းရဲ၊ချမ်းသာ၊သတ္တဝါတို့ ကို ချစ်ခြင်းသဘောဖြစ်၏။
ကရုဏာ=ဒုက္ခ ဆင်းရဲရောက်နေသောသတ္တဝါကို သနားကြင်နာတတ်ခြင်းသဘောဖြစ်၏။
မုဒိတာ= ချမ်းသာသောပုဂ္ဂိုလ်၊သတ္တဝါကိုတွေ့ မြင်ရလျှင် ဝမ်းသာကြည်နူးခြင်းသဘောရှိ၏။
ဥပေက္ခာ=ဆင်းရဲခြင်း၊ချမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ဝမ်းသာခြင်း၊ချစ်ခြင်း၊မုန်းခြင်း၊တရားတို့ ၌၊
မည်သည့်ဖက်မှမပါဘဲ၊အလယ်အလတ်သဘောထားခြင်းရှိ၏။ဤတရားလေးပါးကိုဟြေ္မစိုရ်တရား
လေးပါးဟုခေါ်သည်။

အဘိဓမ္မာကျမ်းအလိုအရ-ကိလေသာ(၁၀)ပါး

သတ္တဝါတို့ကို ယုတ်ညံ့ နိမ့်ကျစေတတ်၊ ပူလောင်ညစ်နွမ်းစေတတ်သော အဆိုးဓာတ်
သဘာဝတရားသည်၊ "ကိလေသာ"ဖြစ်သည်။ ယင်းကိလေသာ တရားသည်
အကျိုးမဲ့ ဒုက္ခကိုဖြစ်စေတတ်၊ ဖန်တီးတတ်၍၊ ဘဝ သံသရာ ခရီးလမ်းတွင်
အနှောက်အယှက်၊ အတားအဆီး ဖြစ်စေတတ် သောကြောင့် ရန်သူများ
သဖွယ်လည်းဖြစ်တတ်သည်။
ထိုအဆိုးဓာတ် သဘာဝတရား ကိလေသာရန်သူ(၁၀)မျိုးတွင် "လောဘ၊ ဒေါသ၊
မောဟ"တရားသုံးပါးတို့သည်၊ ရေသောက်မြစ် သဖွယ် အဆိုးတရားများ ဖြစ်ကြပေသည်၊
(ထိုကိလေသာ(၁၀)မျိုးကိုအကျယ်ပွားလျှင် ထောင့်ငါးရာ ကိလေသာဖြစ်သည်။ )
ထိုကိလေသာ တရားဆိုးတို့သည် ဘုရား၊ရဟန္တာ၊အဖြစ်သို့ ရောက်မှသာလျှင်
အရဟတ္တမဂ်ဖြင့် ပယ်သတ် နိုင်ကြကုန်သည်။ ပုထုဇဉ်တို့၏ သန္တာန်၌ကား ၊
အမြဲထာဝစဉ် တည်ရှိနေကြပေသည်။ ဤစိတ်ဆိုး ၊စိတ်ညစ်များ ကြောင့် သာ လူဆိုး၊
လူညစ်များဖြစ်လာတတ်ပေသည်။ ထို "ကိလေသာ " တရားများကား--

"၁၅၀၀ အချစ်" နဲ့ "၅၂၈ မေတ္တာ" ဖြစ်လာပုံ

အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရတာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?

သကြားမှ ပေးသော အလှတရားများ

လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။

သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။

လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမ၀င်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။

အချစ်ကို မငြင်းဆန်နဲ့

မိန်းမဖြစ်သူက မီးဖိုထဲ ထမင်းဟင်းချက်နေတယ်။ ယောက်ျားဖြစ်သူက ဧည့်ခန်းမှာ ကျွန်တော်နဲ့ စစ်တုရင် ကစားနေတယ်။

"ခဏဝင်လာခဲ့ပါ..." မိန်းမ လှမ်းအော်တယ်။ အသံကျယ်ပေမယ့် နွေးထွေးသိမ်မွေ့တယ်။
ယောက်ျား ချက်ချင်းထသွားတယ်။

မီးဖိုနဲ့ဧည့်ခန်းက ခြေလမ်းသုံးလေးလှမ်းသာ လှမ်းရတယ်ဆိုပေမယ့် သူအပြေးလေးသွားတယ်။

မီးဖိုကထွက်လာတဲ့ ယောက်ျားရဲ့လက်ထဲမှာ ခရမ်းချဉ်သီးတစ်ခြမ်းပါလာတယ်။ ခရမ်းချဉ်သီးကို တစ်ကိုက်ကိုက်ရင်း "ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ" လို့ ကျွန်တော့်ကို သူမေးတယ်။
"မင်း ခရမ်းချဉ်သီး ကြိုက်တယ်လား?"

"သိပ်မကြိုက်ဘူး.." ခရမ်းချဉ်သီး တစ်ကိုက်ကိုက်ရင်း မီးဖိုဖက်ကြည့်ပြီး သူပြန်ဖြေတယ်။

မျက်နှာပေါင်းတင် နည်းများ

လိုအပ်တာတွေက -
-ပျားရည် ၂ ဇွန်း
-သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)
-ဒိန်ချဉ် ၃ ဇွန်း
-ကြက်ဥ အကာ ( ၁လုံး)

သေချာဆေးကြောပြီး အခြောက်ခံထားတဲ့ ခွက်ထဲမှာ ခုနက ပစ္စည်းအားလုံးကို ထည့် ၊ ပြီးရင် ပျစ်တဲ့ အထိ မွှေပါ ။
မျက်နှာကို အရင် facial form နှင့် သန့်စင်အောင် သစ်ပြီး ခြောက်တော့မှ လိမ်းလိုက်ပါ ။ ၁၅ မိနစ် ထားပြီး ရေနွေးနွေး ဖြင့် ညင်သာစွာ သန့်စင်လိုက်ပါ ။ ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး ။

ပျားရည် မှာ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေတဲ့ action ရှိပြီး
သံပရာ တော့ မှို တွေကို သေစေနိုင်တယ် ။ အသားဖြူစေတယ် ။ ၀က်ခြံ တွေကိုလဲ သက်သာစေတယ် ။
ဒိန်ချဉ်ကတော့ သိတဲ့အတိုင်း အသားအရေ လှပစေတယ် ။ ဖြူစေတယ် ။
ကြက်ဥထဲက protein ဟာ skin ကို အဟာရဓာတ်ပေးတယ် ။

Thursday, 7 August 2014

ဆရာတော်ဦးဇောတိက၏ ဒေါသနည်းအောင်နေနည်း

လူတိုင်း စိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက် ကြိုတင် ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

ပဋ္ဌာန်း (၂၄)ပစ္စည်း

၁။ဟေတုပစ္စယော=ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ညောင်ပင်မြစ်သည် ညောင်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊အမျက်ထွက်ခြင်း မရှိသော အဒေါသ၊ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီး ယုံမှားသံသယများဖြင့် ငိုက်မြည်းတွေဝေးခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊စေတသိတ်တရားတို့အား အလိုသို့လိုက်၍ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူသည်။


အရှင် ဆန္ဒာဓိက မှတ်သားဖွယ်စာစုများ - (၁)

" ဆဲဆိုတာသူ့အလုပ် ၊
သည်းခံတာ ကိုယ့်တာဝန်။
ကဲ့ရဲ့တာ သူ့အလုပ်၊
သည်းခံတာ ကိုယ့်တာဝန်။ "

" ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ။
စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်။
စိတ်ထဲမှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။ "

ဆရာတော်ဦးဇောတိက မှတ်သားဖွယ်စာစုများ - (၁)

မလိုအပ်တဲ့အတွေးတွေကို မတွေးပဲနေနိုင်ရင်
စိတ်ကြည်လင် အေးချမ်းမှုရမယ်။"

အပျော်အပါးကို ဦးစားပေးပြီးတော့
ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို
မလုပ်တဲ့သူဟာ ရေရှည်မှာ
မပျော်နိုင်တော့ဘူး။
ပူပင်သောက များမယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ ဖြစ်မှာပဲ။

ငွေကြေးချမ်းသာရင် ပစ္စည်းတွေ
အများကြီး စုမိလိမ့်မယ်။
ဒါပေမယ့် စိတ်ထားကောင်းမှ
အဲ့ပစ္စည်းတွေကို စိတ်ချမ်းချမ်းသာသာနဲ့
သုံးနိုင်မယ်။

Wednesday, 6 August 2014

သူတော်သူမြတ် နှင့် သူမိုက်သူယုတ် ခွဲခြားနည်း

သူတော်သူမြတ် လက္ခဏာ (၄)ပါး
၁) သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးလျှင် မပြော၊
    မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။
၂) သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊
    မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။
၃) မိမိ၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း)ကို မမေးဘဲနှင့်ပင် ပြောခြင်း၊
    မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာပြောခြင်း။
၎) မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း)ကို မမေးဘဲနှင့် မပြော၊
     မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျော့ပေါ့၍ ပြောဆိုခြင်း။

မိတ်ဆွေကောင်း သူယုတ် ခွဲခြားနည်း

မိတ်ဆွေကောင်း အင်္ဂါခုနှစ်ပါး
၁) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးခြင်း။
၂) ပြုနိုင်ခဲသော အမှုကိစ္စကို ပြုလုပ်ခြင်း။
၃) သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎) မိမိ၏လျှို့ဝှက်အပ်သောအရာကို မိမိ၏အဆွေခင်ပွန်းအား ဖွင့်ဟပြောကြားခြင်း။
၅) မိမိမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်ထားခြင်း။
၆) ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ မိမိ၏မိတ်ဆွေကို စွန့်ပစ်မထားခြင်း။
၇) ပစ္စည်း ဥစ္စာကုန်ခန်းပျက်စီးခြင်းကြောင်း မိမိ၏မိတ်ဆွေအား အထင်သေး၍ မိမိကိုယ်ကိုမူအထင်ကြီးမောက်မာပြီး မထေမဲ့မြင် မပြုတတ်ခြင်း။
     

ဗုဒ္ဓ၏ အဆုံးအမ

"ဟန္ဒဒါနိဘိက္ခဝေ အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ။
ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘောရှိကြကုန်၏။
မမေ့ မလျော့ မပေါ့ မဆသော
ဝိပဿနာသတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြလော့။"

"အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာ။"

"ယောခေါ ၀က္ကလိဓမ္မံ နပဿတိ သောမံနပဿတိ။
ဝက္ကလခန္ဓာ နာမ်ရုပ်တရားကို မမြင်သောသူသည် ငါဘုရားကို မမြင်။"

"ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿန္တော ဥဒယဗ္ဗယံ။
လူတစ်ယောက်ဟာ အသက်တစ်ရာနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မမြင်ဘူး (မသိဘူး) ဆိုရင် မမြတ်ဘူး။
လူတစ်ယောက်ဟာ တစ်ရက်တည်းနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မြင်ရတယ် (သိတယ်) ဆိုရင် မြင့်မြတ်ပါတယ်။"

"သေခြင်းတရားသည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါတယ်။"

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ……

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ
Credit to (mettayate)

အရိုးရှင်းဆုံး တရားအားထုတ်နည်း

အခုဒီမှာ ထိုင်နေတယ်နော်…။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။
ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီး
ကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို
စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။
ဘာကိုသိရသလဲ?
ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို
feeling မျိုးရှိလဲ?

(……..)

အင်း…။ ဟုတ်တယ်။ နွေးနေတယ်နော်။ အဲဒါ နွေးနေတာ
sensation တစ်ခုဘဲ။ ဒီမှာ သေချာကပ်ပြီး ကြည့်လိုက်ပါအုံး။
သူ့မှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? ရှိသလား?

ရှိတယ်နော်။ သတိသေသေချာချာထားကြည့်လို့ရှိရင် Pulse က
အဲဒီမှာ ကြည့်လို့ရတယ်။ တော်တော်တော့ သိမ်မွေ့တယ်နော်။
ဒါပေမယ့် သိတယ်။ ဒီမှာ Pulse ရှိတယ်။ ပြီးတော့ တုန်နေတယ်။
Vibration ရှိတယ်။ Vibration မှန်းသိလို့ရတယ်။ သူက ပိုတောင်
သိမ်မွေ့သေးတယ်။

အဲဒီလို ပိုပြီးတော့ သိမ်မွေ့တာကို သိလေလေ၊ သတိပိုကောင်းလေလေ၊
သမာဓိပိုကောင်းလေလေဘဲ။ ပထမတော့ အကြမ်းစားကို သိရတာဘဲ။
အကြမ်းစားကို သိနိုင်တဲ့သမာဓိနှင့် သိမ်မွေ့တာကို သိနိုင်တဲ့သမာဓိဆိုရင်
သိမ်မွေ့တာာကို သိနိုင်တဲ့ သမာဓိကပိုကောင်းတယ်။ အကြမ်းစာကိုသိတဲ့
သတိနှင့် သိမ်မွေ့တာကို သိတဲ့ သတိနှင့်ဆိုရင် သိမ်မွေ့တာကို သိတဲ့
သတိက ပိုပြီးအားကောင်းတယ်။

အဲဒီတော့ သိမ်မွေ့တဲ့ အာရုံကို ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပိုပြီးတော့
အလေးထားပြီးတော့ စိတ်ကလေးနှင့် သေသေချာချာကပ်ပြီးတော့
သိနေဖို့လိုတာ။ ဘာမှ မခက်ဘူး။

ဒီလိုသိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီသိရတဲ့
အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်က ပူနေတာလို့
ဒီလိုထင်တာကိုး။ ငါ့…လက်…ပူ…. သုံးခုကတွဲထားတယ်။ နောက်
သတိအင်မတန်ကောင်းလာတဲ့အခါမှာ၊ လုံးဝအတွေးအတောမရှိတဲ့
အခါမှာ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး၊
လက်လည်း မဟုတ်တော့ဘူး။ ပူတာဘဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ်လည်း
ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝ
sensation လေးတစ်ခုကိုဘဲ သိနေရတော့တာဘဲ။

အဲဒီလို ငါလည်း မဟုတ်၊ လက်လည်းမဟုတ်ပဲနှင့် ပူတာကိုသိတဲ့အချိန်မှာ
သူဟာ ပရမတ္ထကို သိတာဘဲ။ ပညတ်မပါတော့ဘူး။ ငါပူတာမဟုတ်တော့ဘူး။
လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာဘဲ။ သူ့ဟာသူဘဲ။

အဲဒီလိုသိရင်ကိုဘဲ ရုပ်ကို ရုပ်လို့ သိလိုက်တာဘဲ။ ရုပ်ကို ငါလို့မထင်တော့ဘူး။
ရုပ်ပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။ ဒါဟာ ပြောပြတော့
ရိုးရိုးလေးနှင့် လွယ်လွယ်လေးနော်။ အာရုံက ရိုးရိုးလေးနော်။ ဘာမှ မဟုတ်ဘူး။
ပူတဲ့အာရုံလေး။ သို့မဟုတ်ရင် လှုပ်နေတဲ့အာရုံလေး။

ဒီဟာလေးအပေါ်မှာ စိတ်ကလေးကို တည့်တည့်လေးထားပြီးတော့ သိသိ၊
သိသိနေတဲ့အခါမှာ လုံးဝအတွေးလည်း ကင်းသွားပြီ။ ပညတ်လည်း စိတ်ထဲမှာ
မထင်တော့ဘူး။ သူ့ကို နာမည်လည်း မတပ်တော့ဘူး။ လက်ရဲ့  ပုံသဏ္ဍာန်ကြီး
ကိုလည်းဘဲ စိတ်ထဲက အာရုံမပြုတော့ဘူးဆိုရင် တည့်တည့်သိတဲ့အချိန်မှာ
ငါလည်း မရှိဘူး၊ လက်လည်း မရှိဘူး။ ပူတာဘဲရှိတော့တယ်။ ငါမရှိဘူး၊
လက်မရှိဘူး။ လှုပ်တာဘဲ ရှိတော့တယ်။

အဲဒီတော့ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ပညတ်မပါပဲနှင့် ပရမတ်ကို တကယ
်တည့်တည့်သိတဲ့အချိန်မှာ အဲဒီလိုဘဲ အမှန်ကို သိတာဘဲ။ သိပ်ခဲခဲယဉ်းယဉ်းကြီး
လည်း မဟုတ်ဘူးနော်။

အဲဒီတော့ အာရုံက အင်မတန်ရိုးတယ်။ သိပုံလေးကလည်း အင်မတန်ရိုးတယ်။
ဆန်းဆန်းကြယ်ကြယ်မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီလိုသိလို့ ဖြစ်ပေါ်လာတဲ့
အသိဉာဏ်ကတော့ အင်မတန်နက်နဲတယ်။ ဒီလို အနတ္တဆိုတဲ့ သဘာဝကို
ပြောရတာ ကြားရလို့၊ စာအုပ်ထဲမှာ ဖတ်ရလို့သိပုံနှင့် အခုလို တကယ်ဖြစ်နေ
တာလေးကို အတွေးမပါပဲနှင့် တည့်တည့်သိတဲ့အခါမှာ သိလိုက်ရတဲ့အချိန်မှာ
စိတ်ထဲမှာ အင်မတန် အားရကျေနပ်မှုဖြစ်လာတယ်။ တခါတလေ အင်မတန်
ထူးဆန်းတယ်လို့တောင်ထင်တယ်။ ဟာ….ဘယ်လိုဖြစ်သွားတုန်းလို့။ ဒီလို
ထင်သွားတယ်နော်။

အမြဲတမ်း ငါ….ငါ…..ငါ….ဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ
ခဏလောက် ပျောက်သွားတယ်။သိတဲ့စိတ်ကလေးရှိတယ်။ သိနေရတဲ့
ပူတဲ့အာရုံ၊ သို့မဟုတ် လှုပ်တဲ့အာရုံလေးဘဲရှိတယ်။ ကျန်တာဘာမှ မရှိ
တော့ဘူး။ အဲဒီလို feeling အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့
အသိဉာဏ်ဟာ အင်မတန်နက်နဲတယ်။ ရိုးတဲ့အာရုံ၊ သိတာလည်းဘဲ ရိုးရိုးလေး
သိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။
အင်မတန်နက်နဲတယ်။

ဒါကြောင့် တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာ ဆန်းဆန်းပြားပြား
မဟုတ်တော့ဘူး။ ဘာမှ Philosophically Analyse လုပ်နေစရာမလိုဘူး။
တွေးစရာ၊ ကြံစရာ ဘာမှ မရှိဘူး။ တိုက်ရိုက်သိတဲ့ ဉာဏ်လေး ဖြစ်လာတာ
ဘဲရှိတယ်။ အင်မတန်နက်နဲတယ်။ အင်မတန်ရိုးတယ်။

အဲဒီတော့ အဲဒီလို ရိုးရိုးနှင့် နက်နက်နဲနဲသိအောင်ကိုဘဲ တရားအားထုတ်ရတာဘဲ။
ဘာမှ ဆန်းဆန်းပြားပြား ရှာဖို့ သိဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ
ဖြစ်နေတဲ့သဘာဝကို အမှန်အတိုင်းသိဖို့ဘဲ ကြည့်နေတာဘဲ။

အဲဒီလိုဘဲ ခန္ဓာကိုယ်မှာ ဖြစ်သမျှ တခြားဘယ်လိုအာရုံမျိုးကိုဘဲဖြစ်ဖြစ်
သတိလေးနှင့် သေသေချာချာကပ်ပြီးတော့ ကြည့်တဲ့အခါမှာ အမြဲတမ်းဘဲ
သူ့သဘောနှင့် သူဟာသူ ဖြစ်နေတယ်ဆိုတာ ကြာလေ ပိုထင်ရှားလေ၊ ကြာလေ
ပိုထင်ရှားလေ ဖြစ်လာတယ်။

သတိကောင်းတဲ့သူဟာ ဒီအာရုံကို သိနေတဲ့စိတ်ကိုလည်း သူသိနေတယ်။
လှုပ်နေတာကို သိတယ်။ အဲဒီလှုပ်နေတာကို သိတဲ့စိတ်ကိုလည်း သိတယ်။
အလေ့အကျင့်များလာရင် ဒီလိုဘဲ သိလာတာဘဲ။ ပထမတော့ အာရုံကိုဘဲ
သိတယ်။ စိတ်ကိုမသိဘူး။ နောက် အင်မတန် သတိသမာဓိကောင်းလို့
အလေ့အကျင့်များလာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အာရုံကိုလည်း သိတယ်။
အဲဒီအာရုံကို သိတဲ့စိတ်ကိုလည်း သိတယ်။ ဒီလိုနဲ့ဘဲ ဆက်ပြီးတော့ ကြည့်သွား
လို့ရှိရင် ဒီသိတဲ့စိတ်ကလည်းဘဲ သူသိတဲ့သဘောလေးသက်သက်ပဲ ဆိုတာကို
မြင်တယ်။ သူလည်းဘဲ အမြဲတမ်းမရှိဘူး။ ရှိချင်တဲ့အခါရှိတယ် နော်။
တခါတလေ သတိမေ့တဲ့အခါမှာ၊ မောဟအားကြီးနေတဲ့အခါမှာ ပစ္စုပ္ပန်မှာ
ဖြစ်နေတဲ့အာရုံကို မသိဘူး။

အဲဒီတော့ သိတဲ့စိတ်ကို ပြန်ကြည့်တဲ့အခါမှာလည်းဘဲ ငါသိတယ်ဆိုတဲ့
အထင်ဟာ မပါလာတော့ဘူး။ သိတဲ့သဘောလေးကဘဲ သိတယ်ဆိုတာလေးကို
ကိုယ့်ဉာဏ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ သိနေရတဲ့ ရုပ်ကိုလည်းဘဲ
ငါပူတယ်၊ ငါလှုပ်တယ်၊ ငါညောင်းတယ်၊ ငါနာတယ်လို့ ဒီလိုမထင်တော့ဘူးနော်။
ပူတဲ့သဘောလေးက သူ့ဖာသာသူ ပူတာဘဲ။ သိတဲ့သဘောလေးကလည်း
သူ့ဘာသာသူ သိတာဘဲ။ ရိုးရိုးလေးဘဲ။ လှုပ်တဲ့သဘောကလည်း သူ့ဟာသူ
လှုပ်တဲ့ သဘောလေးရှိတယ်။ သိတာကလည်း သူ့ဟာသူ သိတာဘဲ။

အဲဒီတော့ ဘယ်အရာကိုကြည့်ကြည့် သဘာဝအဖြစ်နဲ့ဘဲမြင်တယ်။ ပုဂ္ဂိုလ်
သတ္တ၀ါအဖြစ်နှင့် မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနောဉာဏ်မဟုတ်
ဘူးနော်။ နာမ်ရုပ်ကို ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။ လောကီကိစ္စတွေမှာ၊
Philosophy တွေ ဘာတွေ ဘယ်လောက်ပဲ နက်နက်နဲနဲ ကြီးကျယ်တာတွေ လေ့လာ
ဖတ်ရှုနေအုံးတော့၊ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုးကို ရဖို့ရန်မလွယ်ဘူး။ အတွေးလေး
နှင့်ဘဲ သိရတာကိုး။ အထင်နှင့်ဘဲ သိရတာကိုး။ အခုဟာက အတွေးမပါဘူး။ အထင်
မဟုတ်ဘူး။ တကယ်ဖြစ်နေတာကို တိုက်ရိုက်ကြည့်ပြီး သိရတာမို့လို့ အင်မတန်
နက်နဲကြီးကျယ်တဲ့ဉာဏ်ဖြစ်တယ်။ အဲဒီဉာဏ်မျိုးကို ရတဲ့သူဟာ နဂိုတုန်းက
သူသိထားတဲ့ အသိအမြင်၊ အထင်မှားမှုတွေဟာ အများကြီး ပျောက်ကုန်တယ်။
သူ့ရဲ့  Personality ပါ တခါတည်း ပြောင်းလဲသွားနိုင်တယ်။ အသိဉာဏ်ပါ ပြောင်းလဲ
သွားနိုင်တယ်။ အတွေးအခေါ်နဲ့ ရတဲ့ အသိဉာဏ်ဟာ Personality အပြောင်းအလဲကို
တကယ်မဖြစ်စေနိုင်ဘူး။ ဒီလိုတိုက်ရိုက်ကြည့်ပြီးတော့ သိလာတဲ့ အသိဉာဏ်ဟာ
Personality ကိုအများကြီး ပြောင်းလဲသွားစေတယ်။

သူတို့အနောက်နိုင်ငံကပြောတဲ့ Personality ဆိုတဲ့ စကားလုံးကို ယူပြီးတော့
သုံးလိုက်ရတာပါ။ လူ့ရဲ့  စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲ
သွားတာ။ ပြောင်းလဲတာမှ တကယ်ကို သိသိသာသာကြီးကို ပြောင်းလဲသွားတာဘဲ။
ပြောင်းပြန်ပြန်မလာနိုင်လောက်အောင် ပြောင်းလဲသွားနိုင်တယ်။ ထိထိရောက်ရောက်
ကြိုးစားလို့ရှိရင်။

အဲဒီတော့ တရားအားထုတ်တာတွေမှာ နည်းအမျိုးမျိုးနှင့် အားထုတ်တာတွေ
ရှိပေမယ့် ဒီပစ္စုပ္ပန်မှာဖြစ်နေတဲ့၊ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သဘာဝတရားကို
အတွေးမပါ၊ ပုံသဏ္ဍာန်မှန်းဆမှုမပါဘဲနှင့် တိုက်ရိုက်သိတဲ့ ဒီတရားအားထုတ်
တဲ့နည်းဟာ အရိုးဆုံး၊ သဘာဝအကျဆုံး၊ အထိရောက်ဆုံးဖြစ်တယ်။
အကောင်းဆုံးဘဲ။ Simple ဖြစ်တယ်။ Natural ဖြစ်တယ်။ Effective ဖြစ်တယ်။
ပြီးတော့ Simple ဖြစ်မှကောင်းတယ်။ သိပ်ပြီးတော့ Complicated ဖြစ်လာရင်၊
ရှုပ်ထွေးကုန်တာမို့လို့ လုပ်ရတာ အဆင်မပြေတော့ဘူး။ ပင်ပန်းတယ်။ ရေရှည်
မလုပ်နိုင်ဘူး။ တမင်တကာလုပ်ယူရတာမဟုတ်တဲ့ ရိုးရိုးလေးဖြစ်နေတဲ့၊ သဘာဝ
တရားကို ရိုးရိုးလေးဘဲ သတိလေးနှင့်ကပ်ပြီးတော့ ကြည့်ပြီးတော့ သိနေဖို့ဘဲလိုတာဘဲ။
- ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
Download audio file here
See in Youtube
Credit to (mettayate)

လောကဓံတရား(၈)ပါး ဆိုသည်မှာ

လောကဓံတရား(၈)ပါး ဆိုသည်မှာ..

လောကဓံ=လောကဓမ္မ=လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေက ဘာတွေလဲ။ ရှေးဦးစွာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကလို့ လောကသုံးပါးရှိတာကို မှတ်သားရပါမယ်။

သတ္တ၀ါအားလုံးကို စုပေါင်းပြီး သတ္တလောကလို့ခေါ်တယ်။ သတ္တ၀ါတစ်ဦးစီဟာလည်း သတ္တလောကတစ်ခုစီဖြစ်တယ်လို့ မှတ်ယူရပါမယ်။

သတ္တ၀ါတို့ရဲ့ ဖြစ်ရာဘုံဌာနများက သြကာသလောက လို့ ခေါ်တယ်။ အကုသိုလ်ကံ ကုသိုလ်ကံတွေ အကျိုးပေးတဲ့အတိုင်း သတ္တ၀ါများ ဖြစ်ပေါ်ကြရတဲ့ ဘုံဌာနတွေက ၃၁-ဘုံရှိပါတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံ၊ လူ့ပြည်နဲ့ နတ်ပြည် ၆-ထပ် ဆိုတဲ့ ကာမသုဂတိ ၇-ဘုံနဲ့ ဗြဟ္မာဘုံ ၂၀-ဘုံတို့ ဖြစ်ကြပါတယ်။

ဘုံဌာန တစ်ခုစီဟာ သြကာသလောက တစ်ခုပါပဲ။

သက်ရှိသတ္တ၀ါများနဲ့ သက်မဲ့အရာဝတ္ထုများကိုဖြစ်ပေါ်စေကြတဲ့ ရုပ်တရား နာမ်တရားဟူသမျှကို သင်္ခါရလောကလို့ခေါ်တယ်။

လောကဓံဆိုတဲ့ လောကဓမ္မဟာ သတ္တ၀ါတို့ မလွှဲမရှောင်သာဘဲ အမြဲထိတွေ့ ခံစားနေကြရမယ့် တရားတွေပါပဲ။ လောကဓံသုတ်တော်မှာ လောကဓံတရား ၈-ပါး အကြောင်းကို မြတ်စွာဘုရား ဟောကြားတော်မှုထားပါတယ်။ အဲဒီ လောကဓံတရား (၈)ပါးတွေကတော့…

(၁) လာဘ=လာဘ်ရခြင်း။

ပင်ပင်ပန်းပန်းရှာကြံ လုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊ မရှာကြံရတဲ့ကံအားလျောစွာ အလွယ်တကူပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာတွေ ရရှိလာတာကို လာဘ်ရတယ်လို့ ခေါ်ပါတယ်။

(၂) အလာဘ = လာဘ်မရခြင်း။

နှစ်သက်လိုချင်စဖွယ် အသုံးကျတဲ့ ၀တ္ထုပစ္စည်းတွေကို မရရှိခြင်းနဲ့ ရထားပြီးတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရူံးသွားခြင်းတို့ကို လာဘ်မရခြင်းလို့ ခေါ်ပါတယ်။

(၃) ယသ = အခြွေအရံများခြင်း။

အိမ်ထောင်ဖက်၊ သားသမီး၊ မိတ်ဆွေသင်္ဂဟများနဲ့ တပည့်တပန်းများကို အခြွေအရံလို့ ခေါ်ပါတယ်။ ဒါတွေ ရှိတာဟာ အခြွေအရံရှိတာပါပဲ။

(၄) အယသ = အခြွေအရံမရှိခြင်း။

အထက်ကဆိုခဲ့တဲ့ အခြွေအရံမရှိဘ၀ကိုရော ၊ ရှိပြီးတဲ့ အခြွေအရံတွေ ဆုံးရူံးပျက်စီးသွားတာကိုရော “အယသ”လို့ ခေါ်တယ်။

(၅) နိန္ဒာ = ကဲ့ရဲ့ခြင်းနဲ့ အကဲ့ရဲ့ခံရခြင်း။

(၆) ပသံသာ = ချီးမွမ်းခြင်းနဲ့ အချီးမွမ်းခံရခြင်း။

(၇) သုခ = ချမ်းသာခြင်း။

ကိုယ်ချမ်းသာခြင်းနှင့်၊ စိတ်ချမ်းသာခြင်း ၂မျိုးလုံးကိုဆိုလိုပါတယ်။

(၈) ဒုက္ခ = ဆင်းရဲခြင်း။

ကိုယ်ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်း ၂-မျိုးကို ဆိုလိုပါတယ်။

အကောင်းတရားက ၄-မျိုး၊ မကောင်းတရားက ၄-မျိုး၊ ဒီတရား (၈)မျိုးဟာ သတ္တ၀ါတို့ရဲ့ နောက်ကို အရိပ်သဖွယ်အမြဲ လိုက်နေကြပါတယ်။

လောကသားတိုင်း စောင့်ထိန်းအပ်သော ဗြဟ္မစိုရ်တရား(၄)ပါး


ဗြဟ္မစိုရ်တရားဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် တရားလေးပါးဖြစ်သည်။ ထိုတရားလေးပါးမှာ-
မေတ္တာတရား

    မေတ္တာဆိုသည်မှာ သူများလည်း မိမိလို ချမ်းသာချင်ကြပေလိမ့်မည်ဟု ကိုယ်ချင်းစာပြီး သူတစ်ပါးတို့ကို ချမ်းသာစေလိုသည့်သဘောဖြစ်သည်။

ကရုဏာတရား

    ကရုဏာတရားဆိုသည်မှာ သူတပါးဒုက္ခလွတ်အောင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် ကူညီဖြေရှင်းဆုတောင်းပေးခြင်း သဘောဖြစ်သည်။

မုဒိတာတရား

    မုဒိတာဆိုသည်မှာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက်ပြည့်စုံသည့် ချမ်းသာသည့်လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေဟု ၀မ်းမြောက်ကြည်သာစွာနဲ့ နှလုံးသွင်းနိုင်သည့် သဘောဖြစ်သည်။

ဥပေက္ခာတရား

    ဥပေက္ခာဆိုသည်မှာ သတ္တ၀ါတိုင်း ကိုယ်တိုင်ပြုလုပ်ထားသည့် ကံအားလျော်စွာ ဖြစ်နေကြရတာပဲဟု ဘက်မလိုက်ဘဲ မျှမျှတတ နှလုံးသွင်းသည့်သဘောဖြစ်သည်။

Credit to (မြတ်ရတနာ)

နေ့စဉ်ပွားပါ ဤငါးဖြာ


၁) ငါသည် အိုခြင်းသဘော ရှိ၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂) ငါသည် နာခြင်းသဘော ရှိ၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃) ငါသည် သေခြင်းသဘော ရှိ၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎) ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့်
ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။

၅) ငါသည် ကံသာလျင် မိမိဥစ္စာ ရှိသည်။
ကံသာလျင် အကြောင်းရင်း ရှိသည်။
ကံသာလျင် အမွေခံ ရှိသည်။
ကံသာလျင် အဆွေအမျိုး ရှိသည်။
ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည်ဖြစ်၏။
ကောင်းသည် ဖြစ်စေ၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကိုပြုအံ့။

Credit to (မေတ္တာရိပ်)

မရောင့်ရဲနိုင်သော အရာသုံးမျိုး

၎င်းတို့ကား တောက်လောင်နေသော “မီးပုံကြိး၊ သမုဒ္ဒရာ၊ အလိုလောဘကြိးသော” သူတို့ပင်ဖြစ်၏။
လောင်နေသော မီးပုံကြီးထဲသို့ လောင်စာထင်းများဘယ်လောက်ပင်ထည့်ထည့်၊ တော်ပြီတန်ပြီ ဟူ၍ ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ထည့်သမျှ လောင်ပစ်မည်သာ ဖြစ်၏။
မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ချောင်းပေါင်းမျာစွာမှ ရများ ဘယ်၍ဘယ်မျှပင်ဝင်ဝင်၊ သမုဒ္ဒရာကြီးကား ဘယ်တော့်မှ ပြည့်ပြီမှ ရှိလမ့်မည်မဟုတ်။ ၀င်လာသမျှ လက်ခံနေမည်ဖြစ်၏။
ထို့အတူ လောဘကြီးသူသည်လည်း ပစ္စည်းဥစ္စာမည်မျှပင်ရရ တော်ပြီတန်ပြီဟူ၍ ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ရနိုင်သမျှယူနေမည်သာ ဖြစ်၏။

လောဘ၏ ဆိုးကျိုးများ
လောဘကို လက်ခံထားသူသည်ပင် ထိုလောဘပင် သေသည်အထိ လောင်ကျွမ်းစေပြီး အပါယ်ဘုံ (ပြိတ္တာဘုံ) သိှု့ဆွဲချမှာ ဧကန်တည်း။
လောဘက သတ်ခြင်း
ဗုဒ္ဓက ဘိက္ခုနီမတစ်ယောက်သည် သိမ်ပရိဝုဏ်အ၀င်ဝ၌ ချောမောလှပပြီးလက်ရာမြောက်လှသော ယောကျာ်းပျိုရုပ်တုတစ်ခုကို စူးစိုက်ကြည့်ရင်း နေပူထဲတွင် ရပ်ကျန်နေခဲ့သည်။ ထိုအခါ တခြား ဘိက္ခုနီမတစ်ယောက်က ထို ဘိက္ခုနီမ ကျန်ခဲ့မည်စိုးသဖြင့် ပြန်လာပြီး ထိုဘိက္ခုနီမ၏လက်ကို ဆွဲခေါ်လေသည်။ ထိုအခါမှ ရုပ်ထုကိုကြည့်နေသော ဘိက္ခုနီမသည် မြေပြင်သို့ ၀ုန်းကနဲပြုတ်ကျသွားသည်။ ထို ဘိက္ခုနီမ သည် လောဘဓါတ်၏ သတ်ဖြတ်ခြင်း ကို ခံလိုက်ရလေပြီ။
ပြိတ္တာဖြစ်ပုံ
ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှ ဦးနန္ဒိယ ဓမ္မကထိကသည် ဒကာ ဒကာမလှူဒါန်း ရေစက်ချကြသည့်အခါ ရေစက်ခွက်ထဲတွင် ပိုက်ဆံအကြွေစေံများကို စုထားရာ နှစ်ပေါင်းအတော်ကြာသောအခါ သောက်ရေအိုးတစ်လုံးစာခန့်ရှိသည်။ သူခိုးရန်ကြောင့်သောကြောင့် ကျောင်းလှေခါးအောက်ခြေရင်းတွင် သူလူမသိအောင် မြုတ်ထားလိုက်သည်။  တစ်နေ့သော် ဦးနန္ဒိယ သည် လေနာရောဂါဖြင့် ရုတ်တရက်ပျံလွန်တော်မှုပြီး ငွေအိုးကိုစွဲသော်ကြောင့် ဘုန်းကြီးသရဲဖြစ်နေခဲ့သည်။

သောကဖြစ်ခြင်း အကြောင်းရင်း
ဗုဒ္ဓက -
“တဏှာယ ဇာယတေသောကော၊
တဏှာယ ဇာယတေ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကောကုတောဘယံ။”
“ချစ်ခင်စွဲလမ်းမှု တဏှာကြောင့်သာ စိုးရိမ်ယူဆွေးငိုကြွေးရတဲ့ သောကဆိုတာဖြစ်တာ၊ ဘေးဆိုတာဖြစ်တာ၊ စွဲလမ်းခြင်းတဏှာမှ ကင်းလွတ်သူအား သောကရော၊ ဘေးရော မရှိတော့ဘူး” ဟုအိမ်ထောင်ရေးအဆင်မပြေနေသော ဒကာတစ်ယောက်အား ဟောကြားပေးလိုက်သည်။ ထိုဒကာသည်လက်မခံ။

လောဘ၏ ဆိုးကျိုး ပြိတ္တာ ဖြစ်ရပုံကား ကြောက်မက်ဖွယ်ကောင်းစွ။ ထို့ကြောင့်လည်း “မဃဒေ၀” ၌
” ပြင်ပဥစ္စာ၊ မဟုတ်စွာသေး၊
ကာယအဆင်း၊ ကိုယ်အတွင်းဝယ်၊
မွေးညှင်းဆံစု၊ ရုပ်ဝတ္တု၌၊
တစ်ခုခုတပ်၊ စွဲကပ်စွန်းညိ၊
ဇောဝိထိဖြင့် စုတိပုဂ္ဂိုလ်၊
ထိုထိုပိုးလောက်၊ စားသောပြန်ကာ
ဖြစ်တတ်စွာဟု၊ ကျမ်းလာမုချ၊
ဤသို့ပြ၏။” ဟူ၍ စပ်ဆိုတော်မူထားပါသည်။
အဓိပ္ပါယ်ကား “ပြင်ပဥစ္စာကိုသာ စွဲလန်းမှမဟုတ်၊ မိမိ၏ခန္ဓာကိုယ်မှ အသား၊ အသွေး၊ အမွှေး၊ ဆံပင် စသည်တို့ကို စွဲလန်းတပ်မက်သော လောဘစိတ်ဖြင့်သေခဲ့လျှင် မိမိခန္ဓာကိုယ်ကို ပြန်၍စားသောက်ရသော ပိုးလောက်ပြိတ္တာများ” ဖြစ်ရသည်ဟု ဆိုလိုပေသည်။

လောဘသမားတို့ မှတ်ဖို့
ဘယ်လောက်ပင်စားရ စားရ တစ်ဝမ်းဝရုံဘဲ
ဘယ်လောက်ပင်အိပ်ရ အိပ်ရ တစ်ကိုယ်စာလေးဘဲ
ဘယ်လောက်ပင်ဝတ်ရ ၀တ်ရ အရေပြားဖုံးရုံပဲ
ကုသိုလ်ပြုလျှင် ကိုယ်ဖို့
ကျန်ခဲ့လျှင် သူများဖို့
သေရွာကာလရောက်ကြသောအခါ
ကိုယ့်နောက်ကိုများ ဘာများပါမှာ”
ပစ္စည်းစုစု တစ်ခုမပါ
ကိုယ်ပြုထား ကံများပါမည်သာ။
သူတစ်ပါးကို တကယ်ဝမ်းမြောက်စေချင်ရင် . . .
လူတစ်ဦးကို ၀မ်းမြောက်ပျော်ရွှင်လာစေလိုပါက သူ၌ရှိနေသော အရာများကို ထပ်မံဖြည့်စွမ်းပေးမနေပါနှင့်
မရေသေးသောအရာများကို ရလာစေရန် ရှာဖွေမပေးနေပါနှင့်
သူ၏တပ်မက်သော (လောဘ)ကို စိတ်ကိုသာ ဖယ်ရှားပစ်လိုက်ပါ
             
                      (ဂရိတွေးခေါ်ပညာရှင် ဧပ်ကုရပ်စ်)

သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမ လောဘဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး အငတ်ဘေး ဒုဗ္ဘိကန္တရကပ် ဆိုက်တတ်သည်။
ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် ရေလွှမ်းမိုး ဖျက်ဆီးခြင်းကို ခံရသည်။

လောဘနည်းချင်ရင်
လောဘသည် လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာဖြစ်မှသာလျင် အမြစ်ပြတ် ပယ်ပျောက်သည်။ လေးမဂ်လေးဖိုလ်မရခင် လောဘဓါတ်ဆိုးကြီး မထလာစေရန် ဒါနပြုခြင်း၊ ဓုတင် ဆောက်တည်ခြင်းတို့ဖြင့် နှိမ်ထားရန် ဗုဒ္ဓက နည်းလမ်းပေးခဲ့သည်။
၁) ဒါန များများပြုပါ။
၂) ဓုတင်ဆောက်တည်ပါ။ ဓုတင် ဆိုသည်မှာ ကိလေသာခါထွက်ခြင်း၊ ခါထုတ်ခြင်း ဟု အဓိပ္ပါယ်ရသည်။ ကိလေသာဆယ်ပါးတွင် လောဘကိလေသာ ကို အများဆုံးခါထွက်သည်။
ဓုတင် ၁၃ ပါးတွင် တစ်ပါးပါးကို စွမ်းနိုင်သမျှ ဆောက်တည်သင့်သည်ဟု လယ်တီဆရာတော်ဘုရားကြီးက ပြောကြားခဲ့သည်။ ဥပမာ – ထမင်းတစ်ခွက်၊ ဟင်းလေးခွက် စုစုပေါင်း ငါးခွက်စားနေကြလူသည် ပတ္တပိုဏ်ဓုတင် ဆောင်ကာ တစ်ခွက်တည်းပေါင်းပြီးစားလိုက်သောအခါ လောဘငါးမျိုးရှိရမည့်နေရာတွင် လေးမျိုးပြုတ်သွားပြီး တစ်မျိုးသာကျန်သည်။ ပတ္တပိုဏ်ဓုတင် က ကျန်လောဘ လေးမျိုးကို ခါထွက်ပစ်လိုက်ခြင်းဖြစ်သည်။
၃) အသုဘဘာဝနာ ရှုခြင်းအားဖြင့်လည်း ပယ်သတ်ရ၏။
၎) သေရခြင်းသဘောကို အဖန်ဖန်အမှတ်ခြင်း မရဏာနုဿတိဘာဝနာကို ပွားများခြင်းဖြင့်လည်း ပယ်သတ်ရ၏။
၅) လေးမဂ်လေးဖိုလ်ရအောင် ၀ိပဿနာတရားကို နာကြားရှုပွားခြင်းဖြင့်လည်း ပယ်သတ်ရ၏။

“ဒေါသ၏ ဆိုးကျိုးများ”
တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံ သို့ ရောက်ရသည်။
သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမ ဒေါသဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး လက်နက်ဘေး သတ္တန္တရ ကပ်ဆိုက်သည်။
ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လောင်မီး ကျ၍ ဖျက်ဆီးခြင်းကို ခံရသည်။

အဒေါသ (ဒေါသနည်း) ချင်လျှင် မေတ္တာများများပွား ပါ။

“မောဟ၏ ဆိုးကျိုးများ”
 တွေဝေမိုက်မဲသော မောဟစိတ်ဖြင့် သေခဲ့လျှင် တိရစ္ဆာန်ဘုံ သို့ ရောက်ရသည်။
သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမမောဟဓါတ်များ အားကြီးလျှင် ကမ္ဘာကြီးတစ်ခုလုံး ရောဂန္တရကပ် ဆိုက်ရောက်သည်။
ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လေ ဖျက် သဖြင့် ပျက်စီးရသည်။

မောဟနည်းချင်လျှင် အမောဟ (ပညာ) အဖြစ်များအောင် လုပ်ရမည်။
အမောဟ ဖြစ်အောင် သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ များများပွားပေးရပါမည်။
တွေဝေသောမောဟသည် စိတ်အလုပ်မရှိမှသာ ဖြစ်ပေါ်နိုင်သောကြောင့် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ သုဘ၊ မရဏနုဿတိ လေးမျိုးတွင် တစ်မျိုးမျိးပွားများလိုက်သည်နှင့် ပေါ်မလာတော့ပါ။
အညွှန်း – ယုံမှတ်လို့ ပုံအပ်မိသူ ၂၊ မျက်ရည်မကျခင် သိစေချင် စာအုပ်။
Credit to (မေတ္တာရိပ်)