big big slider

Nav Menu Pages

Wednesday, 10 December 2014

ယောကျာ်းလေး နှင့် မိန်းကလေး အိမ်ထောင်ပြု ခြင်း

ဒီဆောင်းပါးလေးကို လူငယ်တိုင်း ဖတ်သင့်တယ် ထင်လို့ ထပ်ဆင့် မျှ ဝေ ပါသည်။ မူရင်းရေးသူကို ခရက်ဒစ်ပေးပါသည်။ 

 ယောကျာ်းလေး နှင့် မိန်းကလေး အိမ်ထောင်ပြု ခြင်း ချစ်ကျွမ်းဝင်ခြင်း သည် 
( ကာမ )ဂုဏ်အတွက်လား ?

ကျွန်မတို့ ယောကျာ်းသား တစ်ဦး  နှင့် မိန်းမသား တစ်ဦး  ချစ်ကျွမ်းဝင်ခြင်း  အိမ်ထောင်ပြုခြင်းသည် သာမန်
အမြင်အားဖြင့် ကာမဂုဏ်  ခံစားဖို့  အတွက်ဟု  ထင်မြင် စရာ  ရှိပေသည် ။

သို့သော်   .....................  မတူညီခြင်း များကို  တူညီအောင်ပြုခြင်း  သီအိုရီ သဘောတရားအရ တစ်ဦးကောင်း တစ်ယောက်ကောင်း   အားဖြင့်  မလုပ်ဆောင်နိုင်သည်  များကို  နှစ်ဦးသားပေါင်းဖတ်၍  စွမ်းဆောင်နိုင်ပေ၏ ။

တကယ်လို့  ကျွန်မတို့  လူသားတွေဟာ   ကာမဂုဏ် တစ်ခုတည်း  အတွက်  အိမ်ထောင်ပြုခြင်း နဲ့  အချိန်
ကုန်မယ်ဆိုရင်  လူသား  မျိုးဆက် ပြန့်ပွားရေး အတွက်  တာဝန်ကျေပွန်သော်လည်း   လူသားတွေသာပေါများ လာမယ် ။
အသိဥာဏ်တွေကတော့   ဆိတ်သုန်းလာကုန်ကြပါလိမ့်မယ် ။

ဘာဖြစ်လို့လည်းဆိုရင်    ကာမ အမှောင်ဟာ အမှောင်တကာ အမှောင်ဆုံးနဲ့  လူသားများ၏  စိတ်ကို ယုတ်
နိမ့်  ညစ်နွမ်းစေနိုင်အောင်  စွမ်းသော   အဆိပ်တစ်ခွက် နှင့်  တူသောကြောင့်တည်း ။


ဘာကြောင့်  ဒီလို  မေးရသလည်း ဆိုရင်   ခုခေတ် လူငယ်လေးများဟာ   အိမ်ထောင်ကျပြီ  ဆိုရင်
ဟိရိသြတ္တပ္ပ  တရားများ ကင်းကွာ ပြီး  အိပ်   x   စား  x  ကာမ   သုံးဌာန  နဲ့တင်   လူ့ဘ၀ကို  အချိန်ကုန်မှန်းမသိ ကုန်
နေကြရတဲ့ သူတွေ  များလာနေပါတယ် ။

တကယ်တမ်း  ဆန့်ကျင်ဖတ်  လူသား ချင်း လက်ထပ်ထိမ်းမြား ကြခြင်းဟာ  ဖြစ်တည်လာမဲ့  ကောင်း
ကျိုး  ဆိုး ကျိုးတွေကို  မျှဝေခံစားရင်း    ပြန့်ပွားလာမဲ့  မျိုးဆက်သစ် သွေးများကို  ဖြန့်ဝေရင်း  အမျိုး အနွယ်ဂုဏ် ကိုယ့်
နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမူ့တွေ   ထုံးထမ်းဓလေ့တွေ နဲ့ ဘာသာအမွေတွေကိုလက်ဆင့်ကမ်း တည်တံ့စေဖို့ စွမ်းအားရှိသမျှ
ထမ်းဆောင် သင့်တဲ့ လူသား တာဝန်တွေကို ကျေပွန်စေဖို့ပါ ။

တကယ်လို့သာ  ကျွန်မတို့ဟာ   အိပ် ---  စား -- ကာမ နဲ့တင်   ဘ၀မှာ ပြီးနေမယ်ဆိုရင်  လူနဲ့တူတဲ့
တိရစ္ဆာန်တစ်ကောင်  ဘ၀နဲ့  ဘာမှ  မခြားနား ဘူးဆိုတာ  သိစေချင်ပါတယ် ။

လူသားမှန်ရင်   ကျွန်မတို့ဟာ မိမိ  သက်ဝင်ယုံကြည်ရာ ဘာသာ ယဉ်ကျေးမူ့ အမွေတွေကိုထိန်းသိမ်းတတ်ရပါ့မယ် ။

ဒါနဲ့ ပက်သက်လို့  ဆရာတော်  မေတ္တာနွယ် ( ဟင်္သာတ ) ရေးတဲ့  အမြင့်ဆုံးစာပေ  နှင့် အမြတ်ဆုံး ပုဂ္ဂိုလ်ဆိုတဲ့  စာအုပ်ထဲက     သီဟိုဋ်နိုင်ငံ   မဟာစည် ရိပ်သာမှာ  တရား လာအားထုတ်တဲ့  ဥရောပတိုက်သား  အမျိုးသားတစ်ဦး
နဲ့  ကမ္မဌာနာ စရိယ ဆရာတော်   ဦးသုန္ဒရ ( ဘီ . အေ ) နဲ့  ကာမေသုမိစ္ဆာစာရ   သိက္ခာပုဒ် ကို  အကြိတ် အနယ် ဆွေးနွေး
ပုံလေးကို   ခေတ်ကာလ  သာားသမီးလေးတွေ  သိစေချင် မြင်စေချင်လို့  ဆက်စပ် တင်ပြပေးလိုက်ပါတယ် ။

အဲဒီ ဥရောပ အမျိုးသား  အနောက်တိုင်း ယဉ်ကျေးမူ့  နဲ့  ကျွန်မတို့  အရှေ့တိုင်း ယဉ်ကျေးမူ့ အရ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် ဟာ  သူတို့  နိုင်ငံ ယဉ်ကျေးမူ့ နဲ့တော့ အံဝင်ခွင်ကျ  ဖြစ်မနေဘူးပေါ့ ။ ဒါကြောင့် အနောက် တိုင်းသားက  ဒီသိက္ခာပုဒ်ကို  မလိုအပ်ဘူးလို့ စောဒက တက်ကြတာပါ ။

ဥရောပ အမျိုးသားက  သူ့မှာ  အိမ်ထောင် ရှိတယ်  ။ ဒါပေမဲ့  သူနှစ်သက်တဲ့  ဘယ်အမျိုးသမီးမဆို  လွတ်
လွတ်လပ်လပ်  သွားလာဆက်ဆံတာကို   သူ့ ဇနီးမယား က  မကန့်ကွတ်သလို   သူ့ ဇနီးမယား ကိုလည်း  အခြားသော
အမျိုးသား ယောက်ျားတွေ  နဲ့ ဆက်ဆံစပ်ယှတ်တာ ကိုလည်း  သူက ကြည်ဖြူစွာ ခွင့်ပြုပေးတယ် ။

ဒီလို သွားလာဆက်ဆံတာဟာ   အပြစ်ရှိပါသလားလို့ မေးပါတယ် ။
ဆရာတော်က  ကျမ်းဂန် အကိုးအကား များစွာနဲ့ အပြစ်ရှိကြောင်း ရှင်းပြပါသော်လည်း  ဥရောပသားက လက်မခံနိုင်ပါဘူး။
သူတို့  ဒီလို ဆက်ဆံတာဟာ လင်မယား နှစ်ယောက်လုံးက ကြည်ဖြူသည့် ကိစ္စဖြစ်လို့  အပြစ်မရှိဘူးလို့ ဆင်ခြေတတ်ပါ
တယ် ။   သို့သော်   ....................................

ဆရာတော် က ဘယ်လိုပင်ရှင်းပြပါသော်လည်း  ရှင်းပြလို့  မရခဲ့ဘူးပေါ့ ။ ကံအားလျော်စွာပဲ ဆရာတော်
ဘုရားက ရိပ်သာ အပြင်ဘတ်မှာ ခွေး  တစ်အုပ်မိတ်လိုက်နေတာကို မြင်ပြီး  ခွေးတစ်အုပ်ကို လက်ညိုးထိုးပြ၍
ဒကာ  .....................  ဟ်ိုမှာ  ကြည့်စမ်း   ခွေးထီးများဟာ ခွေးမ  အမျိုးမျိုး  နဲ့ မိတ်လိုက်နေကြသလို  ခွေးမတွေကလည်း
ခွေးထီး  အမျိုးမျိုး နဲ့  မိတ်လိုက်နေကြတယ်   မဟုတ်လား    ဒကာတို့ရဲ့ အမျိုးသား အမျိုးသမီးတွေကလည်း  ကိုယ်ကြိုက်
တဲ့သူနဲ့  လွတ်လွတ်လပ်လပ်  မိတ်လိုက်နိုင်တယ်ဆိုရင်    ((((  ဒကာ တို့  နဲ့  ခွေးတွေ  အကြားမှာ ))))  ဘာ ခြားနား
မူ့  ရှိသေးလို့လည်း လို့ .............................။

ဒီတော့မှ   အဲဒီ ဥရောပသားဟာ သဘောပေါက်ပြီး (((( လူနဲ့ ခွေး နဲ့ခြားနားမူ့  မရှိရင်  မကောင်းဘူး ))))
ကာမေသုမိစ္ဆာစာရ ကံကို ထိန်းသိမ်းသင့်တယ်ဆိုတာ လက်ခံသဘောပေါက်သွားတယ် ။

ဒါကို ကြည့်ခြင်းအားဖြင့်  ကျွန်မတို့  မြန်မာ သားပျို  သမီးပျို လေးများ အိမ်ထောင်ပြုခြင်း အမူ့မှာ ကာမ ဂုဏ်
တစ်ခု  နဲ့ ဘ၀ကို  အချိန် မကုန်စေပါနဲ့ ။  အမှားမှား အယွင်းယွင်း နဲ့ မှောက်မှားမူ့တွေ ဖြစ်စေနိုင်ပါတယ် ။

အနောက် နိုင်ငံတွေ ရဲ့ လွတ်လပ်တဲ့ ((((  LIVING  TOGETHER ))))  အလေ့အထ တွေကို  မနှစ်သက်
မိပါစေနဲ့ ။  ကိုယ့်လူမျိုး ရဲ့ ဘာသာ ယဉ်ကျေးမူ့တွေကို   သင်တို့ကြောင့်  သိက္ခာ မပွန်းပဲ့ပါစေနဲ့ ။

သူတို့  နိုင်ငံတွေမှာ  လွတ်လပ်တဲ့  အချစ် နဲ့ ဆိုးပြစ်တွေကြောင့်  လူဦးရေ များစွာ ထူထပ်သလောက်
ချမ်းသာကြွယ်ဝသော်လည်း   သူတို့  နိုင်ငံတွေမှာ  စိတ်ကျ ရောဂါ  ခံစားရသူတွေ    အရူးအနမ်းတွေ  ကိုယ်လက်မပြည့်စုံ
သူတွေ  ကိုယ့်ကို ကိုယ်  စူဆိုဒ် လုပ်သူတွေ  သိပ်ကို  များပြားပြီး အိမ်ထောင်ရေး သုခမှာလည်း ပြည့်ဝစွာ မခံစားကြရပါဘူး ။

သူတို့  တိုင်းပြည်ရဲ့ ဥပဒေ က  ပျိုရွယ် နုနယ်သေးတဲ့  ၁၅ နှစ် ၁၆ နှစ် ဆို  မိဘအုပ်ထိန်းမူ့အောက်က
နေ  ထွက်ခွာပြီး မိမိတို့ သဘောအလျောက်  နေထိုင်နိုင်ကြပါတယ် ။  ဘ၀ကို  ကိုယ့်ဘာသာကိုယ် ရုန်းကန်ကြရတယ် ။
အမြင်အားဖြင့်တော့   ကြိုးစားတယ်ထင်ရပေမဲ့  အဲဒီလွတ်လပ်မူ့  နဲ့ အတူ  မချုပ်ထိန်းနိုင်တဲ့ ကာမ မူ့တွေကြောင့် အရွယ်
မရောက်ခင် ကိုယ်ဝန်ဆောင်ရတယ် ။ မွေးလာတဲ့ ကလေးငယ်တွေဟာ   အဖေခေါ်စရာ မရှိပဲ  မိမဲ့ ဖမဲ့လေးတွေ  များ
ပြားလာတယ်။  အဲဒီကလေးတွေ  မှာလည်း  မိခင် ဖခင် မေတ္တာ ဆိုတာ  ဘာမှန်းတောင် မသိဘဲ  အစိုးရရဲ့  စောင့်ရှောက်မူ့
ဂေဟာ တွေမှာ  ကြီးပြင်းကြရတယ် ။

အဲ ဒီလွတ်လပ်တဲ့  အချစ်ကို  အာကျအတုခိုး ပြီး ကျွန်မတို့  လူမျိုးတွေ  မပျက်စီးစေချင်ဘူး ။
အဲဒီလွတ်လပ်မူ့  ရဲ့  နောက်ဆိုး ကျိုးတွေမှာက  အရွယ်   အတွေ့အကြုံ ဘာမှ  မရှိခင် ခွဲထွက်သွားရတဲ့ ကလေးငယ်
တွေဟာ  ((((  ကိုယ့်ကျင့်တရား ဆိုတာကိုလည်း မသိဘူး  ဘယ်လိုတန်းဘိုးထားထိန်းသိမ်းပေးရ ))))  မယ်ဆိုတာလည်း
မသိကြဘူး ။

ဒီလွတ်လပ်တဲ့  အချစ်ကြောင့် ဘဲ နေချင်သလို နေကြတယ်  ။ ရရာ အလုပ်အကိုင်ရှာလုပ်ရတယ် ။ မိဘတွေ
က ကြပ်မတ်ပြီး ပညာ အမွေ မပေးကြတော့  လူငယ်တွေဟာ  စိတ်လေကုန်တယ် ။  အလုပ်တစ်ဖတ်နဲ့  ပညာကို

ဆုံးခန်းတိုင်အောင်  ကြိုးစားနိုင်တဲ့သူတွေ  နည်းပါးလာကြတယ် ။

အိမ်ထောင်  မပြုခင်ကပဲ  ကာမဂုဏ် လိုက်စားကြတယ် ။ ကလေးတွေ ရကြတယ် ။ အဲဒီကလေးတွေဟာ

သူတို့ အတွက်  လူပိုတွေ ဖြစ်လာရတယ် ။ အဲဒီတော့   ကလေးငယ်တွေကို စွန့်ပြစ်ကြပြန်တယ် ။

ဒီလို လွတ်လပ်မူ့တွေ နဲ့  နေရသော်လည်း  ပျော်ရွှင်မူ့ကို အမှန်တကယ် ရပါသလား ။ မရစေနိုင်ပါဘူး ။
ကွဲကြပြဲကြ နဲ့ ဘ၀ဆိုတာ  သူတို့  အတွက် အဓိပ္ပါယ်  ကင်းမဲ့လာလို့ ရူးကြောင်ကြောင်နဲ့  အထီးကျန် ခံစားမူ့တွေ များ
လာကြရပါတယ် ။

မိမိတို့ရဲ့  အထိန်းအကွပ်မဲ့ တဲ့  အချစ်တွေကြောင့်  မြေဇာပင် ကလေးငယ်တွေဟာ အလွန် သနား
စရာ ကောင်းပါတယ် ။ မိဘမေတ္တာ ပြုစုယုယမူ့ အပြည့်အ၀ မရရှိပဲ   နုနုနယ်နယ် လေးတွေနဲ့  တစ်ဦးတည်း နေရတဲ့
အတွက်   စိတ်အားငယ်ကြရတယ် ။ ကြောက်လန့်စိတ်တွေ  မူမမှန်စိတ်တွေ ခံစားကြရတယ် ။အကြောက်လွန်ရောဂါတွေ
စွဲကပ်လာကြရတယ် ။

ကျွန်မတို့  မြန်မာလူငယ်များဟာ   အနောက်နိုင်ငံတွေရဲ့   ချမ်းသာ ကြွယ်ဝမူ့ကို  ကြားရရုံမျှလေးနဲ့
မစားရ ၀ခမန်း  အားကျ အတုခိုးနေကြတယ် ။

ကျွန်မတို့ အနာဂတ်  မျိုးဆက်သစ်တိုင်းသည်   အိမ်ထောင်ပြုခြင်း   နှင့်ချစ်ကျွမ်းဝင်ခြင်း သည် ကာမဂုဏ်
တစ်ခုထဲ  ခံစားနေရုံဖြင့် မပြီးသည်ကို  နားလည် ခံယူစေချင်ပါသည် ။

မိမိတိုင်းပြည် ၏ ဘာသာယဉ်ကျေးမူ့ တွေကို  ထိန်းသိမ်းရမည် ။ ကျွန်မတို့ ၏ ယဉ်ကျေးမူ့သည်  လူမျိုး
တစ်မျိုး၏  ((((  အသက်သွေးကြော ဖြစ်သည် ))) နှင့် အညီ  တိုင်းတစ်ပါး ယဉ်ကျေးမူ့တို့  နှင့် မရောယှတ်သင့်ပေ ။

ဒါကြောင့်  ယောကျာ်းလေး  နှင့်  မိန်းကလေး  အိမ်ထောင်ပြုပြီး လျှင်   ကာမဂုဏ် တရားတစ်ခု ခံစားဖို့
အတွက်  မဟုတ်ဘဲ  မိခင် ဖခင် ကောင်းတွေ  ပီသစွာနဲ့  ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး   ရဲ့ အသက်သွေးကြောသဖွယ်
ဖြစ်သော   ဘာသာယဉ်ကျေးမူ့ အမွေအနှစ်  များကို  လက်ဆင့်ကမ်းထိန်းသိမ်းကြပြီး ဟိရိသြတ္တပ္ပ တရားများကြီးစိုး၍ အ
မိုက်မှောင်အတွင်း ကျစေနိုင်သော  ကာမေသုမိစ္ဆာစာရကံတွေကိုလည်း ထိန်းသိမ်းပေးပြီး  စစ်မှန်သော  လွတ်လပ်ခြင်း နှင့်
အချစ်စစ်တို့  နဲ့  မိမိအိမ်ထောင်ဖတ်  များအပေါ်  တာဝန်ကျေသော   အိမ်ထောင်ရှင်ကောင်း များဖြစ်အောင် ကြိုးစားရင်း
တိုင်းပြည်နှင့် လူမျိုးအတွက် ကာကွယ်စောင့် ရှောက်မြှင့်တင်ရင်း နဲ့  ကာမဂုဏ် အမိုက်မှောင်တွင်းမှ ဖယ်ခွာပြီး အပေးအယူ
တူမျှ ၍  သဒ္ဒါ  +  သီလ + သုတ + စာဂ  တရားတို့  နှင့်  ပြည့်ဝသော  အိမ်ထောင်ပြုခြင်းမျိုးဖြင့်သာ  လူပီသသော
လူသားများ ဖြစ်အောင်  စွမ်းဆောင်နိုင်ကြပါစေ ။
မေတ္တာဖြင့်
တော်ဝင်နှင်းဆီ ( ၁၇ . ၂ . ၂၀၁၄ .)
All Credit to Post Owner


No comments:

Post a Comment