big big slider

Nav Menu Pages

Tuesday, 19 January 2016

သမီးရှိသော ဖခင်များသိထားရန် ၁၃ ချက်

ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှုစောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်း မှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။

၀၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်။
ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် ဖခင်ဖြစ်သူထံမှ အချစ်ကိုလိုလားကြပါတယ်။သင့်အပြင် ဖခင်အဖြစ်နဲ့ပြုစုစောင့်ရှောက်နိုင်သူ မရှိပါ။ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုသောအ
ကြောင်း ပြောဖို့ ဝင်မလေးပါနဲ့။
၀၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်။
သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေဖြစ်သူနဲ့ တူနေတတ်ပါတယ်။ သမီးတွေက အဖေနဲ့ တူသောသူကသာ ကိုယ်နဲ့ကိုက်မည့်သူလို့ ခံယူထားသူတွေများပါတယ်။
၀၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်။
သမီးတွေနဲ့ ကားအတူတူစီးသောအခါ သူတို့နားထောင်နေသောသီချင်းကို အဖေဖြစ်သူကလည်း လေး
လေးစားစားနားထောင်သင့်ပါတယ်။ဒါမှသာလျှင် အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ် သလို သူတို့နဲ့လည်း အတူတူပျော်နိုင်မှာပါ။
၀၄. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်။
သမီးတွေကိုပဲ ဂရုစိုက်နေယုံနဲ့တော့ မပြီးပါ။ အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေ ရဲ့လား ဆိုတာကို ဂရုပြုပါ။သူတို့က မိခင်ကို ဂရုတစိုက်မရှိတဲ့ ဖခင်ကိုမုန်းတတ်ပါတယ်။
၀၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ။
တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖခင်ဖြစ်သူနဲ့လည်း စကားတွေနည်းလာတတ်ပါတယ်။ မိန်းက
လေးသဘာဝ အလှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာပြောင်းလဲမူတွေကို အကြောင်းပြပြီး ဖခင်ဖြစ်သူက မရှောင်သွားရန်လိုအပ်ပါတယ်။
၀၆. အားကစားကိုလည်း မမေ့စေပါ။
မိန်းကလေးဖြစ်တာကြောင့် အားကစားထက် လှတဲ့အကျီလေးတွေ အလှပြင်ပစ္စည်းလေးတွေ စာဖတ်ဖို့
ဘက်ကို အားထားကြပင်မဲ့လည်း အားကစားဆိုတာလည်း မမေ့ဖို့ အရေးကြီးပါတယ်။
၀၇. အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့။
အမှတ်တရကိစ္စလေးတွေဟာ အရေးကြီးပါတယ်။ မိသားစု အမှတ်တရဖြစ်စေဖို့ သမီးတွေနဲ့အချိန်ကို
ပေးပါ။မွေးနေ့မှာ ခရီးထွက်တာတို့၊ သောကြာနေ့ညမှာ ရုပ်ရှင်သွားကြည့်တာတို့လုပ်ဖို့သင့်ပါတယ်။ ပိုက်ဆံအများကြီးသုံးပြီး အမှတ်တရဖြစ်ရန် လုပ်ဖို့မဆိုလိုပါ။
၀၈. သမီးတွေကို အပြင်လောကအကြောင်းကိုလည်း သင်ပြဖို့ မမေ့ပါနဲ့။
အရာရာဟာ ဖြစ်ပျက်နေပြီးတော့ ဒီကိစ္စတွေဟာ မိသားစုအတွင်းမှာပဲ ဖြစ်ပျက်နေတာမဟုတ်ပဲအပြင်လော ကကြီးနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။
၀၉. သမီးရဲ့ ပွဲလေးတွေကိုလည်း သွားရန် ဝင်မလေးပါနဲ့။
သမီးကကျောင်းရဲ့ပွဲလေးတွေမှာ ကတာပဲဖြစ်ဖြစ် တနေရာကပါဝင်တယ်ဆိုရင် ဖခင်ဖြစ်သူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ သွားကြည့်ပေးလိုက်ပါ။
၁၀. သမီးအတွက် အချိန်ပေးပါ။
အလုပ်တွေ ဘယ်လောက်ပဲများများ အိမ်ပြန်ရောက်ရင်တော့ ဖုန်းကြည့်ပြီး၊ TVကြည့်ပြီး တစ်ယောက် တည်းနေတာထက် သမီးနဲ့လည်း စကားပြောဖို့မမေ့ပါနဲ့။
၁၁. ဆံပင်ပဲဖြစ်ဖြစ် လက်သည်းညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။
၁၀၀မှာ ၉၉ ကြိမ်က မိခင်ဖြစ်သူက အားလုံးကို လုပ်ပေးပင်မဲ့ ဖခင်ဖြစ်သူကလည်း ကူညီပေးသင့်ပါတယ်။
၁၂. စိတ်ကောင်းထားရန် သင်ပေးပါ။
ဘာသာရေးအရပဲဖြစ်ဖြစ် မိသားစုရယ်လို့ဖြစ်လာပြီဆိုရင် သူတပါးအပေါ်မှာ မဟုတ်တာကို မလုပ်ရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးပါ။
၁၃. မသိချင်ယောင်မဆောင်ပါနဲ့။
သမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို မှားတဲ့အခါ ပြင်ပေးဖို့တာဝန်ရှိပါတယ်။ မသိချင်ယောင် မဆောင်ပါနဲ့။
Chelmo Team.

၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း


{ပါရာဇိက ၄ ပါး }
၁ ။ မေထုန် မကျင့်ရ။
၂ ။ သူတပါးဥစ္စာ မခိုးရ။
၃ ။ လူ မသတ်ရ မသတ်ခိုင်းရ။
၎ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟု မပြောရ။ ။

Copy the BEST Traders and Make Money : http://bit.ly/fxzulu


{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ် မလွှတ်ရ။
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ။
၇ ။ အမျိုးသမီးနှင့် ညစ်ညမ်းရုန့်ရင်းသောစကား မပြောရ။
၈ ။ မေထုန် အလှူမခံရ။
၉ ။ မအောင်သွယ်ရ။
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ။
၁၁ ။ သံဃာကို မပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ။
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ။
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ။
၁၄ ။ သံဃာကို သင်းမခွဲရ။
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ။
၁၆ ။ ဝိနည်းကံနှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်။
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။
{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ။
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ။
{ နိသဂ္ဂိပါစိတ် ၃၀ ပါး }
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ မနေရ။
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်း အဓိဌာန်တင်ရမည်။
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
၂၆ ။ သင်္ကန်းတောင်းခွင့်ရှိသော်လည်း နှစ်ထည်ထက် ပိုမတောင်းရ။
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက် သင်္ကန်းဖိုး မစီရင်ရ။
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၃၁ ။ အမည်း ၊ အနက် သိုးမွေးကို အခင်းမပြုရ။
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍ မယူရ။
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေး မဖွတ်ခိုင်းရ။
၃၇ ။ ရွှေ ၊ ငွေတို့ကို မကိုင်ခံရ။
၃၈ ။ အရောင်း အဝယ် မပြုရ။
၃၉ ။ အလဲ အလှယ် မပြုရ။
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၄၂ ။ ထောပတ်၊ဆီ၊ပျား၊တင်လဲတို့ကို (၇)ရက်ထက်ပိုမထားရ။
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက်ပိုမဆောင်ရ
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၄၅ ။ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၄၆ ။ အမျိုးတော်ခြင်း ဖိတ်ခြင်းမရှိဘဲ ရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၄၈ ။ သမ္မုတိမရဘဲ တိစီဝရိတ်သင်္ကန်းနှင့်(၆)ညဥ့် မကင်းရ။
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။
{ သုဒ္ဓပါစိတ် (၉၂)ပါး}
၅၀ ။ မုသား မပြောရ။
၅၁ ။ မဆဲရ။
၅၂ ။ ကုန်းမတိုက်ရ။
၅၃ ။ လူ ၊ သာမဏေနှင့် ပုဒ်ပြိုင် စာမချရ။
၅၄ ။ တစ်ကျောင်းတည်း၌ လူ ၊ သာမဏေနှင့် (၃)ညဥ့်ထက် မအိပ်ရ။
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်း မအိပ်ရ။
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း (၆) ခွန်းထက် မဟောရ။
၅၇ ။ မိမိရသော ဈာန်၊မဂ်၊ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊သာမဏေအား မပြောရ။
၅၉ ။ မြေကို မတူးရ။
၆၀ ။ သစ်ပင် မခုတ်ရ။
၆၁ ။ ရဟန်းတပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုပ်ချအပ်။
၆၃ ။ သံဃိကညောင်စောင်းကို အပြင်မှာမထားအပ်။
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာ မထားဘဲ မသွားရ။
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသောရဟန်းကို နှိုး၍ မအိပ်ရ။
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မလိမ်းကျံရ။
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊မြက်ပေါ်သို့ မသွန်ရ။
၇၀ ။ သမ္မုတိမရဘဲနှင့် ရဟန်းမအား မဆုံးမရ။
၇၁ ။ သမ္မုတိရသော်လည်း နေဝင်လျှင် မဆုံးမရ။
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၇၉ ။ အမျိုးသမီးနှင့် နှစ်ယောက်ချင်း မနေရ။
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍ မစားရ။
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ ထမင်းစားဖိတ်လျှင် မစားရ။
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၈၃ ။ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၈၉ ။ အကပ်မခံဘဲ ဘာကိုမျှမစားရ။
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၉၇ ။ အဂါင်္(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၁၀၂ ။ ရေထဲမှာ မကစားရ။
၁၀၃ ။ သိက္ခာကြီး၊ဝါတော်ကြီးကို မရိုမသေမနေရ။
၁၀၄ ။ ရဟန်းချင်း မလှန့် မခြောက်ရ။
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည် (၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၁၀၈ ။ ဝိကပ္ပနပြုသည့် သင်္ကန်းကို ဝိကပ္ပနမပြန်ဘဲ မသုံးရ။
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ ၊ မကျီစားရ။
၁၁၀ ။ ပိုး၊တိရိစ္ဆာန်တို့ကို မသတ်ရ။
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၁၁၅ ။ ခိုးသား၊ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၇ ။ မိစ္ဆာဒိဌိဝါဒများကို မယူရ။
၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊အာဝါသ,သမ္ဘောဂ မပြုရ။
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၂၀ ။ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၁၂၅ ။ လူ ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှ မကဲ့ရဲ့ရ။
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၁၃၂ ။ မင်း၊မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၁၃၃ ။ ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။
{ ပါဋိဒေသနီ(၄)ပါး }
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
၁၄၅ ။ ဘေးရန်ရှိသည်ကိုမပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။
{သေခိယ (၇၅)ပါး}
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
၁၄၈ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
၁၄၉ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
၁၅၀ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာ သွားရမည်။
၁၅၁ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာ နေရမည်။
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာ သွားရမည်။
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာ မသွားရ။
၁၅၆ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မသွားရ။
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၅၈ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မသွားရ။
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မသွားရ။
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မနေရ။
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မသွားရ။
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မနေရ။
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည် ။
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၁၇၆ ။ ဆွမ်းကို ရိုသေစွာ စားရမည်။
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၁၇၈ ။ ဆွမ်းကို အစဉ်လိုက် စားရမည်။
၁၇၉ ။ ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍ မစားရ။
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်း မဖွင့်ရ။
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍ မစားရ။
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍ မစားရ။
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်း မပြုရ။
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၁၉၇ ။ လက်ကိုလျှက်၍ ဆွမ်းမစားရ။
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာ မသွန်ရ။
၂၀၂ ။ ထီး လက်၌ရှိသောသူကို တရားမဟောရ။
၂၀၃ ။ တုတ် လက်၌ရှိသောသူကို တရားမဟောရ။
၂၀၄ ။ ဓား လက်၌ရှိသောသူကို တရားမဟောရ။
၂၀၅ ။ လေး လက်၌ရှိသောသူကို တရားမဟောရ။
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၂၁၃ ။ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကို တရားမဟောရ။
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ကျင်ငယ် မစွန့်ရ။
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊ နာဖျားချိန်၌ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)
{အဓိကရဏ သမထ(၇) ပါး}
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း ၊ ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ ပြုအပ်သော ယေဘုယျဝိနည်း။
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။
ကျမ်းမှီး
၁ ။ ဘုရားဥပဒေတော်ကြီး၊ "အရှင်ဇနကာဘိဝံသ"။
၂ ။ ပါတိမောက်ဘာသာဋိကာ၊ "အရှင်ဇနကာဘိဝံသ"။
၃ ။ နိဗ္ဗာန်လမ်းညွှန်ကျမ်း၊ "ဘဒ္ဒန္တပညာသာရ"။
၎ ။ ဝိနည်းတော် ဥပဒေတော်ကြီး၊ "အရှင် ဩဘာသ"။
၅ ။ ဖားအောက်တောရ ဆရာတော်ကြီး၏ ဝိနည်းဥပဒေဆိုင်ရာ ဟောကြားတိတ်ခွေများ။
ခရက်ဒစ် (ဓမ္မဒါန) ......မှ ကူးယူဖော်ပြပါသည်
(ဝိနည်းတော်ထဲ မပါ)
ဒေဝဒတ်၏
မြတ်စွာဘုရားထံ တောင်းဆိုသော
မြတ်စွာဘုရားက ခွင့်မပြုခဲ့သော
အချက်(၅)ချက်
၁ ။ သံဃာတော်များ ကပ်လှူဆွမ်းအစား ခံဆွမ်းသာစားရန်။
၂ ။ လှူသင်္ကန်းအစား ပံသကူသာဝတ်ရန်။
၃ ။ ကျောင်းတိုက်အစား သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။
၎ ။ သင်္ကန်းသုံးထည်ထက် ပိုမထားရန်။
၅ ။ သတ်သတ်လွတ် ဆွမ်းဟင်းများသာစားရန်။
Credit (Oo Manaw)
K.K(ကနောင်)

အုန်းဆီ၏ အလှအပလျှို့ဝှက်ချက်များ


ကျွန်တော်တို့ အလွယ်တကူရရှိနိုင်သည့် အုန်းဆီတွင် သဘာဝ၏လက်ဆောင်ဖြစ်သော ခန္ဓာကိုယ်လှပစေသည့်ပစ္စည်းများပါဝင်သည်။

မိတ်ကပ်အောက်ခံလိမ်းဆေး (Foundation) အဖြစ်သုံးပါ


မိတ်ကပ်မလိမ်းမီ အုန်းဆီအနည်းငယ်ကို မျက်နှာပေါ်တွင် လိမ်းလိုက်ပါ။ အုန်းဆီများ စိမ့်ဝင်သွားသည်အထိ စောင့်ပြီးမှ မိတ်ကပ် လိမ်းပါက ပိုမိုချောမွေ့ပြီး မိတ်ကပ်လည်း ကြာကြာခံမည် ဖြစ်သည်။
ဆံကေသာအတွက် လိုအပ်သည်များအားလုံး ပြည့်စုံစေနိုင်

ဆံကေသာကို အုန်းဆီပုံမှန်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွေ့စေရုံသာမက ဆံပင်ပျက်စီးခြင်းကို ပြုပြင်ပေးနိုင်သော ညစ်ညမ်းသည့် ပတ်ဝန်းကျင်မှ ကာကွယ်ပေးသည်။ ဆံပင်ပိုသန်စေပြီး ပိုမိုတောက်ပ ကျန်းမာသော ဆံကေသာပိုင်ရှင်ဖြစ်လာနိုင်သည်။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ပြုပြင်ပေးပြီး ဆံပင်စည်းထားခြင်းကြောင့် လိမ်ကောက်နေခြင်းကို လျှော့ချပေးနိုင်သည်။

ခန္ဓာကိုယ်အသားအရေပေါ်တွင် လိမ်းပေးနိုင်

အုန်းဆီသည် သဘာဝအလျောက် အစိုဓာတ်ကို ထိန်းပေးနိုင်သဖြင့် ခန္ဓာကိုယ်အသားအရေပေါ်တွင် လိမ်းပေးပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် ရာသီဥတုအပြောင်းအလဲဒဏ်တို့မှ ကာကွယ်နိုင်သည်။ အသားအရေကို သန့်ရှင်းစေရုံသာမက အဆိပ်ကိုလည်း ပြယ်စေနိုင်သည်။ အသားအရေ၏ ကိုယ်ခန္ဓာစနစ်ကိုမြှင့်တင်ပေးနိုင်သည်။ ရေချိုးပြီးနောက် အုန်းဆီလိမ်းပေးသင့်သည်။

အုန်းဆီကို အာစွတ်ရုံပလုတ်ကျင်းခြင်းဖြင့်

ကျန်းမာရေးအတွက် အကျိုးရှိ

အုန်းဆီဖြင့် တစ်နေ့လျှင် မိနစ် ၂၀ ကြာ အာဆွတ်ရုံပလုတ်ကျင်းပေးခြင်းဖြင့် ခန္ဓာကိုယ်အဆိပ်ပြယ်စေရန် ကူညီနိုင်ပြီး ခေါင်းကိုက်ခြင်းကို ကုစားနိုင်ကာ အက်စစ်ဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်သည်။ သွားများကို ဖြူဖွေးစေနိုင်သည်။

မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် အသုံးပြုနိုင်

အုန်းဆီကို မုတ်ဆိတ်ရိတ်ခရင်မ်အဖြစ် အသုံးပြုခြင်းဖြင့် အမွေးအမှင်များကို လွယ်လွယ်ကူကူရိတ်နိုင်မည့်အပြင် အသားအရေခြောက် သွေ့ကျန်နေခြင်းမရှိဘဲ ပြတ်ရှခြင်းကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ခန္ဓာကိုယ် ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်

လက်ဖက်ရည်ခွက်ထဲ အုန်းဆီထက်ဝက်ထည့်ကာ သကြားထည့်၍ ခန္ဓာကိုယ်ကို ပွတ်တိုက်ဆေးကြောပေးပါက အသားအရေစိုပြည်ဝင်းပလာနိုင်သည်။

မိတ်ကပ်ဖျက်ဆေးအဖြစ်လည်း အသုံးပြုနိုင်


အုန်းဆီကို ဂွမ်းအနည်းငယ်နှင့် မျက်နှာပေါ် သုတ်လိမ်းပေးပါက သင်၏ မိတ်ကပ်များကို ပျက်သွားစေနိုင်ပြီး အသားအရေခြောက်သွေ့ခြင်း ကင်းကာ အရေပြားအောက်ရှိ ဘက်တီးရီးယားများကိုလည်း ရှင်းလင်းသွားစေနိုင်သည်။

ခြေလက်အသားပပ်ခြင်းကို ကာကွယ်နိုင်

တစ်နေ့လျှင် နှစ်ကြိမ်အုန်းဆီကို လက်ဖ၀ါး၊ ခြေဖ၀ါးတွင် လိမ်းပေးခြင်းဖြင့် အသားပပ်ခြင်းကို ကာကွယ်နိုင်ပြီး နူးညံ့စေမည်ဖြစ်သည်။ ယင်းသို့ လိမ်းပေးခြင်းဖြင့် သင့်လက်ဖ၀ါးနူးညံ့လာသည်ကို ရက်အနည်းငယ်အတွင်း တွေ့မြင်နိုင်သည်။

အုန်းဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်သဖြင့် ယင်းအား မျက်နှာတွင် လိမ်းပေးခြင်းဖြင့် မျက်စိအောက်အရေးအကြောင်းများနှင့် အမည်းစက်များ လျော့ပါးသွားစေနိုင်သည်။ -Internet

Credit to 7Day Daily

--
^..^---ှ-ှJ

Wednesday, 13 January 2016

မိုက်ခရိုဆော့ ပိုင်ရှင်ဘီလ်ဂိတ် ပေးသော အကြံဥာဏ်(၁၁)ခု

ဘွဲ့နှင်းသဘင်တစ်ခုမှာဘွဲ့ရကျောင်းသားတွေအတွက်ဘီလ်ဂိတ်ကဒီလိုအကြံဥာဏ်ပေးဟောပြောခဲ့ပါတယ်။

(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

(၂)ဒီလောကကကိုယ့်လေးစားကြည်ညိုမှုကိုအသိအမှတ်ပြုမှာမဟုတ်ဘူး။အကျိုးသက်ရောက်မှုကိုအရင်လုပ် ပြီးမှကိုယ့်ရဲ့ခံစားချက်ကိုဆန်းစစ်ဖို့ လောကကြီးကပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွါတာနဲ့လခကောင်းမရနိုင်ဘူး။ချက်ချင်းဟမ်းဖုန်းချိတ်ထားတဲ့ကွပ်ကဲသူမဖြစ်နိုင်ဘူး။နှစ်ခုစလုံးအတွက်ကြိုးပမ်းအားထုတ်မှရနိုင်တယ်။

(၄) ကျောင်းကဆရာတွေကိုဆိုးတယ်လို့ခင်ဗျားတို့ထင်ခဲ့ရင်တစ်နေ့ခင်ဗျားတို့ကုမ္ပဏီသူဌေးတွေ ဖြစ်လာတ့အဲချိန်ကျရင်သိလိမ့်မယ်။သူဌေးတွေကအလုပ်ကိုအကြွေးမထားဘူး။

(၅)ဟမ်ဘာဂါဆိုင်မှာအလုပ်လုပ်လို့ကိုယ့်ကိုအသုံးမကျဘူးလို့မထင်နဲ့။အဓိပ္ပါယ်တစ်ခုဖွင့်လိုက်မယ်။အဲဒါက"အခွင့်အရေး"တ့။ဲ

(၆)ခင်ဗျားဘာမှဖြစ်မလာတာခင်ဗျားမိဘတွေရဲ့အမှားမဟုတ်ဘူး။ဒါကြောင့်ကိုယ်လုပ်တဲ့အမှားအတွက် ဒေါသထွက်မနေန့။ဲအမှားထဲကသင်ယူပါ။

(၇)ခင်ဗျားမမွေးဖွားခင်ခင်ဗျားမိဘတွေကအခုလိုထိုင်းမှိုင်းနေတာမဟုတ်ဘူး။သူတို့အခုလိုထိုင်းမှိုင်းရတာကခင်ဗျားအသုံးစရိတ်အတွက်ရှာနေလို့၊ခင်ဗျားရဲ့အဝတ်တွေ လျှော်ရလို့၊ကိုယ့်ကိုယ်ကိုတော်ကြောင်းအပြောကြီးတဲ့ခင်ဗျားရဲ့စကားကိုနားထောင်နေရလို့ဖြစ်တယ်။ဒါကြောင့်ခင်ဗျားမိဘတို့ခေတ်ကဖျက်ဆီးခဲ့တဲ့အပူပိုင်းဇုံသစ်တောကိုခင်ဗျားပြုပြင်ကယ်တင်ဖို့မကြိုးစားခင်ခင်ဗျားရဲ့အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ရှုံးသူဆိုတာရှိတယ်။ဘဝမှာမရှိဘူး။ ကျောင်းကခင်ဗျားကိုအခွင့်အရေးမပြတ်ပေးပြီးအဖြေမှန်ရဖို့ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ဒီလိုမရှိဘူး။

(၉)တီဗွီထဲသရုပ်ဆောင်တာတွေကတကယ့်ဘဝတွေမဟုတ်ဘူး။တကယ့်ဘဝကလူတိုင်းကော်ဖီဆိုင်ကို ကျောခိုင်းပြီးအလုပ်ထဲဝင်ရတာချည်းပဲ။

(၁ဝ)စာဂျပိုးတွေကိုတလေးတစားဆက်ဆံပါ။တစ်ချိန်ချိန်သူတို့ထဲကတစ်ယောက်ဆီမှာခင်ဗျားအလုပ်လုပ်ဖြစ်လိမ့်မယ်။

(၁၁)လူ့ဘဝမှာသင်ကြားချိန်ကာလမသတ်မှတ်ဘူး။ပိတ်ရက်မရှိဘူး။ဘယ်အလုပ်ရှင်ကမှခင်ဗျားလုပ်ချင်တာကိုညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့်ကိုယ့်အားလပ်ချိန်ကိုအသုံးပြုပါ။
1: Life is not fair -- get used to it!

2: The world won't care about your self-esteem. The world will expect you to accomplish something BEFORE you feel good about yourself.

3: You will NOT make $60,000 a year right out of high school. You won't be a vice-president with a car phone until you earn both.

 4: If you think your teacher is tough, wait till you get a boss.

5: Flipping burgers is not beneath your dignity. Your Grandparents had a different word for burger flipping -- they called it opportunity.

6: If you mess up, it's not your parents' fault, so don't whine about your mistakes, learn from them.

7: Before you were born, your parents weren't as boring as they are now. They got that way from paying your bills, cleaning your clothes and listening to you talk about how cool you thought you are. So before you save the rain forest from the parasites of your parent's generation, try delousing the closet in your own room.

 8: Your school may have done away with winners and losers, but life HAS NOT. In some schools they have abolished failing grades and they'll give you as MANY TIMES as you want to get the right answer. This doesn't bear the slightest resemblance to ANYTHING in real life.

9: Life is not divided into semesters. You don't get summers off and very few employers are interested in helping you FIND YOURSELF. Do that on your own time.

10: Television is NOT real life. In real life people actually have to leave the coffee shop and go to jobs.

11: Be nice to nerds. Chances are you'll end up working for one. from Soup for Soup (Motivational essays)

ဘ၀မှာစွန့်လွှတ်ရမဲ့အချက်(10) ချက်

ဘ၀ကို စိတ်ချမ်းသာစွာဖြတ်သန်းသွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း
အရေးကြီးတာကတခြားသူတွေဘယ်လိုထင်တယ်ဆိုတာမဟုတ်ပါဘူး။သင့်ကိုယ်သင်ဘယ်လိုထင်တယ်ဆိုတာကသာအရေးကြီးပါတယ်။သင်ဟာသင့်ကိုယ်တိုင်အတွက်၊သင့်ဘ၀အတွက်အကောင်းဆုံးအရာကိုလုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့အတိတ်ဆိုတာသင့်ရဲ့အနာဂတ်နဲ့ညီမျှခြင်းမဟုတ်ပါဘူး။အရေးပါတာကတော့သင်အခုလုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာမဆုံးဖြတ်နိုင်မချင်းသင်ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင်ဘာကိုလိုချင်တယ်ဆိုတာကိုသိအောင်ဆုံးဖြတ်ပါ။အဲဒီအရာနောက်ကိုစိတ်ရောကိုယ်ပါလိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။
(၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ
(၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကိုစိုက်ခဲ့ဖို့အကောင်းဆုံးအချိန်ကတော့လွန်ခဲ့တဲ့အနှစ်(၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း
သင်ဘယ်အချိန်မှာသေမယ်၊ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာကတော့အခုဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။နေ့ရက်တိုင်းဟာသင် ရွေးချယ်နိုင်တဲ့အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း
အောင်မြင်မှုကိုရည်မှန်းပါ။ဒါပေမယ့်သင့်ရဲ့ရှုံးနိမ့်ပိုင်ခွင့်ကိုလည်းလက်မလွှတ်ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော့သင့်ရဲ့ရှုံးနိမ့်ပိုင်ခွင့်ကိုလက်လွှတ်လိုက်ရင်သင်ဟာအကြောင်းအရာသစ်တွေသင်ယူနိုင်ခွင့်ကိုပါဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း
ရှောင်ပြေးနေတာကိုရပ်လိုက်ပါ။ပြဿနာတွေကိုရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ဆက်သွယ်ပြောဆိုပါ။တန်ဖိုးထားပါ။ခွင့်လွှတ်ပါ။သင့်ဘ၀အတွက်ထိုက်တန်တဲ့သူတွေကိုချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း
ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း
သင်ရှာတာကိုပဲသင်တွေ့တာပါ။သင့်ရဲ့ဘ၀မှာရှိနေတဲ့အရာတွေကိုတန်ဖိုးမထားတတ်ဘူးဆိုရင်သင်ဟာ ပျော်ရွှင်ဖို့အတွက်ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း
ဘ၀ရဲ့အကြီးမားဆုံးအစိတ်အပိုင်းတွေဟာအရာသေးသေးလေးတွေနဲ့အစပြုတယ်ဆိုတာကိုသတိမထားမိဘဲကျနော်တို့ဟာကြီးကြီးမားမားတစ်ခုခုကိုလုပ်ဖို့ပဲကြိုးစားနေတတ်ကြပါတယ်။


Your Life Success
All credit to original post owner.

လေးစားဖွယ် ပုဂ္ဂိုလ်ကြီးများ၏ မှတ်သားဖွယ် အဆိုအမိန့်များ

မိနစ်အနည်းငယ်အချိန်ပေးလိုက်ရုံဖြင့်ကြိးမားသောတစုံတရာအကျိုးရှိစေမဲ့.လေးစားဖွယ်ပုဂ္ဂိုလ်ကြီး40 ယောက်၏မှတ်သားဖွယ်အဆိုအမိန့်များ..

အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်

ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။


သူတော်စင် ၀ိဝေကနန္ဒ
တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း
ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။

အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။

ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့
အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။

စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်

အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက်
ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။

တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့
အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။

ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း

လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့
တစ်ယောက်မှ မစဉ်းစားကြဘူး။``လူငယ်တစ်ယောက်အတွက် ကြီးပွားလမ်းဟာ မိမိတက်နိုင်တဲ့ နည်းလမ်းမှန်သမျှကို ပိုပြီး
တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ပဲ၊ အဲဒီလိုလုပ်တဲ့အခါ ငါ့ကို ဘယ်သူတွေ၊ ဘယ်အရာတွေက ဟန့်တားနှောက်ယှက်နေတယ်လို့ ဘယ်တော့မှ သံသယမဖြစ်ပါနဲ့ ။´´

လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်း
ငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။

အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း

လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့
သိပ်ကို အန္တရာယ် ရှိနေပြီ။လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်
၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။

ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း

တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ
ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

မင်းသားကြီး ချားလ်စ်

ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့
နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။

ဝန်စတန်ချာချီ

စွန်ဆိုတာ လေနဲ့အတူလိုက်သွားတာ မဟုတ်ဖူး။ လေကိုဆန်တက်တာဖြစ်တယ်။
“နိုင်ငံရေးသမားကောင်းဆိုတာ မနက်ဖြန် နိုင်ငံဘာဖြစ်မယ်
ဆိုတာခန့်မှန်းနိုင်ရမယ်။ အကယ်၍ ဖြစ်မလာခဲ့ရင် ဘာ့ကြောင့်ဖြစ်မလာခဲ့တာလဲဆိုတာ
အကြောင်းပြချက်ပေးနိုင်ရမယ်”

ပိုက်သာဂိုလ်ရပ်

တိတ်တိတ်နေ ထောင်တန်။

ကွန်ဖြူးရှပ်

မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ဘဲ သူတစ်ပါးအိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကို
အပြစ်မတင်ပါနှင့်။ “စဉ်းစားမှုမပါဘဲ ပညာသင်ခြင်းသည် အချည်းအနှီးမျှသာဖြစ်၍ ပညာမပါဘဲ
စဉ်းစားခြင်းသည်ကား အန္တရာယ်ကြီးပေသည်”

ဗိုလ်ချုပ်အောင်ဆန်း

ရာဇ၀င်ကိုဖတ်တာဟာ ရာဇ၀င်အတိုင်းမျှောလိုက်သွားဖို့ မဟုတ်ဖူး။ ရာဇ၀င်ကို
ဖန်တီးဖို့သာဖြစ်တယ်။

ဝီလဆင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဘဲ။

ပီမိုးနင်း

“လူမိုက်တို့သည် မိမိ၏အမှားမှ သင်ခန်းစာယူကြ၏ ။ လူလိမ်မာတို့သည် သူတစ်ပါး၏
အမှားမှ သင်ခန်းစာယူကြ၏” “တစ်စုံတစ်ရာကို ကြိုးစားကြံစည်၍ ဆုံးရှုံးခြင်းသည် တစ်စုံတစ်ရာကိုမှ
မကြိုးစားမကြံစည်ဘဲ ရခြင်းထက်မြတ်၏”

ဒေးကားနက်ဂျီ

လူတော်တစ်ယောက်ဆိုတာ မိမိထက်တော်တဲ့သူတွေကို မိမိအကျိုးအတွက်လုပ်ဆောင်ပေးရန်
ပြောဆိုတတ်ရတယ်။“လူမြင်လျှင် ပြုံးပါ”

လွိုက်ဂျုံး

“စိတ်နေဘုံဖျား ၊ လူနေချုံကြား”ဟုပြောခြင်းသည် နာစရာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဘုံဖျားသို့ စိတ်မရောက်လျှင်
ချုံကြားမှထွက်နိုင်မည်မဟုတ်ပေ။

ဟိုရှေးဖိုးကော

“လောက၌ မိမိကိုယ်ကို အချစ်ဆုံးသူသည် အရိုးသားဆုံးလူဖြစ်၍ အရိုးသားဆုံးလူသည်ကား
မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည်”

အရစ်တိုတယ်

“ကျွန်တော်သိတာ တစ်ခုဘဲရှိတယ်။ အဲဒါ ကျွန်တော်ဘာမှမသိဘူးဆိုတာဘဲ”

ဒီမောနေး
“ယဉ်ကျေးသိမ်မွေ့သူကားအခြားမဟုတ်။ တစ်စုံတစ်ယောက်သောသူက
တစ်စုံတစ်ခုသောအကြောင်းအရာကို လာရောက်ပြောဆိုသောအခါ ၄င်းအကြောင်းအရာသည်
မိမိသိပြီးဖြစ်ပါလျက် ငြိမ်သက်၍ စိတ်ပါဝင်စားစွာ နားထောင်သူပင်ဖြစ်သည်။”

ဗိုလ်ချုပ်ကြီး ပက်တန်

“မင်းတို့ခွေးမသားတွေ မင်းတို့တိုင်းပြည်အတွက်အသက်စွန့်တိုက်ရုံနဲ့
တိုက်ပွဲဆိုတာမနိုင်ဘူး။ တစ်ဖက်ခွေးမသားကို သူ့တိုင်းပြည်အတွက် အသက်စွန့်အောင်
လုပ်ပေးနိုင်မှ တိုက်ပွဲဆိုတာနိုင်မယ်”

ဘင်ဂျမင်ဒစ်ဆရေလီ

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

ဟင်းရစ်အစ်ဆန်

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေ
သည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း
မဖြစ်ပါနှင့်။

အီစွတ်

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။

ဆမ်းမာဆက်မော
သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများ
ဖြစ်တယ်။ (ဒီအချက်က ကျွန်တော်မကင်းဘူး)

လိုင်ဗွီ

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာ
လုံခြုံမှုအရှိဆုံးဖြစ်တယ်။

ဆာဖရန်စစ်ဘေကွန်
စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်
ထားသော လူတစ်ယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။

နီကီတာခရုရှက်

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။

လူခရီးတပ်စ်
တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။

ရပ်ဝယ်ဒိုအီမာဆန်

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။

ဂျော့ဖရီချော်ဆာ

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာဝင်ပေါက်ကြီးဖြစ်တယ်။အလုပ်မရှိတဲ့လူတစ်ယောက်
ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင် တယ်။

အဲဖရက်တင်နီဆင်

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

ဘလက်စတုံး

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက
ပိုလို့ကောင်းသေးတယ်။

ဂျွန်ဒရိုင်းဒန်

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

ဂျွန်မီတန်
သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း
တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဒါလေးကတော့စဉ်းစားစရာပဲ)

ဟင်းရစ်အစ်ဆန်

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။

ပလူးတက်

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ်
ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။

ချားဒါဝင်

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။

ဘင်ဂျမင်ဖရင်ကလင်း

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ
အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

စီဆာရို

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။

အယ်လင်နွာရုစဗဲ့

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

အလက်ဇန်းဒါးပုတ်

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာ လည်းကောင်းတယ်။
အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။

လောင်ဖဲလ်လိုး

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌
လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။

ဗစ်တာဟူဂို

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ် မှာ တင်းကျပ်နေတတ်သည်။

ဂျေ ၊ ဂျေ ၊ ရူးဆိုး
ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။

သိုးဆောင်းစကားပုံ

ပညာရှိများနှင့်တစ်နာရီဆွေးနွေး ရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။

အဂ္ဂါး

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။

အင်္ဂလိပ်စကားပုံ

သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။

ဒီဖိုမင်း

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ
ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း
လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား
ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့ အား မြေတောင်မြှောက်ရာ
ရောက်ပေသည်။

ဒေါက်တာဝီလျံအိုစလာ

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှ
ကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှ
ကို လုံးဝလက်မခံပါနှင့်။

ဂရိုဗာဂရိဗ်လန်း

စနစ်တကျ မှတ်သားထားတဲ့ ရည်မှန်းချက်ရယ်၊ ဆင်းရဲမှုဆိုင်ရာ စိတ်ပျက်ဖွယ် ခံစားချက်တွေ
ရယ်ကို ပေါင်းစပ်လိုက်မှလူမှာ မှန်ကန်တဲ့ အား ပေါ်လာတက်တာပဲ ။

ဆာဝေါ်လ်တာစကော့

စကားပြောကောင်းသူသည် စာဖတ်သည်၊ စဉ်းစားသည်၊ နားထောင်သည်။ ထို့ကြောင့် သူ့တွင်
ပြောစရာ၊ အကြောင်းရပ်တစ်ခုခုရှိသည် ။

ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန်ကဗျာဆရာ

အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့်ဆက်လက် လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက်
အဓိကသော့ချက်ဖြစ်၏ ။

သောမတ်ကေအင်ပစ်၊ ဂျာမန်ဘုန်းတော်ကြီး

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏ ပညာတက် သုခမိန်ကြီး
ဖြစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ ။

ခင်မောင်တိုး၊ မိုးမိတ်
မျှော်လင့်ချက် နှင့်တူသော ဆေး မရှိချေ။ မနက်ဖန်မှာ ပိုကောင်းမည်ဟု မျှော်လင့်နိုင်တာလောက်
ကြီးမားသော စိတ်ဓာတ် တက်ကြွမှုမရှိ ။ အားဆေးလည်း မရှိ ။စိတ်ကူးယဉ်ခြင်း၊ မျှော်လင့်ခြင်း၊ ပိုမိုကောင်းမွန်မှု ဖြစ်လာဖို့ရာ၌ မျှော်လင့်ခြင်းများသည် သတ္တိရှိစေသည်။ လေးလံသော ၀န်ထုတ်
ဝန်ပိုးများကို ပေါ့ပါးသွားစေသည်။ မှုန်ဝါးဝါးလျှောက်ရာလမ်းကို ကြည်လင် သွားစေသည်။

အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်

ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ
ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။

ဖရက်ဒ် အေ မန်းစ်ကေး

သူ့မှာ ရှိသော အသိဥာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်။

All Credit to Original post Owner

Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ ✔ ✔ ✔

ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပူပါနဲ့ ..

ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်သူNick Vujicic ကပြောခဲ့ခြင်း
ဖြစ်ပါတယ်..သူ၏စကားကိုကြည့်ခြင်းဖြင့်မသန်ပေမဲ့စွမ်းတဲ့သူ့စိတ်ဓာတ်ကိုအားကျဖွယ် မြင်တွေ့ရပါတယ်..

သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။

အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး
စကားများစွာ ထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်....


၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့...အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။

၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။

၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
.နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။

၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။

၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။

၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်... မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ...သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့  ကြိုးစားပါ...သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား ... သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။

၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ... မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား... အချိန်မှန်အိပ်စက်ပါ။

၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။

၁၁။မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ၊လမ်းကြောင်းဦးတည်ရာရှိပါစေ...ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး...အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။

၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ...ဖြေရှင်းလို့မရနိုင်ရင်.
..စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။

၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။

၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့...ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။

၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့... အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်။

၁၇။နောင်တ မရပါစေနဲ့... နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။

၁၈။ဘာကိစ္စပဲ ကြုံကြုံ...ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ... ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။

၁၉။ဘ၀မှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို  ရွေးချယ်ရမယ်ဆိုရင်... ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။

၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ...မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။

၂၁။တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ်....တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့... တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော ထပ်ကြိုးစားမှာလား...လူ့စိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။

Nick Vujicic
All Credit to Original Post Owner.

Professional တစ်ယောက်ရဲ့ အရည်အချင်း

(Professional)Pro..ပရိုဖက်ရှင်နယ်..ဆိုတဲ့စကားလုံးကိုကျယ်လောင်စွာပြောလာနေကြတဲ့ယနေ့ခေတ်လူငယ်များအတွက်
ပရိုဖက်ရှင်နယ်တစ်ယောက်ရဲ့အရည်အချင်းများကို ဖြည့်ဆည်းပိုင်ဆိုင်နိုင်ကြစေဖို့... ဖော်ပြလိုက်ရပါသည်။
1. Commitment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိ လုပ်တဲ့ အလုပ်မှာ အာရုံ စူးစိုက်နစ်ဝင်မှု ရှိရမယ်။

2. Responsibility
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိလုပ်တဲ့အလုပ်ကိုတာဝန်ယူရဲတဲ့သတ္တိ၊တာဝန်ယူလိုတဲ့စိတ်ရှိရမယ်။

3. Determined
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ဆုံးဖြတ်ချက် ခိုင်မာရမယ်။

4. Vision
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ခြုံငုံသုံးသပ်နိုင်စွမ်း ရှိရမယ်။ ရှေ့ကို ကြိုမြင်တဲ့ အရည်အချင်း ရှိရမယ်။

5. Compromise
ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ ငြင်းခုန်မှုတွေကြားကနေသဘောတူညီမှုတခုကိုရအောင်ညှိယူနိုင်ရမယ်။

6. Stand on Principle or Ethics
ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာတရား။ကိုယ့်ရဲ့စံ၊မူဝါဒကိုစွဲကိုင်ထားနိုင်သူ ဖြစ်ရမယ်။

7. Efficiency
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ အလုပ်တစ်ခုကို ထိရောက်အောင် စွမ်းဆောင်နိုင်သူ ဖြစ်ရမယ်။

8. Managing
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ အုပ်ချုပ်မှုပညာကို သိကျွမ်းနားလည်သူ ဖြစ်ရမယ်။

9. Assessment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ကိုယ် လုပ်ခဲ့တဲ့အလုပ်ရဲ့ အကျိုးအမြတ်၊ အရှုံးတွေကို ရဲရဲဝံ့ဝံ့ ပြန်လည် သုံးသပ်နိုင်သူ၊ သုံးသပ်တတ်သူ ဖြစ်ရမယ်။

10. Sharing & Participation
ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာမျှဝေပေးနိုင်သူ ဖြစ်ရမယ်။အဖွဲ့အစည်းတွင်းပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိသူ ဖြစ်ရမယ်။

11. Society
ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ သူနဲ့ ထပ်တူထပ်မျှ ခံစားနိုင်မဲ့၊ သူ့ကို နားလည်နိုင်မဲ့ အဖွဲ့အစည်း၊ အသင်း အဖွဲ့ တစ်ခု ရှိရမယ်။

12. Income
ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ ၀င်ငွေ တစ်ခုတော့ ရှိရမယ်။

13. Courage
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ သူယုံကြည်တဲ့ အရာကို လုပ်ရဲတဲ့ သတ္တိနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိရမယ်။

လူငယ်တိုင်းအိမ်မက်ကိုအကောင်အထည်ဖော်ပြီး အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားကြပါဟုဆန္ဒပြုရင်း

စိတ်ရည် စိတ်သွေးဆိုသည်မှာ - Emotional quotient

အရမ်းကို မှောင်မည်းနေတဲ့ လမိုက်ည တစ်ညရဲ့ သန်းခေါင်ယံ အချိန်၊ ခြံကျယ်ကြီး တစ်ခြံထဲက နှစ်ထပ်တိုက်ရဲ့အပေါ်ထပ်မှာ လူသုံးယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီဆိုပြီး တံခါးပွင့်လာတဲ့ အသံကို သူတို့ သုံးယောက်စလုံး ပြိုင်တူ ကြားလိုက်ကြရတယ်။ သရဲ သိပ်ကြောက်တဲ့ သူက..သရဲ..သရဲဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့။
သရဲကိုမယုံ၊ဒါသူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံး တစ်ယောက်ကတော့ တုတ်တုတ်မျှ မလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော် လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ် မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံ ကွာသွားတာကို တွေ့ရပါလိမ့်မယ်။

အခက်အခဲဆိုတာကို စိတ်ညစ်စရာလို့ မြင်ပြီး ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီး ဖြစ်သွားရုံရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲလို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘ၀မှာ အများ လေးစားရသူအဖြစ် အောင်မြင်လာတယ်။
ဆင်းရဲကျပ်တည်းတဲ့ မိသားစုက ပေါက်ဖွားလာတာချင်းတူပေမယ့် တစ်ယောက်က ဒါကို စိတ်ထွက်ပေါက် ပေးရင်းနဲ့ လူဆိုးလူမိုက် စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေ အဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်း မရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခ ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့ အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ ရွေးချယ်လို့ရတာက အဲဒီ အဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လို ခံယူချက်မျိုးထားပြီး တုံ့ပြန်မလဲ ဆိုတာပါပဲ။



ယနေ့ခေတ်မှာ ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိက ကျနေတာကို တွေ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ငါးခု ရှိပါတယ်။

၁။ မိမိကိုယ်ကို သိခြင်း(Self awareness)      

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ် မမြင် တတ်ပါဘူး။ ကိစ္စတစ်ခု ဖြစ်လာတိုင်း ကိုယ်သာ မှန်တယ်ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှု ဆက်ဆံရေးမှာတော့ အဲဒီ အတ္တဟာ တကယ့် အတားအဆီးပါပဲ။
လူဟာ ကိုယ့်ဘ၀ကိုယ်သိဖို့ သိပ်ကို လိုအပ်ပါတယ်။ ဘ၀ ဆိုတာကို ကျောင်းလို့ တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲ ဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများ ပုစ္ဆာ သွားဖြေချင်လို့ မရဘူး။ ဆရာဝန် ဖြစ်သွားတာချင်း တူရင်တောင် မိဘ ပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှု မရှိတဲ့သူက ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေရတယ်၊ အလုပ်လုပ် နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလားဆိုပြီး လောကကြီးကို အပြစ် ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အရှိကို အရှိအတိုင်း လက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာ ကိုယ်နားလည်အောင်လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။


၂။ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ခြင်း (Self Requlation)

အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့် တည်ဆောက် ယူရပါတယ်။ ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်၊ လုပ်ငန်းခွင်ထဲ ရောက်လာတော့ ပရော်ဖက်ရှင်နယ် ပီသအောင် နေထိုင်ရပြန်ပါတယ်။ အဆိုတော် တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်၊ အိပ်ရေးပျက်ခံလို့ မရဘူး၊ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမား တစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့် နေရတယ်၊ ခန္ဓာကိုယ် ကြံ့ခိုင်အောင် စားရ သောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံမရှိသေးတဲ့ အချိန်မှာ အသစ်အဆန်း လိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချုပ်တည်းရသလို၊ ပိုက်ဆံတွေ ရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခ ပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ် ရပြန်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။


၃။ စိတ်ဓာတ်တက်ကြွခြင်း (Motivation)

Motivation=A passion to work for the reasons that go beyond money and status.

အကြိုက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေး ကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေလာ ရှာနေတုန်းလို့ ရဲနှစ်ယောက်ကို မေးကြည့် လိုက်မယ်။ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓာတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့ အလုပ်က သိပ်ကို အရေးပါတယ်၊ ကျွန်တော်တို့သာ တစ်ခုခုမှား ယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေ နစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကို အန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည် (Performance)ဟာ တခြားစီ ဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် သူ့အလုပ်ကိုသူ ဘယ်လို သဘောထားလဲ ဆိုတာပါပဲ။

၎။ လူမှုဆက်ဆံရေး (Social Skill)

ခေါင်းဆောင်မှု စွမ်းရည်၊ စည်းရုံး လှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ ဒါတွေ အကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေးလို့ ပြောလိုက်ရင် လူတွေက စကားပြော ကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမယ့်၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူချက်ပါ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့၊ အတွေ့အကြုံမရှိလို့ စသဖြင့် ကိုယ့်ကိုကိုယ် အငုံ့စိတ် (Inferiority complex) ၀င်နေတဲ့အခါ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင် သွားတတ်ပါတယ်။ အဲဒီနောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရ အဆင်မပြေတော့ပါဘူး။

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့ အလုပ်တွေအပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအရေးပါပါတယ်။

၅။ ကိုယ်ချင်းစာတရား (Empathy)

လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်၊ ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာတဲ့။
ကျွန်တော် NGO မှာ အလုပ်စ၀င်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ သူတွေဆီက လစာတိုးပေးဖို့ အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိက ထားရတာလဲ၊ ပရဟိတ စိတ်ကို အရင်းခံရမှာပေါ့လို့ တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့် ကို မှီခို စားသောက်နေတဲ့သူ ဆိုတာမှ မရှိဘဲကိုး၊ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။
ဒါပေမဲ့ သူတို့ကျတော့ အဲလို ဟုတ်မနေဘူး၊ အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲလဲနေတာ၊ အမေဖြစ်သူက အဖေ့ကိုပြုစုရင်း ကလေး အငယ်လေးတွေကို စောင့်ရှောက် နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့် တက်စေခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာ တစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲ တွေကိုပါ နားလည် ပေးတတ်လာတယ်။
တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်း ဆက်ဆံရေး ကောင်းဖို့အတွက် အသက်သွေးကြော ဆိုလည်း မမှားပါဘူး။
ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဥာဏ်ရည် ဥာဏ်သွေး ကောင်းမွန်မှု ကြောင့်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၉၀ ကတော့ စိတ်ဓာတ် အရည်အသွေး အပါအ၀င် တခြားသော အကြောင်း အရာတွေ ကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။
ကြားဖူးတာလေး ရှိပါတယ်။

A bad attitude is like a flat, you can’t go anywhere until you change it.

အားနည်းနေတဲ့ စိတ်ဓာတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ် မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။

ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓာတ် အရည်အသွေး (Emotional quotient) အားကောင်းဖို့ လိုပါတယ်။


Writer:
Dr .Phio Thiha

Monday, 11 January 2016

Breastfeeding နို့ချိုတိုက်ကျွေး ရင်သွေးငယ်တို့ ကျန်းမာရေး




https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0bzcCjNP3avmNOe75kmGUgvt7Cxv0v15xawcioPqTn7emo-5kaY11h6CkOwCWsn0w-tFjoM0MsSNHxIh-a7w0TyCci57CEqowNIRPXr5Iq16keLCkVsSUugt3PXhPbLHmrL8DVgJiBm30/s200/pd_breastfeeding_070706_ms.jpg

ကမ္ဘာဦးစတည်းက လူသားတွေဟာ မိခင်နို့ကို သောက်သုံးပြီး လူ့ဘ၀ကို စတင်ခဲ့ကြပါတယ်။
လူသားတစ်ယောက်အနေနဲ့ ကျန်းမာသန်စွမ်းဖို့ ၊ ဥာဏ်ရည်မြင့်မားဖို့ ၊ ကြီးထွားရှင်သန်ဖို့ အတွက် မိခင်နို့ရည်ဟာ အလွန်အရေးပါလှပါတယ်။ မိခင်ရဲ့ စေတနာ ၊ မိခင်ရဲ့ မေတ္တာ ၊ အကြင်နာတွေ ၊ မိခင်ရဲ့ အသွေးအသားတွေနဲ့ဖွဲ့စည်းထားတဲ့ နို့ရည်တစ်စက်ကိုသောက်သုံးပြီး လောကကြီးအလယ်မှာ လူရယ်လို့ရပ်တည်လာခဲ့ကြပါတယ်။ မိခင်နို့ရည်ရဲ့ တန်ဖိုးဟာ အလွန်ကြီးမားလှပါတယ်။ မိခင်တို့ရဲ့ မေတ္တာတရားတွေကတော့ အနှိုင်းအဆမဲ့ မွန်မြတ်လှပါတယ်။ သို့သော် ယခုမျက်မှောက်ကာလမှာ တစ်ချို့၊ တစ်ချို့သော မိခင်တွေအတွက် မိမိတို့ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ အခက်အခဲတွေရှိလာပါတယ်။ တစ်ချို့က မိသားစုစားဝတ်နေရေးကို အကြောင်းပြသလို ၊ တစ်ချို့ကလည်း မိမိလို့ အလှအပ ပျက်မှာစိုးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မိမိတို့ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ၀န်လေးနေကြပါတယ်။ ငြင်းဆန်နေကြပါတယ်။ နို့ချိုတိုက်ကျွေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးရလာဒ်တွေကို လက်လွတ်ဆုံးရှုံးနေပါတယ်။ ဒါဆိုရင် မိခင်နို့ရည်ဘယ်က ဖြစ်လာလဲ ၊ မိခင်နို့ရည်တိုက်ကျွေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရရှိမလဲ .....................................................။


မိခင်နို့ရည်ဖြစ်ပေါ်လာပုံအဆင့်ဆင့်

မိခင်နို့ရည်ဖြစ်ပေါ်လာပုံသိရှိဖို့အတွက် မိခင်ရဲ့ သားမြတ်ဖွဲ့စည်းပုံအကြောင်းကို အရင်သိရှိဖို့လိုပါတယ်။ နို့ရည်ဖွဲ့စည်းဖို့အတွက် သားမြတ်တစ်ခုမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ -
၁။ Alveolus
၂။ Milk duct
၃။ Lactiferous tubules or Lactiferous ducts
၎။ Lactiferous sinuses
တို့ပဲဖြစ်ပါတယ်။
Photo Sharing and Video Hosting at Photobucket
သားမြတ်ဖွဲ့စည်းပုံ


Photo Sharing and Video Hosting at Photobucket

နို့ရည်စတင်ထုတ်လုပ်ပေးတဲ့နေရာကတော့ Alveolus တွေပဲဖြစ်ပါတယ်။ Alveolus တွေထဲမှာရှိတဲ့ Gland Cells တွေကနို့ရည်ကို ထုတ်လုပ်ပေးပါတယ်။ Gland Cells တွေကို myoepithelial cells တွေနဲ့ဝန်းရံထားပြီး Gland cells တွေက ထုတ်လုပ်ပေးတဲ့ နို့ရည်တွေကို Milk duct တွေထဲကို ညှစ်ထုတ်ပေးပါတယ်။ Milk duct တွေမှတဆင့် နို့ရည်တွေဟာ Lactiferous duts တစ်လျှောက်စီးဆင်းလာပြီး Lactiferous sinuses တွေထဲမှာ သိုလှောင်ထားပေးပါတယ်။ ရင်သွေးငယ်သောက်သုံးဖို့အတွက် နို့ရည်ကို အသင့်ပြင်ဆင်ထားပေးပါတယ်။
ဟော်မုန်းဓါတ်များ

ထိုသို့ နို့ရည်ဖွဲ့စည်းမှုနဲ့ ရင်သွေးငယ်သောက်စို့မှုအတွက် ဟော်မှုန်းဓါတ်တွေကလဲ အရေးပါတဲ့ အခန်းကနေပါဝင်လာပါတယ်။ အဓိက ဟော်မှုန်း ၂ မျိုးကတော့ ဦးနှောက်ရဲ့ ပစ်ကျူထရီ ( Pituitary Gland ) အရှေ့ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Prolactin နှင့် အနောက်ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Oxytocin တို့ပဲဖြစ်ပါတယ်။ ရင်သွေးငယ်ဟာ မိခင်ရဲ့ သားမြတ်ခေါင်းကို ငုံစို့လိုက်မယ်ဆိုရင် သားမြတ်ခေါင်းထိပ်မှာရှိတဲ့ အာရုံကြောများကတဆင့် မိခင်ဦးနှောက်အတွင်းမှာရှိတဲ့ ပစ်ကျူထရီ ဂလင်း ကို လှုံ့ဆော်ပေးပါတယ်။ ထိုအခါ ပစ်ကျူထရီ ဂလင်းများမှ ပရိုလက်တင် နှင့် အောက်စီတိုစင် ဟိုမှုန်းဓါတ်များကို စတင်ထုတ်လွှတ်ပေးပါတယ်။ Prolactin ( ပရိုလက်တင် ) က နို့ရည်ကို ဖွဲ့စည်းပေးပြီး ၊ Oxytocin ( အောက်စီတိုစင် ) က သိုလှောင်ထားတဲ့ နို့ရည်များကို ရင်သွေးငယ်သောက်သုံးဖို့အတွက် ညှစ်ချပေးပါတယ်။ ထိုသို့ ညှစ်ချပေးတာကို ( Milk down reflux ) လို့ခေါ်ပါတယ်။
Photo Sharing and Video Hosting at Photobucket
ဟော်မှုန်းဓါတ်များ၏ လုပ်ဆောင်ပုံအဆင့်ဆင့်

နို့ရည်ဖွဲ့စည်းမှုဟာ ကိုယ်ဝန် ၁၆ ပါတ် မှ ၂၀ ပါတ်တွင် စတင်ခဲ့ပေမယ့် Progesterone ( ပရိုဂျက်စတီရုန်း ) ဓါတ်၏ တားဆီးမှုကြောင့် နို့ချိုထွက်ရှိခြင်းမရှိပါဘူး ။ ကလေး မီးဖွားပြီးသောအခါ ပရိုဂျက်စတီရုန်းဓါတ်တွေ လျှော့နည်းသွားပြီး နို့ရည်ဖွဲ့စည်းမှုကို လုပ်ဆောင်လာနိုင်ပါတယ်။
မိခင်နို့ရည်တွင်ပါဝင်သော ဓါတ်ပစ္စည်းများ

မိခင်နို့ရည်ဟာ ရင်သွေးငယ်တို့ ကြီးထွားရှင်သန်ဖို့အတွက် အကောင်းဆုံးသော အစာအာဟာရဖြစ်ပါတယ်။ အသက် ၄လ မှ ၆ လအထိ အခြားသော အစားအစာမကျွေးဘဲ လုံလောက်တဲ့ အာဟာရဓါတ်တွေကို ရရှိစေပါတယ်။ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ပေါ်မှာမူတည်ပြီး လုံလောက်သော ဗိုက်တာမင်ဓါတ်များ ၊ အာဟာရဓါတ်များ၊ မင်နရယ်ဓါတ်ပစ္စည်းများ ( Minerals ) ကို ဖြည့်ဆည်းပေးပြီး ကြေညက်လွယ်ပါတယ်။
မိခင်နို့ရည်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ -
၁။ ကာဗိုဟိုက်ဒရိတ် ( carbohydrate ) - မိခင်နို့ရည်ထဲမှာအများဆုံးပါဝင်တာကတော့ Lactose ဖြစ်ပြီး 6 - 7 g/dl ရှိပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်စီယမ် စုပ်ယူမှုမှာကူညီပေးပါတယ်။
၂။ ပရိုတင်း ( Proteins ) - ကလေးရဲ့ ခန္ဓာကိုယ်ဟာ ပရိုတင်းအများကြီး မခြေဖျက်နိုင်တဲ့အတွက် မိခင်နို့ရည်မှာ ပရိုတင်းဓါတ်အနည်းငယ်သာပါရှိပါတယ်။ ဒါ့အပြင် ဦးနှောက်နှင့် အာရုံကြောအတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ( Aminoacid ) တွေပါဝင်ပါတယ်။ ဒီအမိုင်နိုအက်ဆစ်တွေဟာ နွားနို့နဲ့ နို့မှုန့်တွေမှာ မပါရှိပါဘူး။
၃။ အဆီ ( Fates ) - နို့ရည်မှာ အာရုံကြောများအတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ် ( Polyunsaturated fatty acids) တွေပါရှိပါတယ်။ ဒါ့အပြင် အသက်ကယ် စတီးရွိုက်ဟော်မုန်း တွေဖွဲ့စည်းမှုအတွက်လိုအပ်တဲ့ အခြားသော fatty acids တွေပါရှိပါတယ်။
၎။ ဗိုက်တာမင် နှင့် မင်နရယ်ဓါတ်များ ( Vitamins and Minerals ) - အသက် ၄ လမှ ၆ လအထိ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပမာဏပါရှိပါတယ်။ ( ဥပမာ- VitA, D, E, K , Iron, Zinc, Sodium, Potassium, Calcium ) .( မှတ်ချက် - နို့ရည်ထဲမှာ VitK ရဲ့ ပါဝင်မှုဟာနည်းပါတယ်။ ဒါကြောင့် ကလေးငယ်မွေးမွေးခြင်း VitK 1mg ကိုအသားဆေးအနေနဲ့ ထိုးပေးရပါတယ်။ VitK ဟာ သွေးခဲနိုင်မှု( Blood Coagulation ) ကိုဖြစ်စေပြီး ၊ လုံလောက်တဲ့ ပမာဏမရှိပါက သွေးယိုစီးမှုများဖြစ်တတ်သည် ။ )
၅။ အရည်ဓါတ် ( Water and electrolytes ) - ရေပါဝင်မှု ၈၈ ရာခိုင်နှုန်းရှိပါတယ်။

၆။ ခန္ဓာကိုယ်ခုခံအားကို တိုးတက်စေသောဓါတ်ပစ္စည်းများ။( ဥပမာ- IgA , Interferon )
ဒီဓါတ်ပစ္စည်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှု ၊ ခုခံအားမြင့်မားတိုးတက်မှုတို့ကို ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးထားပါတယ်။ ဓါတ်ပစ္စည်းတွေရဲ့ ပါဝင်တဲ့ ပမာဏဟာ အမြဲတမ်းပုံသေမရှိပါဘူး ။ နို့တိုက်ကျွေးတဲ့ သက်တမ်း ၊ အချိန်အပိုင်းအခြားပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အဲဒီလို ကာလအပိုင်းအခြားပေါ်မှာမူတည်ပြီး နို့ရည်ကို အမျိုးအစားများစွာ ထပ်မံခွဲခြားထားပါတယ်။
နို့ရည်အမျိုးအစားများ

၁။ Closterum ( နို့ဦးရည် )
မီးဖွားပြီး ပထမ ၃ ရက်အတွင်းမှာ ထွက်တဲ့ နို့ရည်ဖြစ်ပါတယ်။ ဒီနို့ရည်မှာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ Antibodies များ ၊ ဗိုက်တာမင် ပမာဏတွေပိုမိုပါဝင်ပါတယ်။ အ၀ါရောင်သန်းပြီး ၊ အနည်းငယ်ပျစ်ပါတယ် ( yellow and thick ) ။ အနည်းငယ်သာထွက်ရှိပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်အတွက် လုံလောက်တဲ့ ပမာဏကို ရရှိပါတယ်။ ဒီနို့ရည်ဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို ပိုမိုတိုးတက်စေပြီး ရောဂါများမှ ကာကွယ်ပေးပါတယ်။ ဒီနေရာမှာ အယူအဆလွဲမှားနေတာလေးကို တင်ပြချင်ပါတယ်။ မိခင်အများစုဟာ ပထမဆုံးထွက်တဲ့ နို့ရည် အ၀ါရောင်တွေကို ကလေးငယ် ၀မ်းပျက်မှာ ဆိုးတယ်ဆိုပြီး ညှစ်ထုတ်ပြစ်တတ်ပါတယ်။ ကလေးငယ်ကို မတိုက်ကျွေးပါဘူး ။ ဒါဟာလွဲမှားတဲ့ အယူအဆတစ်ခုပါ ။ ဒီနို့ရည်ဟာ ခုခံအားကိုမြင့်မားစေတဲ့အတွက် ရောဂါများ ၊ ၀မ်းပျက်ဝမ်းလျှောခြင်းများမှလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးငယ်ကို ကူးစက်ရောဂါများမှကင်းဝေးစေချင်တယ်ဆိုရင် ဒီနို့ရည်ကို မဖြစ်မနေတိုက်ကျွေးရပါမယ် ။
၂။ Transitional Milk
နို့ဦးရည်ထွက်ပြီး နောက် ၂ ပါတ်အတွင်း ထွက်တဲ့ နို့ရည်ကိုတော့ Transitional Milk လို့ခေါ်ပါတယ်။ အဆီနဲ့ သကြားဓါတ်တွေပိုမိုပါဝင်ပါတယ်။
၃။ Mature Milk
မီးဖွားပြီး ၂ ပါတ်နောက်ပိုင်းထွက်တဲ့ နို့ရည်တွေကိုတော့ Mature Milk လို့ခေါ်ပါတယ်။ ဒီနို့ရည်ဟာ အဖြူရောင်ဖြစ်လာပြီး ၊ နို့ဦးရည်လို ပျစ်နေတော့ပါဘူး ။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လုံလောက်စွာပါဝင်ပါတယ်။
၎။ Preterm Milk
ကိုယ်ဝန် ၃၇ ပါတ်မတိုင်မီ မွေးဖွားတဲ့ ကလေးတွေကို လမစေ့တဲ့ ကလေး ( Preterm ) လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးငယ်တွေကို မွေးဖွားထားတဲ့ မိခင်ကထွက်တဲ့ နို့ရည်ကိုတော့ Preterm Milk လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးတွေဟာ ပရိုတင်း၊ ဆိုဒီယမ် ၊ ကယ်လိုရီ ၊ Iron ၊ Immunoglobulins ဓါတွေပိုမိုလိုအပ်တဲ့ အတွက် Preterm Milk မှာ အဲဒီဓါတ်တွေ ပိုမိုပါရှိပါတယ်။
နို့ရည်အမျိုးအစားများ

Photo Sharing and Video Hosting at Photobucket
နို့တိုက်ကျွေးခြင်းကြောင့်ရနိုင်သော အကျိုးကျေးဇူးများ

နို့တိုက်ကျွေးခြင်းဟာ မိခင်ရော ၊ ကလေးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရရှိပါတယ်။
ကလေးငယ်အတွက်ရရှိနိုင်သောအကျိုးကျေးဇူးများ-

၁။ မိခင်နို့ဟာ ကလေးငယ်အတွက်လုံလောက်တဲ့အာဟာရဓါတ်ကိုပေးပါတယ်။ အချိန်မရွေးရရှိနိုင်ပြီး ၊ အလွယ်တကူကြေညက်လွယ်ပါတယ်။ လတ်ဆတ်ပါတယ်။
၂။ ကလေးငယ်၏ ခုခံအားနှင့် အာရုံကြောဖွဲ့စည်းမှုကို ကောင်းမွန်စေခြင်း ။
၃။ ကလေးငယ်၏ အစာလမ်းကြောင်းနှင့် လုပ်ဆောင်မှုကို ပြည့်စုံကောင်းမွန်စေခြင်း ။
၎။ ဦးနှောက်နှင့် အမြင်အာရုံကိုပိုမိုကောင်းမွန်စေသော fatty acids နှင့် amino acids များပါဝင်ခြင်း ။ ကလေးငယ်၏ ဥာဏ်ရည်၊ ဥာဏ်သွေး ပိုမိုမြင့်မားစေခြင်း ။ ( နို့တိုက်သောကလေးများရဲ့ IQ ဟာ ၊ နို့မှုန့်တိုက်သောကလေးများရဲ့ IQ ထက် 8-10 points ပိုများပါတယ်)။
၅။ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။( ဥပမာ -၀မ်းပျက်ဝမ်းလျှောခြင်း ၊ အသက်ရှုလမ်းကြောင်းရောဂါများ ) ။
၆။ ကလေးငယ်၏ သွားနှင့် မေးရိုးဖွဲ့စည်းမှုကို မှန်ကန်ကောင်းမွန်စေပြီး ၊ စကားပြောဆိုနိုင်မှုကို ကူညီပေးပါတယ်။
၇။ ငှက်ဖျားရောဂါပိုးကို ကာကွယ်ပေးသော PABA - Para Amino Benzoic Acid ပါဝင်ခြင်း ။
၈။ ကလေးငယ်၏ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေခြင်း ။
၉။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေခြင်း ။
၁၀။ Food allergies များမှကာကွယ်ပေးခြင်း ။
မိခင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ-

၁။ ငွေကြေးကုန်ကျမှုမရှိခြင်း ။
၂။ သားအိမ်ကျုံ့ အားကောင်းစေသောကြောင့် မီးဖွားပြီး သွေးဆင်းခြင်း ( Post Partum Bleedings ) များမှ ကာကွယ်ပေးခြင်း ။
၃။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ပြီး ၀လာတတ်ပါတယ်။ နို့တိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်ကို ပြန်လည်ရရှိစေပါတယ်။
၎။ နို့တိုက်ကျွေးခြင်းဖြင့် ရင်သားကင်ဆာ ၊ မမျိုးဥ ကင်ဆာ ( Ovarin cancer ) ၊ သားအိမ်ကင်ဆာ နှင့် အရိုးများ ပွပြီး ကျိုးဆတ်စေသော Osteoporosis ရောဂါများမှ ကာကွယ်ပေးခြင်း ။
၅။ ရင်သွေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါက မိခင် မမျိုးဥကြွေခြင်း Ovulation ကိုတားဆီးပေးသဖြင့် နောက်ထပ်ကိုယ်ဝန်မရရှိနိုင်ပါ။ ထိုကာလတွင် ဓမ္မတာထိန်နေတတ်ပြီး ကိုယ်ဝန်တားဆေးများကဲ့သို့ပင် ၉၈-၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားစေပါတယ်။ ထိုသို့သားဆက်ခြားခြင်းကို LAM - Lactational Amenorrhea Method လို့ခေါ်ပါတယ်။
၆။ ဆီးချိုရောဂါရှင် မိခင်များအတွက် Insulin အသုံးပြုရသော ပမာဏကို လျှော့နည်းစေပါတယ်။
၇။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။
နို့ထွက်နဲစေသောအကြောင်းအရင်းများ

၁။ ကလေးကို ခွဲစိတ်မွေးဖွားခြင်းကြောင့် နို့ရည်ထွက်ရှိမှု နှောင့်နှေးတတ်ပါတယ်။
၂။ နို့ဗူးတိုက်ကျွေးခြင်းကြောင့်လည်း နို့ထွက်နဲစေပါတယ်။
၃။ ကလေးနို့ဆာနေချိန်တွင် မတိုက်ဘဲထားခြင်း။
၎။ မိခင်နို့အပြင် အခြားသော အစားအစာများကျွေးခြင်း။
၅။ သန္ဓေတားဆေးများသုံးစွဲခြင်း။
၆။ သားမြတ်နာကျင်မှုကြောင့် နို့တိုက်ကျွေးရန် စိုးရွံ့ခြင်း ( ဥပမာ- သားမြတ်ရောင်ရမ်းခြင်း ၊ သားမြတ်ခေါင်းကွဲခြင်း ၊ အနာဖြစ်ခြင်း ) ။
ဘယ်အချိန်မှာ နို့စတင်တိုက်ရမလဲ

စောနိုင်သမျှစောစောတိုက်ကျွေးရပါမယ်။ ရိုးရိုးဖွားမြင်သောကလေးများကို မီးဖွားပြီး ၃၀ မိနစ်အတွင်းစတင်တိုက်ကျွေးရပါမယ်။ ခွဲစိတ်မွေးဖွားသောကလေးများအတွက် မိခင် မေ့ဆေးပြယ်သောအချိန်က စတင်ပြီးတိုက်ကျွေးနိုင်ပါတယ်။
တစ်နေ့ဘယ်နှစ်ကြိမ်တိုက်ကျွေးရမလဲ

ကလေးဆာသော အချိန်တိုင်းတိုက်ကျွေးပါ။ အနည်းဆုံး တစ်နေ့ကို ၇ ကြိမ်မှ ၁၁ ကြိမ်ထိ တိုက်ကျွေးရပါမယ်။
ဖြည့်စွက်စာ လိုအပ်ပါသလား

ကလေး အသက် ၄ လမှ ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ လိုအပ်ပါတယ်။
နို့တိုက်ကျွေးစဉ်ရှောက်ကြဉ်ရမည့်အချက်များ

ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမယ်။ ကင်ဆာဆေးသုံးစွဲနေသူများအနေနဲ့ နို့တိုက်ကျွေးခြင်းမပြုသင့်ပါဘူး ။ ထို့အပြင် တီဘီရောဂါ ၊ ခုခံအားကျခင်းမှုရောဂါ ကူစက်ခံထားရသော မိခင်များအနေနဲ့လဲ နို့တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
ဘယ်အခါမှာဖြည့်စွက်စာ ကျွေးသင့်ပါသလဲ

ကလေးငယ်အသက် ၄ လကျော်လာလျှင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အာဟာရ ပိုမိုလိုအပ်လာသဖြင့် မိခင်နို့အပြင် အခြားဖြည့်စွက်စာများကိုလဲ စတင်ကျွေးမွေးသင့်ပါတယ်။
ကလေးကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ

နို့တိုက်ကျွေးနေသောကလေးများအနေနဲ့ အောက်ပါနှုန်းအတိုင်း ကိုယ်အလေးချိန်တက်ပါတယ်။ -
အသက် ၄ လ အထိ တစ်ပါတ်လျှင် ၁၇၀ ဂရမ်
အသက် ၄ လမှ ၆ လအထိ တစ်ပါတ်လျှင် ၁၁၃ မှ ၁၄၂ ဂရမ်
အသက် ၆ လမှ ၁ နှစ်အထိ တစ်ပါတ်လျှင် ၅၇ ဂရမ်မှ ၁၁၃ ဂရမ် ။
အကြမ်းဖျင်းအားဖြင့် အသက် ၄ လအချိန်တွင် မွေးဖွားစဉ်က ရှိသော ကိုယ်အလေးချိန်ထက် ၂ ဆ ရှိရပါမယ်။
Exclusive Breast Feeding

Exclusive breast feeding ဆိုတာ တခြားအစား အစာများ မကျွေးဘဲ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကိုခေါ်ပါတယ်။ ကလေးငယ်ကို မိခင်နို့မှတပါး ရေတောင်မှ မတိုက်ရပါဘူး။ ရေတိုက်ဖို့လဲ မလိုအပ်ပါဘူး။ မိခင်နို့မှာ ရေဓါတ်ပါဝင်မှုက ၈၈ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေထပ်မံတိုက်ကျွေးစရာမလိုပါဘူး ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။
လုပ်ငန်းခွင်ဝင်သော မိခင်များဘယ်လိုနို့တိုက်ကျွေးမလဲ

လုပ်ငန်းခွင်ဝင်သော မိခင်များအနေနဲ့ မိမိရင်သွေးကို ဆက်လက်နို့တိုက်ကျွေးလို့ရပါတယ်။ အလုပ်မသွားမီ နို့ရည်ကို စနစ်တကျ သန့်ရှင်းစွာ ညှစ်ယူပြီး ၊ သန့်ရှင်းသော ဖန်ခွက်အတွင်းသိုလှောင်ထားပြီး တိုက်ကျွေးသင့်ပါတယ်။ ညှစ်ထားသော နို့ရည်များ ( Expressed Breastmilk ) များကို အေးသော နေရာမှာထားရပါမယ်။ သို့သော် ရေခဲရလောက်အောင် မအေးရပါ။ အလွန်အေးပါက နို့ရည်အတွင်းရှိ အချို့သော ဆဲလ်များ သေသွားတတ်သောကြာင့် နို့ရည်ကို ခဲမထားရပါ။ အနည်းငယ်အေးလျှင်ရပါသည်။
ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်

နှစ်စဉ် သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံအသီးသီးတွင် မိခင်နို့တိုက်ကျွေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ၁၉၉၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပါတယ်။

ယခုနောက်ပိုင်းဖွံ့ ဖြိုးတိုးတက်လာသောကာလတွင် မိခင်နို့တိုက်ကျွေးမှုမှာနည်းပါးလာပြီး ၊ နို့မှုန့်နှင့် အခြားသော နို့အစားထိုးပစ္စည်းများကို အသုံးပြုလာကြပါတယ်။ ထိုအခါ အာဟာရမလုံလောက်ခြင်း ၊ ကူးစက်ရောဂါများပိုမို ကူးစက်ခံရခြင်း ၊ အချိန်မတန်ဘဲ အသက်ဆုံးရှုံးရခြင်းများကို ကြုံတွေ့လာရပါတယ်။တို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၉၀ ခုနှစ်မှာ နို့မှုန့်နှင့် အခြားနို့အစားထိုးပစ္စည်းများ ကြော်ငြာရောင်းချခြင်းကို တားမြစ်သည့် ကြေညာချက် ( Innocenti Declaration ) ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ အောက်ပါအချက်အလက်များလဲပါဝင်ပါတယ်။
၁။ နို့မှုန့်နှင့် နို့အစားထိုးပစ္စည်းများကို ကြော်ညာခြင်းမပြုရ။
၂။ ထိုပစ္စည်းများကို မိခင်များသို့ နမူနာ မဖြန့်ဝေရ ။
၃။ နမူနာပေးခြင်း ၊ ဈေးလျှော့ခြင်းကဲ့သို့သော အရောင်းမြှင့်တင်ခြင်းမျိုးမလုပ်ရ။
၎။ နမူနာများကို ကျန်းမာရေးဝန်ထမ်းများအား မပေးရ။
၅။ ဗူးခွံများတွင် ကလေးငယ်ပုံများ ၊ နို့အစားထိုးပစ္စည်းများကို ကြော်ညာသည့် စာတမ်းများရေးသားခြင်းမပြုရ။

ကုမ္ပဏီများ ၊ ထုတ်လုပ်သော စက်ရုံများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသော ဥပဒေများအရ အရေးယူခြင်းခံရပါမယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ရင်သွေးငယ်တို့ ဘ၀ ကျန်းမာရှင်သန်စေဖို့အတွက် မိခင်နို့တိုက်ကျွေးကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

လေးစားစွာဖြင့် -
စိုးသီဟ