ကိုလက်စထရောဆိုတာ…… သွေးထဲမှာစီးဆင်းနေတဲ့
အဆီမော်လီကျူးတွေဖြစ်ပြီး၊ ခန္ဓာကိုယ်ကိုကောင်းကျိုးပြု တဲ့ HDL ကိုလက်စထရော
နဲ့ ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့  LDL ကိုလက်စထရော ဆိုပြီးရှိကြပါတယ်။
ပမာဏများရင် ခန္ဓာကိုယ် တည်ဆောက်ရာမှာသာမကသွေးကြောတွေကိုပါ အနည်ကျပိတ်ဆို
့စေပါတော့တယ်။ အထူးသဖြင့် နှလုံးသွေးလွှတ်ကြော တွေကို သွေးထောက်ပံ့မှု
ကမောက်ကမဖြစ်စေတာကြောင့် “နှလုံးရောဂါအစ၊ ကိုလက်စထရောက” လို့ 
ဆိုနိုင်ပါတယ်။
ကိုလက်စထရော တက်စေတဲ့အကြောင်းရင်းများ
(၁) သွေးဆုံးပြီး အမျိုးသမီးများ (၂) မိသားစုမျိုးရိုးထဲမှာ
ကိုလက်စထရော များတဲ့ ရာဇဝင်ရှိသူများ (၃) အဆီအအိမ့်အစားများပြီး
ကိုယ်လက်လှုပ်ရှားမှုနည်းသူများ (၄) အ၀လွန်သူများ (၅) ဆေးလိပ်
သောက်လွန်းသူများ…. မှာ ကိုလက်စထရောတွေတက်လာကြပါတယ်။
(ကိုလက်စထရောကျစေတဲ့အစားအစာ များ) ကမ္ဘာနဲ့ အ၀ှမ်း
ကိုလက်စထရောမြင့်မားမှုကြောင့် လူကြီး-လူရွယ်မရွေး နှလုံးရောဂါ
ဝေဒနာခံစားလာကြရာ၊ မိမိကိုယ်ကို ကျမ္မာရေးအသိဖြင့် အောက်ပါ အစားအစာတွေနဲ
့ထိန်းသင့်ပါတယ်။
(၁) ကွေကာအုတ်ထဲမှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ေ တွနဲ့  သဘာဝ
beta-glucol ဓာတ်တွေပါရှိကြပြီး၊ ထိုဓာတ်တွေကသွေးတွင်း မကောင်းတဲ့ကိုလက
်စထရောတွေကိုစုပ်ယူပြီး ခန္ဓာကိုယ်ကနေ ပြန်လည်စွန့်ထုတ်ပေးတာကြောင့်
နံက်စာအာဟာရ အဖြစ် ကွေကာအုတ်ကို စားပေးသင့်ပါတယ်။
(၂) အနီရောင်စပျစ်သီးကထုတ်လုပ်တဲ့ “၀ိုင်နီ” တွေက
သွေးအတွင်းမှ မလိုလားအပ်တဲ့ အဆီများကိုဖယ်ရှားပေးတာကြော င့်
မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချစေပြီး နှလုံးအဆို
့ရှင်များပွင့်လာစေပါတယ်။ နှလုံးသွေးကြော ပိတ်ဆို့ ခြင်း ကြောင့်ဖြစ်ပါ်ေ
စတတ်သော နှလုံးရောဂါအမျိုးမျိုး၊ လေသင်တုန်းဖြတ်ြ ခင်း၊
အိုမင်းရင့်ရော်ခြင်းနှင့် စပ်ဆက်တဲ့ နှလုံးယိုယွင်း မှုတို့ ကိုပါ
ကာကွယ်ပေးနိုင်ပါတယ်။
(၃) ငါးသလောက်ယောက္ဖ၊ ဆယ်လ်မွန်ငါး၊တူနာငါး၊ ငါးသေတ္တာငါး၊
ပင်လယ်ငါးပြားကြီး စတဲ့ ပင်လယ်ငါးအမျိုးမျိုးတို့ မှာ အိုမီဂါ-၃
ဖက်တီးအက်ဆစ်တွေ ပါရှိနေတာကြောင် ခန္ဓာကိုယ်ထဲရှိ
ကောင်းတဲ့HDLကိုလက်စထရောကို မြှင့်ပေးပြီး၊ မကောင်းတဲ့ LDLကိုလက်စထရောက
လျော့ချပေးပါတယ်။ ဒါ့ပြင် အဲဒီ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေကနှလုံးရောဂါ နဲ့ 
ဦးနှောက်ဇရာ အကြိုရောဂါတို့ ကို ကာကွယ်ပေးပါတယ်။
(၄) သစ်ကြားသီး၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေမှာ
polyunsaturated(ခေါ်)သွေးထဲ မှာ ကိုလက်စထရောတွေမစုဝေးနိုင် အောင်
ပြုပြင်ပေးတဲ့ သဘာဝဓာတုဓာတ်တစ်မျိုးပါရှိေ နတာမို့ ၊ ကိုလက်စထရောကျစေတဲ့
အကောင်းဆုံးအစားအစာ များဖြစ်ကြပါတယ်။ (သို့ သော် တန်ဆေးလွန်ဘေး
ဖြစ်တတ်တာမို့  အစေ့အဆန်တွေကို တနေ့ လျှင် မိမိလက်တစ်ဆုပ်စာ ပမာဏထက် ပို၍
မစားသင့်ပါဘူး)
(၅) ပဲတောင့်ရှည်(ခေါ်)ပဲသီး၊ ဗိုလ်စားပဲ စတဲ့
အစိမ်းရောင်ပဲအမျိုးမျိုးတွေကအမျှင်ဓာတ်များပြီး၊ ပရိုတင်းဓာတ်အပြည့်အဝ
ပါရှိကာအဆီပါဝင်မှုလွန်စွာနဲပါးတြာေ ကာင့် နှလုံးရောဂါရှိသူတွေအတွက်
ထိုအစိမ်းရောင်ပဲသီးတို့ ကအကောင်းဆုံး အိမ်တွင်း သမားတော်များပါဘဲ။
အာရီဇိုးနားတက္ကသိုလ်မှ ဆေးသုတေသီတွေရဲ့  လေ့လာစမ်းစစ်မျက်များအရ၊ နေ့ စဉ်
အစိမ်းရောင်ပဲသီး ၁-ခွက်စာပမာဏ ပုံမှန်စားသုံးသူမှာ သွေးထဲရှိ ကိုလက်စထရော
၈% အထိ ကျဆင်းသွားစေကြောင်း၊ခန္ဓာကိုယ်မှ ကိုလက် စထရောစုပ်ယူမှုကို
နှေးကွေးလာအောင်ကူညီပေးကြော င်း၊ အခြားသောပဲမျိုးနွယ်ဝင်များဖြစ်ကြတဲ့ 
ပဲကတ္တီပါ နဲ့  ပဲထောပတ် များကလည်း ကိုလက်စထရောကျစေတဲ့
အစားအစာများဖြစ်ကြောင်း အကြံပြုထားပါတယ်။
(၆) လ္ဘက်စိမ်းရွက် (လ္ဘက်ရည်ကြမ်း) တစ်နေ
့တစ်ခွက်ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းရှိ အဆီများကို လျှော့ချပေးတာ
ကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို အလိုလိုနှိမ်နင်းရာရောက်ပါတ ယ်။
ဒါ့ပြင် ကင်ဆာရောဂါတော်ေ တ်ာမျာများကို ကာကွယ်ပေးရုံသာကမ၊
အရွယ်တင်နုပျိုလာစေပါတယ်။
(၇) အညိုရောင်ချောကလက်ထဲမှာပါတဲ့  ဓာတ်တိုးဆန်
့ကျင်ပစ္စည်းတွေကသွေးထဲရှိ ကောင်းတဲ့ကိုလက် စထရောတွေကို တိုးပွား စေနိုင်လို
့ကျား-မ အရွယ် (၃)ပါးမရွေး ချောကလက်ဖျော်ရည်ပူပူလေး သောက်ပေးသင့်ပါတယ်။
(၈) ထောပတ်တွေကကျန်းမာရေးနဲ့မညီညွတ်တဲ့
အစားအစာမှန်သော်လဲ၊“မာဂျရင်း” ကတော့ အပင်ကရတဲ့ ဘသာဝဆေး ဘက်ဝင်
စတီရောနဲ့ပြုလုပ်ထားတာကြောင့် သွေးထဲရှိ ကိုလက်စထရောကို ၃ ဒသမ ၅
ရာခိုင်နှုန်း လျော့ပါးသွားစေပါတယ်။
(၉) ဟင်းနုနယ်ရွက်တွေကသွေးတွင်းကိုလက် စထရောကျစေတဲ့ 
အကောင်းဆုံးသဘာဝ အစိမ်းရောင်ဟင်းသီးဟင်းရွက် ဖြစ် ပါတယ်။ ၄င်းထဲမှာပါရှိတဲ့
လူတိန်းဓာတ်ကသွေးလွှတ်ကြောနံရံမှာ ကိုလက်စထရောတွေစုပြုံနေတာကို ကာကွယ်ပေး
နိုင်ပါ တယ်။ ဒါ့ပြင် ဇရာကြောင့်ဖြစ်တတ်တဲ့ မျက်ကြည်လွှာပျက်စီးမှုကို
တားဆီးပေးနိုင်လို့  အရွယ် ၃-ပါးမရွေး စားသုံးသင့်ပါတယ်။
(၁၀) ထောပတ်သီးထဲမှာ နှလုံးကျန်းမာစေတဲ့ သဘာဝ
မပြည့်ဝဆီတွေအလုံအလောက်ပါရှိနေပါတယ်။ မပြည့်ဝဆီတွေကသွေးတွင်းမကောင်းတဲ့
ကိုလက်စထရောတွေကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်မှ ကိုလက်စထရော
စုပ်ယူမှုကိုပါ လျော့နည်း အောင် ပံ့ပိုးပေးတာမို့  ထောပတ်သီး
မကြာခဏစားပေးပါ။ (ချေဖျက်လွယ်တဲ့ အမျှင်ဓာတ်များပါရှိသော
အသီးအနှံများဖြစ်ကြတဲ့ ပန်းသီး၊သစ်တော်သီး၊ စပျစ်၊ စတော်ဘယ်ရီ၊ လိမ္မော်၊
ဂရိတ်ဖရုသီးများကလဲ ကိုလက်စထရောချပေးတဲ့ သစ်သီးလေးတွေပါဘဲ)
(၁၁) ကြက်သွန်ဖြူကသွေးထဲက ကိုလက်စထရောတွေကို ချပေးတဲ့
အကောင်းဆုံး စားဖိုဆောင်သမားတော်ပါဘဲ။ ၄င်းကသွေး ကြောနံရံတွေမှာ
သွေးခဲပိတ်ဆို့ အနည်ကျခြင်းကို ကာကွယ်ပေးတာကြောင့်
နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်စေတော့ပါဘူး။ ဒါ့ပြင် သွေးပေါင်ကျခြင်းနဲ
့ပြင်ပကူးစက်ရောဂါပိုးတွေ အလွယ်တကူဝင်မလာနိုင်အောင် တိုက်ထုတ်ပေးတာကြောင့်
တစ်နေ့ကို ကြက်သွန်ဖြူ အနည်းဆုံး နှစ်မြွှာကနေ လေးမွှာအထိ စားပေးပါ။ (သို
့သော် တစ်နေ့ ကို လေးမွှာထက် ပိုမစားသင့်ပေ)
(၁၂) သံလွင်ဆီထဲမှာ ကျမ္မာရေးကို ကောင်းကျိုးပြုတ
မပြည့်ဝဆီတွေကြွယ်ဝစွာပါရှိ နေတာကြောင့် သွေးတွင်းမကောင်းတဲ့
ကိုလက်စထရောတွေက တိုက်ထုတ်ပေးပါတယ်။ သံလွင်ဆီက နှလုံးကိုကျန်းမာစေတဲ့အပြင်
ဝမ်းဗိုက်ကအဆီတွေကိုပါ ချပေး နိုင်ပါတယ်။
ကိုလက်စထရောတက်သူများ ရှောင်ရှားသင့်တဲ့အစားအစာ များ
(၁) အနီရောင်အသားတွေထဲမှာ ပြည့်ဝဆီတွေပါနေလို့ 
အသားလျော့စားပါ (၂) အဆီပါတဲ့ နွားနို့ တွေကမကောင်းတဲ့ LDL ကိုလက်စထရောကို
အလွန်အမင်းမြင့် တက်စေတာကြော င့် အဆီမပါတဲ့ နို့ ၊ ဒိန်ချဉ်တွေကိုေ သာက်ပါ
(၃) ထောပတ် မစားပါနဲ့  (၄) ကြက်ကြော်တွေကကိုလက်စထရောတက်စေလို့ ၊ ကြက်ကြော်
စားသုံးမယ့်အစား ကြက်ကင် စားပေးပါ။
credit to >>promise pauk pauk
No comments:
Post a Comment