big big slider

Nav Menu Pages

Monday, 24 November 2014

မက်ဒေါနား နုပျိုသန်စွမ်းရသည့် လျှို့ဝှက်ချက်

အရွယ်နဲ့ မလိုက်အောင် နုပျိုမှုနဲ့ ကြံ့ခိုင်သန်စွမ်းမှု ရှိသူတို့အကြောင်း ပြောကတဲ့အခါ သာဓကအဖြစ် မက်ဒေါနားကို တင်စားရမှာပါ။ သူ့အသက်က ၅၀ ကျော်ခဲ့ပြီ ဖြစ်ပေမယ့် ဂျပ်စတင်ဘီဘာ၊ ဘရစ်တနီစပီးယားတို့လို ဟစ်ကြွေးသီဆို ဖျော်ဖြေနေနိုင်တုန်းပါပဲ။ သူမပိုင်ဆိုင်တဲ့ ရွှေအိုရောင် ဆံကေသာဟာ သူမရဲ့ ဂုဏ်ကျက်သရေကို ပိုမိုတင့်တယ် နေစေပါတယ်။ မက်ဒေါနား နုပျိုနေရတဲ့ လျှို့ဝှက်ချက်ကတော့ အောက်ပါ နည်းလမ်းတွေကြောင့် ဖြစ်ပါတယ်။

- မက်ဒေါနားဟာ အဆင်သင့် အစာတွေကို လုံးဝ ရှောင်ရှားတတ်သူပါ။
- သူမရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အထူးစီမံထားတဲ့ အစားအသောက် ပုံစံအတိုင်း
လိုက်နာစားသောက်ပါတယ်။
- အဆီနည်း ပရိုတင်းပါဝင်တဲ့ သြဂဲနစ် အစားအသောက်တွေကို စားလေ့ရှိပါတယ်။

- အပြင် စားသောက်ဆိုင်ကြီးတွေမှာ အစာစားတဲ့ အလေ့အထကို ရှောင်ခဲ့တာကြာပါပြီ။

- သူမစားလေ့ရှိတဲ့ အဓိက အစားအစာတွေကတော့ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ငါး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

မက်ဒေါနားဟာ တိရစ္ဆာန်ထွက် ပရိုတင်းတွေအစား အပင်ထွက် ပရိုတင်းတွေကို ရွေးချယ်စားလေ့ ရှိသလို နို့နဲ့ နို့ထွက်ပစ္စည်းတွေလို သဘာဝ အချိုဓာတ်ကိုပဲ မှီဝဲလေ့ ရှိပါတယ်။ အရင်တုန်းက အလေးမတာနဲ့ ပြေးတာတွေကို လုပ်ဆောင်ခဲ့ပေမယ့် အခုအခါမှာ သူမရဲ့ ကြံ့ခိုင်သန်စွမ်းမှုအဆင့်က ယောဂကျင့်တဲ့နည်းနဲ့ တိုးမြှင့်ပါတယ်။ သူမကျင့်တဲ့ ယောဂကျင့်စဉ်မှာ ကျင့်စဉ်အမျိုးမျိုး ပါဝင်ပြီး အနေအထားတွေက အမြန်ပြောင်းလဲကျင့်တဲ့ နည်းတွေ ဖြစ်ပါတယ်။ ယောဂကျင့်တာကြောင့် ခန္ဓာကိုယ် သန်စွမ်းမှုနဲ့ သက်လုံတို့ကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားတွေရဲ့ ပျော့ပျောင်းသန်စွမ်းမှု အဆင့်ကို တိုးစေတာ ဖြစ်တယ်လို့ မက်ဒေါနားက ဆိုပါတယ်။

Credit to ဇွန်(Good Health)

No comments:

Post a Comment