ဘဝမှာ စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသမီးကောင်းလေး တစ်ယောက်ဖြစ်ဖို့
ဘယ်တော့မှ နောက်မကျပါဘူး။ သမီးဘယ်အရွယ်ပဲ ရောက်ရောက် သမီးသာ
အလိုရှိမယ်ဆိုရင် အရာရာကို ပြောင်းလဲနိုင်ပါတယ်။ အခုဆိုရင်
သမီးလူဖြစ်လာတဲ့အတွက် လူ့ဘဝရဲ့ အခွင့်အရေးတွေ ရှိနေပြီလေ။ အခု
ဒီဆောင်းပါးလေးကနေတဆင့် မေမေက သမီးကို အကြံပေးချင်တာလေးတွေ ရှိပါတယ်။
သမီးကိုယ်တိုင် ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ၊
ဘဝမှာ ဘယ်လို အခြေအနေမျိုးကိုပဲ ကြုံတွေ့ရပါစေ သမီးဘယ်လို ကြံ့ခိုင်အောင်
နေမလဲဆိုတာတွေ မေမေ ပြောပြသွားမှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ
ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၁။သမီး ကိုယ့်ဘေးမှာကိုယ် နေ့တိုင်း ရာနှုန်းပြည့် သမီးရပ်တည်ရမယ်။
ကိုယ့်ကိုယ်ကို
လေးစားရမယ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားရမယ်၊ ကိုယ့်ကိုယ်ကို ချစ်ရမယ်
သမီး။ ကိုယ့်ကိုယ်ကို ဦးစားပေးရတယ်ဆိုတာကလည်း အကြောင်းရှိပါတယ်။ ဒါတွေကို
ဘယ်သူ့ဆီကမှ သမီးမရနိုင်လို့ပါ။ သမီးက တော်တဲ့လူတစ်ယောက်၊
ကောင်းတဲ့လူတစ်ယောက်၊ ပါးနပ်တဲ့လူတစ်ယောက်၊ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်၊
ကြံ့ခိုင်သန်မာတဲ့ လူတစ်ယောက်ပါ။ ဒါကို သမီး ယုံကြည်လိုက်ပါ။
မလုံမလဲဖြစ်တာတွေ၊ ကိုယ့်ကိုယ်ကို မကောင်းမြင်တာတွေ သမီးဘဝထဲကို ဘယ်တော့မှ
အဝင်မခံပါနဲ့။ သမီးတစ်ခုခုကို မလုပ်နိုင်ဘူးလို့ ပြောတဲ့လူ
တစ်ယောက်ယောက်တော့ ရှိလာမှာပါပဲ။ အဲဒီအချိန်ကျရင် သမီးလုပ်ရမှာက ပြုံးပြီး
သူမှားတယ်ဆိုတာ သက်သေပြလိုက်ပါ။
၂။သက်သာတဲ့နေရာကနေ ဘယ်တော့မှာ ကြီးကျယ်တာတွေ ဖြစ်မလာပါဘူး။
သမီး
ကြီးပွားတိုးတက်ချင်တယ်ဆိုရင် တစ်နေရာထဲမှာ ဘယ်တော့မှ ရပ်တန့်မနေပါနဲ့။
တစ်နည်းပြောရမယ်ဆိုရင် သမီးတစ်နေရာမှာ ရပ်တန့်နေတယ်လို့ ခံစားရတဲ့အခါ
သမီးသက်တောင့်သက်သာ မဖြစ်တဲ့ အရာတစ်ခုကို လုပ်ဖို့လိုအပ်ပါတယ်။
သမီးမကျွမ်းကျင်တဲ့ အရာတစ်ခုခုပေါ့။ သမီးလုပ်နေကျအရာတစ်ခုကို အကြိမ်ကြိမ်
ပြုလုပ်မနေသင့်ဘူး။ ဘဝဆိုတာ တိုတောင်းပါတယ် သမီး။ သမီးဒီနေ့လုပ်နေတဲ့အရာက
သမီးမနက်ဖြန်မှာ သွားချင်တဲ့နေရာကို နီးစပ်လာပြီလားဆိုတာ ကိုယ့်ကိုယ်ကို
ပြန်မေးပါ။ သမီးလုပ်နိုင်စွမ်းရှိတာတွေ၊ သမီးအလှအပတွေကို မထုတ်သုံးလိုက်ရဘဲ
အသက်ကြီးသွားတာမျိုး မဖြစ်စေပါနဲ့။
၃။သမီးအလိုရှိတာအတွက် သမီးရင်ဆိုင်တိုက်ခိုက်ပါ။ မှန်ကန်တာကို လုပ်ပါ၊ လွယ်ကူတာကို မလုပ်ပါနဲ့။
ခဏတာဒုက္ခတွေနဲ့
ကျရှုံးခြင်းတွေဟာ အောင်မြင်ခြင်းရဲ့ အသေချာဆုံး လေကားထစ်တွေပါပဲ သမီး။
စိတ်ဓာတ်ကျစွာနဲ့ နိုးထပြီး ရင်ဆိုင်ရမယ့် နေ့သစ်တစ်နေ့
သမီးကြုံလာနိုင်ပါတယ်။ ဒါပေမယ့် သမီး မနက်ခင်းတိုင်းကို လန်းဆန်းတက်ကြွစွာ
နိုးထနိုင်အောင် သမီးကြိုးစားပါ။ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ပါ၊
ဘယ်တော့မှ အရှုံးမပေးပါနဲ့။ သမီးဘဝကို ပျော်ရွှင်စရာတွေနဲ့ပဲ စီခြယ်ထားပါ။
၎။ရိုးသားခြင်းနဲ့ လေးစားခြင်းတို့ရဲ့ အမှတ်အသားလေးတစ်ခု ဖြစ်အောင်နေပါ။
သမီး
တွေ့ချင်တဲ့၊ သမီးပေါင်းသင်းချင်တဲ့ လူတွေလို ဖြစ်အောင် သမီးနေပါ။
ဘယ်သူမဆို သဘောကျတဲ့ အပြုအမူလေးတွေ၊ စကားလုံးလေးတွေနဲ့
တန်ဖိုးထားတတ်ခြင်းလေးတွေ ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် သမီးနေပါ။
၅။သမီးစိတ်ဝင်စားတာတွေ၊ သမီးချစ်မြတ်နိုးတာတွေကို လျစ်လျူရှုခြင်းက ကိုယ့်ကိုယ်ကို လိမ်လည်လှည့်ဖျားခြင်းပါပဲ။
သမီးမဟုတ်တဲ့
လူတစ်ယောက်လို ရှင်သန်နေတာက လိမ်ညာနေတဲ့ ဘဝတစ်ခုပါ။ သမီး အဲဒီလို
မဖြစ်စေပါနဲ့။ သမီးဂုဏ်ယူရတဲ့ ဘဝမျိုးမှာ သမီးနေထိုင်ပါ။
သမီးစိတ်လှုပ်ရှားမှုတွေနောက် သမီးလိုက်ပါ။ သမီးချစ်မြတ်နိုးတဲ့ အရာတစ်ခုမှာ
သမီးနှစ်မျောသွားတဲ့အခါ သမီးကိုယ်သမီး ပြန်ရှာတွေ့ပါလိမ့်မယ်။
၆။သမီးစံချိန်ကို သမီးချိုးနိုင်ဖို့ ကိုယ့်ကိုယ်ကို ပြန်စိန်ခေါ်ပါ။
သမီးအတွက်
ဘယ်သူမှ ဘာမှမလုပ်ပေးနိုင်ပါဘူး။ သမီးအတောင်တွေကို
သမီးသုံးပြီးပျံသန်းလိုက်ပါ။ သမီးဘာတွေ စွမ်းဆောင်နိုင်လဲဆိုတာ
ကိုယ့်ကိုယ်ကို ပြန်စိန်ခေါ်လိုက်ပါ။ သမီးပြောခဲ့တာတွေလို
သမီးလုပ်နိုင်အောင်၊ သမီးပြောခဲ့တဲ့အတိုင်း သမီးနေနိုင်အောင် သမီးလုပ်ပါ။
သမီးပန်းတိုင်ကို သွားတာ ဘယ်လောက်နှေးနှေး သမီးစိတ်မပူပါနဲ့။ အတားအဆီးတွေ
ဘယ်လောက်တွေ့တွေ့ သမီးစိတ်မပူပါနဲ့။ မဖြစ်မနေလျှောက်ခဲ့ရတဲ့ လမ်းခွဲတွေ
ဘယ်လောက်များများ သမီးစိတ်မပူပါနဲ့။ သမီးလုပ်စရာရှိတာ သမီးလုပ်နေသ၍
ကြိုးစားဖို့တောင် ကြောက်ရွံ့နေတဲ့ လူတွေထက် သမီး အများကြီး အရှေ့ကို
ကြိုရောက်နေပါပြီ ဆိုတာကို အမှတ်ရနေပေါ့ သမီးလေးရေ။
သမီးလေး
နောက်ထပ် မေမေအများကြီး ထပ်ပြောပါဦးမယ်။ သမီးဘဝမှာ သမီးဘာပဲလုပ်လုပ်
အကောင်းဆုံး လုပ်နိုင်ပါစေလို့ မေမေဆုတောင်းပေးလိုက်ပါတယ်။
မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ် ချင်းတွေကိုဘယ်လောက်ဂရုစို က်တယ်ဆိုတာ ဖော်ပြလိုက်ပါ။
No comments:
Post a Comment