big big slider

Nav Menu Pages

Thursday, 10 July 2014

လွယ်ကူတဲ့နည်းနဲ့ မျက်နှာပေါင်းတင် ကြမယ်

ဆိုင်မှာသွားပြီးမျက်နှာပေါင်းတင် တာတို့ဘာတို့ဆို ပိုက်ဆံကုန်ကျလဲများတယ် ခဏခဏလဲမသွား
လုပ်ဖြစ်ဘူးဆိုတော့... ကိုယ့်ဘာသာအိမ်မှာပဲနားနားနေနေနဲ့ မျက်နှာလေးကို homemade လေးပေါင်း
တင်ကြည့်ချင်တဲ့ မိန်းကလေးများအတွက် ဒီနည်းလေးကို တင်ပေးလိုက်ပါတယ်။
အရမ်းလွယ်ကူပါတယ် ပါဝင်တဲ့ပစ္စည်းတွေကတော့........
-ပျားရည် ၂ ဇွန်း
-သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)
-ဒိန်ချဉ် ၃ ဇွန်း
-ကြက်ဥ အကာ ( ၁လုံး)

သေချာဆေးကြောပြီး အခြောက်ခံထားတဲ့ ခွက်ထဲမှာခုနက ပစ္စည်းအားလုံးကို ထည့် ၊ ပြီးရင် ပျစ်တဲ့
အထိ မွှေပါ။
မျက်နှာကို အရင် facial form နှင့် သန့်စင်အောင် သစ်ပြီး ခြောက်တော့မှ လိမ်းလိုက်ပါ ။ ၁၅ မိနစ် ထားပြီး ရေနွေးနွေး ဖြင့် ညင်သာစွာ သန့်စင်လိုက်ပါ ။ ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး ။



ပျားရည် မှာ ဘက်တီးရီးယား ပိုးမွှားတွေကို သေစေတဲ့ action ရှိပြီး
သံပရာ တော့ မှို တွေကိုသေစေ နိုင်ပါတယ်။ ဒိန်ချဉ်ကတော့ သိတဲ့အတိုင်း အသားအရေ လှပစေတယ် ။ ဖြူစေတယ် ။
ကြက်ဥထဲက protein ဟာ skin ကို အဟာရဓာတ်ပေးတယ် ။
ကိုယ်နဲ့ တည့်မတည့်တော့ အရင် စမ်းကြည့် ပြီးမှ လုပ်ကြည့်ကြပါနော် ။
လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ နည်းလေးမို့လို့ ပြောပြလိုက်တာပါ ။

မှတ်ချက်။          ။အထူးသတိပေးချင်တာတစ်ခုကတော့ မျက်နှာပေါင်းတင်ပြီးရင် နေပူထဲ မထွက်ပါနဲ့ ။
ဥပမာ ။              ။စနေ ၊ တနင်္ဂနွေ နားမယ် ဆို သောကြာနေ့ ည ဘက်ကို လုပ်နိုင်ပါတယ် ။
အနည်းဆုံး cream တခုခုတော့ လိမ်းထားပေးပါ ။ ဘာမှမလိမ်းပဲ မနေပါနဲ့ ။ဘာလို့လဲ ဆိုတော့
ပေါင်းတင် ပြီးရင် မျက်နှာက အရမ်းနူးညံ့သွားပါတယ် ။ အဲဒီအချိန်မှာနေရောင်ခြည်နဲ့တွေ့ရင်တိင်းတိပ်
တို့နေလျှောင်ကွက်တို့ ဖြစ်တတ်ပါတယ်။
Credit to : စုလေး

No comments:

Post a Comment