CNBC ရုပ်မြင်သံကြားက
ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး စာရင်းဝင် Warren Buffett ကို အင်တာဗျုး ခဲ့တာလေးပါ။
Warren Buffett ဟာ Charity အဖွဲ့အစည်းကို ဒေါ်လာ ၃၁၀ မီလီယံ လှူဒါန်းခဲ့ပြီး
ဖြစ်တယ်။
သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်ချို့ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
၁) သူဟာ အသက်
၁၁ နှစ်မှာ အစုရှယ်ယာ လက်မှတ်ကို ပထမဆုံး ၀ယ်ဖြစ်ခဲ့လည်း အခုချိန်အထိ ၀ယ်တာ နောက်ကျသွားတယ်လို့
နောင်တ ရနေသူဖြစ်တယ်။
၂) အသက် ၁၄နှစ်မှာ
သတင်းစာပို့ခဲ့တဲ့ ပိုက်ဆံနဲ့ ခြံမြေတစ်ကွက် ၀ယ်လိုက်တယ်။
၃) ငွေကြေးချမ်းသာပေမဲ့
သူမွေးရပ်ငှာနေ Omaha မြို့မှာပဲ အခန်း ၃ခန်းပါတဲ့ အိမ်မှာပဲ နေခဲ့တယ်။ အဲဒီအိမ်ကို
သူအိမ်ထောင်ကျပြီး နှစ်၅၀ပြည့်တဲ့ အချိန်မှာ ၀ယ်ခဲ့တာဖြစ်တယ်။ အဲဒီအိမ်ဟာ
သူ့အတွက်
အရာရာ ပြည့်စုံတယ်လို့ ပြောခဲ့လည်း အိမ်ဟာ ၀င်းမရှိ၊ စည်းရိုးမရှိတဲ့ အိမ်ဖြစ်တယ်။
၎) ကားကို
ကိုယ်တိုင်ပဲ မောင်းတယ်။ ဒါရိုက်ဘာ မထားဘူး။ လုံခြုံရေး မထားဘူး။
၅) သူဟာ ကမ္ဘာ့အကြီးဆုံး
ပုဂ္ဂလိက ဂျက်လေယာဉ်တွေ ပိုင်ဆိုင်တဲ့ သူဌေးဖြစ်ပေမဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ဘယ်တော့မှ
ခရီးမထွက်သူဖြစ်တယ်။
၆) သူ့ကုမ္ပဏီ
Berkshire Hathaway ရဲ့ လက်အောက်မှာ ကုမ္ပဏီခွဲ ၆၃ ခုရှိတယ်။ အဲဒီကုမ္ပဏီက အုပ်ချုပ်သူတွေကို
တစ်နှစ်မှာ စာတစ်စောင်ပဲ သူပို့ခဲ့တယ်။ ကုမ္ပဏီအတွက် တားကက်တစ်ခုကို
သတ်မှတ်ထားပြီး
အစည်းအဝေးတွေ၊ ခေါ်ယူဆွေးနွေးပွဲတွေ သူဘယ်တော့မှ မကျင်းပခဲ့ဘူး။ အုပ်ချုပ်သူတွေ လိုက်နာရမဲ့
စည်းကမ်းက နှစ်ချက်ပဲရှိတယ်။
(၁) အစုရှယ်ယာဝင်ထားသူတွေရဲ့
အစုဝင်ငွေတွေ မလျှော့နည်းစေနဲ့။
(၂) နံပါတ်(၁)
စည်းကမ်းကို လိုက်နာဖို့ မမေ့ပါနဲ့... ဆိုတာပဲဖြစ်တယ်။
(၇) သူဟာ
လူ့အဖွဲ့အစည်းတွေနဲ့ သိပ်ရောနှော မနေတတ်ဘူး။ အလုပ်ပြန်ရင် ပေါက်ပေါက်ဆုပ် စားတယ်။ ရုပ်ရှင်ကြည့်တယ်။
(၈) လွန်ခဲ့တဲ့
၅နှစ်က ကမ္ဘာ့ ပထမအချမ်းသာဆုံး စာရင်းဝင် ဘီလ်ကိတ်နဲ့ Warren Buffett တို့ ပထမဦးဆုံး
တွေ့ဆုံခဲ့ကြတယ်။ Warren Buffett နဲ့ သူဟာ တူညီတဲ့ အချက်တစ်ချက်မှ
မရှိဘူးထင်လို့
ဘီလ်ကိတ်က တွေ့ဆုံပွဲကို နာရီဝက်ပဲ အချိန်ကန့်သတ်လိုက်တယ်။ ဒါပေမဲ့ တကယ်တွေ့ကြတဲ့အခါ
၁၀နာရီကြာ ဆွေးနွေး ခဲ့ကြတယ်။ အဲဒီနောက် ဘီလ်ကိတ်ဟာ Warren Buffett ကို
ယုံကြည်ကိုးကွယ်ပြီး
Charity အတွက် ငွေကြေးတွေ လှူဒါန်းတော့တယ်။
(၉)
Warren Buffett မှာ လက်ကိုင်ဖုန်း မရှိဘူး။ သူ့စားပွဲခုံမှာ ကွန်ပြူတာ မရှိဘူး။
လူငယ်တွေကို
သူအကြံပေးတာက “Credit Card ရဲ့ ဆွဲဆောင်မှုက ဝေးအောင်ရှောင်ပါ။ ကိုယ့်ကိုယ်ကို အရင်းအနှီးလုပ်ပါ”
A.Money
doesn’t create man but it is the man who created money.
ငွေက လူကို
မဖန်ဆင်းဘူး။ ဒါပေမဲ့ လူက ငွေကို ဖန်ဆင်းပါတယ်။
B.Live
your life as simple as you are.
ကိုယ်နေချင်တဲ့
ဘ၀အတိုင်း ရိုးရိုှးရှင်းရှင်း နေထိုင်ပါ။
C.Don’t
do what others say, just listen them, but do what you feel good.
သူတစ်ပါး
ပြောတာကို နားထောင်ရုံပဲ နားထောင်ပါ။ လိုက်မလုပ်ပါနဲ့။ ကိုယ်အကောင်းထင်တဲ့ အရာကိုပဲ
လုပ်ပါ။
D. Don’t
go on brand name; just wear those things in which u feel comfortable.
နာမည်ကြီး
တံဆိပ်နောက် မူးယစ်မသွားပါနဲ့။ ကိုယ်နဲ့ သက်တောင့်သက်သာရှိမဲ့ အ၀တ်အစားကိုပဲ ၀တ်ပါ။
E. Don’t
waste your money on unnecessary things; just spend on them who really in need
rather.
ပိုက်ဆံကို
မလိုအပ်တဲ့ နေရာမှာ မဖြုန်းပါနဲ့။ တကယ့်လိုအပ်တဲ့ နေရာမှာသာ သုံးပါ။
F. After
all,it’s your life then why give
chance to others to rule our life.
ဒါဟာ သင့်ဘ၀ပါ။
ကိုယ့်ဘ၀ကို ဘာဖြစ်လို့ တစ်ခြားလူကို ဦးဆောင်စေမလဲ
စာအုပ်ထဲကပါ
No comments:
Post a Comment