Friday, 11 July 2014
လိပ်ပုံပြင်
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်ခုဟာ ပျော်ပွဲစားထွက်ဖို့အတွက်ပြင်ဆင်ကြတယ်။ လိပ်ဆိုတဲ့အတိုင်နှေးနှေးပဲလုပ်တက်တာပေါ့.....။ အဲ့ဒီလိုပြင်ဆင်တာ ခုနစ်နှစ်တောင်ကြာသွားတယ်တဲ့......။ အဲ့ဒါနဲ့လိပ်မိသားစုကအိမ်ကနေ သူတို့ပျော်ပွဲစားထွက်ဖို့သင့်တော်မဲ့နေရာလိုက်ရှာတာ နှစ် နှစ်နေမှပျော်ပွဲစားထွက်ဖို့နေရာတွေ့သွားတယ်တဲ့......။ အဲ့ဒါနဲ့ပျော်ပွဲစားထွက်ဖို့အတွက်အစားအသောက်တွေကိုခင်းကျင်း သန့်ရှင်းရေးလုပ်တာ နောက်ထပ် ခြောက်လထပ်ကြာသွားတယ်တဲ့......။ နောက်ဆုံးအားလုံးလည်းပြီးစီးလို့ စားကြသောက်ကြမယ်လည်းလုပ်တော့ ဆားမပါလာဘူးဆိုတာ
သိလိုက်ရတယ်တဲ့.......။ ဆားမပါတဲ့ပျော်ပွဲစားတစ်ခုဟာ ဘယ်လိုမှကောင်းမှာမဟုတ်ဘူးလို့သူတို့ကထင်ကြတယ်.....။ အဲ့ဒါနဲ့မိသားစုတွေအားလုံး ဆွေးနွေးလိုက်တယ် နောက်ဆုံးလည်းကျရော အငယ်ဆုံးသားလေးဖြစ်တဲ့ အမြန်ဆုံးသားလေးကို အိမ်ပြန်ပြီဆားသွားပြန်ယူဖို့ တာဝန်းပေးလိုက်
တယ်.....။ အဲ့ဒီလိပ်ကလေးက သူမသွားချင် တာဝန်းမယူချင်လို့ငြင်းဆိုငိုတာပေါ့။ ဒါပေမဲ့ မိသားစုရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အတွက်သွားယူလိုက် ရတယ်.....။ အဲ့ဒီမှာလိပ်ကလေးက ကတိတစ်ခုတော့တောင်တယ်......။ သူပြန်မရောက်မခြင်းအစားအသောက်တွေကို ဘယ်သူမှမစားဖို့ကတိ
တောင်းတယ်တဲ့.......။ အဲ့ဒါနဲ့ကျန်တဲ့လိပ်မိသားစုဝင်တွေက လုံးဝမစားဘူးလို့ကတိပေးလိုက်ကြတယ်တဲ့.......။ အဲ့ဒါနဲ့လိပ်ကလေးကထွက်သွားတယ် သုံးနှစ်ကြာတဲ့အထိပြန်မလာဘူး.....။ နောက်လေးနှစ်...၊ ငါနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်........လုံးဝပြန်ရောက်မလာဘူး....။
အဲ့ဒါနဲ့လိပ်မိသား
စုဝင်ထဲက လိပ်ကြီးကဗိုက်စားတဲ့ဒဏ်ကိုသည်းမခံနိုင်တော့လို့ အသားညှပ်ပေါင်မုန့်ကိုဆွဲပြီးစားမယ်လည်းလုပ်ရော လိပ်ကလေးက သူတို့ရဲ့သစ်ပင် အနောက်ကနေဗြုန်းခနဲ့ထွက်လာပြီလှမ်းပြောလိုက်တယ်........ “တွေ့လားသားပြောသားပဲ သားကိုစောင့်ကြမယ်မဟုတ်ဘူးဆိုတာ တော်ပြီဆား
သွားမယူတော့ဘူးတဲ့”
► ဒီပုံပြင်ထဲကလိုပဲ လူတချို့က တခြားလူတွေ ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့စောင့်စားရင်းနဲ့ပဲ ကိုယ်ပိုင်အချိန်တွေကို ဖြုန်းတီးပစ်ကြတယ်။ သူများတွေ ဘာတွေ ဘယ်လိုလုပ်ပေးမလဲ ဆိုတာ အလေးထား စဉ်းစားရင်းနဲ့ပဲ ကိုယ်အတွက် တကယ်လိုအပ်တာကို မလုပ်မိတတ်ကြဘူးလေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment