big big slider
Nav Menu Pages
Tuesday, 17 February 2015
ဝန်တို ခြင်း မစ္ဆရိယသည် ၅ မျိုး
ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်လေသည်။ 
( ၁ ) အာဝါသ မစ္ဆရိယ - မိမိ နေထိုင်ရာ နေရာဒေသတွင် သူတစ်ပါး တို့အား မနေစေလိုခြင်း၊
( ၂ ) ကုလမစ္ဆရိယ - မိမိနှင့်ပတ်သက် သော မိတ်ဆွေ သူငယ်ချင်း အပေါင်း
အသင်းတို့ကို မဆက်ဆံ လိုခြင်း၊
( ၃ ) လာဘ မစ္ဆရိယ -မိမိ ကိုယ်ပိုင်ပစ္စည်း ဖြစ်စေ၊ သူတစ်ပါး ပိုင်ပစ္စည်း ဖြစ်စေ၊ ထို ပစ္စည်း လာဘ်လာဘ တို့ကို မိမိသာ ရလို၍ သူတစ်ပါး တို့အား မရစေလိုခြင်း၊
( ၄ ) ဓမ္မ မစ္ဆရိယ - မိမိ တတ် သိနားလည်ထားသော အတတ်ပညာ အမျိုးမျိုး တို့ကို သူတစ်ပါး တတ်သိနားလည်မည်ကို စိုးရိမ်
သဖြင့် ဖုံးကွယ်ခြင်း ၊ ထိန်ချန်ခြင်း ၊ လျှို့ဝှက်ထားခြင်း ၊မတတ်စေလိုခြင်း ။
( ၅ ) ၀ဏ္ဏမစ္ဆရိယ - မိမိထက် ရုပ် အဆင်းလှပခြင်း၊ ဂုဏ်သတင်း ကျော်ကြားခြင်း စသည့်တို့ဖြင့် မိမိ မှာပြည့်စုံသောဂုဏ်သတင်းတို့ ကို သူတစ်ပါးအား မပြည့်စုံစေခြင်း။
( ၀ိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထ တွဲ ၊ ဉာဏဒဿန၀ိသုဒ္ဓိ နိဒ္ဒေသ ၊ စာမျက်နှာ-၄၆၃
မှ ဖော်ပြပါသည်။)
All Credit to အနှိုင်းမဲ့စာတိုပေတိုလေးများ
No comments:
Post a Comment