big big slider

Nav Menu Pages

Monday, 11 January 2016

ဗိုလ်ချုပ်ကြီး မက်အာသာ၏ သားအတွက် ဆုတောင်း


(၁) မိမိအားနည်းချက်ကို မိမိသိမြင်နိုင်အောင် စိတ်ဓါတ်အင်အား ကောင်းသော သူ၊
(၂) မိမိကြောက်ရွံ့သည့်အခါတွင် မိမိကိုယ်မိမိ ရင်ဆိုင်နိုင်သော သူ၊
(၃) ရိုးရိုးသားသား ရှုံးနိမ့်သော အချိန်တွင် ဦးမညွှတ်စတမ်း မာန်ရှိသော သူ၊
(၄) အောင်မြင်သော အချိန်တွင် နိမ့်ချသော နူးညံ့သော စိတ်ထားရှိသည့် သူ၊
(၅) စိတ်ဆန္ဒရှိတိုင်း ထ၍ လုပ်တတ်သောသူ၊
(၆) ဘုရားကို သိသောသူ၊
(၇) မိမိကိုယ်ကို နားလည်သောသူ ဖြစ်ပါစေ ..
(၈) လို တ ရ ဘ၀၌ မဖြစ်စေလိုပါ၊
(၉) အခက်အခဲများ၊ အကျဉ်းအကြပ်များကို ရင်ဆိုင်ရသော ဘ၀၌ ဖြစ်စေလိုပါသည်၊
(၁၀) ဘ၀ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံကာ မတ်မတ်ရပ်နိုင်သော သူတစ်ယောက် ဖြစ်စေလိုပါသည်၊
(၁၁) စိတ်နှလုံး ကြည်လင်သူ၊ မြင့်မြင့် ကြံတတ်သူ၊
(၁၂) သူတစ်ပါးကို မအိုပ်စိုးခင် မိမိကိုယ်ကို အုပ်စိုး ထိန်းချုပ်နိုင်သူ၊
(၁၃) အနာဂတ်ကို ကြိုတင် စီမံတတ်သူ ဖြစ်သည့်အတိုင်း အတိတ်ကို မမေ့သူ ...


ဦးသိန်းလွင် ၏ . ဖတ်ရင်းတွေး၍ တွေးရင်းဖတ်ရန် . စာတမ်းမှ ခွဲခြားကူးယူ ဖော်ပြသည်

No comments:

Post a Comment