big big slider

Nav Menu Pages

Tuesday, 17 February 2015

သရဏဂုံ အကြောင်း



သရဏဂုံမှာလည်း 
 လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍  နှစ်မျိုးရှိပါသည်။
လောကုတ္တရာ သရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်
သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်…
 လောကုတ္တရာ သရဏဂုံ တည်ပြီးသူသည် ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ။
 လောကီသရဏဂုံ တည်သူမှာကား အခြားဘာသာဝင် အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်။ 

 လောကီသရဏဂုံ တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်

(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီ
အကျိုးစီးပွား အတွက် သော်လည်းကောင်း ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု
သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီ သရဏဂုံ တည်သူများဟု
ခေါ်ပါသည်။ 


 ဗုဒ္ဓဘုရားရှင် ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာ
ကျင့်သုံးခြင်း မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု
ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်း ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍
ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်။ 


ဗုဒ္ဓမြတ်စွာ ဘုရားက ဗုဒ္ဓဘာသာဝင်များ
နှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက
(အောက်တန်းစား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်)
များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့ သည်။


အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစား
ဗုဒ္ဓဘာသာဝင်) များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာကို
ပြုလုပ်ခြင်း)
(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကို
ယုံကြည်ခြင်း )
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်။ 


သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်
ရတနာမြတ်သုံးပါး အပေါ် မိမိ အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်
အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလ
ဆိုင်ရာ ဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့
ရှိသည်။ မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ
ကြီးပွားမည့်နည်းကိုရှာကြသည် ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်
ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊
အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်။ မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှု
ကို မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။
ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည်
ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည် သူရဿတီဘိုးတော်များ သာသနာပမယ်တော်
များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကို ဆည်းကပ်လေ့
ရှိကြသည်။
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခ့သဲ ည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ လိုက်နာ
နေထိုင်ကျင့်ကြံရန်ကား စိတ်ကူးထဲပင် မထည့်ကြပင်။ 


 ဗုဒ္ဓဘုရားရှင်က အောက်ပါ အင်္ဂါရပ်များနှင့် ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစားဗုဒ္ဓဘာသာဝင်)များ အဖြစ် သတ်မှတ်တော်မူခဲ့သည်။
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။


အထက်ကဖော်ပြခ့တဲ့ဲ ဒနွ်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည်။ ပဒုမ္မာကြာနှင့်
တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်
ကိုးကွယ်ကြည်ညို သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာကျင့်သုံး
နေထိုင်လေ့ ရှိကြသည်။ ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည် မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါး အခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ
မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း
ကြောက့်ရြွံခင်း မဖြစ်တော့ပေ။ ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာ
မလိုတော့ပါ။ ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော် များကိုလည်း ကိုးကွယ် အားကိုးခြင်း
မရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်
နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း
မြောက်ခြင်း မဖြစ်တော့ပဲ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင်
ကျင့်ကြံသွားသူများပင် ဖြစ်သည်။ 


အခုဆိုရင် စာဖတ်သူများ အနေဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်
နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင် ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာ နားလည်သဘောပေါက်
လောက်ပါပြီ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော အောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ်
ကြည့်သင့်ပေသည် ။ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင်လည်း ကြိုးပမ်းသွားဖို့ အထူး
လိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗျာ……
ဆရာဝင်းသိန်းဥိး ရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ
ကိုးကား ရေးသားပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အဓိကရည်ရွယ်ချက်ပန်းတိုင်
ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင် ဆိုတဲ့ စာအုပ်မှ ကူးယူ ဖော်ပြခြင်း
ဖြစ်ပါတယ်ခင်ဗျာ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက်
ပန်းတိုင်ကိုသိစေချင်တဲ့ စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ
ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း ဖော်ပြလိုက်ပါတယ်။


အရှင်ဝိစက္ခဏ(ဇယရံသီ)
All Credit to အနှိုင်းမဲ့စာတိုပေစများ

No comments:

Post a Comment