ပိဋကတ်သုံးပုံဟူသော
သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တရားတော်များကို အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို
သင်္ဂါယနာတင်သည်ဟု ခေါ်သည်။
ပထမသင်္ဂါယနာကို
သာသနာတော်နှစ် (၁) (၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် ၃-လအကြာ အဇာတသတ်မင်း
လက်ထက်တွင် ရာဇဂြိုဟ်ပြည်၊ ဝေဘာရတောင်၊ သတ္တပဏ္ဏိလိုဏ်ဂူ
မဏ္ဍပ်တော်၌
တင်ခဲ့သည်။
အရှင်မဟာကဿပ၊
အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀-တို့က သင်္ဂါယနာတင်တော်မူခဲ့ကြသည်။
၇-လကြာမှ
ပြီးဆုံးသည်။
ဒုတိယသင်္ဂါယနာကို
သာသနာတော်နှစ် ၁၀၀ (၄၄၃-ဘီစီ) တွင် ဝေသာလီပြည်၊ ကာလာသောကမင်း လက်ထက်၌ တင်ခဲ့သည်။ ၀ါဠုကာရာမကျောင်းတိုက်၌
တင်သည်။
အရှင်ယသ၊
အရှင်သဗ္ဗကာမိ၊ အရှင်ရေ၀တ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၇၀၀-တို့က တင်တော်မူခဲ့ကြသည်။
နှုတ်ဖြင့်
ရွတ်ဆိုပြုလုပ်သော သင်္ဂါယနာပင်ဖြစ်သည်။
အချိန်ကာလ
၈-လ ကြာမြင့်သည်။
တတိယသင်္ဂါယနာကို
သာသနာတော်နှစ် ၂၃၅ (၃၀၈-ဘီစီ) တွင် ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်၌
တင်ခဲ့သည်။
အရှင်မဟာမောဂ္ဂလိပုတ္တတိဿ၊
အရှင်မဇ္ဈန္တိက အမှူးပြုသော ရဟန္တာမဟာထေရ်ကြီး အပါး ၁၀၀၀-တို့က တင်ခဲ့ကြသည်။
နှုတ်ဖြင့်ရွတ်ဆိုပြုလုပ်သော
သင်္ဂါယနာပင်ဖြစ်သည်။
အချိန်ကာလအားဖြင့်
၉-လကြာမြင့်ခဲ့သည်။
စတုတ္ထသင်္ဂါယနာကို
သာသနာတော်နှစ် ၄၅၀ (၉၄-ဘီစီ) တွင် သီရိလင်္ကာ (သီဟိုဠ်) နိုင်ငံ၊ ၀ဋ္ဋဂါမဏိမင်း လက်ထက်၌
တင်ခဲ့သည်။
အရှင်မဟာဓမ္မရက္ခိတ
အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀-တို့က တင်ခဲ့သည်။
ယခင်သင်္ဂါယနာများကဲ့သို့
စုပေါင်းရွတ်ဆိုခြင်းကို အရင်းခံ မထားပေ။
ပေပေါ်၌ အက္ခရာတင်၍
ရေးသားခြင်းကိုသာ အရင်းခံထားသည်။
အချိန်အားဖြင့်
၁-နှစ်ကြာသည်။
မြန်မာနိုင်ငံ၊
မန္တလေးနေပြည်တော်တွင် သာသနာတော်နှစ် ၂၄၁၅ (ခရစ်နှစ်-၁၈၇၁) မင်းတုန်းမင်း လက်ထက်၌ တင်သော
ပဉ္စမသင်္ဂါယနာမှာ တမူထူးခြားသည်။
ဆရာတော်၊
သံဃာတော် အရှင်မြတ်တို့ ပိဋကတ်တော်၊ ပါဠိတော်တို့ကို ရွတ်ဆိုခြင်းပြုသော်လည်း ဤသို့
ရွတ်ဆိုခြင်းကို အရင်းခံပဓာနမထားပေ။ ကျောက်သား ၇၂၉-ချပ်ပေါ်တွင် အက္ခရာတင်၍
ရေထိုးခြင်းကိုသာ
အရင်းခံပဓာနထားသည်။
ဆဋ္ဌသင်္ဂါယနာကိုကား
သာသနာတော်နှစ် ၁၄၉၈-ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ
မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း။
ကမ္ဘောဒီးယား၊
လာအို စသော ထေရ၀ါဒ ၅-နိုင်ငံမှ ကျမ်းတတ်ဆရာတော်ကြီးများကို ပင့်ဖိတ်လျက် သံဃာတော် ၂၅၀၀-ဖြင့်
ကျင်းပခဲ့သည်။
အချိန်အားဖြင့်
၂-နှစ်ကြာသည်။
ယင်းပိဋကတ်သုံးပုံကို
စာအုပ်များအဖြစ် ပုံနှိပ်ထုတ်ဝေသည်။
စာအုပ်ဆိုက်ကြီးအရွယ်ဖြင့်
စုစုပေါင်း စာမျက်နှာ ၈၀၂၆-ရှိသည်။
ထေရ၀ါဒဗုဒ္ဓသာသနာတော်၌
သင်္ဂါယနာ ခြောက်တန် တင်ခဲ့ပြီး ဖြစ်သည်။
မူရင်း။ ။
မင်္ဂလာ သတင်းစဉ်
No comments:
Post a Comment