big big slider

Nav Menu Pages

Tuesday, 18 November 2014

ချွတ်ယွင်းချက်တွေ ရှိနေသည့်တိုင်

စိန်ရတုမင်္ဂလာနှစ်ပတ်လည်မှာ ဆုတက်ယူတဲ့အမေအိုကို အစီအစဉ်တင်ဆက်သူက မေးမြန်းပါတယ်။

အစီအစဉ်တင်ဆက်သူ ။ ။  "ကိုယ့်ယောက်ျားမှာ ချွတ်ယွင်းချက်တွေ သိပ်များတယ်လို့ အမေထင်သလား"
အမေအို ။ ။  "အိုး... များလွန်းလို့ ကောင်းကင်ပေါ်က ကြယ်တွေအတိုင်းပဲ မရေမတွက်နိုင်ဘူး"

အစီအစဉ်တင်ဆက်သူ ။ ။ "ကိုယ့်ယောက်ျားမှာ အားသာချက်တွေရောရှိတယ်လို့ အမေထင်သလား"
အမေအို ။ ။   "နည်းတယ်... နည်းလွန်းတယ် ကောင်းကင်ပေါ်က နေတစ်စင်းလိုပဲ"

အစီအစဉ်တင်ဆက်သူ ။ ။ "ဒါတောင် ဒီစိန်ရတုနှစ်ပတ်လည်ထိ သူ့ကို အမေဘယ်လိုချစ်ခင်ကြင်နာခဲ့ပါသလဲ"
အမေအို ။ ။   "နေထွက်လာတာနဲ့ ကြယ်တွေကို မမြင်ရတော့ဘူးလေ ..... "

No comments:

Post a Comment