ဟိုမှ ဒီမှ ကူးယူမှတ်စုလုပ်ပါသည်။
ပုဒ်မ ၆(စ)
ပုဒ်မ ၆(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်။
ဤပုဒ်မသည်၊ အခန်း (၁) နိုင်ငံတော်အခြေခံမူများအခန်းမှဖြစ်ပါသည်။ သို့ပါ၍
အခြေခံမူဖြစ်သော ဤအချက်ကို ပြင်မပေး နိုင်ဟု ပြောသဖြင့် အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်အခန်းတို့တွင် အဆိုပါအခြေခံမူကို အခြေခံ၍
ထည့်သွင်းပြဋ္ဌာန်းထားချက် အားလုံးကို ပြင်မပေး နိုင်ဟုပြောခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် – ပုဒ်မ ၆ (စ) ကို ပြင်မပေးလျှင် စစ်တပ်နှင့်ပတ်သက်သော
ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ)၊ ပုဒ်မ ၂၀ (က) မှ (စ)၊ ပုဒ်မ ၄၀ (ခ) ပုဒ်မ ၇၄ (က)
(ခ)၊ ပုဒ်မ ၁၀၉ (က) (ခ) ၊ ပုဒ်မ ၁၄၁ (ခ) တို့ကို ပြင်ဆင်ပေးရန်မလိုတော့ချေ။
ပုဒ်မ ၄၂(ခ)
ပုဒ်မ ၄၂(ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။
ဤပြဋ္ဌာန်းမှာ “၂၀၀၈အခြေခံဥပဒေ”တည်မြဲနေသမျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပေးအပ်ထားသည့် ကတိအာမခံချက်ဖြစ် သည်။
ပုဒ်မ ၅၉(စ)
ပုဒ်မ ၅၉(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏
မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊
မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏
ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏
ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏
လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊
ထိုသူမျာသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း ခံစားရသော
အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ
မဖြစ်စေရ။
အားလုံးသိရှိပြီးဖြစ်၍ အကျယ်မရှင်းတော့ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပုဒ်မပင်ဖြစ် သည်။
ပုဒ်မ ၃၃၇ နှင့် ပုဒ်မ ၃၃၈
ပုဒ်မ ၃၃၇ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
ပုဒ်မ ၃၃၈ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးလက်မခံဟုပြောလိုရင်းဖြစ်သည်။
ဤပြဋ္ဌာန်းချက်မှာ
လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများကိုရည်ရွယ်ထားခြင်းဖြစ်သည်။
စစ်တပ်သည်တစ်ခု တည်း ရှိရ မည်။ မည်သည့်တပ်မဆို တပ်မတော်၏
အမိန့်ပေးကွပ်ကဲမှုကိုနာခံရမည်ဆိုသည်ပင်။
ပုဒ်မ ၄၃၆
ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊
အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊
၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊
၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း ( ၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ
၄၃၆ တို့ရှိပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်
သဘောတူလက်ခံပြီးနောက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး
ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ
အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် အားလုံး၏ ၇၅
ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
ဤပြဋ္ဌာန်းချက်သည် အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းမှ
အခရာကျသော အချက်ဖြစ်သည်။ ဤအခန်း ရှိ ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုဟု
ပြောခြင်းသည် “၂၀၀၈အခြေခံဥပဒေ” ကို
လုံးဝပြင်ဆင်လိုခြင်းမရှိဟုပြောခြင်းဖြစ်သည်။
အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ ဆိုသည်မှာ “နိုင်ငံတော်အခြေခံမူများအခန်း”
တစ်ခုလုံးဖြစ်ပါသည်။ အခြေခံမူများအားလုံးကို မပြင်ဆင်လို ဟု ပြောခြင်းမှာ
အခြေခံဥပဒေတစ်ခုလုံးအား မပြင်ဆင်လိုခြင်းပင်ဖြစ်သည်။
ပုဒ်မ ၄၄၆
ပုဒ်မ ၄၄၆ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊
ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်မဆန့်ကျင်သမျှ
အတည်ဖြစ်သည်။
ပုဒ် ၁၀ (က) (ခ) ၊ ပုဒ်မ ၁၇ (၁) (၂) ၊ မတရားသင်းအက်ဥပဒေ တို့အပါအဝင်
အခြားသောဒီမိုကရေစီနှင့်လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ထားသည့်
တည်ဆဲဥပဒေပုဒ်မဆိုးများအားလုံးကို ဖျက်သိမ်းမပေးဟုပြောလိုက်ခြင်းဖြစ်သည်။
သို့ပါ၍ ကြံ့ဖွံ့ပါတီက(ဗိုလ်)အောင်သိန်းလင်းပါးစပ်မှတဆင့်ပြောလာသည့်
“မပြင်ဆင်လိုသောပုဒ်မ ၇ ခု” ဆိုသည်ကို စိစစ်ကြည့် လိုက်သောအခါ
ကြံ့ဖွံ့ပါတီ၏ သဘောထားအခြေခံမှာ အနှစ်ချုပ်မှာ ဒီချုပ်အပါအဝင်
အတိုက်အခံပါတီများက လိုလား တောင်း ဆိုနေကြသည့် “ပြင်ဆင်ရေး” ကို
လက်မခံ/ပြင်မပေးနိုင်ဟု ပြောလိုရင်းဖြစ်သည်။
၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ရေးဆွဲခဲ့တဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ သမ္မတအဆင့်ကို မပြောနဲ့ဦး၊
လွှတ်တော်ပါလီမန်တစ်ယောက် အဆင့်မှာတောင် မှ နိုင်ငံခြားတစ်ခုရဲ့ သြဇာခံ
နိုင်ငံခြားသား မဖြစ်ရဘူးလို့ တိတိကျကျပြောထားပါတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဟာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ပုဒ်မ ၇၄ နဲ့ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့အကြောင်းကို
ပူးတွဲကြေညာလိုက်ပါတယ်
ပုဒ်မ(၅၉) မှာ
=========
မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သား သမီး တစ် ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်းနိုင်ငံခြားအစိုးရ ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊
===========
No comments:
Post a Comment