big big slider

Nav Menu Pages

Thursday, 18 December 2014

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ်

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် ကို (ဗုဒ္ဓဘာသာဝင် တိုင်း ဖတ်ရှုသင့်သည်။) ငါးပါးသီလဟာ အဓိကကျင့်စဉ်လား
 “အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရား၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”
လို့ ခဏ ခဏ မေးလျှောက်ခံရသည်။ ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။ ထို့ကြောင့် အခြားဘာသာဝင်တယောက်က –
“မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” 
ဟု မေးလာသောအခါ ငါးပါးသီလဟု ဖြေတတ်ကြသည်။ ထိုအခါ အခြားဘာသာဝင်များက “မင်းတို့ရဲ့ ဘာသာရေးအခြေခံကျင့်ဝတ်က ငါးပါး၊ တို့ရဲ့ ဘာသာရေး အခြေခံကျင့်ဝတ်က ဆယ်ပါး၊ တို့များဘာသာက ပိုကောင်းတယ်” ဟု ဆိုသည်နှင့် ကြုံသောအခါ ဗုဒ္ဓဘာသာဝင်တို့မှာ ဇဝေဇဝါ ဖြစ်ရတော့၏။ ဘာသာရေးအခမ်းအနားတိုင်း၌ ခံယူဆောက်တည်လေ့ရှိသောကြောင့် ငါးပါးသီလကို မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်ဝတ်ဟု အလွယ်တကူ မှတ်ယူတတ်ကြသည်။ အမှန်မှာ ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ မူပိုင် အဓိကကျင့်ဝတ် မဟုတ်။ ဘုရားရှင် မပွင့်မီကပင် ပညာရှိသူတော်ကောင်းတို့ လက်ခံ ကျင့်သုံးခဲ့သော ကျင့်ဝတ်များ ဖြစ်သည်။ ကမ္ဘာ့လူသားတိုင်းက အချိန်မရွေး လက်ခံ ကျင့်သုံးသင့်သော ကျင့်ဝတ်များလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အဓိကကျင့်စဉ် စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။ ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။ အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။ မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ (အလယ်အလတ်လမ်းစဉ်) ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ - - သမ္မာဝါစာ - သမ္မာကမ္မန္တ - သမ္မာအာဇီဝ - သမ္မာဝါယာမ - သမ္မာသတိ - သမ္မာသမာဓိ - သမ္မာသင်္ကပ္ပ - သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။ ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။ ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။ အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။
သမ္မာဝါစာ သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -
(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။
(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။
(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။
(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။

သမ္မာကမ္မန္တ သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ -
(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။
(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။
(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။ သမ္မာအာဇီဝ သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ - အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။ ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။ ထိုအကျင့်သီလနှင့်ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။

 သမ္မာဝါယာမ သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ -
(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။ သမ္မသတိ သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ - မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။ သမ္မာသမာဓိ သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ - သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့်ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။ စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။ စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။ အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။ သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။ မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။ မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။ မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။ ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။ လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။ မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။ ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။ ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်းလုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။ သမ္မာသင်္ကပ္ပ သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ - ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။ ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။ သမ္မာဒိဋ္ဌိ သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ - ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။ ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။ နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။ အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။ ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။ ။ အရှင်ပညာသီဟ (၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ) မေတ္တာဖြင့် စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ
ဒီနေရာကကူးယူမှတ်ယူပါသည်။ မူရင်းပိုစ်ပိုင်ရှင်ကို ခရက်ဒစ်ပေးပါသည်။

Monday, 15 December 2014

ဂျက်ကီချန်းရဲ့ငယ်ဘ၀ပုံပြင်


                                                    
ကျွန်တော်က နာမည်မရှိတဲ့ကလေးသရုပ်ဆောင်ဘဝက စခဲ့တာပါ။ ကျွန်တော် အသက်(၆)နှစ်အရွယ်မှာ ကျွန်တော့်ဖေဖေက ပြဇာတ်ရုံမှာ ကျွန်တော်ကို"ရောင်း"ခဲ့သလားတောင် ထင်ရပါတယ်။ အဲဒီကစ ပြဇာတ်တွေကို ကျွန်တော်စသင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အရမ်းပင်ပန်းခဲ့တယ်။ စားဖို့ရှိရင်၊ အိပ်ရရင်ပဲ ကျွန်တော်အရမ်းကျေနပ်ခဲ့တယ်။ ကျွန်တော်ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ "Butterfly Lovers"ကို ရိုက်တုန်းက အဲဒီဇာတ်မှာ ကျွန်တော်လူသေကောင်အဖြစ် သရုပ်ဆောင်ရတယ်။ ပထမဆုံးအကြိမ် သရုပ်ဆောင်တော့ ဒါရိုက်တာက ကျွန်တော့်ကိုဒေါသတကြီး ဆဲတယ်။ "မလှုပ်နဲ့.. မင်း သေနေပြီ။ မင်းဗိုက်က ဘာလို့လှုပ်နေသေးလဲ" တဲ့။ အဲဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်တာတောင် ကျွန်တော်ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ဘူး။ အဲဒီနောက် ကျွန်တော်အသေးစိတ်ဂရုစိုက်ခဲ့တယ်။ ဘယ်အချိန်မှာ အသက်ရှုရမယ်။ ဘယ်အချိန်မှာ အသက်အောင့်မယ်။ ဘယ်အချိန်မှာ ကင်မရာက လူသေကောင်ဖက်လှည့်မယ်။ ဘယ်လိုသေရမယ်။ အဲဒီလိုနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ်... နောက်ဆုံးမှာ ကျွန်တော်အကောင်းဆုံး "သေ"နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက သိုင်းနည်းပြတစ်ဦးဖြစ်ဖို့ ကျွန်တော်စိတ်ကူးအိပ်မက်မက်ခဲ့တယ်။ သိုင်းနည်းပြရဲ့ဟန်ပန်က ခန့်ညားလို့ဖြစ်တယ်။ သိုင်းနည်းပြတစ်ဦးလုပ်ချင်ရင် ကင်မရာရိုက်ကွက်ကို အရင်နားလည်ရတယ်။ ဒီလိုနဲ့ ကင်မရာထမ်းသူအဖြစ် ကျွန်တော်(၂)နှစ်လုပ်ခဲ့တယ်။

အဲဒီခေတ်တုန်းက ရုပ်ရှင်သိုင်းလောကမှာ အရမ်းနာမည်ကြီးတဲ့ လူတစ်ဦးရှိတယ်။ သူက နေရာမြင့်တယ်။ နောက်လိုက်တွေများတယ်။ အဲဒီနောက်လိုက်တွေထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်တယ်။ ကျွန်တော်ကတော့ နောက်လိုက်ရဲ့နောက်လိုက်ပေါ့။ အဲဒီလူ ကျွန်တော့်ကိုသတိထားမိဖို့ သူရိုက်ကွင်းသွားတဲ့လမ်းကို ကျွန်တော်သိအောင်လုပ်ခဲ့တယ်။ သိသွားတော့ သူသွားတတ်တဲ့လမ်းတွေမှာ ကျွန်တော်နေ့တိုင်းသွားရပ်ပြီး သူ့ကိုမျက်နှာပြခဲ့တယ်။

အဲဒီလိုနဲ့ တစ်နေ့ရောက်တော့ သူက ကျွန်တော့်ရှေ့မှာကားရပ်ပြီး မေးတယ် "မင်းက ငါ့အဖွဲ့ကလား?"။ ကျွန်တော်က ဟုတ်တယ်လို့ဆိုတော့ ကျွန်တော့်ကို သူကားနဲ့လမ်းကြုံလိုက်စေတယ်။ တလမ်းလုံး ကျွန်တော်စကားတစ်ခွန်းမှမပြောဘဲ ယဉ်ယဉ်ကျေးကျေးထိုင်ပြီး လိုက်ခဲ့တယ်။ ရိုက်ကွင်းရောက်တော့ သူ့ကားကို ကျွန်တော်ဖုတ်သုတ်ပေးတယ်။ ဒီတစ်သက်မှာ ကားကိုဒီလောက်ထိပြောင်လက်အောင် ကျွန်တော်မသုတ်ခဲ့ဖူးဘူး။ သူ့ကားကို ဂျောင်ဂျိုဂျောင်ကြားမကျန် သွားကြားထိုးတံနဲ့ ကျွန်တော်သန့်ရှင်းပေးခဲ့တယ်။ အဲဒီနောက်မှာ ရိုက်ကွင်းသွားတိုင်း ကျွန်တော်ကားကြုံလိုက်ခဲ့ရတယ်။ နေ့တိုင်း သူ့ကားကိုဖုတ်သုတ်ပေးတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ အဲဒီသိုင်းဆရာနံဘေးက လူသိများသူဖြစ်လာခဲ့တယ်။

ခင်ဗျားတို့ကို ကပ်ဖားတတ်ဖို့ ကျွန်တော်သင်ပေးနေတာ မဟုတ်ပါဘူး။ အနုပညာအလုပ်လုပ်နေသူက ကိုယ့်ကို လူတွေသတိထားမိလာအောင် ရှာကြံလုပ်ရတယ်။ အဲဒီတုန်းက သတင်းစာထဲမှာပါရဖို့ ကျွန်တော်ဘာမဆိုလုပ်ခဲ့တယ်။ သတင်းထောက်တွေ သတိထားမိအောင်ဆိုပြီး နေကာမျက်မှန်မည်းကြီးကို တပ်ခဲ့တယ်။ ဒါပေမဲ့ သတင်းထွက်လာရင် ကျွန်တော်ပုံမပါခဲ့ဘူး။ ကျွန်တော့်ပုံ အညှပ်ခံခဲ့ရတယ်။ နောက်တော့ ဓာတ်ပုံရိုက်ရင် မင်းသား/မင်းသမီးဘေးမှာ ကျွန်တော်သွားရပ်ပြီးရိုက်တယ်။ ဒီလိုဆိုရင် ကျွန်တော်ပုံ အညှပ်မခံရတော့ဘူး။ အဲဒီလိုနဲ့ ကျွန်တော့်ပုံ သတင်းစာထဲပါခဲ့တယ်။

လူအများသိကြတဲ့အတိုင်း ဂျက်ကီချန်းရဲ့ သရုပ်ဆောင်ချက်တွေက အသက်ကိုတောင်မမူခဲ့ပါဘူး။ သူ့လောက်အလုပ်လေးစားတဲ့လူ သရုပ်ဆောင်လောကမှာ နောက်တစ်ယောက် မရှိနိုင်ခဲ့တော့ပါဘူး။ ရုပ်ရှင်ရိုက်တုန်း သူဘယ်လောက်ဒဏ်ရာရခဲ့သလဲလို့ သရုပ်ဆောင်သင်တန်းသားတစ်ယောက်က မေးခဲ့ဖူးတယ်။

ကျွန်တော်ရခဲ့တဲ့ ဒဏ်ရာတွေက မရေမတွက်နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်နေရာအနှံ့ တစ်ကြိမ်ထက်မက ကျိုးကြေဖူးသလို မီးလောင်ရာ၊ ကွဲအက်ရာ၊ ခွဲစိတ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ခြေဖျားကနေ ခေါင်းအထိ ဒဏ်ရာမရခဲ့ဖူးတဲ့နေရာဆိုတာ မရှိခဲ့ပါဘူး။ ဟိုးအရင်ရုပ်ရှင်ရိုက်တုန်းက အာမခံတွေမရှိခဲ့ဘူး။ မီးလောင်တဲ့ဇာတ်ကွက်ကို ရိုက်တော့ ကျွန်တော်က တကယ့်မီးကိုသုံးခဲ့တယ်။ ကျွန်တော့်မျက်ခုံးမွေးတွေတောင် မီးလောင်သွားခဲ့ပါတယ်။ မီးအစစ်နဲ့သုံးသုံး မီးအတုနဲ့သုံးသုံး ရုပ်ရှင်ရိုက်တယ်ဆိုတာ အသက်နဲ့ကစားတာပါပဲ။

ကျွန်တော်ရဲ့ရုပ်ရှင်တွေကို ဒီကနေ့ထိ လူတော်တော်များများက ဆွေးနွေးကြတယ်။ ပြင်သစ်နိုင်ငံက တက္ကသိုလ်တချို့မှာ သင်ရိုးညွှန်းတမ်းအဖြစ် အသုံးပြုခဲ့ကြတယ်။ ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်ဒဏ်ရာရခဲ့တဲ့အထဲက ဒီကနေ့ထိ ကျွန်တော်မှတ်မှတ်ရရရှိနေတာက ကျွန်တော်ဦးခေါင်း (၂)ခါခွဲစိတ်ခဲ့ရတာပါပဲ။ အဲဒီတုန်းက ယူရိုစလားဗီးယားမှာ ကျွန်တော်ရောက်နေတယ်။ အဲဒီနေရာက တိုက်ပွဲလည်းဖြစ်နေတယ်။ ဆေးကုသမှုအဆင့်ကလည်း မမြင့်ဘူး။ အဲဒီတုန်းက ကျွန်တော်သေမယ်လို့ ကျွန်တော်ထင်ထားခဲ့တယ်။ အဲဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ပြီးတဲ့နောက် ကျွန်တော်အခုအလုပ်လုပ်ရင် ဒီနေ့အလုပ် ဒီနေ့ပြီးအောင်လုပ်တယ်။ ဒီနှစ်မှာဘာလုပ်မလဲလို့ တွေးတယ်။ နောက်နှစ်အတွက် ကျွန်တော်မတွေးဘူး။ အသက်က အင်မတန် ကျွတ်ဆတ်တယ်၊ ကျိုးလွယ်တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ဘဝကို ကျွန်တော်တစ်ရက်တောင် မဖြုန်းပါဘူး။ လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တန်ဖိုးရှိခဲ့ပြီလို့ ကျွန်တော်မပြောဘူး။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ကျွန်တော်တန်ဖိုးရှိခဲ့ပါတယ်။ ပြောရရင် ယူရိုစလားဗီးယားမှာ ခွဲစိတ်ခဲ့တဲ့အဖြစ်က လူ့ဘဝကိုမြင်တဲ့ ကျွန်တော့်အမြင်ကို ပြောင်းလဲစေခဲ့တာပါပဲ။

ဟိုးအရင် တစ်ချိန်တုန်းက ဘယ်ခုနှစ်မှာ ဂျက်ကီချန်းရဲ့တစ်နှစ်တာဝင်ငွေက သန်းဘယ်လောက်ဆိုပြီး သတင်းတွေက ကြေညာခဲ့ဖူးတယ်။ ဒါကို လူငယ်အများက အရမ်းအားကျခဲ့ကြတယ်။ ဒါဟာ ကျွန်တော်ရသင့်ရထိုက်တာပါ။ နှစ်အများကြီး ကျွန်တော်စတေးခံပြီး ရလာခဲ့တာပါ။ လူငယ်တွေက တခြားလူရယူတာကိုပဲ မကြည့်သင့်ဘူး။ သူတို့ပေးဆပ်တာကိုလည်း ကြည့်သင့်ပါတယ်။

သရုပ်ဆောင်အိပ်မက်မက်နေကြတဲ့ ထောင်သောင်းများစွာသော သင်တန်းသားတွေကို ဂျက်ကီချန်းက အားမနာတမ်း ဝေဖန်ပြောကြားခဲ့ပါတယ်။

                                                                                              Ref: နိုင်းနိုင်းစနေ


Thursday, 11 December 2014

သဘောကျမိသော သဘောတရားလေးများ

Love is always patient and kind;
it is never jealous, love is never boastful or conceited;
it is never rude or selfish;
it does not take offense, and is not resentful.
Love takes no pleasure in other people’s sins but delights in the truth;
it is always ready to excuse, to trust, to hope, and to endure whatever comes.
~ Bible
ချစ်ခြင်းမေတ္တာ သည် အမြဲတမ်း စိတ်ရှည်ကြင်နာ တတ်၏
မနာလိုခြင်းမရှိ ကြွားဝါစိတ်ကြီးဝင်ခြင်း အလျင်းမရှိ
ရိုင်းစိုင်း တကိုယ်ကောင်းဆန်ခြင်း လည်း အလျင်းမရှိ
ထိခိုက်လိုခြင်းမရှိ ၊ နစ်နာသည်ဟုလည်း မကျေနပ်ခြင်းမရှိ
အမှားအပြစ်လုပ်၍လည်း ဝမ်းမြောက်ခြင်းမရှိ ၊ အမှန်တရားပေါ်၌သာ သာယာကြည်နူးတတ်၏။
အမြဲခွင့်လွှတ်ရန်၊ ယုံကြည်ရန်၊ မျှော်လင့်ရန် အဆင်သင့်ဖြစ်နေ၏
ဘာဘဲဖြစ်လာလာ ကြံ့ကြံ့ခံ ခိုင်မြဲနိုင်သောအရာဖြစ်သည်
All life is suffering ~ Buddha 
Love and compassion are necessities, not luxuries. Without them, humanity cannot survive.
(မေတ္တာနှင့် ဂရုဏာတရားသည် အလိုအပ်ဆုံးသော အရာများဖြစ်သည်။ ဇိမ်ခံပစ္စည်းများမဟုတ်ချေ၊ ယင်းတို့ မရှိဘဲလူသားမျိုးနွယ်မတည်မြဲနေနိုင်ပေ   ~ ဗုဒ္ဓ

ရုပ်ဝါဒကို အာရုံစိုက်စေခြင်းဟာ ပျော်ရွှင်ခြင်းကို စတေးလိုက်ရခြင်းသာဖြစ်တယ်။
လူတယောက်ဟာ ငွေကြေးတွေ ဂုဏ်ဒြဗ်တွေနောက်ကိုဘဲ လိုက်နေတာဟာ စိတ်ဖိစီးမှုများတဲ့ ဘဝကို သာ ဦးတည်စေပါတယ်။  ~အမည်မသိ

အကြောက်တရားမှ လွတ်မြောက်ခြင်း
မိုးစိုမှ စိုးလို့ မင်း အပြင်ကိုမထွက်တော့ဘူးလား
ဒါဆို ဘယ်ကိုမှ ရောက်တော့မှာ မဟုတ်ဘူး ။
တနေရာရာကို ရောက်ချင်ရင် မိုးစိုတာကိုတော့ ခံနိုင်ရမှာပေါ့။
ဒီလိုဘဲ မင်းမှာ ရှိတဲ့ အကြောက်တရားကို ဘယ်တော့မှ မရှောင်ပုန်းပါနဲ့
သူ့ကိုတွေ့လိုက်ပါ သူ့ကိုတိုက်ခိုက်ပါ။
သူ့ကို ကျော်လွှားဖို့ ကြိုးစားလိုက်ပါ။
ဒါဟာ အကြောက်တရားက လွတ်မြောက်ဖို့ နည်းလမ်းကောင်းတစ်ခုပဲ။ ~ Unknow

အပြစ်ပြောတာ ထက်သန်ရင် အပြစ်ပြောတာ လက်ခံပါ
သူတစ်ပါးကို အပြစ်ပြောတာကျတော့ 'စေတနာနဲ့ပြောတာပါ' လို့ နာမည်ကောင်းယူပြီး
ကိုယ့်ကို အပြစ်ပြောတာကျတော့ 'စေတနာကိုနားမလည်ဘူး' လို့နာမည်ဆိုး တပ်တတ်ကြပါတယ်။
သူတစ်ပါးအပြစ်ပြောတာကို 'စေတနာနဲ့ပြောတာပါ'လို့ခံယူရင်
ကိုယ့်အပြစ်ပြောတာကိုလည်း 'စေတနာနဲ့ပြောတာပါ' လို့ခံယူနိုင်ရပါမယ်။
ကိုယ့်ကိုသူတစ်ပါးအပြစ်ပြောတာတော့ ကိုယ်လက်မခံဘဲ
သူတစ်ပါးကို ကိုယ်အပြစ်ပြောတာတော့သူတစ်ပါးလက်ခံစေချင်တယ်ဆိုရင်
အဲဒီလူဟာ ပညာရှိမဟုတ်ဘဲ ပညာရှိအယောင်အဆောင်သာဖြစ်ပါလိမ့်မယ်။
~အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) |စိတ်အားဖြည့်ဓမ္မနေခြည်

မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမင်းကို ဒုက္ခမပေးနိုင်ပါဘူးကွဲ့။ မင်းရင်ထဲမှာ အာဃာတတွေ သိပ်များနေတာဘဘမြင်နေရတယ်။ ဒါတွေကို မထိန်းချုပ်နိုင်ရင် မင်းမှာ အန္တရယ်ဖြစ်လာမယ်။ မင်း ဒီမှာ စိတ်မချမ်းသာဘူး၊ ဒီပတ်ဝန်းကျင်နဲ့ ဝေးချင်လို့ တိုင်းပြည်အသစ်တစ်ခုကို သွားမှာမဟုတ်လား၊ ဒါပေမယ့် မင်းဒီလူတွေဆီကသာ လွတ်နိုင်မယ်၊ မင်းကိုယ်မင်းတော့ လွတ်မြောက်နိုင်ပါ့မလား။ ရင်ထဲမှာ ဒေါသ အာဃာတတွေ ရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့နိုင်ပါ့မလား။ ပြန်စဉ်းစားပါ။ နည်းနည်းလေးတော့ စိတ်လျော့လိုက်ပါ။ မင်းမှာ မင်းချစ်တဲ့သူတစ်ယောက်ဆုံးရှုံးခဲ့တယ်။ ဒါနဲ့တင် ၀မ်းနည်းပူဆွေးခဲ့ရပြီးပြီဘဲ။ ဘာလို့ ကိုယ့်ကိုယ်ကို ဆင်းရဲဒုက္ခထပ်ပေးနေဦးမှာလဲ။ ကိုယ့်နှလုံးသားကို ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ္တိ မမွေးနိုင်သေးရင် ကိုယ်ပဲ ဆက်ပြီး ထိခိုက်နာကျင်နေဦးမှာဘဲ..
~မဟတ္တမ ဂန္ဓီ
ဝါဒအသစ်အဆန်းတစ်ခုပေါ်လာသည့်အခါ ရာခိုင်နှုန်းအတော်များသည့် လူသတ္တ၀ါများသည်
စဉ်းစားဖို့အတော်ပျင်းရိကြ၏ ။
နက်နဲသော အခြင်းအရာတစ်ခုကို စဉ်းစားရခြင်းအလုပ်သည် ဦးနှောက်ရှုပ် သည်ဟုဆိုကြ၏ ။
စဉ်းစားရသောအလုပ်၌ ၀ါသနာပါသူအနည်းငယ်တို့အဖို့မှာလည်း အမှန်သို့မရောက်နိုင်သည့် အတားအဆီးများရှိနေကြပြန်လေသည် ။၎င်းအတားအဆီးများမှာ................
မိရိုးဖလာ အစဉ်အလာကိုမပယ်နိုင်ခြင်း
သဘာဝကျ မကျကို ဆုံးဖြတ်နိုင်သည့် ဥာဏ်မျိုးနုံ့နဲခြင်း
မိမိ အလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို လက်မခံလိုခြင်း
တို့ဖြစ်ကြလေသည် ။ ~ဆရာကြီးရွှေဥဒေါင်း

လူတွေဟာ လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်ဖို့တောင်မှ လွတ်လပ်ခွင့် မရှိဘူး ။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ကို အတွေးအခေါ်သစ်တွေက လွှမ်းမိုးလာတဲ့အခါ
သူဟာ ရှိရင်းစွဲ အယူအဆတွေကို ဖယ်ရှားပစ်ဖို့ကျတော့ ၀ိရောဓိ ဖြစ်လာရတယ် ။
တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ ဘုရားသခင်ရဲ့ အလိုဆန္ဒတော်အတိုင်း ဆောင်ရွက်
ရမှာပဲ ဆိုတဲ့ ယုံကြည်သက်ဝင်မှုမျိုးကလည်း ရှိနေနိုင်တာကြောင့် သူဟာ သူ့ရဲ့
လွတ်လပ်တဲ့ ဆန္ဒအတိုင်း လိုက်နာ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး ။
" ယခုအခါ ၊ လူလည်းဖြစ်လာ ၊ သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရားဟောကြားမည့်သူ ၊ လူလည်းမရှား ရှိပါလျက်သားနှင့် တရားမကြိုက် ၊ အမှားလိုက်ကြလျှင် ၊ အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ် အပယ်လေးလီ မြစ်နဒီမှာ ပလုံစီ မြုပ်ကြမည့်သူတွေ " ~စလေဦးပုည 

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။ ~ဘင်ဂျမင်ဖရင်ကလင်း

“This, too, will pass.”
“ ဒါလည်း ပြီးသွားမှာပါ...”...
♠ ဒုက္ခတွေ ဘယ်လောက်ပဲ ရောက်နေရောက်နေ၊
ဒါလည်း ပြီးသွားမှာဖြစ်လို့
စိတ်တုန်လှုပ်မသွားဖို့နဲ့
♠ သုခတွေ၊ အောင်မြင်မှုတွေနဲ့ ကြုံရတဲ့အခါမှာလည်း
ဒါလည်းပြီးသွားမှာဖြစ်လို့
သိပ်ပြီးမာနတွေ ဘ၀င်တွေ မြင့်မနေဖို့
သတိပေးထားတဲ့ဆောင်ပုဒ်လေးပါ။
♠ တကယ်တော့ဒီဆောင်ပုဒ်လေးက
အဆိုးလောကဓံနဲ့ကြုံရတဲ့အခါမှာသာ
နှလုံးသွင်းရမှာမဟုတ်ပါဘူး။
♠ အကောင်းလောကဓံတွေနဲ့ ကြုံတွေ့ရတဲ့အခါ
တွေမှာလည်းအောက်ခြေလွတ်မသွားဖို့
သတိပေးနေတဲ့ ဆောင်ပုဒ်ကလေးပါ။ ~အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ~

လုပ်ငန်းတစ်ခုလုပ်ဆောင်ရာမှာ ရေခဲတောင် တက်သည့် တောင်တက်သမားလို ကျင့်ရမည်။ တောင်တက်သမားသည် အထက်ကိုလည်းမကြည့်။ အောက်ကိုလည်းငုံ့မကြည့်။ ကိုယ်လှမ်းလိုက်သည့် ခြေတစ်လှမ်းတိုင်းသေချာမြဲမြံမှုရှိမရှိ စစ်ဆေးရင်း တစ်လှမ်းချင်း တက်ရမည်။ ခြေတစ်လှမ်းချင်းကို အောင်နိုင်မှ ပန်းတိုင်ရောက်မည်။ အပေါ်ကို ဘယ်လောက်ရောက်နေပြီလဲဆိုတာဘဲ အရေးကြီးတယ်။ အောက်က ဘယ်လောက်တက်လာနိုင်ခဲ့သည်ဆိုတာ အရေးမကြီးပေ။
~ခင်ခင်ထူး | ပန်းကြာဝတ်မှုန်

မေး---- EQ (စိတ်ခံစားချက်ဉာဏ်ရည်ဉာဏ်သွေး)နိမ့်တဲ့ အပြုအမူက ဘယ်လိုအပြုအမူမျိုးလဲ။
ဖြေ ---- စကားအပြောအဆိုနဲ့တောင် တစ်ဘက်လူကိုအနိုင်ပိုင်းလိုက်ရမှ ကျေနပ်တာမျိုးဖြစ်တယ်။
မေး--- သင်တွေ့ကြုံဖူးတဲ့ EQ အမြင့်ဆုံးအပြုအမူက ဘယ်လိုအပြုအမူမျိုးလဲ။
ဖြေ ---- ကိုယ်နဲ့အရင်းနှီးဆုံး၊ အချစ်ခင်ဆုံးလူတွေအပေါ်မှာတောင် လေးစားစိတ်၊      စိတ်ရှည်သည်းခံစိတ်မပျောက်အောင် ထိန်းထားနိုင်တာမျိုးဖြစ်တယ်။ ~နိုင်းနိုင်းစနေ

မျှော်လင့်ကိုးစား မိမိ၏သတ္တိကို ယုံကြည်သောစိတ် အမြဲတိုးပွား၍ နေစေရမည်။
အချိန်မှန်အောင် ကြိုးစားလေ၊ အချိန်မှန်ဖို့ကို အမိန့်ပေးလေ။
စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကို ဖြစ်စေ၏။ စိတ်အား ဆုတ်ယုတ်စေ၏။
မိမိ၏အလုပ်ကို သတ္တ၀ါတို့အား အကျိုးဆောင်သောအလုပ်ဟု အမြဲသဘောထားရမည်။
ရည်ရွယ်ချက်တစ်ခုကို အမြဲတည်စွာထား၊ ထိုရည်ရွယ်ချက်သို့ ပေါက်ရောက်စေမည့် အရာဟူသမျှကို ရှာကြံလုပ်ကိုင်လေ။
အောင်မြင်ခြင်းကို အဝေး၌မထားနှင့်၊ ယခု လက်ငင်းလုပ်သော အလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်မြင်ရမည်ဟု စူးစိုက်စွာလုပ်၊ စူးစိုက်စွာ အမိန့်ပေးလေ၊ အလုပ်တစ်ခုပြီးတစ်ခု အောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေကားများ
 ဖြစ်ကြလေသည်။ ~ ပီမိုးနင်း 


ကိလေသာဆယ်ပါးကို နားလည်ခြင်း

 ထေရ၀ါဒအခြေခံ အယူအဆများ၌ ကိလေသာဆိုသည့် စကားတစ်လုံးကို အသုံးများ ကြ၏ ။

သို့သော်ကိလေသာ၏အနက်အဓိပ္ပာယ်ကို မသိသူကများမည်ထင်ပါသည် ။

           ကိလေသဆိုသည့်စကားသည် လူ့စိတ်တွင်ဖြစ်ပေါ်တတ်သည့် ထူးခြားသောသဘောတရား

တစ်ခုကို ဗုဒ္ဓမှ ထိုးထွင်း သိမြင်ထားခြင်းဖြစ်၏ ။ မကောင်းမှု ၊ ဒုစရိုက် ၊ အပြစ်ဆိုသည်ကား ကံ

( ကာယကံ ၊ ၀စီကံ ၊ မနောကံ ) ပါမှ ဖြစ်၏ ။ ကိလေသကား စိတ်အစဉ်တွင် ကပ်၍ပါနေသည့် စိတ်ကို

ညစ်ညူးစေသည့် တရား ဖြစ်သည် ။ ကိလေသကို မြန်မာလိုပြန်လျှင် (သတ္တ၀ါတို့ကို) ပူပန်စေတတ် ၊

နှိပ်စက်တတ်သော တရားဟု ပြန်၏ ။ ကိလေသာဆယ်ပါးဆိုသည်မှာ -

(၁) လိုချင်တက်မက်မှု (လောဘ )

(၂) ပြစ်မှားမှု ဖျက်ဆီးလိုမှု ( ဒေါသ )

(၃) အမှန်ကိုမသိမှု တွေဝေမှု ( မောဟ )

(၄) ငါသာလျှင် မြတ်သည်ဟု ထင်မှတ်ပြီး ထောင်လွှားမှု ( မာန )

(၅) အမြင်အယူအဆမှားမှု ( ဒိဋ္ဌိ )

(၆) ယံုမွားသံသယျဖစ္မႈ ( ၀ိစိကိစ ၦာ )

(၇) စိတ်ရဲ့ ထိုင်းမှိုင်းမှု ကျေနပ်မှု ( ထိန )

(၈) စိတ်ရဲ့ပျံ့လွင့်မှု ( ဥဒ္ဓစ္စ )

(၉) မကောင်းမှုပြုခြင်းကို မရှက်တတ်သည့်သဘော ( အဟိရိက )

(၁၀) ကာယဒုစရိုက် မကောင်းမှု ကျူးလွန်ခြင်းကို မကြောက်မှု ( အနောတ္တပ္ပ )

         

၁ ။ လိုချင်တက်မက်မှု ( လောဘ )

             လောဘသည် လူကိုအစဉ်သဖြင့် ပူလောင်စေ၏ ၊ အစဉ်သဖြင့် နှိပ်စက်၏ ၊ အစဉ်သဖြင့်

နစ်မွန်းအောင်လုပ်တတ်၏ ဆိုသည်ကို သဗ္ဗညုတဥာဏ်တော်ကြီးဖြင့်ထိုးထွင်းပြီးမှ ဗုဒ္ဓ မြတ်စွာဘုရား

ဟောကြားထားခြင်းသည် အံ့ဩစရာသိပ်ကောင်း၏ ။

            လောဘ၏အရင်းခံသဘောမှာ ၊ တက်မက်ခြင်းသည် လောဘ ဖြစ်၏ ။ ဤလောဘကို

အကြောင်းခံပြီးဖြစ်လာသည့် ပူလောင်စေသောတရားတွေသည် ပုထုဇဉ်ကို မနေသာ မထိုင်သာအောင်

နှိပ်စက်သည့်တရားတွေက သိပ်များ၏ ။ လောဘကြောင့် -

(၁) စွဲလမ်းခြင်းသဘော ( ရာဂ ) ဖြစ်လာ၏ ။

(၂) အပြင်းအထန် စွဲလမ်းခြင်း ( သာရာဂ ) ဖြစ်လာသည့်အခါ လူ့စိတ်သည် အိပ်မရ ၊ စားမ၀င် ရင်ပူနာ

     ကပ်လာ၏ ။ လောဘကြောင့် သတ္တ၀ါတို့၏စိတ်သည် မြင်ရာကြားရာနံရာ စားရာ အာရုံအမျိုးမျိုး၏

     ဆွဲဆောင်ခြင်းကို ခံရ၏ ။ အာရုံဆွဲဆောင်လာသည့်အခါ မဆန့်ကျင်နိုင်တော့ပေ ။ ရုန်းမထွက်နိုင်

     ပဲ လိုက်ပါသွား၏ ။

                အာရုံမြင်လျှင်လိုချင်၏ ။ ထို လိုလားသည့်သဘောသည် လောဘ၏သဘောပင် ဖြစ်သည် ။

အဘယ်ကြောင့်လိုချင်သနည်းဆိုလျှင် နှစ်သက်ခြင်းဆိုသည့် နန္ဒီသဘောကြောင့် ပင် ဖြစ်၏ ။ ၎င်းသည်

လည်း လောဘ၏ အခြင်းအရာပင် ဖြစ်၏ ။ မြင်ရာ ၊ ကြားရာ ၊ နှစ်သက် ရုံတင်မက နှစ်သက်သည်ကို

မေ့ပျောက်ပစ်လို့ပင် မရချေ ။ စွဲလမ်းသွား၏ ။ ၎င်းကို (နန္ဒီရာဂ) ဟုခေါ်၏ ။

             ရူးသွပ်ခြင်းဆိုသည်များမှာ ထို ( စိတ္တဿသရတာ) ဆိုသည့် စိတ်၏ ပြင်းစွာစွဲလမ်းမှုကြောင့် ဖြစ်

လောဘသည် အာရုံမှန်သမျှကို လိုလား၏ ။ လိုချင်အားကြီးလွန်းသောကြောင့် မိန်းမောမှုတောင် ဖြစ်

၏ ။ မရလျှင်ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေပစ် ဖို့ ၀န်မလေးချေ ။ ဆင်ခြင်ဥာဏ်ဖြင့် သတိသပ္ပဇဉ်

လုံးဝကင်းစင်သွားအောင်တောင် လုပ်တတ်၏ ။ ဓမ္မသင်္ဂဏီဟုခေါ်သည့်အဘိဓမ္မာကျမ်းတွင်ဟောထားသည့်

တရားတွေသည် အလွန်ပင် နက်နဲ၏ ။

            လောဘသည် အာရုံမရှိလျှင် မနေနိုင်ပေ ။ အာရုံမှန်သမျှကို ရအောင်အားထုတ် တတ်သည့်

သဘောရှိ၏ ။ ဖြစ်ရာဘ၀တိုင်းတွင်လည်း လောဘသည် မိမိ၏ ချစ်ခင်နှစ်သက်သော အဖော် ဖြစ်နေ၏ ။

သတ္တ၀ါများအား ဘ၀သို့ ဆွဲဆောင်တတ်သည့် ဘ၀ကြိုးနှင့်လည်း တူ၏ ။ သို့ဖြစ်၍ လောဘကြောင့်

 ချမ်းသာကိုမရနိုင် ၊ အကျိုးမဲ့ဆင်းရဲကိုသာ ရစေတတ်၏ ။ ဆင်းရဲခြင်းကို အလွန်အမင်းဖြစ်စေသည်လည်း

 လောဘပင် ဖြစ်၏ ။

         

-         ချစ်ကြိုက် ပေါင်းဖော် ရောနှောခြင်းသည်လည်း လောဘ ၊

-         ချစ်ကြိုက်သောကြောင့် ငဲ့ကွက် တွယ်တာခြင်းသည်လည်း လောဘ ၊

-         နှောင်ဖွဲ့တတ်ခြင်းသည်လည်း လောဘ ၊

-         တောင့်တခြင်း ၊ တမ်းတခြင်း ၊ လွမ်းဆွတ်ခြင်းသည်လည်း လောဘ ၊

-         အဆင်း ၊ အနံ့ ၊ အရသာ ၊ အသံ ၊ အတွေ့အာရုံ အားလုံးကို တောင့်တခြင်း ၊ ပစ္စည်းဥစ္စာ

တောင့်တမှု ၊ သားသမီး၌ တောင့်တမှု ၊ အသက်ရှင်ခြင်း၌တောင့်တမှု ၊ ကျန်းမာခြင်း၌

တောင့်တခြင်း သဘောတွေသည်လည်း လောဘ ၊

-         ငါ့ဟာ ၊ ငါ့ဥစ္စာဟု ပြောဆိုစေတတ်သည့် တပ်မက်မှုသဘော ၊ အချိန်ရှိသရွေ့ ငါ့ဟာ ငါ့ ဥစ္စာ

ဟု ပြောဆိုစေတတ်သည့် တပ်မက်ခြင်းသဘောသည်လည်း လောဘ ၊

-         အမြီးနှံ့သောခွေးလိုပင် လာဘ်လာဘ၌ တပ်မက် တုန်လှုပ်သည့်သဘောသည်လည်း လောဘ ၊

-         မသင့်လျော်သောအရာ၌တပ်မက်ခြင်း ၊ အဓမ္မရာဂသည်လည်း လောဘပင်ဖြစ်၏ ။ အဆမတန်

လိုချင်အားကြီးမှု ၀ိသမလောဘ ၊ မျှော်လင့်ခြင်း ၊ တောင့်တခြင်း ၊ ချစ်ခင်ခြင်းသည်လည်း လောဘ ၊

-         ၀ဋ်ဆင်းရဲတွင် နစ်မြုပ်စေတတ်ခြင်းသဘော (ဩဃ)သည်လည်း တရားကိုယ်အားဖြင့် လောဘ ၊

-         ၀ဋ်ဆင်းရဲတွင် ယှဉ်စေတွဲစေတတ်သည့် ယောဂသည်လည်း လောဘ ၊

-         ၀ဋ်ဆင်းရဲတွင် ဆက်စပ်ထုံးဖွဲ့ခြင်း ဂန္ထ သည်လည်း လောဘ ၊

-         သတ္တ၀ါများကို ၀ဋ်ဆင်းရဲတွင် နှောင်ဖွဲ့စေတတ်သည်လည်း လောဘ ၊

-         စိတ်ကိုကပ်ပြီး ညစ်နွမ်းစေတတ်သော သဘောသည်လည်း တရားကိုယ်အားဖြင့် လောဘ ၊

-         ဆင်းရဲခြင်း၏ အခြေအမြစ် ဒုက္ခမူလသည်လည်း လောဘ ၊

-         အကုသိုလ်တရားတို့၏ မူလအခြေအမြစ် အကုသလမူလသည်လည်း လောဘ ၊

  ပင်ဖြစ်သည် ။

 (၂) ပြစ်မှားမှု ဖျက်ဆီးလိုမှု ( ဒေါသ )

             ဒေါသ၏သဘောသည်ကား ဖျက်ဆီးလိုမှု ၊ ပြစ်မှားမှုပင် ဖြစ်၏ ။ ငါ့ရဲ့အကျိုးမဲ့ကို ပြုကျင့်ခဲ့ပြီ

ဆိုပြီး ရန်ငြိုးဖွဲ့သည်လည်း ဒေါသပင်ဖြစ်သည် ။ အာဃာတလည်း ဒေါသ ၊ ရန်ငြိုးဖွဲ့ရာတွင် အတိတ်

ကာလကလည်း ငါ့ရဲ့အကျိုးမဲ့ကို ပြုခဲ့ပြီ ။

အိပ်မက်တွေ အခိုးမခံရစေနဲ့

အမေရိကန်ရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။

ကျောင်းသားတစ်ဦးက ဆရာပေးသည့်ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီးနှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေဆောက်ပြီး အသားကင်ဖို့နေရာတွေထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်းဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအားထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကိုအကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး။ မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?

မူရင်း--- http://www.duwenzhang.com/wenzhang/lizhiwenzhang/gushi/20081015/21393.html

နိုင်းနိုင်းစနေ(Saturday, December 05, 2009)

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။

၁။Good Hygiene
ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

၂။Exfoliation

ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

၃။Removing Hair

ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။

၎။Chossing a Deodorant

ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်း
ဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။
ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။

၅။Lossen up

အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

၆။Reduce weight

အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။

၇။Natural Ways

- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

အပေါ်က နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။

(ရင်နှင်းငယ်)

ကောသလမင်းကြီး အိမ်မက် ၁၆ချက်

ကောသလမင်းကြီး အိမ်မက် ၁၆ချက်
ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့ပါတယ်။ အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။ အဆိုပါ ၁၆ ချက်ကတော့ .  . .
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။

နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)
မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။မူရင်းဆိုဒ်လင့်ကတော့ဒီနေရာမှာပါ 

ပုံလေးများနှင့် အတူ ထပ်မံကြည့်နိုင်ပါသည် ။

 ကောသလမင်း အိပ်မက် (၁၆) ချက်


















မေတ္တာဖြင်. စုစည်းတင်ပြသူ
အနှိုင်းမဲ.စာတိုပေစများ

Wednesday, 10 December 2014

ယောကျာ်းလေး နှင့် မိန်းကလေး အိမ်ထောင်ပြု ခြင်း

ဒီဆောင်းပါးလေးကို လူငယ်တိုင်း ဖတ်သင့်တယ် ထင်လို့ ထပ်ဆင့် မျှ ဝေ ပါသည်။ မူရင်းရေးသူကို ခရက်ဒစ်ပေးပါသည်။ 

 ယောကျာ်းလေး နှင့် မိန်းကလေး အိမ်ထောင်ပြု ခြင်း ချစ်ကျွမ်းဝင်ခြင်း သည် 
( ကာမ )ဂုဏ်အတွက်လား ?

ကျွန်မတို့ ယောကျာ်းသား တစ်ဦး  နှင့် မိန်းမသား တစ်ဦး  ချစ်ကျွမ်းဝင်ခြင်း  အိမ်ထောင်ပြုခြင်းသည် သာမန်
အမြင်အားဖြင့် ကာမဂုဏ်  ခံစားဖို့  အတွက်ဟု  ထင်မြင် စရာ  ရှိပေသည် ။

သို့သော်   .....................  မတူညီခြင်း များကို  တူညီအောင်ပြုခြင်း  သီအိုရီ သဘောတရားအရ တစ်ဦးကောင်း တစ်ယောက်ကောင်း   အားဖြင့်  မလုပ်ဆောင်နိုင်သည်  များကို  နှစ်ဦးသားပေါင်းဖတ်၍  စွမ်းဆောင်နိုင်ပေ၏ ။

တကယ်လို့  ကျွန်မတို့  လူသားတွေဟာ   ကာမဂုဏ် တစ်ခုတည်း  အတွက်  အိမ်ထောင်ပြုခြင်း နဲ့  အချိန်
ကုန်မယ်ဆိုရင်  လူသား  မျိုးဆက် ပြန့်ပွားရေး အတွက်  တာဝန်ကျေပွန်သော်လည်း   လူသားတွေသာပေါများ လာမယ် ။
အသိဥာဏ်တွေကတော့   ဆိတ်သုန်းလာကုန်ကြပါလိမ့်မယ် ။

ဘာဖြစ်လို့လည်းဆိုရင်    ကာမ အမှောင်ဟာ အမှောင်တကာ အမှောင်ဆုံးနဲ့  လူသားများ၏  စိတ်ကို ယုတ်
နိမ့်  ညစ်နွမ်းစေနိုင်အောင်  စွမ်းသော   အဆိပ်တစ်ခွက် နှင့်  တူသောကြောင့်တည်း ။

ရုံးသမားရယ်လို့ မဟုတ်ပဲ နေ့စဉ် ထိုင်ပြီး အလုပ်လုပ်ရ၊ ပညာသင်နေရ သူများအတွက် အလွယ်ကူဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

ယနေ့ အရိုးကျီးပေါင်း၊ ဇာတ်ကြောတတ်၊ ခါးနာ၊ ကြောနာ၊ ခေါင်းကိုက်၊ မူးဝေခြင်း နဲ့ ခန္ဓာကိုယ် ကြွက်သားများ အားနည်းလာမှု အစရှိ သဖြင့် ရောဂါများရဲ့  အဓိက ဇစ်မြစ်ဟာ အထိုင်းများတဲ့ ပြဿနာ တစ်ခုဖြစ်ကြောင်း လေ့လာ သူ ဆေးပညာရှင်များက ပြောဆိုထားပါတယ်။

အထိုင်များသူများအနေနဲ့ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းမရှိ ရင် နောက်ဆက်တွဲ ရောါဂါက ကြွက်သား အပြင် ကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းထိကို ဆက်စပ်သွားနိုင်ပါတယ်။ ဒါကြောင့် ရုံးမှာ ထိုင်နေရင်းနဲ့တောင် လုပ်ရှား ပြုလုပ်နိုင်မယ့် အလွယ်တကူ လေ့ကျင့်ခန်း နည်း လမ်းကို ရှာဖွေ မျှဝေ ပေးလိုက် ရပါတယ်။
Ref: medic-fact
All Credit to Original post owner.


Sunday, 7 December 2014

ထိုအမော ( ဂျာနယ်ကျော်မမလေး )



“အမယ်လေး မေမေရေ…လာပါဦး”



ဖြူဖြူလင်းစိန် အလန့်တကြား အမယ်လေး တ,လိုက်သံကြောင့် ဒေါ်ဖြူဖြူနုသည် အခန်းထဲက ပြေးထွက်ခဲ့ရသည်။



“သမီးလေးရေ… သမီးလေး”



ဒေါ်ဖြူဖြူနုမှာ ထိတ်ပျာ ပူပင်လျက် သမီးထံသို့ ပြေးထွက်လာရင်း အသံပြန်ပေးလာသည်။



“ဘာတုန်း သမီး၊ ဘာတုန်း”



ဧည့်ခန်းရှိနံရံကပ်စားပွဲနား၌ ဖြူဖြူလင်းစိန်ကို တွေ့လိုက်ရသည်။ ဖြူဖြူလင်းစိန်၏ လက်ထဲ၌ ကိုင်ထားသော ဖိတ်စာခေါက်သည် လက်က လွတ်ကျသွားသည်။ သမီးနားသို့ အပြေးရောက်လာသော ဒေါ်ဖြူဖြူနုက လှမ်းကောက်ယူလိုက်သည်။



“ဟဲ့ ဘာဖြစ်တာလဲသမီး”



ဖြူဖြူလင်းစိန်၏ မျက်နှာမှာ သွေးတစ်စက်မျှ မရှိတော့ဘဲ ဖြူဖျော့လျက် စကားမေးမရအောင် မျက်စိမျက်နှာပျက်ကာ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လို့နေသည်။



ဘုရားခန်းထဲ၌ တရားထိုင်နေသော ဦးမောင်မောင်စိန်သည် သမီးအသံနှင့် ဇနီးအသံတွေက အထိတ်တလန့်ရှိအောင် ပွက်လောညံသွား၍ ရှူရှိုက်ခြင်းကို ခေတ္တရပ်စဲလျက် ဧည့်ခန်းကို အမြန်ထွက်လာခဲ့သည်။



ဖြူဖြူလင်းစိန်၏ ပခုံးလေကို ဒေါ်ဖြူဖြူနုက ခပ်ဆတ်ဆတ်လေးကိုင်လှုပ် မေးတော့မှပင် သမီးအသံထွက်လာသည်။



“ဖိတ်စာ မေမေ.. ဖိတ်စာ”



“ဘာဖိတ်စာတုန်း”



“ကိုလေးအောင်လေ ကိုလေးအောင်”



ဖြူဖြူလင်းစိန်သည် အသံထွက်အောင် အားယူ၍ ညှစ်ပြောရသည်။



“ဟင် ဟုတ်လား၊ ဖအေကြီးရေ ဖအေကြီး”



ဒေါ်ဖြူဖြူနုသည် ဦးမောင်မောင်စိန် နောက်ပါး၌ ရောက်လာမှန်းကို မသိလိုက်ဘဲ အော်ဟစ်ခေါ်ယူသည်။



“ဘာလဲ မဖြူရဲ့၊ ဘာဖြစ်ကြတာလဲ”



“သြော်.. ကိုင်း.. ကိုင်း မောင်လေးအောင် ဖိတ်စာတဲံ ဟောဒီမှာ၊ ဟုတ်လား သမီး”



ဒေါ်ဖြူဖြူနုသည် လက်ထဲ၌ ဖိတ်စာကို ဦးမောင်မောင်စိန့်မျက်နှာနှင့် ထိလုခမန်း ဝှေ့ရမ်း၍ ပြောလိုက်သည်။



“ဟေ့ ဘယ်သူနဲ့တုန်း”



ဦးမောင်မောင်စိန်က ဘယ်သူနဲ့တုန်း မေး၍ ဒေါ်ဖြူဖြူနုသည် ဖိတ်စာကိုဖတ်ရန် ဖြန့်လိုက်ပြီးမှ မျက်မှန်မရှိ၍…



'သမီး ဘယ်သူနဲ့တုန်း' ဟု သမီးကို ကြည့်၍ မေးလိုက်သည်။



စောစောက ဖြူဖျော့နေသော ဖြူဖြူလင်းစိန်၏ မျက်နှာတွင် ညိုမည်းနေပုံကို မြင်လိုက်ရ၍ ဒေါ်ဖြူဖြူနု၏ အသည်းနှလုံးသည် ပြုတ်ကျလုမတတ် လှုပ်ခါသွားသည်။



“ယဉ်ယဉ်ဥနဲ့တဲ့”



“ဘယ်က ယဉ်ယဉ်ဥလဲ သမီး”


Friday, 5 December 2014

၃၈ ဖြာ မင်္ဂလာ (မင်္ဂလသုတ်တော်)

၃၈ ဖြာ မင်္ဂလာ
၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

ချစ်သူ

မျက်စေ့မှိတ်ထားပါလျှက်
ကောင်ကင်ကိုသတိရသည့်အခါ…
တိမ်များကိုမြင်နေရပါသည်…

အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျှက်
ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ…
လှိုင်းပုတ်သံကိုကြားယောင်နေတက်ပါသည်…

အခန်းကျဉ်းထဲမှာအိပ်နေပါလျှက်…
ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကိုခံစားရရှိနေတက်ပြန်သည်…

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။

မောင်စိန်ဝင်း-ပုတီးကုန်း 

Thursday, 4 December 2014

Reader’s Digest: သင် ၏ မျက်စိ အင်အား ကောင်း ချင်ပါသလား ???

Reader’s Digest မှာ ပါဝင်တဲ့ နည်းလမ်းလေးတွေကို သုံးပြီး မျက်စိ အစွမ်းကို မြှင့်တင်လို့ရပါတယ်။
ကျွန်တော်တို့မျက်စိဟာ အလင်းရောင်ကို ကောင်းမွန်စွာ မြင်တွေ့ရဖို့အတွက် အထူးသဖြင့် ညဘက်မှာ ကောင်းကောင်း တွေ့ဖို့ အတွက် Vitamin A ဓာတ် လိုအပ်ပါတယ်။ ဒါကြောင့် Vitamin A ပါဝင်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ငါးနဲ့ နို့ထွက် ပစ္စည်းတွေကို များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။ Vitamin A တွေ အများကြီး ရချင်ဇောနဲ့ အထက်က အစားအသောက်တွေကိုတော့ မစားဘဲ အားဆေးတွေကို အများကြီး သောက်ခြင်းမှလည်း ရှောင်ကြဉ် သင့်ပါတယ်။ တန်ဆေး လွန်ဘေးပါ။
Vitamin Cနဲ့ Vitamin E တို့ဟာ လူအတော်များများသိကြတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ English လို Anti oxidant ပေါ့။ အဲဒီ ဓာတ်တွေက မျက်စိမျာ အသက်ကြီးလာလို့ တိမ်စွဲတဲ့ ဖြစ်စဉ်ကို ကာကွယ်ပေးပါတယ်။ တကယ်လို့ အပြင်တိမ် ရောဂါ ရှိနေရင်တောင် ရောဂါကို ပိုပြီး မဆိုးသွားအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် Vitamin C တွေ ပါဝင်တဲ့ အရည်ရွှမ်းတဲ့ အသီးတွေ ဥပမာ လိမ္မော်သီး နဲ့ Vitamin E တွေ ပါဝင် တဲ့ မြေပဲစေ့နှင့် တခြား အစေ့အဆံတွေကို များများ စားသုံး ပေးသင့်ပါတယ်။
Luteinနဲ့ Zeaxanthin ဓာတ်တွေဟာ မျက်ကြည်လွှာတွင် ပါဝင်ပြီး မျက်စိကို ထိခိုက်နိုင်သည့် ဓာတ်ရောင်ခြည်များကို ကာကွယ်ပေးကြသည့် ဓာတ် များ ဖြစ်ကြပါသည်။ Lutein ဓာတ်ဟာ အစိမ်းရင့်ရောင် ရှိတဲ့ အသီးအရွက်တွေနဲ့ ကြက်ဥ အနှစ်တွေမှာ ပါဝင်ပြီး Zeaxanthin ဓာတ်ကတော့ ပဲသီးစိမ်း နဲ့ ပြောင်း တို့မှာ ပါဝင်ကြပါသည်။ အဆိုပါ အစားအစာများကိုလည်း များများ မှီဝဲသင့်ပါတယ်။
Zinc လို့ ခေါ်တဲ့ ဇင့် ဓာတ်ဟာ အသက်ကြီးလာလို့ မျက်စိ ယိုယွင်းပျက်စီးတာကို နှေးကွေးစေပါတယ်။ Zinc ဓာတ်ဟာ ပင်လယ်စာနဲ့ အသားတွေ ပဲတွေမှာ ပါဝင်တတ်ပါတယ်။



Wednesday, 3 December 2014

ကိုယ်ချစ်တဲ့သူကို အကြာကြီး စိတ်မကောက်လေနဲ့

(၁)
အကြင်နာမဲ့တဲ့ အထင်လွဲမှုတစ်ခုက ပျော်ရွှင်ခြင်းဆီလှမ်းနေတဲ့ ကျွန်မတို့ရဲ့ခြေလှမ်းကို ပျက်ပြားစေခဲ့တယ်။ ကံကြမ္မာရဲ့အထုံးတစ်ခုကို ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။ လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာကမောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေစေခြင်းက ပူဆွေးသောကရဲ့အစပေပဲလား.....

ငယ်ငယ်ကတည်းက အဖေမရှိတော့တဲ့မောင့်ကို အမေတစ်ယောက်တည်းပဲ ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။ ယောက္ခမခေါ်ဖို့ကိစ္စကို ကျွန်မသဘောတူခဲ့ပြီးနောက် မောင့်မေမေအတွက် နေပူစာလည်းလှုံနိုင်အောင်၊ ပန်းတွေလည်းစိုက်နိုင်အောင်ဆိုပြီး ဝရန်တာပါတဲ့ လက်ယာဖက်အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့ အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ကျွန်မကို ကိုင်မြှောက်ပြီး ပတ်ချာလှည့် ကစားလိုက်တယ်။ အောက်ချပေးဖို့ ကျွန်မတောင်းပန်မှ မောင်က၀မ်းသာစွာနဲ့ “ကဲ...မေမေ့ကို သွားကြိုရအောင်” တဲ့။ မောင့်မေမေရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့ကြတယ်။

အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ ခံစားမူမျိုးက သေးငယ်တဲ့ကျွန်မရဲ့ခန္ဓာကိုယ်ကို အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ခံစားမှုမျိုး... ကျွန်မကို လုံခြုံစိတ်တွေဖြစ်စေခဲ့တယ်။ မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့ကျွန်မကို မောင်ကကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။ အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မှုမျိုးကလည်း မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့သံယောဇဉ်ပေပဲလား။

သင်တစ်ခါမှ စဉ်းစားကြည့်မိမှာ မဟုတ်တဲ့ အံ့သြဖွယ် သင့်ခန္ဓာကိုယ်အကြောင်း

လူ့ခန္ဓာကိုယ်ဟာ အရမ်းအံသြဖို့ကောင်းပါတယ်။ သင့်ကိုအံ့သြသွားစေမယ့် လူ့ခန္ဓာကိုယ် အတွင်းပိုင်းနဲ့ ပတ်သတ်တဲ့အချက်တွေကို လေ့လာကြည့်ရအောင်။

၁။ လျှာပေါ်ရှိအရသာရဲ့ ၈၀% - ၉၀%နီးပါးဟာ ကျွန်မတို့ရဲ့ အနံ့ခံအာရုံခံစားမှုကြောင့်ပဲ ဖြစ်ပါတယ်။

၂။ သင့်နှလုံးခုန်နှုန်းဟာ တစ်နှစ်မှာ ၃၅၀၀၀၀၀၀ကြိမ်လောက် ရှိပါတယ်။ ပျှမ်းမျှလူ့သက်တမ်းတစ်လျှောက်မှာ လူရဲ့နှလုံးဟာ ၂.၅ကုဋေထက်မက ခုန်တယ်ဆိုတဲ့သဘောပါပဲ။

၃။ သင့်ခန္ဓာကိုယ်မှာ သွေး ၅.၆လီတာခန့် ရှိတယ်။ မိနစ်တိုင်း သင့်ခန္ဓာကိုယ်အတွင်း သုံးကြိမ် လည်ပတ်ပါတယ်။ ဒါဆိုရင် တစ်ရက်မှာ သင့်သွေးဟာ စုစုပေါင်း ၁၉၀၀၀ ကီလိုမီတာ (၁၂၀၀၀မိုင်) ခန့် သွားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကွာအဝေးကတော့ အမေရိကန်ပြည်ထောင်စုတစ်လျှောက် ပင်လယ်ကမ်းခြေတစ်ဖက်ကနေ တစ်ဖက်အကွားဝေးလေးဆနဲ့ ညီမျှပါတယ်။

၎။ လူ့သက်တမ်းတလျှောက် ပျှမ်းမျှအားဖြင့် နှလုံးကနေ သွေးတွေ ဆီပိုင်း၁၀၀၀၀၀၀ ခန့် စုပ်ထုတ်ပေးပါတယ်။

၅။ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော အကြီးအသေး အမျှင်အားလုံး ဆက်ထားမယ်ဆိုရင် စုစုပေါင်းအရှည်ဟာ မိုင်၆၀၀၀၀ (၁၀၀၀၀၀ ကီလိုမီတာ)ခန့်ရှိနိုင်ပါတယ်။ ကမ္ဘာကြီးကို နှစ်ပတ်ခွဲ နီးပါးပတ်နိုင်တဲ့အရှည်လောက် ရှိပါတယ်။

၆။ ပျှမ်းမျှအားဖြင့် ၂မီလီမီတာ လေးပဲထူတဲ့ သင့်အရေပြားကတောင်မှ သွေးရဲ့ထောက်ပံ့မှု ရှစ်ပုံတစ်ပုံတောင် ရယူထားပါတယ်။

၇။ ဦးခေါင်းဟာ အရိုးလုံးတစ်ခုလို ထင်ရပေမယ့် တကယ်တော့ သီးခြားအရိုး ၂၂ခုပေါင်း စပ်ထားတာဖြစ်ပါတယ်။

၈။ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ အစာခြေလမ်းကြောင်းတစ်ခုလုံးကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ၆မီတာမှ ၉မီတာ (ပေ၂၀ - ၃၀) ထိ ရှည်ပါတယ်။

၉။ အနီရောင်သွေးဆဲလ်တွေဟာ အခြားသန်း၆၀၀၀ ဆဲလ်တွေကို စားသုံးရင်း ခန္ဓာကိုယ်အနှံ့ ၄လခန့် အသက်ရှင်ပြီးတော့ သူတို့ပေါက်ဖွားရာ ရိုးတွင်းခြင်ဆီအတွင်းကိုပဲ သေဖို့ ပြန်လှည့်လာကြတယ်။

၁၀။ ဆံပင်ဟာ လစဉ် ¼ လက်မ (၆မီလီမီတာ) ခန့်ရှည်နိုင်ပါတယ်။ ပြီးတော့ ၆နှစ်ထိ ဆက်လက် ဖွံ့ဖြိုးလာပါတယ်။ ၄င်းဆံပင်ဟာ ကျွတ်ကျပြီး အဲနေရာမှာပဲ အခြားဆံပင်တစ်ချောင်းပြန်ထွက်လာပါတယ်။

Tuesday, 2 December 2014

ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း

သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။


သံလွင်ဆီသုံးပြီး ဆံကေသာကို ပုံမှန်ထိန်းသိမ်းနည်း

ခေါင်းလျှော်ခါနီးတိုင်း လုပ်ဆောင် နိုင်တဲ့နည်း ဖြစ်ပါတယ်။ အမြဲပုံမှန်ပြု လုပ်သွားမယ်ဆိုရင်
ဆံကေသာ တောက် ပြောင်သန်စွမ်းနေပါလိမ့်မယ်။
(၁) ဆံပင်သားအနှံ့ သံလွင်ဆီလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။
(၂) သင့်ဦးခေါင်းကို ခေါင်းစွပ်(Shower Cap)နဲ့ မိနစ် ၉၀ ခန့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ဦးခေါင်းက အပူတွေ ဖျာ ထွက်မှု မရှိဘဲ ဆံပင်သားကို နက်နက်နဲနဲ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေမှာ ဒီနည်းလမ်းကို လိုက်နာလုပ် ဆောင်မယ်ဆိုရင် နေရောင်ခြည်က အပူတွေဟာ သင့်ဆံကေသာကို သံလွင်ဆီကနေ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်အောင် ကူညီပါလိမ့်မယ်။
(၃) ပြီးရင် သံလွင်ဆီတွေ ကင်းစင်သွား အောင် ခေါင်းလျှော်ပေးပါ။

ဆံကေသာကို ပေါင်းတင်နည်း

ထိခိုက်ပျက်စီးနေတဲ့ သင့်ဆံပင်သားတွေ နူးညံ့ချောမွေ့နေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။

ရေ

၁ ။     ။ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။



၂။    ။ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

၃။    ။ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
၎။    ။ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
၅။    ။ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
၆။    ။ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

အမျိုးသမီးများနှင့်အသားအရည်ပျက်ဆီးမှုကိုဖြစ်စေသောတရားခံများ

တိုးတက်လာတဲ့ ၂၁ ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေအမျိုးမျိုးအံ့မခန်းတိုးတက်လာတာနဲ့အမျှ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာအောင် ပြောင်းလဲလုပ်ဆောင်လာကြတယ် ။ အဲဒီလို အရာရာပြောင်းလဲလာကြတဲ့ အထဲမှာ အလှအပရေးရာဟာလည်း လူသားတွေကြားထဲမှာ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုအခန်းကဏ္ဍအနေနဲ့ပါဝင်လာပါတယ် ။
အလှအပရေးရာဆိုတာဟာလည်း အရင်တုန်းကဆိုရင် အမျိုးသမီးများအတွက်သာ သီးသန့်လို့ မှတ်ထင်ခဲ့ကြပေမယ့်အခုတော့ အမျိုးသားများပါ အသားအရည်ထိမ်းသိမ်းကြဖို့ ဂရုစိုက်လာကြတာတွေ့ရတယ် ။ အထူးသဖြင့် ခန္ဓာကိုယ်မှ ဇီဝကမ္မဖြစ်စဉ်တွေအတွက် Oxidation reaction လို့ခေါ်တဲ့ ဓါတု ဓါတ်ပြုခြင်းတွေဖြစ်တဲ့နေရာမှာ ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်မှုတွေဖြစ်စေတဲ့ free radical တွေထွက်လာပါတယ် အဲဒီ free radical တွေက ခန္ဓာကိုယ်ရဲ့ အပြင်ပန်းသဏ္ဍာန်ကို ရုပ်ရင့်စေတယ် အရေးအကြောင်းတွေဖြစ်စေယုံသာမက အသားအရည်ကိုပျက်ဆီးမှုတွေလည်းဖြစ်စေတတ်တယ် ။ ဒီတော့ အခုနောက်ပိုင်းမှာ လူတွေဟာ free radical တွေကို တိုက်ထုတ်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ဂုဏ်သတ္တိပါဝင်တဲ့ product တွေ skin care တွေ lotion တွေ supplement တွေကို ရွေးချယ်သုံးစွဲလာခဲ့ကြတယ် ။

အမျိုးသမီး တစ်ဦး၇ဲ့ဘ၀မှာ ကြီးသည်ဖြစ်စေ ငယ်သည် ဖြစ်စေ အလှအပကို မမက်မောတဲ့သူ မလှချင်တဲ့သူရယ်လို့မရှိပါဘူး ။ ဒီတော့ သူများတကာတွေနဲ့ယှဉ်တဲ့အခါ ကိုယ်ကပိုလှနေစေဖို့အတွက် ကိုယ့်ရဲ့အသားအရည် skin complexion ကို ထိမ်းသိမ်းထားဖို့လိုပါတယ် ။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ အသားအရည်ကို ပျက်ဆီးစေတဲ့အကြောင်းအရင်းေ
တွကိုသိထားကြဖို့လိုသလို အသားအရည်ကို ထိမ်းသိမ်းဖို့ မိမိနဲ့သင့်တော်တဲ့ ဘယ်လို skin care မျိုး ရွေးချယ်သုံးစွဲမလဲ ဆိုတာ သိကြဖို့ဟာ အရေးကြီးလာပြီဖြစ်ပါတယ် ။ အကြမ်းဖျဉ်းကြည့်မယ်ဆိုရင် အမျိုးသမီးအသားအရည်ကို အဓိက ပျက်ဆီးစေနိုင်တဲ့ တရားခံတွေက? အသားအရည်ပျက်ဆီးခြင်းကိုဖြစ်ပေါ်စေတဲ့ အဓိက တရားခံတွေအကြောင်းဖြစ်ပါတယ် ။

၁ ။ အသက်အရွယ်
၂ ။ နေရောင်ခြည်
၃ ။ chemical ( မိတ်ကပ် ၊ အရည်အသွေးညံ့ skin care များ ၊ ဆေးဝါးများ ဟော်မုန်းဆေးများ )
၎ ။ ဓါတ်မတည့်ခြင်း allergy ( ဆေးဝါး ၊ အစားအသောက် )
၅ ။ Environmental factors ( လေ ၊ ရေ ၊ ဖုန်မှုန့် )
၆ ။ Intrinsic factor ( ကိုယ်တွင်းဟော်မုန်းဓါတ်မညီ
မျှ ခြင်း )
၇ ။ စိတ်ဖိစီးမှုများခြင်း
၈ ။ အာဟာရဓါတ်နှင့်ရေဓါတ်ချိုတဲ
့ခြင်း ( Micronutrient deficiency and dehydration )
၉ ။ ရောဂါတစ်ခုခုဖြစ်နေခြင်း ( အရေပြားကင်ဆာ ) စတာတွေဖြစ်တယ်လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ် ။

ဒီတော့
နံပတ် ၁

လည်ချောင်းနာခြင်း အတွက် အကောင်းဆုံး အိမ်တွင်ကုထုံးများ

လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။

(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်းတာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ် စေပါတယ်။

(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း
(သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။

(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ်ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။

(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စားပေးပါ။

အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကြီး သက်သာ ပါလိမ့်မယ်။

Credit to : ကျော်လင်းနိုင်(ရိုးရာလေး) www.yoyarlay.com

အီး-စီးကရက်တွင် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းပါဝင်မှုသည် သာမန်စီးကရက်မှာထက် ၁ဝဆပိုများ

အီး-စီးကရက်တွင် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းပါဝင်မှုသည် သာမန်စီးကရက်မှာထက် ၁ဝဆပိုများ
| တိုကျို၊ နိုဝင်ဘာ ၃ဝ

အီး-စီးကရက်မှ ထွက်ပေါ်လာ သည့် (မမြင်ရသော)ရေငွေ့တွင် Formaldehyde (အပုပ်နိုင်သော ပစ္စည်း)နှင့် acetaldehyde အပါ အဝင် ဓာတုပစ္စည်းများပါဝင်နေမှု အဆင့်မြင့်မြင့်ရှိနေသည်ကို ဂျပန် နိုင်ငံရှိ ကျန်းမာရေးကျွမ်းကျင်သူ များက တွေ့ရှိသည်ဟု သိရသည်။

ဤတွေ့ရှိချက်သည် အီး-စီး ကရက်အပေါ်အားထားနေသူများ ကို ထိုးနှက်လိုက်ရာရောက်သွားလေ သည်။ အီး-စီးကရက်သည်သာမန် စီးကရက်များထက် ပို၍ အန္တရာယ် ကင်းသည်ဟု ထုတ်ပြန်ကြေညာ ထားသည်။

အီး-စီးကရက်ကို ကမ္ဘာတစ်ဝန်း လုံးက ကြိုက်လာသည်။ အထူးသ ဖြင့် လူငယ်များက ပိုကြိုက်သည်။ အီး-စီးကရက်သည် ပူပူနွေးနွေးအ နံ့မွှေးမွှေးအရည်တစ်မျိုးဖြစ်သည်။ ယင်းတွင်လည်း နီကိုတင်းဓာတ်ပါ ဝင်သည်သာဖြစ်သည်။ အီး-စီးကရက် မှာ ရေငွေ့ကို ရှူရသော ဆေးလိပ် ဖြစ်သည်။ ယင်းသည်သာမန်စီးက ရက်နှင့် များစွာတူသည်။

အီး-စီးကရက်မှ ထွက်သည့် ရေငွေ့ထဲတွင် Formaldehyde နှင့် acetaldehyde တို့ကဲ့သို့သော ကင် ဆာဖြစ်စေသောအရာ (Carcinogens) ဓာတ်ပစ္စည်းများပါဝင်နေသည် ဆိုသည်ကို ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက တာဝန်ပေးထားသည့် သု တေသီများက တွေ့ရှိကြောင်း သိရ သည်။

မျှစ်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) အစာခြေစနစ်ကျန်းမာခြင်း
မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

ကိုလက်စထရောကျစေတဲ့ အစားအစာ ၁၂မျိုး

ကိုလက်စထရောဆိုတာ…… သွေးထဲမှာစီးဆင်းနေတဲ့ အဆီမော်လီကျူးတွေဖြစ်ပြီး၊ ခန္ဓာကိုယ်ကိုကောင်းကျိုးပြု တဲ့ HDL ကိုလက်စထရော နဲ့ ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့  LDL ကိုလက်စထရော ဆိုပြီးရှိကြပါတယ်။ ပမာဏများရင် ခန္ဓာကိုယ် တည်ဆောက်ရာမှာသာမကသွေးကြောတွေကိုပါ အနည်ကျပိတ်ဆို့ စေပါတော့တယ်။ အထူးသဖြင့် နှလုံးသွေးလွှတ်ကြော တွေကို သွေးထောက်ပံ့မှု ကမောက်ကမဖြစ်စေတာကြောင့် “နှလုံးရောဂါအစ၊ ကိုလက်စထရောက” လို့  ဆိုနိုင်ပါတယ်။
ကိုလက်စထရော တက်စေတဲ့အကြောင်းရင်းများ
(၁) သွေးဆုံးပြီး အမျိုးသမီးများ (၂) မိသားစုမျိုးရိုးထဲမှာ ကိုလက်စထရော များတဲ့ ရာဇဝင်ရှိသူများ (၃) အဆီအအိမ့်အစားများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူများ (၄) အ၀လွန်သူများ (၅) ဆေးလိပ် သောက်လွန်းသူများ…. မှာ ကိုလက်စထရောတွေတက်လာကြပါတယ်။ (ကိုလက်စထရောကျစေတဲ့အစားအစာ များ) ကမ္ဘာနဲ့ အ၀ှမ်း ကိုလက်စထရောမြင့်မားမှုကြောင့် လူကြီး-လူရွယ်မရွေး နှလုံးရောဂါ ဝေဒနာခံစားလာကြရာ၊ မိမိကိုယ်ကို ကျမ္မာရေးအသိဖြင့် အောက်ပါ အစားအစာတွေနဲ့ ထိန်းသင့်ပါတယ်။
(၁) ကွေကာအုတ်ထဲမှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ေ တွနဲ့  သဘာဝ beta-glucol ဓာတ်တွေပါရှိကြပြီး၊ ထိုဓာတ်တွေကသွေးတွင်း မကောင်းတဲ့ကိုလက်စထရောတွေကိုစုပ်ယူပြီး ခန္ဓာကိုယ်ကနေ ပြန်လည်စွန့်ထုတ်ပေးတာကြောင့် နံက်စာအာဟာရ အဖြစ် ကွေကာအုတ်ကို စားပေးသင့်ပါတယ်။
(၂) အနီရောင်စပျစ်သီးကထုတ်လုပ်တဲ့ “၀ိုင်နီ” တွေက သွေးအတွင်းမှ မလိုလားအပ်တဲ့ အဆီများကိုဖယ်ရှားပေးတာကြော င့် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချစေပြီး နှလုံးအဆို့ ရှင်များပွင့်လာစေပါတယ်။ နှလုံးသွေးကြော ပိတ်ဆို့ ခြင်း ကြောင့်ဖြစ်ပါ်ေ စတတ်သော နှလုံးရောဂါအမျိုးမျိုး၊ လေသင်တုန်းဖြတ်ြ ခင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် စပ်ဆက်တဲ့ နှလုံးယိုယွင်း မှုတို့ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဘဝကိုရင်း၍ လောင်းကြေးထပ်ကျသူများ

သင့်မေမေဟာ သင့်ကို သူမရဲ့ဝမ်းဗိုက်ထဲမှာ ကိုးလလွယ်ခဲ့ရတယ်။
သူမဟာ လေးလကြာအောင် ပျို့အန်ခဲ့ရတယ်။
သူမ ခြေထောက်တွေ
ဖောရောင် ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့်ခံခဲ့ရတယ်.။
သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ရတယ်။
သူမ နည်းနည်းလေးလှုပ် ရှားတိုင်း အသက်ရှူမ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်။
သင့်ကို လူ့လောကထဲရောက်လာအောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ သူမ ရုန်းကန်ခဲ့ရတယ်။
အဲဒီနောက်မှာ သူမဟာ သင့်ရဲ့..
သူနာပြုဆရာမ
စားဖိုမှူး
အိမ်ဖော်
ဆရာမ ဖြစ်ခဲ့တယ်။
သူမဟာ သင့်အတွက်…ရုန်းကန်ခဲ့ရတယ်။
ငိုခဲ့ရတယ်။မျှော်လင့်ခဲ့ရတယ်။
ဆုတောင်းခဲ့ရတယ်။ဆုံးရှူံးခံခဲ့ရတယ်
အများစုဟာ မိခင်တွေကို မြင်ခွင့်ရခဲ့တယ်။
လောကမှာ
မိခင်တွေကို ဆုံးရှုံးခဲ့ရသူတွေ၊ မိခင်တွေကို လုံးဝမြင်တွေ့ခွင့်မရခဲ့တဲ့သူတွေလည်း ရှိကြတယ်။
တကယ်လို့ သင့်မှာ မိခင်တစ်ယောက်ရှိသေးတယ်ဆိုရင် သင်ဟာ အရမ်း ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်။
သူမကို ဘယ်တော့မှ တန်ဖိုးလျှော့မတွက်ပါနဲ့။
ဘယ်တော့မှ မ မေ့လျော့လိုက်နဲ့
ဘယ်တော့မှ မျက် ကွယ်မပြုလိုက်နဲ့။
တစ်နေ့မှာ သင်ဟာ လောကကနေ
ပျောက်ကွယ်သွားနိုင် တဲ့ သူမကို တမ်းတနေရမှာ မို့လို့ပါ။
………………………………………………………
အသက် ( 1 )နှစ်အရွယ်
သင့်ကို ဂရုစိုက်ဖို့ သူ အိပ်ရေးပျက်ခံခဲ့ရတယ်
အသက် 5 *နှစ်အရွယ်ရောက်လာတဲ့ သင်ကျောင်းတက်ဖို့
သူ့အကြိုက်တွေကိုလျှော့ ခဲ့ရတယ်
အသက် 17*နှစ်အရွယ့်
သင့်ပညာရေး လမ်းဖြောင့်ဖို့
သူတသက်လုံးစုခဲ့တာတွေကို ပုံအောခဲ့ရတယ်
အသက် *22*အရွယ်ရောက်နေတဲ့
သင့်အတွက် အလုပ် ရဖို့
သူလုပ်အားမလျော့ပဲ အလုပ် ကိုပိုလုပ် ရပြန်တယ်…
သင် လူရာဝင် ဖို့
သူ အကြိုက်တွေ လျော့ခဲ့တယ်
သင် နောင် ရေးကောင်းဖို့
သူ ကျန်းမာရေးတွေ ဆုံးရှူံးခဲ့တယ်…
အဲဒီသူကို အ ဖေ လို့ခေါ်တယ်
တကယ်တော့ အ ဖေ ဆိုတာ သားသမီးတွေရဲ့ လမ်းပြပါ
သားသမီးတွေရဲ့ ရှေ့ဆောင် ပါ
တနေ့မှာ လမ်းပြရဲ့ တန်ဖိုးကို သိလိုက်မိချိန်မှာ
အရာအားလုံးနောက်မကျသေးဖို့
အ ရေးကြီးပါတယ်
Credit to ငြိမ်းလဲ့

I Black- A Motivational Poem By A Kid

"When I born, I Black,
When I grow up, I Black,
When I go in Sun, I Black,
When I scared, I Black,
When I sick, I Black,
And when I die, I still black.......


And you White fella,
When you born, you Pink,
When you grow up, you White,
When you go in Sun, you Red,
When you cold, you Blue,
When you scared, you Yellow,
When you sick, you Green,
And when you die, you Gray.................
And you calling me Colored ???????????"

(This poem was nominated by UN as the best poem of 2006 , Written by an African Kid)

Monday, 1 December 2014

မိုက်ကယ်ဂျက်ဆင် (သို့) အထင်လွဲမှုအခံရဆုံး အဆိုတော်

လူတွေရဲ့ပရိယာယ်ဆင် လှည့်စားတာကို ကျွန်တော်ခံရတာ ငြီးငွေ့လာခဲ့ပြီ။ ဒီလိုအတင်းအဓမ္မတွေက တကယ်ရှိခဲ့တယ်။ သူတို့ဟာ လူလိမ်တွေ၊ သမိုင်းစာအုပ်ကလည်း အလိမ်အညာတွေချည်းပဲ။ ခေတ်စားခဲ့တဲ့သီချင်း Jazz ၊ Rock ကနေ hip-hopထိ နောက်ပြီး အကတွေကိုလည်း လူမည်းတွေ စထွင်ခဲ့တယ်ဆိုတာကို လူတွေသိထားသင့်တယ်။ ဒါပေမယ့် သမိုင်းစာအုပ်ရဲ့ချောင်ထဲ ဒီအကြောင်းအရာတွေ ထိုးသိပ်ခံခဲ့ရတယ်။ လူမည်းတစ်ယောက်ရဲ့ပုံကို ဘယ်မျက်နှာဖုံးပေါ်မှာ ခင်ဗျားတွေ့ဖူးလဲ? Elvis Presley နဲ့ Rolling Stones အဖွဲ့ကိုပဲ ခင်ဗျားတွေ့ခဲ့လိမ့်မယ်။ တကယ်ဆို ဘယ်သူတွေက အမှန်စင်စစ် စတင်ထီထွင်သူလဲ?

ကျွန်တော့်အခွေထုတ်ပြီးနောက် Elvis Presleyကို ကျွန်တော်စံချိန်ချိုးခဲ့တယ်။ Beatles ကို စံချိန်ချိုးခဲ့တယ်။ နောက်ဆုံးတော့.. ? ကျွန်တော့်ကို အင်္ဂါချို့တဲ့သူ၊ လိင်တူဆက်ဆံသူ၊ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်အသားကို ဖြူအောင်ဆေးချွတ်သူ၊ လုပ်ချင်တာလုပ်ပြီး ကိုယ့်ဂုဏ်သိက္ခာကို ဖျက်ဆီးသူ စတာတွေက သူတို့ရဲ့ မကောင်းကြံစည်တာတွေဖြစ်တယ်။ ဒါပေမယ့် မှန်ရှေ့ရောက်တိုင်း ကျွန်တော့်ကိုယ်ကျွန်တော် သိတယ်။ ကျွန်တော် လူမည်းတစ်ယောက်ဖြစ်တယ်။ --- မိုက်ကယ်ဂျက်ဆင်


ရေပူ၊ ရေအေးနှင့် ချိုးခြင်း၏ အကျိုးနှင့် အပြစ်များ။


ပူပြင်းတဲ့ နွေရာသီဆိုရင် သင်ဟာရေအေးအေးလေးနဲ့များ ချိုးလိုက်ရရင် ဆိုတဲ့စိတ်ကူးလေးပေါ်ပြီး အေးချမ်းတဲ့ ဆောင်းရာသီကိုရောက်လာပြန်တော့ ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရရင် ပင်ပန်နွမ်းနယ်တာတွေ ပျောက်သွားမှာပဲဆိုပြီး ရေပူလေးနဲ့ချိုးဖို့ ဆန္ဒဖြစ်ပေါ်လာမှာပါ။

ရာသီဥတုအပြောင်းအလဲနဲ့ လူ့စိတ်ခံစားမှုအပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့လူတော်တော် များများဟာ မတူညီတဲ့အပူချိန်ရှိတဲ့ ရေကို ပြောင်းလဲသုံးစွဲဖို့ဖြစ်လာတဲ့ စိတ်ဖြစ်စဉ်အပေါ်မှာ လိုက်ပြီး ရေပူနဲ့ချိုးချင်တယ် ရေအေးနဲ့ချိုးချင်တယ်ဆိုပြီးဖြစ်ကြပါတယ်။ အချို့ကတော့ ရေအေးနဲ့ချိုးခြင်းက ရေပူနဲ့ချိုးခြင်းထက် ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။

ဒါမှန်တယ်လို့ထင်ပါသလား။ မှန်တယ်ဆိုရင် ဘယ်လိုကြောင့် မှန်တာပါလဲ။ အခြေခံအကြောင်းအရင်းကို သေသေချာချာနားလည်ဖို့နဲ့ အများစုလက်ခံနိုင်တဲ့ အချက်အလက်တွေ ရရှိအောင် ရေပူ၊ ရေအေးဖြင့် ချိုးခြင်း အကျိုးနှင့် အပြစ်များကို တကယ့်ကိုလေ့လာဖို့လိုလာပါတယ်။