၁) သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျား ကတွေ့တော့ “ဒီမျောက်လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေ ကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်” လို့ ဒေါနဲ့မောနဲ့ပြောတော့ အိမ်ရှင်မက “ ရှင်အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။ ကလေးတွေနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနားတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ...တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။
၂) တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့ သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တစ်ရက်မှာ သူဌေးက အဲဒီစာကို “ ဥပဒေနှင့် ငြိစွန်းနိုင်ပါသဖြင့် တည်းခိုခန်း ပုဝါအား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ်ဝယ်ယူနိုင်သည်။ ပုဝါဟောင်းကိုယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။
၃) လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက်လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာမ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက် တော့တယ်။
၎) မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူးလား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။
၅) လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။ တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။
တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်းကြောင့်ဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
---------------------
ဥပမာအနေနဲ့ပြရရင် အင်္ဂလန်ကလူတွေက "မင်းကြားလား မကြားဘူးလား"လို့ ဘယ်တော့မှ မပြောဘူး။ "ကျွန်တော်ပြောတဲ့အသံ ကြည်လား၊ ရှင်းလား"လို့ပဲ မေးတယ်။ ဒီလိုစကားနှစ်ခွန်းမှာ ယဉ်ကျေးတာနဲ့ မယဉ်ကျေးတာ မိုးနဲ့မြေလိုကွာခြားသွားပါ
စကားတစ်ခွန်းချင်းအတူတူပါပဲ
အပျက်ဖက်ကနေပြောရင် "သူ ငါ့ကို မနာလိုတာ"
အပြုဖက်ကနေပြောရင် "ငါ့မှာ သူမျက်စိစူးစရာရှိလို့ဖြစ်မ
"ဒီလောက်ဈေးကြီးယူတာ သူ့စာမူကဘာကုန်ပစ္စည်းမို့လဲ
"သူ့စာမူကိုသုံးဖို့ ငါတို့မတတ်နိုင်ဘူးကွာ" လို့ဆိုရင် တခြားသူကိုလည်း အပြစ်ကျူးလွန်ရာမရောက်တော့ဘ
"မင်းဘာတွေပြောနေတာလဲ ငါမသိဘူးကွာ"ဆိုတာက တစ်ဘက်လူတင်ပြပုံညံ့ကြောင်း
"ငါ နားမလည်သေးဘူးကွာ"ဆိုရင် ကိုယ်နည်းနည်းတုံးဝေးကြောင်
"အမုန်းရန်ငြိုးတွေကို ငါတေးမှတ်ထားတတ်တယ်.. ထုတ်ပြောလိုက်ရမှ ကျေနပ်တယ်"ဆိုတာထက်
"ငါ စိတ်သဘောထားသေးသိမ်လို ဘာမဆိုပြောလိုက်ရမှ"
"လူတွေက ငါ့ကိုပဲ လာလာအပြစ်ရှာနေကြတယ်.. တမင်သက်သက် လာရန်ရှာနေကြတာ"ဆိုတာထက်
"လူတွေကို အမှားတစ်ခုခု ငါလုပ်လိုက်မိပြီထင်တယ်... "
မူရင်းရေးသားသူ ဟောင်ကောင်စာရေးဆရာမ -- Yi Shu
**** လူတိုင်းက ကောင်းတဲ့စကားကိုပဲ နားထောင်ချင်ကြတာ သဘာဝပါ။
တခြားလူကို မျက်စိစပါးမွေးစူးစေတာဟာ ကျွန်မကိုယ်ကျွန်မ ပြုစုပျိုးထောင်တာ မအောင်မြင်သေးလို့ပါ။
များများဖတ် များများတွေးနိုင်ကြပါစေ
Credit to နိုင်းနိုင်းစနေ
No comments:
Post a Comment