Wednesday, 25 February 2015
မိန်းကလေးအတွက် ဘဝဒဿန
(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။
(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။
(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။
(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။
(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။
(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။
ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။
အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။
(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။
ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။
အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။
(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။
သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။
အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။
ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။
ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။
(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။
(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။
အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။
သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။
တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။
အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။
မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110510/183457.html
http://www.99sanay.com/2011/05/blog-post_20.html
All Credit to original post Owner.
သူရဲကောင်း မဖြစ်ချင်သူ
ကလေးတွေက စန္ဒယားပညာရှင်၊ ရုပ်ရှင်မင်းသား၊
နိုင်ငံရေးခေါင်းဆောင် စတဲ့ သူတို့ရဲ့ရည်မှန်းချက်ကို ပြောပြကြတယ်။ (၄)နှစ်ခွဲအရွယ်
သမီးလေးတစ်ယောက်ကတောင် ကြီးလာရင် တီဗီအစီအစဉ် တင်ဆက်သူလုပ်မယ်ဆိုလို့ လူတွေက
လက်ခုပ်တီးခဲ့ကြတယ်။
ကျွန်မရဲ့(၁၂)နှစ်သမီးလေးကတော့ သူ့ဘေးက မောင်ငယ်၊ ညီမငယ်တွေကို ပုဇွန်ခွာပေးလိုက်၊ ထမင်းဟင်းခွံပေးလိုက်နဲ့ သူ့ရည်မှန်းချက်ကို ပြောဖို့တောင် မအားလပ်ခဲ့ပါဘူး။
ကိုယ့်ရည်မှန်းချက်ကို မဖြေသူထဲမှာ သမီးတစ်ယောက်ပဲကျန်တာကို အားလုံးသတိထားမိတော့ သူ့ကို အတင်းအကျပ်မေးကြတယ်။ တလေးတစားနဲ့ သူ ပြန်ဖြေခဲ့ပါတယ်။
"ကြီးလာရင် သမီးဖြစ်ချင်တဲ့ ပထမရည်ရွယ်ချက်က မူကြိုကျောင်းမှာ ဆရာမလုပ်ဖို့ပါ။ ကလေးတွေနဲ့ ဆိုမယ်၊ ကမယ်၊ ကစားမယ်"
လူကြီးတွေက သူ့ရည်ရွယ်ချက်ကို အားတုံ့အားနာလက်ခံကြပြီး ဒုတိယရည်ရွယ်ချက်ကို အလျင်စလို မေးကြပြန်တယ်။
"သမီးရဲ့ဒုတိယရည်ရွယ်ချက်က မီးဖိုချောင်ခါးစည်းလေးပတ်ပြီး မီးဖိုထဲဝင်ချက်ပြုတ်တဲ့ အိမ်ရှင်မ ဖြစ်ချင်ပါတယ်။ ကိုယ့်သားသမီးတွေကို ပုံပြင်ပြောပြမယ်။ သူတို့လေးတွေနဲ့ ဝိုင်းဖွဲ့ပြီး ဝရံတာမှာ ကြယ်လေးတွေကို ငေးမောမယ်"
သမီးရဲ့စကားကိုကြားတော့ ဆွေမျိုးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြတယ်။ သူ့ဖေဖေ ကျွန်မအမျိုးသားကတော့ နေရထိုင်ရ ခက်နေတာပေါ့။
အိမ်ပြန်ရောက်တော့ "သမီးကို မူကြိုကျောင်းဆရာမနဲ့ပဲ ငါတို့ကျေနပ်ရတော့မလား? အလယ်အလတ် ကျောင်းသူအဆင့်နဲ့ပဲ ငါတို့ ဒီအတိုင်းကြည့်နေရတော့မလား"လို့ အမျိုးသားက သက်ပြင်းတချချနဲ့ ညည်းပါတယ်။
တကယ်တော့ ကျွန်မတို့လည်း အကြံဉာဏ်အမျိုးမျိုးသုံးပြီး သမီးအဆင့်တက်အောင် လုပ်ခဲ့ပါတယ်။ အိမ်မှာ ဆရာမခေါ်သင်တာ၊ အချိန်ပိုတက်စေတာ၊ လိုအပ်တဲ့ အမျိုးမျိုးသောစာအုပ်တွေကို ဝယ်ခဲ့ပါတယ်။ သမီးကလည်း လိမ္မာပြီး ကျွန်မတို့စကားကို နားထောင်ခဲ့ပါတယ်။ ကာတွန်းစာအုပ်လည်း မဖတ်တော့ပါဘူး။ စက္ကူတွေနဲ့ ပန်းတွေမညှပ်တော့ပါဘူး။ နေ့လယ်နေ့ခင်း တရေးတမောလည်း မအိပ်တော့ပါဘူး။
သမီးဟာ အမောပန်းလွန်တဲ့ ငှက်ကလေးတစ်ကောင်လို ဒီသင်တန်းကနေ ဟိုသင်တန်း၊ ဒီစာအုပ်ကနေ ဟိုစာအုပ် မနားမနေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ကိုယ်ခံအားက ဒါတွေကို မခံနိုင်တော့ သမီးလေး အပြင်းဖျားခဲ့ပါတယ်။ ဆေးတွေသွင်း ကုတင်ပေါ်လဲနေရသည့်တိုင် တောင့်ခံပြီး ကျောင်းစာတွေကို သူလုပ်ခဲ့လို့ နောက်ဆုံးမှာ အဆုတ်ရောင်ရောဂါပါ အဆစ်ရလိုက်တယ်။ ရောဂါပျောက်တော့ သမီးရဲ့ဝဝလုံးလုံး မျက်နှာက တဝက်လောက် ပိန်ကျသွားခဲ့တယ်။ စာမေးပွဲဖြေတော့လည်း သမီးရဲ့အဆင့်က(၂၃)က မတက်ခဲ့တော့ ကျွန်မတို့မှာရယ်ရမလို ငိုရမလိုဖြစ်ခဲ့ကြတယ်။
သမီးအတွက် အာဟာရတွေတိုး၊ အားပေးမှုတွေတိုးပြီး ကျွန်မတို့ ကြိုးစားစမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးရဲ့မျက်နှာက ပိုပြီးဖြူဖပ်လျော့ရဲလာခဲ့တဲ့အပြင် စာမေးပွဲဆိုတဲ့အသံကြားတာနဲ့ အစာစားမဝင်၊ အိပ်မပျော်တော့ဘဲ ချွေးစီးပါပြန်လာတတ်ပါတယ်။ အဲဒီနောက်တော့ အတန်းထဲကအဆင့်(၃၃)အဖြစ်နဲ့ ကျွန်မတို့ကို ဆွံအသွားစေခဲ့ပါတယ်။
နောက်ဆုံးမှာ ကျွန်မနဲ့ကျွန်မအမျိုးသားက တက်တက်ကြွကြွလုပ်ခဲ့တဲ့ ပျိုးပင်သန်မာကြီးထွားရေးလှုပ်ရှားမှုကို အသံတိတ် ရပ်နားလိုက်တော့တယ်။ သမီးလေးကို ပုံမှန်ပြန်ဖြစ်လာအောင် ကာတွန်းဆွဲတဲ့အခွင့်အရေး ပြန်ပေးလိုက်တယ်။ "ကလေးရုပ်စုံစာစောင်"တွေ ဖတ်ခွင့်ပေးလိုက်တယ်။ အိမ်တစ်အိမ်လုံး ရက်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။ သမီးလေးရဲ့အဖြစ်ကိုကြည့်ပြီး ကျွန်မတို့ရင်နာသနားမိပေမယ့် သူ့အမှတ်၊ သူ့အဆင့်အတွက် ကျွန်မတို့သက်ပြင်းချခဲ့ရပါတယ်။
ရုံးပိတ်ရက်မှာ အဖော်တစ်သိုက်နဲ့ ကျွန်မတို့ ပျော်ပွဲစားထွက်ခဲ့ကြတယ်။ လူတိုင်းက ကိုယ်အပိုင်ဆုံး အစားအသောက်တွေ လုပ်ပြီး သားသမီး၊ လင်ယောက်ျားတွေပါခေါ်ခဲ့ကြတယ်။ တစ်လမ်းလုံး ပျော်ပျော်ပါးပါး၊ သူ့သားမီးက သီချင်းဆို၊ ကိုယ့်သားသမီးက ကနဲ့ ပျော်ခဲ့ကြတယ်။
ကျွန်မရဲ့သမီးကတော့ မိဘတွေကိုမျက်နှာ မပွင့်စေခဲ့ပါဘူး။ တခြားကလေးတွေ ကတာဆိုတာကိုပဲ ဘေးကနေ လက်ခုပ်တီးအားပေးနေခဲ့ပြီး မကြာခဏဆိုသလို အစားအစာထားရာကို ပြေးသွားပြီး စောင်းသွားတဲ့ ပန်းကန်တွေကို လိုက်စီလိုက်၊ အချိုရည်ဖုံးတွေ လိုက်ဖုံးလိုက်၊ ဟင်းရည်ပေနေတဲ့ စားပွဲခုံကို သုတ်လိုက်ဆိုသလို သူ့ဟာနဲ့သူ အိမ်ရှင်မလေးတစ်ယောက်လို အလုပ်များနေခဲ့ပါတယ်။
ပျော်ပွဲစားနေတုန်း မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်ပါ ... တစ်ယောက်က သချာင်္စူပါ၊ နောက်တစ်ယောက်က အင်္ဂလိပ်စာစူပါ.. ဒီကလေးနှစ်ယောက်က ပန်းကန်ထဲက မုန့်တစ်ချပ်ကိုလုယူရင်း သူလည်း လက်မလွတ်နိုင်၊ ကိုယ်လည်း လက်မလွတ်ချင် ဖြစ်နေခဲ့ကြတယ်။ လူကြီးတွေက တခြားမုန့်တွေနဲ့ချော့လည်း ကလေးနှစ်ယောက်က ခေါင်းမာနေခဲ့တယ်။ နောက်ဆုံးမှာ သမီးလေးကပဲ ခေါင်းပန်းလှန်ပြီး တင်းမာတဲ့လုယက်ပွဲကို ပေါ့ပေါ့ပါးပါး အဆုံးသတ်ပေးခဲ့ပါတယ်။
အိမ်အပြန်လမ်းမှာ ကားလမ်းပိတ်ကျပ်နေခဲ့လို့ ကလေးတချို့ မနေနိုင်၊ မထိုင်နိုင်ခဲ့တော့ပါဘူး။ အဲဒီကလေးတွေကို သမီးက ရယ်စရာဟာသတွေ တစ်ခုပြီးတစ်ခုပြောပြပြီး ထိန်းခဲ့ပါတယ်။ အဲဒီအပြင် အစားအစာထုပ်တဲ့ ရောင်စုံစက္ကူတွေကို အသုံးပြုပြီး တိရစ္ဆာန်ပုံလေးတွေ သမီးညှပ်ပေးတော့ ကလေးတစ်သိုက် ပျော်ရွှင်ဝမ်းသာခဲ့ကြတယ်။ အိမ်ပြန်ရောက် ကားပေါ်ဆင်းကြတော့ ကလေးတိုင်းရဲ့လက်ထဲမှာ အရုပ်လေးတွေ ကိုယ်စီကိုင်လို့.... သမီးကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတဲ့ စကားကိုကြားတော့ သူ့ဖေဖေ ကျွန်မအမျိုးသားက ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးမိခဲ့ပါတယ်။
စာမေးပွဲတွေဖြေပြီးနောက် သမီးအတန်းပိုင်ဆီက ကျွန်မတို့ဖုန်းရခဲ့တယ်။ ပထမဆုံးသိရတာက သမီးလေးရဲ့အဆင့်ဟာ အလယ်အလတ်မှာပါပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့အရာတစ်ခု သူပြောပြချင်တယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။ ဒါဟာ သူ့စာသင်သက် အနှစ်(၃ဝ)အတွင်းမှာ ပထမဆုံးကြုံရတဲ့ အထူးအဆန်းပါတဲ့။ အဲဒါကတော့ စာမေးပွဲဖြေတဲ့ ဘာသာရပ်တစ်ခုမှာ အပိုမေးခွန်းတစ်ခု သူထည့်မေးခဲ့တယ်။ အဲဒီမေးခွန်းက "ဒီအတန်းထဲမှာ ဘယ်သူကို အနှစ်သက်ဆုံးလဲ? ဘာကြောင့်လဲ?" ဆိုတာပဲဖြစ်တယ်။
သမီးကလွဲလို့ တစ်တန်းလုံးက အဲဒီမေးခွန်းမှာ သမီးရဲ့နာမည်ကိုရေးခဲ့ကြတယ်လို့ အတန်းပိုင်ကပြောပါတယ်။ သမီးနာမည်ရေးရတဲ့ အကြောင်းရင်းတချို့က --- ကူညီတတ်လို့၊ ယုံကြည်စိတ်ချရလို့၊ စိတ်မဆိုးတတ်လို့၊ ပေါင်းသင်းရတာလွယ်လို့ စတာတွေဖြစ်တယ်။ အများဆုံးရေးကြတဲ့ အကြောင်းရင်းက-- ပျော်ပျော်နေတတ်ပြီး ရယ်စရာတွေ ပြောတတ်လို့ဖြစ်တယ်။ ကျောင်းသားအများက သူ့ကိုအတန်းခေါင်းဆောင် တင်မြှောက်ဖို့ တောင်းဆိုကြောင်း အတန်းပိုင်ဆရာမက ပြောပါတယ်။
"ရှင်တို့ရဲ့သမီးလေးက ကျောင်းစာမှာ သာမန်အဆင့်ပဲဆိုပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာတော့ ထက်မြက်ထူးချွန်လှပါတယ်" လို့ ဆရာမက ပြောပါတယ်။
ကျွန်မက သမီးလေးကို "သမီးလေး...အတန်းထဲမှာ သူရဲကောင်းဖြစ်တော့မယ်"လို့ စနောက်တော့ ဆွယ်တာထိုးနေတဲ့သမီးလေးက ခေါင်းငဲ့စဉ်းစားပြီး စိတ်ပါပါနဲ့ပြောပါတယ်။
"ဆရာမက ပြောဖူးတယ်.... သူရဲကောင်းတွေ လမ်းဖြတ်လျှောက်သွားတဲ့အခါ ဘေးကနေ လက်ခုပ်တီးပေးတဲ့လူရှိရမယ်တဲ့.... မေမေ သမီး သူရဲကောင်းမဖြစ်ချင်ဘူး။ ဘေးကနေပြီး လက်ခုပ်တီးပေးတဲ့လူပဲ ဖြစ်ချင်တယ်" လို့ ညင်ညင်သာသာနဲ့ ပြောတော့ သမီးရဲ့စကားကိုကြားတော့ ကျွန်မတစ်ချက် တုန်လှုပ်သွားပြီး သမီးကို အကဲခတ်ကြည့်လိုက်တယ်။
သမီးက ငြိမ်ငြိမ်သက်သက်နဲ့ ပန်းနုရောင်သိုးမွှေးချည်ကို အပ်နှစ်ချောင်းလဲ ကျွမ်းကျင်စွာထိုးနေခဲ့တယ်။ အချိန်တစ်စက္ကန့် တစ်စက္ကန့်တိုင်းလို သိုးမွှေးချည်တွေဟာ သူ့ရဲ့လက်ထဲကနေတဆင့် ပန်းကလေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ သူရဲကောင်းမဖြစ်ချင်တဲ့ သမီးလေးကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အသိတရားတစ်ခု ရလိုက်မိတယ်။
လောကမှာ ငယ်ရွယ်စဉ် သူရဲကောင်းဖြစ်ချင်ခဲ့ကြသူတွေ ကြီးပြင်းလာတော့ သာမန်လူအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ကြရတာ ဘယ်လောက်များပြီလဲ!
တကယ်လို့ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်၊ ကိုယ့်ဆန္ဒကို ကိုယ်မဆန့်ကျင်ခဲ့ရင် ကျွန်မတို့ရဲ့ကလေးလည်း သာမန်လူအဖြစ်နဲ့ ပျော်ရွှင်ရှင်သန်နိုင်ပါတယ်။ ကြီးပြင်းလာရင် အိမ်ထောင်မူနိုင်တဲ့ အိမ်ရှင်မ၊ နွေးထွေးနူးညံ့တဲ့မိခင်၊ အဲဒီအပြင် ကူညီတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ အိမ်နီးချင်းကောင်းတစ်ဦး သူဖြစ်နိုင်ပါတယ်။ ရှည်လျားလှတဲ့ နှစ်လရာသီတွေထဲမှာ သမီးလေးက သူလိုချင်တဲ့ဘဝအတိုင်း သူငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သေးရင် မိဘဖြစ်တဲ့ကျွန်မတို့က သူ့အနာဂတ် ဒီ့ထက်ပိုကောင်းဖို့ဆိုပြီး ဘာတွေများ ဆုတောင်းနေချင်ဦးမလဲ?
မူရင်းရေးသားသူ--- Liu Ji-Rong
ကျွန်မရဲ့(၁၂)နှစ်သမီးလေးကတော့ သူ့ဘေးက မောင်ငယ်၊ ညီမငယ်တွေကို ပုဇွန်ခွာပေးလိုက်၊ ထမင်းဟင်းခွံပေးလိုက်နဲ့ သူ့ရည်မှန်းချက်ကို ပြောဖို့တောင် မအားလပ်ခဲ့ပါဘူး။
ကိုယ့်ရည်မှန်းချက်ကို မဖြေသူထဲမှာ သမီးတစ်ယောက်ပဲကျန်တာကို အားလုံးသတိထားမိတော့ သူ့ကို အတင်းအကျပ်မေးကြတယ်။ တလေးတစားနဲ့ သူ ပြန်ဖြေခဲ့ပါတယ်။
"ကြီးလာရင် သမီးဖြစ်ချင်တဲ့ ပထမရည်ရွယ်ချက်က မူကြိုကျောင်းမှာ ဆရာမလုပ်ဖို့ပါ။ ကလေးတွေနဲ့ ဆိုမယ်၊ ကမယ်၊ ကစားမယ်"
လူကြီးတွေက သူ့ရည်ရွယ်ချက်ကို အားတုံ့အားနာလက်ခံကြပြီး ဒုတိယရည်ရွယ်ချက်ကို အလျင်စလို မေးကြပြန်တယ်။
"သမီးရဲ့ဒုတိယရည်ရွယ်ချက်က မီးဖိုချောင်ခါးစည်းလေးပတ်ပြီး မီးဖိုထဲဝင်ချက်ပြုတ်တဲ့ အိမ်ရှင်မ ဖြစ်ချင်ပါတယ်။ ကိုယ့်သားသမီးတွေကို ပုံပြင်ပြောပြမယ်။ သူတို့လေးတွေနဲ့ ဝိုင်းဖွဲ့ပြီး ဝရံတာမှာ ကြယ်လေးတွေကို ငေးမောမယ်"
သမီးရဲ့စကားကိုကြားတော့ ဆွေမျိုးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြတယ်။ သူ့ဖေဖေ ကျွန်မအမျိုးသားကတော့ နေရထိုင်ရ ခက်နေတာပေါ့။
အိမ်ပြန်ရောက်တော့ "သမီးကို မူကြိုကျောင်းဆရာမနဲ့ပဲ ငါတို့ကျေနပ်ရတော့မလား? အလယ်အလတ် ကျောင်းသူအဆင့်နဲ့ပဲ ငါတို့ ဒီအတိုင်းကြည့်နေရတော့မလား"လို့ အမျိုးသားက သက်ပြင်းတချချနဲ့ ညည်းပါတယ်။
တကယ်တော့ ကျွန်မတို့လည်း အကြံဉာဏ်အမျိုးမျိုးသုံးပြီး သမီးအဆင့်တက်အောင် လုပ်ခဲ့ပါတယ်။ အိမ်မှာ ဆရာမခေါ်သင်တာ၊ အချိန်ပိုတက်စေတာ၊ လိုအပ်တဲ့ အမျိုးမျိုးသောစာအုပ်တွေကို ဝယ်ခဲ့ပါတယ်။ သမီးကလည်း လိမ္မာပြီး ကျွန်မတို့စကားကို နားထောင်ခဲ့ပါတယ်။ ကာတွန်းစာအုပ်လည်း မဖတ်တော့ပါဘူး။ စက္ကူတွေနဲ့ ပန်းတွေမညှပ်တော့ပါဘူး။ နေ့လယ်နေ့ခင်း တရေးတမောလည်း မအိပ်တော့ပါဘူး။
သမီးဟာ အမောပန်းလွန်တဲ့ ငှက်ကလေးတစ်ကောင်လို ဒီသင်တန်းကနေ ဟိုသင်တန်း၊ ဒီစာအုပ်ကနေ ဟိုစာအုပ် မနားမနေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ကိုယ်ခံအားက ဒါတွေကို မခံနိုင်တော့ သမီးလေး အပြင်းဖျားခဲ့ပါတယ်။ ဆေးတွေသွင်း ကုတင်ပေါ်လဲနေရသည့်တိုင် တောင့်ခံပြီး ကျောင်းစာတွေကို သူလုပ်ခဲ့လို့ နောက်ဆုံးမှာ အဆုတ်ရောင်ရောဂါပါ အဆစ်ရလိုက်တယ်။ ရောဂါပျောက်တော့ သမီးရဲ့ဝဝလုံးလုံး မျက်နှာက တဝက်လောက် ပိန်ကျသွားခဲ့တယ်။ စာမေးပွဲဖြေတော့လည်း သမီးရဲ့အဆင့်က(၂၃)က မတက်ခဲ့တော့ ကျွန်မတို့မှာရယ်ရမလို ငိုရမလိုဖြစ်ခဲ့ကြတယ်။
သမီးအတွက် အာဟာရတွေတိုး၊ အားပေးမှုတွေတိုးပြီး ကျွန်မတို့ ကြိုးစားစမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးရဲ့မျက်နှာက ပိုပြီးဖြူဖပ်လျော့ရဲလာခဲ့တဲ့အပြင် စာမေးပွဲဆိုတဲ့အသံကြားတာနဲ့ အစာစားမဝင်၊ အိပ်မပျော်တော့ဘဲ ချွေးစီးပါပြန်လာတတ်ပါတယ်။ အဲဒီနောက်တော့ အတန်းထဲကအဆင့်(၃၃)အဖြစ်နဲ့ ကျွန်မတို့ကို ဆွံအသွားစေခဲ့ပါတယ်။
နောက်ဆုံးမှာ ကျွန်မနဲ့ကျွန်မအမျိုးသားက တက်တက်ကြွကြွလုပ်ခဲ့တဲ့ ပျိုးပင်သန်မာကြီးထွားရေးလှုပ်ရှားမှုကို အသံတိတ် ရပ်နားလိုက်တော့တယ်။ သမီးလေးကို ပုံမှန်ပြန်ဖြစ်လာအောင် ကာတွန်းဆွဲတဲ့အခွင့်အရေး ပြန်ပေးလိုက်တယ်။ "ကလေးရုပ်စုံစာစောင်"တွေ ဖတ်ခွင့်ပေးလိုက်တယ်။ အိမ်တစ်အိမ်လုံး ရက်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။ သမီးလေးရဲ့အဖြစ်ကိုကြည့်ပြီး ကျွန်မတို့ရင်နာသနားမိပေမယ့် သူ့အမှတ်၊ သူ့အဆင့်အတွက် ကျွန်မတို့သက်ပြင်းချခဲ့ရပါတယ်။
ရုံးပိတ်ရက်မှာ အဖော်တစ်သိုက်နဲ့ ကျွန်မတို့ ပျော်ပွဲစားထွက်ခဲ့ကြတယ်။ လူတိုင်းက ကိုယ်အပိုင်ဆုံး အစားအသောက်တွေ လုပ်ပြီး သားသမီး၊ လင်ယောက်ျားတွေပါခေါ်ခဲ့ကြတယ်။ တစ်လမ်းလုံး ပျော်ပျော်ပါးပါး၊ သူ့သားမီးက သီချင်းဆို၊ ကိုယ့်သားသမီးက ကနဲ့ ပျော်ခဲ့ကြတယ်။
ကျွန်မရဲ့သမီးကတော့ မိဘတွေကိုမျက်နှာ မပွင့်စေခဲ့ပါဘူး။ တခြားကလေးတွေ ကတာဆိုတာကိုပဲ ဘေးကနေ လက်ခုပ်တီးအားပေးနေခဲ့ပြီး မကြာခဏဆိုသလို အစားအစာထားရာကို ပြေးသွားပြီး စောင်းသွားတဲ့ ပန်းကန်တွေကို လိုက်စီလိုက်၊ အချိုရည်ဖုံးတွေ လိုက်ဖုံးလိုက်၊ ဟင်းရည်ပေနေတဲ့ စားပွဲခုံကို သုတ်လိုက်ဆိုသလို သူ့ဟာနဲ့သူ အိမ်ရှင်မလေးတစ်ယောက်လို အလုပ်များနေခဲ့ပါတယ်။
ပျော်ပွဲစားနေတုန်း မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်ပါ ... တစ်ယောက်က သချာင်္စူပါ၊ နောက်တစ်ယောက်က အင်္ဂလိပ်စာစူပါ.. ဒီကလေးနှစ်ယောက်က ပန်းကန်ထဲက မုန့်တစ်ချပ်ကိုလုယူရင်း သူလည်း လက်မလွတ်နိုင်၊ ကိုယ်လည်း လက်မလွတ်ချင် ဖြစ်နေခဲ့ကြတယ်။ လူကြီးတွေက တခြားမုန့်တွေနဲ့ချော့လည်း ကလေးနှစ်ယောက်က ခေါင်းမာနေခဲ့တယ်။ နောက်ဆုံးမှာ သမီးလေးကပဲ ခေါင်းပန်းလှန်ပြီး တင်းမာတဲ့လုယက်ပွဲကို ပေါ့ပေါ့ပါးပါး အဆုံးသတ်ပေးခဲ့ပါတယ်။
အိမ်အပြန်လမ်းမှာ ကားလမ်းပိတ်ကျပ်နေခဲ့လို့ ကလေးတချို့ မနေနိုင်၊ မထိုင်နိုင်ခဲ့တော့ပါဘူး။ အဲဒီကလေးတွေကို သမီးက ရယ်စရာဟာသတွေ တစ်ခုပြီးတစ်ခုပြောပြပြီး ထိန်းခဲ့ပါတယ်။ အဲဒီအပြင် အစားအစာထုပ်တဲ့ ရောင်စုံစက္ကူတွေကို အသုံးပြုပြီး တိရစ္ဆာန်ပုံလေးတွေ သမီးညှပ်ပေးတော့ ကလေးတစ်သိုက် ပျော်ရွှင်ဝမ်းသာခဲ့ကြတယ်။ အိမ်ပြန်ရောက် ကားပေါ်ဆင်းကြတော့ ကလေးတိုင်းရဲ့လက်ထဲမှာ အရုပ်လေးတွေ ကိုယ်စီကိုင်လို့.... သမီးကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတဲ့ စကားကိုကြားတော့ သူ့ဖေဖေ ကျွန်မအမျိုးသားက ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးမိခဲ့ပါတယ်။
စာမေးပွဲတွေဖြေပြီးနောက် သမီးအတန်းပိုင်ဆီက ကျွန်မတို့ဖုန်းရခဲ့တယ်။ ပထမဆုံးသိရတာက သမီးလေးရဲ့အဆင့်ဟာ အလယ်အလတ်မှာပါပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့အရာတစ်ခု သူပြောပြချင်တယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။ ဒါဟာ သူ့စာသင်သက် အနှစ်(၃ဝ)အတွင်းမှာ ပထမဆုံးကြုံရတဲ့ အထူးအဆန်းပါတဲ့။ အဲဒါကတော့ စာမေးပွဲဖြေတဲ့ ဘာသာရပ်တစ်ခုမှာ အပိုမေးခွန်းတစ်ခု သူထည့်မေးခဲ့တယ်။ အဲဒီမေးခွန်းက "ဒီအတန်းထဲမှာ ဘယ်သူကို အနှစ်သက်ဆုံးလဲ? ဘာကြောင့်လဲ?" ဆိုတာပဲဖြစ်တယ်။
သမီးကလွဲလို့ တစ်တန်းလုံးက အဲဒီမေးခွန်းမှာ သမီးရဲ့နာမည်ကိုရေးခဲ့ကြတယ်လို့ အတန်းပိုင်ကပြောပါတယ်။ သမီးနာမည်ရေးရတဲ့ အကြောင်းရင်းတချို့က --- ကူညီတတ်လို့၊ ယုံကြည်စိတ်ချရလို့၊ စိတ်မဆိုးတတ်လို့၊ ပေါင်းသင်းရတာလွယ်လို့ စတာတွေဖြစ်တယ်။ အများဆုံးရေးကြတဲ့ အကြောင်းရင်းက-- ပျော်ပျော်နေတတ်ပြီး ရယ်စရာတွေ ပြောတတ်လို့ဖြစ်တယ်။ ကျောင်းသားအများက သူ့ကိုအတန်းခေါင်းဆောင် တင်မြှောက်ဖို့ တောင်းဆိုကြောင်း အတန်းပိုင်ဆရာမက ပြောပါတယ်။
"ရှင်တို့ရဲ့သမီးလေးက ကျောင်းစာမှာ သာမန်အဆင့်ပဲဆိုပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာတော့ ထက်မြက်ထူးချွန်လှပါတယ်" လို့ ဆရာမက ပြောပါတယ်။
ကျွန်မက သမီးလေးကို "သမီးလေး...အတန်းထဲမှာ သူရဲကောင်းဖြစ်တော့မယ်"လို့ စနောက်တော့ ဆွယ်တာထိုးနေတဲ့သမီးလေးက ခေါင်းငဲ့စဉ်းစားပြီး စိတ်ပါပါနဲ့ပြောပါတယ်။
"ဆရာမက ပြောဖူးတယ်.... သူရဲကောင်းတွေ လမ်းဖြတ်လျှောက်သွားတဲ့အခါ ဘေးကနေ လက်ခုပ်တီးပေးတဲ့လူရှိရမယ်တဲ့.... မေမေ သမီး သူရဲကောင်းမဖြစ်ချင်ဘူး။ ဘေးကနေပြီး လက်ခုပ်တီးပေးတဲ့လူပဲ ဖြစ်ချင်တယ်" လို့ ညင်ညင်သာသာနဲ့ ပြောတော့ သမီးရဲ့စကားကိုကြားတော့ ကျွန်မတစ်ချက် တုန်လှုပ်သွားပြီး သမီးကို အကဲခတ်ကြည့်လိုက်တယ်။
သမီးက ငြိမ်ငြိမ်သက်သက်နဲ့ ပန်းနုရောင်သိုးမွှေးချည်ကို အပ်နှစ်ချောင်းလဲ ကျွမ်းကျင်စွာထိုးနေခဲ့တယ်။ အချိန်တစ်စက္ကန့် တစ်စက္ကန့်တိုင်းလို သိုးမွှေးချည်တွေဟာ သူ့ရဲ့လက်ထဲကနေတဆင့် ပန်းကလေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ သူရဲကောင်းမဖြစ်ချင်တဲ့ သမီးလေးကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အသိတရားတစ်ခု ရလိုက်မိတယ်။
လောကမှာ ငယ်ရွယ်စဉ် သူရဲကောင်းဖြစ်ချင်ခဲ့ကြသူတွေ ကြီးပြင်းလာတော့ သာမန်လူအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ကြရတာ ဘယ်လောက်များပြီလဲ!
တကယ်လို့ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်၊ ကိုယ့်ဆန္ဒကို ကိုယ်မဆန့်ကျင်ခဲ့ရင် ကျွန်မတို့ရဲ့ကလေးလည်း သာမန်လူအဖြစ်နဲ့ ပျော်ရွှင်ရှင်သန်နိုင်ပါတယ်။ ကြီးပြင်းလာရင် အိမ်ထောင်မူနိုင်တဲ့ အိမ်ရှင်မ၊ နွေးထွေးနူးညံ့တဲ့မိခင်၊ အဲဒီအပြင် ကူညီတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ အိမ်နီးချင်းကောင်းတစ်ဦး သူဖြစ်နိုင်ပါတယ်။ ရှည်လျားလှတဲ့ နှစ်လရာသီတွေထဲမှာ သမီးလေးက သူလိုချင်တဲ့ဘဝအတိုင်း သူငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သေးရင် မိဘဖြစ်တဲ့ကျွန်မတို့က သူ့အနာဂတ် ဒီ့ထက်ပိုကောင်းဖို့ဆိုပြီး ဘာတွေများ ဆုတောင်းနေချင်ဦးမလဲ?
မူရင်းရေးသားသူ--- Liu Ji-Rong
နိုင်းနိုင်းစနေ
ဘာသာပြန်သည်။
Tuesday, 17 February 2015
ထူးဆန်းထွေလာ လူ့ခန္ဓာ
(1)
သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်
ရှင်နေနိုင်ပါ
သေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ကျောက်ကပ်
တစ်ခြမ်း၊အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်..
လူကောင်း
(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ။
(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်း
ထားပါတယ်။
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်
ပါတယ်။
(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ
ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းကအစာ
အိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်
ပါတယ်။
(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါ
မှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။
ငါးပါးသီလ (The Five Precepts: pañca-sila ) ဆိုသည်မှာ
ငါးပါးသီလ The Five Precepts: pañca-sila သည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမဩဝါဒဖြစ်၍ လူတို့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါး ဖြစ်၏။ သီလ၏ အနက်ကို ကိုယ်၊ နှုတ်၊ စိတ်အမူအရာတို့ကို ငြိမ်သက်စွာ ထားခြင်းဟု၎င်း၊ ကုသိုလ်တရားတို့ကို ဆောင်ခြင်းဟု၎င်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုလေသည်။ တစ်နည်းအားဖြင့် သီလသည် ဦးခေါင်းနှင့် တူသောအနက်၊ အေးမြချမ်းအေးခြင်းအနက်၊ အကုသိုလ်တို့ မဝင်လေအောင် ပိတ်ပင်တားမြစ်ခြင်းအနက်၊ ဒုစရိုက်အကျင့်ပျက်၏ အိပ်စက် ကြောင်းအနက်တို့၌ ထင်ပေသည်။ အချုပ်အားဖြင့်ဆိုသော် သီလ၏အနက်မှာ အကျင့်၊ အလေ့ သဘောဟု ဖြစ်လေသည်။
ငါးပါးသီလ (ဝါ) ပဉ္စသီလ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ငါးပါးသီလ ဖောက်ဖျက်ခြင်း ၏ အပြစ်များ
(၁) ပါဏာတိပါတကံ၏ အကျိုးများ
ငါးပါးသီလ (ဝါ) ပဉ္စသီလ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ပါဏာတိပါတာ ဝေရမဏိ၊ဤငါးပါးတို့တည်း။ ထိုငါးပါးကို စောင့်ထိန်းပါက ငါးပါး သီလ စောင့်ရာရောက်၍ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးကို ရရှိနိုင်ပါသည်။
(သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲ ရှောင်ကြဉ်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
(သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
(၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ၊
(ကာမပိုင်လင်ယောက်ျား၊ ဇနီးမယားမှတစ်ပါး အခြား ကာမ မပိုင်ဆိုင်သောသူများနှင့် ကျူးလွန်ဖောက်ပြားခြင်းမှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး- ကာမေသုမိစ္ဆာစာရ
(၄) မုသာဝါဒါ ဝေရမဏိ၊
(မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
(မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲ ရှောင်ကြဉ်စောင့်ထိန်းခြင်း)
ငါးပါးသီလ ဖောက်ဖျက်ခြင်း ၏ အပြစ်များ
(၁) ပါဏာတိပါတကံ၏ အကျိုးများ
သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ၌ ငရဲဘုံအစရှိသော အပါယ်လေးဘုံသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခမှန်သမျှတို့ကို ခံစားရပါသည်။ အကယ်၍ ရှေးကောင်းမှုကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ပြီး လူ့ဘ၀ကိုရခဲ့လျှင်လည်း....... ၁။ အသက်တိုခြင်း။ ၂။ အနာရောဂါများ၍ ကျန်းမာမှုနည်းခြင်း။ ၃။ အားအင်မရှိခြင်း။ ၄။ ကြောက်ရွံ့တတ်ခြင်း။ ၅။ စိုးရိမ်ပူပန်စိတ်များခြင်း။ ၆။ သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း။ ၇။ သူတစ်ပါးသတ်၍လည်းကောင်း၊ မိမိကိုယ်တိုင်ပြန်သတ်၍လည်းကောင်း သေရခြင်း။ ၈။ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ ၉။ ခန္ဓာကိုယ်ပြေပြစ်မှုမရှိခြင်း။ ၁၀။ မိမိချစ်ခင်သောသူများနဲ့ ကွဲကွာရခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။ စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာ သုခတို့ကို ခံစားရပါသည်။ ထို့ကြောင့် လူတစ်ယောက်ကိုကြည့်လျှင် ပါဏာတိပါတကံအစရှိသော သီလရှိခဲ့မရှိခဲ့ သိနိုင်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် အသိဉာဏ်ပညာကြီးမားသော လူသားပီပီ “လူကောင်း”တစ်ယောက်ဖြစ်အောင် ဤသီလတို့ကို စောင့်ထိန်းလိုက်နာကြရန် လိုပါသည်။
(၂)
အဒိန္နာဒါနကံ၏ အကျိုးများ
ပစ္စည်းဥစ္စာပိုင်ရှင်က ကိုယ်နှုတ်ဖြင့် ကြည်ဖြူစွာ မပေးသောဥစ္စာတို့ကို မည်သည့်နည်းနဲ့မဆို ယူသောသူသည် သေသောအခါ၌.......... ၁။ အပါယ်လေးဘုံသို့ ရောက်ရခြင်း။ ၂။ ဆင်းရဲမွဲတေခြင်း။ ၃။ ပစ္စည်းဥစ္စာရအောင် မရှာဖွေနိုင်ခြင်း။ ၄။ ရှိသောပစ္စည်းများလည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း။ ၅။ လိုအပ်သောပစ္စည်းဥစ္စာမှန်သမျှ မရရှိခြင်း။ ၆။ ဆင်းရဲစွာနေရပြီး အစာငတ်မွတ်ခြင်းစသော ဆိုးကျိုးများ ခံစားရပါသည်။ စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ရောက်ပြီး ထိုဆိုးကျိုးများ၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။ အပြစ်ကြီးငယ်တို့မှာ ဥစ္စာပိုင်ရှင်၏ ဂုဏ်သိက္ခာ အကျင့်သီလ ဥစ္စာတန်ဖိုးအားလျော်စွာ အပြစ်ရပါသည်။ဤနေရာ၌ အဒိန္နာဒါနကံ ကျုးလွန်သည်ဆိုသည်မှာ သူတစ်ပါးမသိအောင် အလေးခိုး၍ ဈေးရောင်းခြင်း၊ ခြင်းတောင်းတို့ဖြင့် ခိုးဝှက်၍ ရောင်းခြင်းများ၊ ပစ္စည်းဝတ္ထုများ အနာအဆာပါသည်ကို တစ်စုံတစ်ခုဖြင့်ဖုံးပြီး ရောင်းချခြင်းအစရှိသည်တို့သည်လည်း အဒိန္နာဒါနကံနဲ့ မလွတ်ကင်းသော ပြစ်မှုများ ဖြစ်ပါသည်။
(၃)
ကာမေသုမိစ္ဆာစာရကံ၏ အကျိုးများ
ဤကံကို ကျူးလွန်သောသူသည် သေသောအခါ၌........ ၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။ ၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။ ၃။ အများက မုန်းတီးရွံရှာခြင်း။ ၄။ ရန်သူများခြင်း။ ၅။ စိုးရိမ်ကြောင့်ကြများခြင်း။ ၇။ ချမ်းချမ်းသာသာ မနေရခြင်း။ ၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။ ၉။ မျက်နှာမကြည်လင်ခြင်း။ ၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ ရောက်ရ၍ ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးတရားများကို ခံစားရပါသည်။ ဤမေထုန်အမှု ပြစ်မှားကျုးလွန်သောသူကို လောကလူသားတို့ အမုန်းဆုံးဖြစ်ပါသည်။ သို့သော်လည်း ယခုခေတ်၌ များစွာလွန်ကျုးနေကြသည်ကို တွေ့မြင်ကြားသိနေရပါသည်။ မေထုန်အမှုကို ပုထုဇဉ်လူသားတို့အနေဖြင့် ထိန်းချုပ်ရန်ခက်သည်ဟု ထင်ကြပါလိမ့်မည်။ အကယ်၍ မိမိသည်တစ်ဘ၀လုံး မထိန်းချုပ်နိုင်ပါက တရားဝင်လက်ထက်ယူပြီး မေထုန်မှီဝဲလို့ ရပါသည်။ ဤမျှနဲ့အားမရဘဲ တွေ့တိုင်းသောမေထုန်အမှုကို လွန်ကျုးနေမည် ဆိုပါက လောကကြီးသည် ပျက်စီးရုံသာ ရှိပါတော့သည်။
ယခုခေတ်၌ HIV ပိုးဆိုသော AIDS ဖြစ်လာရခြင်းမှာလည်း ထိုကဲ့သို့ ထိန်းချုပ်မှုမရှိဘဲ တွေ့တိုင်းသော မေထုန်အမှုတို့ကို မှီဝဲသောကြောင့် ဖြစ်လာရခြင်း ဖြစ်ပေသည်။ ကမ္ဘာဦးကာလ ဗြဟ္မာတို့သည်လည်း လူဘ၀ကို ရောက်ခါစ၌ အစားအသောက်များ မြေပြင်ကနေ ခူးယူစားသောက်၍ရအောင် ပေါများနေပါသည်။ ထိုအစားအသောက် အ၀တ်အစားများသည် ဗြဟ္မာပြည်က လူသားစဖြစ်သော ဗြဟ္မာလူသားများ ဤမေထုန်အမှုကို လွန်ကျူးသောကြောင့် အစားအစာများ ပျောက်ကွယ် သွားသဖြင့် ဒုက္ခများစွာနဲ့ ရင်ဆိုင်ခဲ့ရပါသည်။
သီလကို မစောင့်ထိန်းသောသူ၊ စောင့်ထိန်းရမှန်းမသိသော နိုင်ငံတို့၌ ဤမေထုန်အမှုကို ရှက်ရမှန်းမသိအောင်ဖြစ်ပြီ လွန်ကျုးနေသောကြောင့် ဘေးဆိုးကြီးများနဲ့ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ယခုခေတ်လူငယ် မိန်းမငယ်လေးများသည် ဤမေထုန်အမှုကို ဘုရားစေတီ၊ ပန်းခြံအစရှိသော လူပေါများသော နေရာတို့၌ မရှက်မကြောက်ဘဲ ပြုလုပ်နေကြသည်မှာ ပြုလုပ်နေသောသူတို့တော့မသိ၊ တွေ့ရသောသူများမှာ ရှက်စရာကောင်းသကဲ့သို့ ရိုင်းစိုင်းသည်ဟု ထင်မြင်မိပါသည်။
ထိုသူများသည် အသိဉာဏ်ပညာ ကင်းမဲ့သော တိရစ္ဆာန်များနဲ့ ထူးမခြားနားဖြစ်နေသည်ကို သတိထားဖို့ ကောင်းပါသည်။ မိမိကိုယ်မိမိ အသိဉာဏ်ရှိသော လူလား၊ အသိဉာဏ်မရှိသော တိရစ္ဆာန်လားဆိုတာ ခွဲခြားသိဖို့ လိုပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ရှက်စရာကောင်းသည်ဟု အသိဉာဏ်လေးရှိဖို့၊ သတိတရားထားဖို့ လိုအပ်လှပါသည်။ မိမိတို့မှာ တရားဝင်ယူပြီး ကျုးလွန်၍ရနေသော အခွင့်အရေးရှိပါလျက် ထိုကဲ့သို့ပြုလုပ်ခြင်းသည် တရားလက်မဲ့နိုင်လွန်သည်ဟု ထင်ပါသည်။
မြတ်စွာဘုရားရှင်က ရဟန်းများကို ဆုံးမခဲ့သော စကားရှိပါသည်။ ထိုစကားမှာ “ရဟန်းတို့ မိန်းမများကိုမြင်လျှင် မိမိထက်အသက်ကြီးပါက ကိုယ့်အမရင်းသဖွယ် သဘောထားပြီး မိမိထက်ငယ်သောသူကို ကိုယ်နှမရင်းသဖွယ် သဘောထားပြီးဆက်ဆံဖို့ရာ ဆုံးမခဲ့သောစကားမှာ ရဟန်းများသာမက လူသားများပါ လိုက်နာစောင့်ထိန်းပါက မုဒိမ်းမှုစသည်တို့ ဖြစ်လာတော့မည် မဟုတ်ပေ။ လူသားများသည် ရဟန်းသံဃာများကိုကြည့်ပြီး စောင့်ထိန်းလျှင် ပို၍စောင့်ထိန်းနိုင်ပြီး ပိုမို၍ကြည်ညိုခြင်းများ ဖြစ်လာပေလိမ့်မည်။ လူသားတို့၌ တရားဝင်ယူပြီး ကျုးလွန်ခွင့်ရှိပါသည်။ ရဟန်းသံဃားများသည် ထိုမေထုန်အမှုကို သတ္တ၀ါမှန်သမျှတို့နဲ့ ကျုးလွန်ခွင့်မရှိပါ။ ရဟန်းသံဃာများသည် ထိုသို့မည်သည့် သတ္တ၀ါနဲ့မျှ မကျုးလွန်ဘဲ နေနိုင်သေးလျှင် လူသားတို့သည် ရဟန်းသံဃာတို့ထက် မိမိတရားဝင်ယူထားသော ယောက်ျား မိန်းမများကို ကျုးလွန်ခွင့်ရှိသောကြောင့် ကျန်သောသူများကို မကျုးလွန်မိအောင် စောင့်ထိန်းသင့်ပါသည်။
ဤနေရာ၌ မင်းတုန်းမင်းကြီးပြောသော စကားကို အမှတ်ရမိပါသည်။ မင်းတုန်းမင်းကြီးကို မှုမတ်များက ရဟန်းသံဃာများ ပွဲလမ်းသဘင်ကြည့်နေသည်ကို တားမြစ်ပိတ်ပင်ဖို့ရာ လျှောက်ထားကြသောအခါ မင်းတုန်းမင်းကြီးက “ငါသည် မိန်းမမယူဘဲ နေနိုင်တာ တစ်ခုတည်းနဲ့ပင် ရဟန်းသံဃာများကို ကြည်ညိုလှပါသည်”ဟု ပြောဆိုပြီး မှုမတ်များ၏ လျှောက်တင်ချက်ကို ငြင်းပယ်ခဲ့သည်ဟူသော စကားကို ကြားဖူး၍ အမှတ်ရမိပါသည်။
ထို့ကြောင့် လူသားများသည် မေထုန်အမှုကို လုံးဝရှောင်ကြဉ်သော ရဟန်းတော်တို့ကို အတုယူကာ စောင့်ထိန်းကြရန် လိုပါသည်။ ဤမေထုန်အမှုသည် စောင့်ထိန်းရခက်မည်ဟု ထင်ရသော်လည်း မိမိ၏စိတ်သာ အဓိကကျပါသည်။ ကမ္ဘာပေါ်ရှိ သတ္တ၀ါများသည် အဓိကကျသော ဤမေထုန်အမှုကို မရှောင်ကြဉ်နိုင်သောကြောင့်သာ ဒုက္ခများနဲ့ ရင်ဆိုင်နေရပါသည်။ ထို့ပြင် သံသရာမှ မလွတ်မြောက်ဘဲ ကျင်လည်နေရသည်မှာလည်း ဤမေထုန် အမှုကြောင့်ပင် ဖြစ်ပါသည်။
(၄)
မုသာဝါဒကံ၏ အကျိုးများ
သူတစ်ပါး၏ အကျိုးစီးပွားကို
ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုဟူသမျှသည် ဆိုးကျိုးရစေနိုင်သော
ကံမြောက်သည့်မုသာဝါဒ ဖြစ်ပါသည်။ နှုတ်ဖြင့်မပြောဘဲ ကိုယ်အမှုအရာဖြင့်
လိမ်ညာလျှင်လည်း မုသာဝါဒပင် ဖြစ်ပါသည်။
သူတစ်ပါး၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ တစ်စုံတစ်ယောက် အကျိုးရစေလို၍
ပရိယာယ်သုံး၍ပြောဆိုခြင်း၊ အမှားကိုအမှန် သိစေလို၍ ပြောဆိုခြင်း၊ ဂုဏ်ပြုလို၍
ပြုမှုပြောဆိုခြင်းများမှာလည်း မုသာဝါဒပင် ဖြစ်ပါသည်။
သို့သော်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စီး မထိခိုက်
ဆိုးကျိုးရစေနိုင်လောက်အောင် မပြုလျှင် ကံမမြောက်၍ အပြစ်နည်းပါသည်။
ထိုသို့အပြစ်နည်းသော်လည်း ဤသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါသည်။
လူသားတို့သည် အများအားဖြင့် “မုသားမပါ လင်္ကာမချော”ဟူသောစကားကို လက်သုံးစကားအဖြစ်
ပြောဆိုပြီး မုသာဝါဒကံကို အလွယ်တကူဖြင့် ကျုးလွန်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုစကားသည် လိမ်နေကြလူတို့ ပြောဆိုနေသော စကားသာ ဖြစ်ပါသည်။
မြတ်စွာဘုရားသည်ပင် သစ္စာဆိုသည့်အမှန်တရားကို ရရန်အတွက် ပါရမီဖြည့်သောအခါ
ဤမုသာဝါဒကို လုံးဝရှောင်ကြဉ်ခဲ့ရပါသည်။
သူတစ်ပါးအကျိုးစီးပွားပျက်စီးအောင် လိမ်ညာပြောဆို လှည့်ပတ်မှုမှန်သမျှကို
ပြုလုပ်ခဲ့သောသူသည် သေသောအခါ၌.......
၁။ အပါယ်ဘုံသို့ရောက်ရခြင်း။
၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။
၃။ စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။
၎။ သွားမညီခြင်း။
၅။ ပါးစပ်အနံ့ပုပ်ခြင်း။
၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။
၇။ ကိုယ်ခန္ဓာအချိုမကျခြင်း။
၈။ သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။
၉။ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုတတ်ခြင်း။
၁၀။ စိတ်ကြည်လင်မှုမရှိခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရှိရပြီး ထိုဆိုးကျိုးတို့၏
ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။
(၅) သုရာမေရယကံ၏
အကျိုးများ
သို့သော်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စီး မထိခိုက် ဆိုးကျိုးရစေနိုင်လောက်အောင် မပြုလျှင် ကံမမြောက်၍ အပြစ်နည်းပါသည်။ ထိုသို့အပြစ်နည်းသော်လည်း ဤသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါသည်။ လူသားတို့သည် အများအားဖြင့် “မုသားမပါ လင်္ကာမချော”ဟူသောစကားကို လက်သုံးစကားအဖြစ် ပြောဆိုပြီး မုသာဝါဒကံကို အလွယ်တကူဖြင့် ကျုးလွန်နေကြသည်ကို တွေ့ရှိရပါသည်။ ထိုစကားသည် လိမ်နေကြလူတို့ ပြောဆိုနေသော စကားသာ ဖြစ်ပါသည်။
မြတ်စွာဘုရားသည်ပင် သစ္စာဆိုသည့်အမှန်တရားကို ရရန်အတွက် ပါရမီဖြည့်သောအခါ ဤမုသာဝါဒကို လုံးဝရှောင်ကြဉ်ခဲ့ရပါသည်။ သူတစ်ပါးအကျိုးစီးပွားပျက်စီးအောင် လိမ်ညာပြောဆို လှည့်ပတ်မှုမှန်သမျှကို ပြုလုပ်ခဲ့သောသူသည် သေသောအခါ၌....... ၁။ အပါယ်ဘုံသို့ရောက်ရခြင်း။ ၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။ ၃။ စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။ ၄။ သွားမညီခြင်း။ ၅။ ပါးစပ်အနံ့ပုပ်ခြင်း။ ၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။ ၇။ ကိုယ်ခန္ဓာအချိုမကျခြင်း။ ၈။ သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။ ၉။ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုတတ်ခြင်း။ ၁၀။ စိတ်ကြည်လင်မှုမရှိခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။ စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရှိရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။
မူးယစ်စေတတ်သော အရည်ဆေးဝါးမှန်သမျှကို ကျန်းမာရေးအတွက် မဟုတ်ဘဲ သောက်သုံးသောသူသည် သုရာမေရယကံပျက်၏။ ကာမေသုမိစ္ဆာစာရကံကဲ့သို့ ဤသီလသည် အပြစ်ကြီးသော မိစ္ဆာစာရတစ်မျိုးဖြစ်သည်ဟု ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ထို့ကြောင့် ဤသီလကို ကျုးလွန်ခြင်းမှာ အပြစ်ကြီးသည်ဟု တစ်ထစ်ချမှတ်ယူ၍ ရပါသည်။ သို့သော် မည်မျှလောက် အပြစ်ရှိသည်ကို ထပ်မံ၍ စစ်ဆေးကြည့်လျှင် ယခုခေတ်၌ အချို့သော ဆေးရည်ဆေးဝါးများတွင် မထင်မရှား အရက်ပါတတ်ပါသည်။ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌သေရည် အနည်းငယ်မျှ ခတ်၍ချက်ရာဝယ် သေရည်အနံ့မထင်ရှားလျှင် ထိုဟင်းကို သံဃာတော်များပင် သုံးဆောင်ကောင်းသည်ဟု မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါသည်။
ထို့ကြောင့် (၁)မထင်မရှား အရက်ပါသောဟင်းများကို စားသောက်မှု၊ (၂)မလွဲသာ၍ ဆေးဝါးအဖြစ် အနည်းအကျဉ်းသောက်သုံးမှု၊ (၃)တကယ့်ကို အရက်သီးသန့် သောက်သုံးမှုဟု (၃)မျိုးရှိသည်ကို တွေ့ရှိရပါသည်။ ထို့တွင် ပထမဦးဆုံးအချက်သည် အပြစ်မရှိပါ။ ဒုတိယအချက်သည် အရက်စစ်ဖြစ်လျှင် ဤသီလပျက်၏။ သို့သော် အပြစ်ကြီးလှသည် မဟုတ်ပါ။ နောက်ဆုံးအချက်သည် သောက်ပြီး သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင်လုပ်မှု၊ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှု၊ ပတ်ဝန်းကျင်နှောက်ယှက်မှု၊ မူးယမ်းပြီး အော်ဟစ်နေမှုစသော အပြစ်တစ်စုံတရာ မလုပ်ဘဲနေပါက ဤသီလပျက်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ရန် မေ့လျော့မှု၊ စီးပွားပျက်မှု၊ အိမ်ထောင်ရေးပျက်စီးမှုစသော မျက်မှောက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
တစ်ချို့သောသူများက အရက်သောက်ပြီး သူတစ်ပါးကို မနှောက်ယှက်လျှင် အပြစ်မရှိမှုဟု မှတ်ထင်နေကြပါသည်။ အပြစ်ရှိပါသည်။ ထိုအပြစ်များမှာ ကုသိုလ်ကောင်းမှုမလုပ်ဖြစ်သောအပြစ်၊ ဉာဏ်ထိုင်သောအပြစ်၊ စီးပွားရေးထိခိုက်စေသောအပြစ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်စေသောအပြစ်အစရှိသော အပြစ်တို့ ရရှိပါသည်။ ထို့ပြင် ဤသီလကို ကျုးလွန်ပြီးနေသောသူသည် မျက်မှောက်ဘ၀၌ အထက်၌ဖော်ပြခဲ့သော သူတစ်ပါးမထိခိုက်အောင် နေနိုင်သောသူမှလည်း ထိုသို့သောအပြစ်များရရှိသည်ကို ထောက်ဆလျှင် သူတစ်ပါးထိခိုက်အောင် ပြုလုပ်သောသူသည် ပို၍ပင် အပြစ်များရရှိမည်ကို မှန်းဆကြည့်လျှင် သိနိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျုးလွန်သောသူသည် အသိဉာဏ်ကင်းမဲ့ပြီး မူးမိုင်းနေသောကြောင့် အထက်ပါလေးပါးသောသီလတို့ကို ကျုးလွန်မိရန် လွယ်ကူသည်ဟု ပြောဆိုသောစကားမှာ မှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။
ဤနေရာ၌ စာရေးသူ ကြားဖူးသော ပုံပြင်လေးတစ်ခုကို အမှတ်ရ၍ ရေးသားတင်ပြချင်ပါသည်။ အရက်သမားတစ်ယောက်ကို မိဘများက အရက်မသောက်အောင် ဘယ်လိုမှသွန်သင် ချော့မော့ပြီး ပြောဆိုမရသောကြောင့် ဘုန်းကြီးတစ်ပါးထံ အရက်ပျက်အောင် ကျောင်းမှာထားပြီး ဆုံးမခိုင်းသော်လည်း အရက်သမားသည် အရက်မပျက်ခဲ့ပါပေ။
တစ်နေ့သောအခါ အရက်သမားသည် သူ၏သူငယ်ချင်းများနဲ့ အရက်ဝိုင်းမှာ အမြည်းမျိုးစုံဖြင့် ၀ိုင်းဖွဲ့ကြနေချိန်တွင် အနားမှလမ်းဖြတ်သွားသောအရူးကို အရက်သောက်ရန် လှမ်းခေါ်သောအခါ အရူးက “အရင်က အမူးတောင် မပြေသေးဘူး၊ နောက်ထပ် မမူးချင်တော့ပါဘူး“ဟု ပြန်ပြောလိုက်ပါသည်။ “အရူးပြောသည့် အဓိပ္ပါယ်က အရင်ဘ၀က အရက်သောက်ခဲ့တဲ့ ဆိုးကျိုးကြောင့် ယခုဘ၀မှာ အရူးဖြစ်နေရတယ်။ ဒီဘ၀မှာ ထပ်သောက်ရင် နောင်ဘ၀မှာလည်း ထပ်ရူးနေမှာပေါ့လို့ ပြောဆိုခြင်းဖြစ်ပါသည်“။
မိဘဆရာသမားများ ဆုံးမသွန်သင်၍ အရက်မပျက်ခဲ့သော အရက်သမားသည် အရူးသမား ချွတ်လိုက်သောအခါ ထိုအချိန်မှစ၍ အရက်ကို လုံးဝမသောက်ဘဲ အရက်ပျက်သွားခဲ့ပါသည်။ အထက်၌ ဖော်ပြခဲ့သော အပြစ်များသည် မျက်မှောက်ဘ၀၌ ရရှိသောဆိုးကျိုးများသာ ဖြစ်ပါသည်။
ဤသီလကို ကျုးလွန်သောသူများသည် ဖြစ်လေရာဘ၀တို့၌...... ၁။ သတိကင်းလွတ်ခြင်း။ ၂။ အရှက်မရှိခြင်း။ ၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။ ၄။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။ ၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။ ၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊ ၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ် မပြည့်ခြင်း။ ၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။ ၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။ ၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှုမလုပ်ဘဲ သေပါကနောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။ စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာများကို ခံစားရပါသည်။
ထို့ကြောင့် အရက်သောက်ခြင်းသည် မျက်မှောက် တမလွန်တို့၌ မကောင်းသောဆိုးကျိုးတို့ကိုသာ ခံစားရ၍ လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။
ဝန်တို ခြင်း မစ္ဆရိယသည် ၅ မျိုး
( ၁ ) အာဝါသ မစ္ဆရိယ - မိမိ နေထိုင်ရာ နေရာဒေသတွင် သူတစ်ပါး တို့အား မနေစေလိုခြင်း၊
( ၂ ) ကုလမစ္ဆရိယ - မိမိနှင့်ပတ်သက် သော မိတ်ဆွေ သူငယ်ချင်း အပေါင်း
အသင်းတို့ကို မဆက်ဆံ လိုခြင်း၊
( ၃ ) လာဘ မစ္ဆရိယ -မိမိ ကိုယ်ပိုင်ပစ္စည်း ဖြစ်စေ၊ သူတစ်ပါး ပိုင်ပစ္စည်း ဖြစ်စေ၊ ထို ပစ္စည်း လာဘ်လာဘ တို့ကို မိမိသာ ရလို၍ သူတစ်ပါး တို့အား မရစေလိုခြင်း၊
( ၄ ) ဓမ္မ မစ္ဆရိယ - မိမိ တတ် သိနားလည်ထားသော အတတ်ပညာ အမျိုးမျိုး တို့ကို သူတစ်ပါး တတ်သိနားလည်မည်ကို စိုးရိမ်
သဖြင့် ဖုံးကွယ်ခြင်း ၊ ထိန်ချန်ခြင်း ၊ လျှို့ဝှက်ထားခြင်း ၊မတတ်စေလိုခြင်း ။
( ၅ ) ၀ဏ္ဏမစ္ဆရိယ - မိမိထက် ရုပ် အဆင်းလှပခြင်း၊ ဂုဏ်သတင်း ကျော်ကြားခြင်း စသည့်တို့ဖြင့် မိမိ မှာပြည့်စုံသောဂုဏ်သတင်းတို့  ကို သူတစ်ပါးအား မပြည့်စုံစေခြင်း။
( ၀ိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထ တွဲ ၊ ဉာဏဒဿန၀ိသုဒ္ဓိ နိဒ္ဒေသ ၊ စာမျက်နှာ-၄၆၃
မှ ဖော်ပြပါသည်။)
( ၂ ) ကုလမစ္ဆရိယ - မိမိနှင့်ပတ်သက် သော မိတ်ဆွေ သူငယ်ချင်း အပေါင်း
အသင်းတို့ကို မဆက်ဆံ လိုခြင်း၊
( ၃ ) လာဘ မစ္ဆရိယ -မိမိ ကိုယ်ပိုင်ပစ္စည်း ဖြစ်စေ၊ သူတစ်ပါး ပိုင်ပစ္စည်း ဖြစ်စေ၊ ထို ပစ္စည်း လာဘ်လာဘ တို့ကို မိမိသာ ရလို၍ သူတစ်ပါး တို့အား မရစေလိုခြင်း၊
( ၄ ) ဓမ္မ မစ္ဆရိယ - မိမိ တတ် သိနားလည်ထားသော အတတ်ပညာ အမျိုးမျိုး တို့ကို သူတစ်ပါး တတ်သိနားလည်မည်ကို စိုးရိမ်
သဖြင့် ဖုံးကွယ်ခြင်း ၊ ထိန်ချန်ခြင်း ၊ လျှို့ဝှက်ထားခြင်း ၊မတတ်စေလိုခြင်း ။
( ၅ ) ၀ဏ္ဏမစ္ဆရိယ - မိမိထက် ရုပ် အဆင်းလှပခြင်း၊ ဂုဏ်သတင်း ကျော်ကြားခြင်း စသည့်တို့ဖြင့် မိမိ မှာပြည့်စုံသောဂုဏ်သတင်းတို
( ၀ိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထ တွဲ ၊ ဉာဏဒဿန၀ိသုဒ္ဓိ နိဒ္ဒေသ ၊ စာမျက်နှာ-၄၆၃
မှ ဖော်ပြပါသည်။)
All Credit to အနှိုင်းမဲ့စာတိုပေတိုလေးများ
မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ
အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး
ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊
သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ် တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြ စ်တယ်။
သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း
အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည်
ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ
တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊
လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့
ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့
ယတြာလက်ဖွဲ့မရှိပါဘူး။
ရှင်ခေမာနန္ဒ(မဟာမြိုင်တောရ)
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟ
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှ
ရှင်ခေမာနန္ဒ(မဟာမြိုင်တောရ)
သရဏဂုံ အကြောင်း
သရဏဂုံမှာလည်း လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်မျိုးရှိပါသည်။
လောကုတ္တရာ သရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်
သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ
လောကုတ္တရာ သရဏဂုံ တည်ပြီးသူသည် ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ။
လောကီသရဏဂုံ တည်သူမှာကား အခြားဘာသာဝင် အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်။
လောကီသရဏဂုံ တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါ
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီ
အကျိုးစီးပွား အတွက် သော်လည်းကောင်း ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု
သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလေ
ခေါ်ပါသည်။
ဗုဒ္ဓဘုရားရှင် ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အ
ကျင့်သုံးခြင်း မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု
ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်း ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍
ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီ
ဗုဒ္ဓမြတ်စွာ ဘုရားက ဗုဒ္ဓဘာသာဝင်များ
နှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်
(အောက်တန်းစား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်)
များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့ သည်။
အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားန
ဗုဒ္ဓဘာသာဝင်) များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ
ပြုလုပ်ခြင်း)
(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကို
ယုံကြည်ခြင်း )
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်။
သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်
ရတနာမြတ်သုံးပါး အပေါ် မိမိ အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်
အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလ
ဆိုင်ရာ ဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့
ရှိသည်။ မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ
ကြီးပွားမည့်နည်းကိုရှာကြသည
ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊
အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်။ မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှု
ကို မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး
ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည်
ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည် သူရဿတီဘိုးတော်များ သာသနာပမယ်တော်
များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကို ဆည်းကပ်လေ့
ရှိကြသည်။
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တို
နေထိုင်ကျင့်ကြံရန်ကား စိတ်ကူးထဲပင် မထည့်ကြပင်။
ဗုဒ္ဓဘုရားရှင်က အောက်ပါ အင်္ဂါရပ်များနှင့် ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစားဗုဒ္ဓဘာသာဝင်)မျာ
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။
အထက်ကဖော်ပြခ့တဲ့ဲ ဒနွ်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည်။ ပဒုမ္မာကြာနှင့်
တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်
ကိုးကွယ်ကြည်ညို သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အည
နေထိုင်လေ့ ရှိကြသည်။ ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည် မိမိဘ၀ကြီးပွားတိုးတက်ရေးအတ
မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါး အခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ
မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်ေ
ကြောက့်ရြွံခင်း မဖြစ်တော့ပေ။ ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာ
မလိုတော့ပါ။ ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော် များကိုလည်း ကိုးကွယ် အားကိုးခြင်း
မရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်
နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း
မြောက်ခြင်း မဖြစ်တော့ပဲ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင်
ကျင့်ကြံသွားသူများပင် ဖြစ်သည်။
အခုဆိုရင် စာဖတ်သူများ အနေဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်
နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင် ဘယ်လိုကွဲပြားခြားနားတယ်ဆို
လောက်ပါပြီ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော အောက်တန်းစားဗုဒ္ဓဘာသာဝင်မျာ
ကြည့်သင့်ပေသည် ။ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင်လည်း ကြိုးပမ်းသွားဖို့ အထူး
လိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်
အထက်တန်းစား ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗ
ဆရာဝင်းသိန်းဥိး ရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ
ကိုးကား ရေးသားပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အဓိကရည်ရွယ်ချက်ပန်းတိုင်
ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင် ဆိုတဲ့ စာအုပ်မှ ကူးယူ ဖော်ပြခြင်း
ဖြစ်ပါတယ်ခင်ဗျာ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက်
ပန်းတိုင်ကိုသိစေချင်တဲ့ စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ
ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း ဖော်ပြလိုက်ပါတယ်။
အရှင်ဝိစက္ခဏ(ဇယရံသီ)
All Credit to အနှိုင်းမဲ့စာတိုပေစများ
အဘိဓမ္မာ (၇)ကျမ်း
အဘိဓမ္မာ (၇)ကျမ်း ဆိုသည်မှာ အောက်ပါတို့ဖြစ်ပါသည်။
၁။ ဓမ္မသင်္ဂဏီ (Classification of States)
၂။ ၀ိဘင်း(Book of Analysis)
၃။ ဓာတုကထာ (Book of Discourse on Elements)
၎။ ပုဂ္ဂလပညတ် (Book of Classification of Individuals)
၅။ ကထာဝတ္ထု (Book on Points of Controversy)
၆။ ယမိုက် (Book of Pairs)
၇။ ပဋ္ဌာန်း(Book of Conditionl Relations)
အဘိဓမ္မာ(၇)ကျမ်း၏အဓိပ္ပါယ်အကျဉ်းမှာ
၁။ ဓမ္မသင်္ခဏီ ကျမ်း၏အဓိပ္ပါယ်မှာ။ လူ၏အတွင်၌ရှိသော စိတ်၏အခြေအနေကို တခန်းပြသည်။ ရုပ်၏အခြေအနေကိုတခဏ်း ပြသည်၊ ၎င်းစိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းချုပ် တခန်းပြသည်၊ အကျယ်အားဖြင့်တခန်းပြသည်။ မာဂဓဘာသာအားဖြင့် ကဏ္ဍလေးပါးဟူ၍ခေါ်သည်။ စိတ်ကိုဆိုရာအခန်းကို။ စိတ္တုပ္ပါဒကဏ္ဍဟူ၍ခေါ်သည်။ ရုပ်ကိုဆိုရာအခဏ်းကို။ ရူပကဏ္ဍဟူ၍ခေါ်သည်။ ၎င်းစိတ်နှင့်ရုပ်ကိုတွဲ၍ အကျဉ်းချုပ်ပြသောအခန်းကို။ နိက္ခေပကဏ္ဍဟူ၍ခေါ်သည်။ အကျယ်ဝေဖန်ရန်ပြသော အခန်းကို။ အဌကထာကဏ္ဍဟူ၍ခေါ်သည်။ နောက်ရေးသားသော အဌသာလိနီ။ အဌကထာကျမ်းတို့ သည်၊ ဓမ္မသင်္ခဏီကျမ်း၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ ဖွင့်ပြသောကျမ်းစုဖြစ်သည်။
၂။ ၀ိဘင်းကျမ်း၏အဓိပ္ပါယ်မှာ။ လူ၏ကိုယ်ခန္ဓာကို၊ ဆယ့်တပိုင်းဖြင့် ဝေဖန်၍။ ပြရာပြကြောင်းဖြစ်သည်။
သမောဟ၀ိနောဒဏီ အဌကထာကျမ်းသည်၊ ၎င်းကျမ်း၏အဓိပ္ပါယ်ကို အကျယ်ဖွင့်ပြသောကျမ်းဖြစ်သည်။
၃။ ဓာတုအဌကထာဆိုသော ကျမ်း၏အဓိပ္ပါယ်မှာ။ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဟူ၍ဆိုအပ်သော။ ဓါတ် လေးပါး တို့၏သရုပ် အခြင်းအရာ ကြိုပကြောင်း အရာဖြစ်သည်။
၎။ ပုဂ္ဂလကညာတ်ကျမ်းမှာ။ လူကို ဥပမာ ဥပမေယျ နှင့်။ ခြောက်ပါးသောပညာတို့ကို ပြသောကျမ်းဖြစ်သည်။
၅။ ကထာဝတ္ထုကျမ်း၏ အဓိပ္ပါယ်မှာ။ လူပုဂ္ဂိုလ်ကိုခွဲဝေပြီးလျှင်၊ ပရမတ်သဘော၊ ပညာတ်သဘောကို တရားအရာနှင့်တင်၍ ပြောနည်းလုပ်နည်း သုံးပုံတို့ကို အစဉ်ပြသော ကျမ်းဖြစ်သည်။
၆။ ယမိုက်ဆိုသောကျမ်း၏အဓိပ္ပါယ်မှာ၊ ပုဂ္ဂိုလ်သဏ္ဍာန်ပရမတ်သဘော၏အခြေအနေကို။အစိတ်အပိုင်းဖြင့်ဆယ်နည်းခွဲဝေပြီးလျှင်အစုံပြု၍ပြရာပြကြောင်းဖြစ်၏။ ၎င်းကျမ်း၏သဘောကိုနောက်ဆရာတို့က၊ အကျယ်ဖွင့်၍။ မူလစသော ယမိုက်ဆယ်ကျမ်းဟူ၍ ဖွဲ့ စည်းထားလေ၏။
၇။ ပဋ္ဌာန်းကျမ်း၏ အဓိပ္ပါယ်မှာ ပရမတ်သဘော၊ ပညာတ်သဘောကိုစပ်ပြီးလျှင်၊ အကြိုးအကြောင်းနှင့်တကွ။ နှစ်ဆယ့်လေးပိုင်းပြု၍၊ တိကပဌာန်းစသော အားဖြင့် နှစ်ဆယ့်လေးကျမ်းဟူ၍ နောက်ဆရာတို့ဖွဲ့ထားလေသည်။
~အရှင်နန္ဒစာစု ကို မှီးငြမ်းမှတ်စုလုပ်ပါသည်။
ဗုဒ္ဓညွှန်သော မိဘကျေးဇူး အကျေဆပ်နိုင်သော နည်းလမ်းများ
“ချစ်သား ချစ်သမီးတို့ . မိဘကျေးဇူး အကျေဆပ်နိုင်တဲ့နည်းလမ်းတွေ ကို ငါဘုရားညွှန်ပြပါရစေ။
၁) သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင် (ရတနာသုံးပါးသာ ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊ ကံတွေရဲ့အကျိုးပေးမှုသတ္တိ)၊
၂) သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင် (သီလမရှိရင် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စ) ၊
၃) မပေးရက် မလှူရက်နှမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း (မေတ္တာစေတနာနဲ့ပေးသမျှ ကိုယ်ရဖို့သာချည်းဖြစ်ကြောင်း) နှင့်
၎) ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ပြည့်စုံအောင် (အကောင်းမြင်စိတ်နဲ့ အပြုသဘောဖြစ်အောင်၊ ပစ္စုပ္ပုန်စိတ်အေးချမ်းဖို့နဲ့သံသရာဘ၀လွတ်မြောက်ဖို့အတွ က်ပါ ၀ိပဿနာမလုပ်မဖြစ် အရေးကြီးကြောင်း) ကောင်းစွာနာယူဆောက်တည်စေမယ် ။
လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင်
မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။
(ဗုဒ္ဓ)
၁) သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည့်စုံအောင် (ရတနာသုံးပါးသာ ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊
၂) သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင် (သီလမရှိရင် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စ)
၃) မပေးရက် မလှူရက်နှမြောဝန်တိုတဲ့မိဘက
၎) ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ပြည့်စုံအောင် (အကောင်းမြင်စိတ်နဲ့ အပြုသဘောဖြစ်အောင်၊ ပစ္စုပ္ပုန်စိတ်အေးချမ်းဖို့န
(ဗုဒ္ဓ)
Credit to အနှိုင်းမဲစာတိုများ
မိခင် တစ်ယောက် ၏ အဌမမြောက် မုသား - Eight Lies of a Mother
ကျွန်တော်
ကလေးဘ၀အရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့
ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင်
မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက
ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင်
အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ "စား .. ငါ့သား အမေ သိပ်မဆာဘူး.." ။
အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ ။
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိ တ်နဲ့
အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။
အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော်
ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့် ပြီး
ကြည်နူးမှုအပြည့်နဲ့ ။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန်
ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့
ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။ "စား
.. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး.."
အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား ။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး
ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ "အမေ ..
အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ" လို့
ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။ "သွားအိပ် ငါ့သား .. အမေ
အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်" တဲ့ ။
အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ ။
တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့ မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ 
နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။
စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ် ။ အမေ
ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက်
တိုက်တယ် ။ တကိုယ်လုံးချွေးတွေရွှဲနေရှာ တဲ့
အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ "အမေလဲ သောက်ဦးလေ" လို့
ပြောတော့ အမေ့ထုံးစံအတိုင်း "ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး" တဲ့ ။
အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း ။
သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် .."ကျွန်မဘ၀အတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး "အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား" တဲ့ ။
အမေ .. ဆဌမမြောက်မုသားကို ပြောတယ် ။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အ ချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကု မ္ပဏီတစ်ခုမှာ
အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့
အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘ၀ကို
ဖြတ်သန်းစေချင်တယ် ။ ဒါပေမဲ့ အမေက ကျွန်တော့်ဘ၀ကို သူ့အတွက်နဲ့
တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် .."အဲ့ဒီလို ဘ၀ကြီးမှာ အမေ
နေတတ်မှာ မဟုတ်ပါဘူး သားရယ် .." တဲ့ ။
အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့ ။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင် ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ
ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး)
အမေ့အနားကို ပြန်လာခဲ့တယ် ။ အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ
အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။ အမေမမြင်အောင်
ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး
ပြောတယ် .. "မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး .."တဲ့
။
အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ် ။
အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကို စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။
ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက်မုသားစကားတစ်ခွန်း ကို ဆိုလေဦးမလားလို့ ကျွန်တော် ၀မ်းပမ်းတနည်း တွေးနေမိတယ် ။
အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ ။
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိ
အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား ။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီ
အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ ။
တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့
အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း ။
သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် .."ကျွန်မဘ၀အတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတံ
အမေ .. ဆဌမမြောက်မုသားကို ပြောတယ် ။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အ
အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခ
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်
အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ် ။
အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီ
ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက်မုသားစကားတစ်ခွန်း
အမှတ်တရ
Translated by Cinderella ( Ref : Eight Lies of a Mother)
Translated by Cinderella ( Ref : Eight Lies of a Mother)
(မှတ်ချက်) forward mail တစ်ခုမှ ရရှိသော သုတလေးတစ်ခုဖြစ်ပါသည်။ အမည်မသိ ဆောင်းပါးရှင် စာရေးဆရာမလေးကို ကျေးဇူးတင်ပါသည်။
သားသမီး (၃) မျိုး
ဘုရားရှင်အဟောအရ သားသမီး (၃) မျိုး ရှိပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်လေသည်။
(၁) အတိဇာတ သားသမီး - မိဘထက် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် သာလွန်သူ။
(၂) အနုဇာတ သားသမီး - မိဘနှင့် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် တူညီသူ။
(၃)အ၀ဇာတ သားသမီး - မိဘအောက် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် ညံ့ဖျင်းသူ။
(၁) အတိဇာတ သားသမီး - မိဘထက် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် သာလွန်သူ။
(၂) အနုဇာတ သားသမီး - မိဘနှင့် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် တူညီသူ။
(၃)အ၀ဇာတ သားသမီး - မိဘအောက် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် ညံ့ဖျင်းသူ။
လင်ကွန်း၏ ခေါင်းဆောင်မှု ကျင့်စဉ်
Abraham Lincoln(Photo Date: November 1863)
(1) ရှင်းလင်းစွာ ရေးသား၍ ပြဿနာဖြေရှင်းနည်းကို အကြံပေးဖော်ပြပါ။
(2) သင်သည် လူတွေကြားတွင် မကြောက်မလန့် သွားလာနေသည်ဟု လူတွေက ထင်ပါစေ။
(3) လက်အောက်ငယ်သားများနှင့် ရှောင်တခင် တွေ့ဆုံဆက်ဆံပါ။ တမင်စီစဉ်တွေ့ဆုံခြင်းကဲ့သို့ပင် အကျိုးရှိနိုင်သည်။ (4) လာတွေ့သောဧည့်သည်များကို မတွေ့ဘဲ မကြာခဏ ပြန်မလွှတ်ပါနှင့်။
(5) ပြည်သူ့ထင်မြင်ချက်များ အမြဲရနေအောင် ဖန်တီးပါ။
(6)‘လူတိုင်း ချီးကျူးခံချင်သည်’ဆိုခြင်းကို သတိရပါ။
(7) သင်၏ လက်အောက်ငယ်သားများ မတ်တတ်ရပ်နေနိုင်လျှင် သင်လည်း မတ်တတ်ရပ်နေနိုင်သည်။ကိုယ်တိုင် နမူနာကောင်း ပြပါ။
(8) စိတ်ချရသော နောက်ဆုံးသတင်းအချက်အလက်မှန်ကို ရနိုင်အောင် ကြိုးစားပါ။
(9) တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာ ဆင်နွှဲပါ။
(10) လက်အောက်ငယ်သားများက သင့်အား ပြတ်သားသူ၊ တည်ကြည်သူ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူဟူ၍ ယုံကြည်လာအောင် ကြိုးစားပါ၊ သူတို့က သင့်အား ယုံကြည်လေးစားလာလိမ့်မည်။
(11) အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးသိက္ခာတို့ကို တစ်ခါတစ်ရံ ‘ဘေးချိတ်’ထားရ၏။
(12) လူ့သဘော လူ့မနောကို နားလည်ရေးအတွက် အချိန်နှင့်ပိုက်ဆံ ရင်းနှီးမြှုပ်နှံပါ။
(13) လူ့အပြုအမူကို အတိုင်းအတာတစ်ခုအထိ ပြုပြင်၍ရနိုင်သော်လည်း လူ့သဘာဝကို ပြောင်းလဲ၍ မရနိုင်ကြောင်း သတိရပါ။
(14) သနားကြင်နာခြင်း၊ ဂရုစိုက်ခြင်းသည် ကောင်းမွန်သောဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်သည်။
(15) မျှော်လင့်ချက်ကုန်ဆုံးလျှင် စိတ်ဓာတ်ကျသည်။
(16) ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့်၊ ညှိနှိုင်းစေ့စပ်ရန် လက်အောက်ငယ်သားများအား အမြဲတမ်းဖျောင်းဖျဆွဲဆောင်ပါ။
(17) အင်အားကို နောက်ဆုံး အားကိုးရာအဖြစ်သာ သုံးပါ။
(18) နောက်လိုက်ငယ်သားများက သူတို့လုပ်ရပ်ကို သူတို့စိတ်ကူးဖြင့် လုပ်သည်ဟု ယုံကြည်ချင်ကြကြောင်းကိုသတိရပါ။ ထို့ထက် သူတို့လုပ်ရပ်သည် အများနှင့်မတူ တမူထူးခြားသည်ဟု ယုံကြည်ချင်ကြကြောင်းကိုသတိရပါ။
(19) နောက်လိုက်ငယ်သားကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည် မိတ်ဆွေကောင်း
တစ်ယောက်ဖြစ်ကြောင်း သူယုံကြည်အောင် ပထမဦးစွာ ပြသပါ။
(20) နောက်လိုက်များကို မိမိက ဦးဆောင်ရန် သူတို့၏ သဘောတူညီမှုကို အရင်ရယူပါ။
(21) နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲဝေပေးပါ။
(22) အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ ကြီးအကဲများနှင့် ပြည့်ပြည့်၀၀
ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။
(23) ခေါင်းဆောင်ကောင်းသည် အမိန့်မပေး၊ မေတ္တာရပ်ခံခြင်း၊ တိုက်တွန်းခြင်း၊ အကြံပေးခြင်းတို့ကိုသာပြုလုပ်သည်။
(23) လူတစ်ယောက်အား နှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏မိတ်ဆွေများသည် မိမိအဖွဲ့အစည်းအတွက် ထာဝရရန်သူများ ဖြစ်လာနိုင်သည်။
(24) အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရွယ်ချက်သည် ဘယ်လိုမျှ အကျိုးမပြု။
(25) နာမည်ကောင်းထွက်သော ခေါင်းဆောင်ထံသို့သာ လူတွေချဉ်းကပ်ချင်ကြသည်။
(26) တစ်ခါတစ်ရံ မသိယောင်ဆောင်နေလိုက်ခြင်းသည် အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။
(27) သာမန်အကြောင်းများကြောင့် လူငယ်များအား ဘ၀မပျက်ပါစေနှင့်။
(28) မလိုတမာစိတ်ကို ရှောင်ပါ၊ မေတ္တာစေတနာကို ဆောင်ပါ။
(29) မိမိ၏ အကောင်းဆုံးအပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။
(30) ဒေါသ မများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖတ်ရှုခြင်းမှ ရှောင်ကြဉ်ပါ။
(31) စိတ်လှုပ်ရှားနေသော လူထုကို မကြောက်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။
(32) ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲ ဝေဖန်မှုကို အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်သည်။
(33) ကိုယ်သိသလောက်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ ပြီးဆုံးအောင်အထိလုပ်ပါ။
(34) မတရားစွပ်စွဲချက်ကို တစ်ကြိမ်အရှုံးပေးလိုက်လျှင် နောက်ထပ်စွပ်စွဲချက်များအတွက် လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားနိုင်သည်။
(35) မိမိအား အုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို့မဟုတ် နှစ်စုလုံးက ဝေဖန်ထိုးနှက်ခြင်းမပြုလျှင် မိမိမှန်ကောင်းမှန်နိုင်သည်။ သို့သော် တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုက ချီးကျူးထောမနာ
ပြုတာမျိုးကိုတော့ သတိထားပါ။
(36) တိုက်ပွဲတွင် ရှုံးနိမ့်ခြေရှိခြင်းကြောင့် မိမိက မှန်ကန်သည်ဟု ယုံကြည်သောလုပ်ရပ်ကို စွန့်လွှတ်မပစ်ပါနှင့်။
(37) တစ်သမတ်တည်း ဖြောင့်မတ်ခိုင်ကျည်မှုကို မိမိ၏လုပ်ငန်းစက်ယန္တရားတွင် ခွေးသွားစိပ် တစ်ခုသဖွယ်သတ်မှတ်ပါ။
(38) စမ်းချောင်းကို ဖြတ်ကူးနေစဉ် မြင်းကို အရောင်းအ၀ယ်မလုပ်ပါနှင့်။
(39) အသုံးကျတဲ့ ဖဲချပ်တွေ အကုန်လုံးသုံးပြီးတော့မှ ဖဲဝိုင်းက ထပါ။
(40) မိမိ၏ လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကိုအထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် ချက်ချင်းပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲတမ်း ကြိုဆိုလက်ခံပါ။
(41) အမှုထမ်းများ၏ လုံခြုံရေးကို အလေးထားသလို အမှုထမ်းများ စွန့်စားလုပ်ချင်စိတ် ပေါ်လာနိုင်သည့်အခြေအနေကိုလည်း ဖန်တီးပေးပါ။
(42) အလွန်ဒေါသထွက်သောအခါ စိတ်ကိုထိန်းပြီး စာရေး၍ ဖွင့်အန်ပစ်ပါ။ သို့သော် ထိုစာကို သက်ဆိုင်သူထံမပို့ဘဲ သိမ်းထားလိုက်ပါ။
(43) ရန်သူကို ထုချေရှင်းလင်းမနေပါနှင့်။
(44) ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဋိပက္ခများကို အထူးရှောင်ပါ။
(45) အစိတ်အပိုင်းလေးတစ်ခု (သို့မဟုတ်) နှစ်ခု ဆုံးရှုံးမှုကို ရှောင်ရန်အလို့ငှာ အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်တော့မျှ စတေးမခံပါနှင့်။
(46) တွေဝေမှု၊စိတ်ဓာတ်ကျမှုနှင့်အရေးပေါ်လိုအပ်မှုတို့ကိုအခွင့်ကောင်းယူပြီး
ခေါင်းဆောင်ကောင်းအမည်ခံယူပါ။
(47) အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မျှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။
(48) မိမိ၏ အင်အားအချက်အချာအားလုံးကို စွန့်လွှတ်မပစ်ပါနှင့်၊ ပြိုင်ဘက်က ဖြတ်ခုတ်သွားလိမ့်မည်။
(49) သင့်အား ဦးစွာမတိုင်ပင်ဘဲ သင့်တာဝန်ကို လက်အောက်လူက ဘယ်တော့မျှ အကောင်အထည် မဖော်ပါစေနှင့်။
(50) သင်၏လက်အောက်လူကို ‘သမ္မတယင်လောက်ကြီး’ ကိုက်နေလျှင် ယင်ကောင်ကြီးကို ပုတ်ထုတ်မပစ်ပါနှင့်။
(51) ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်စုပါ၊ ဖြေရှင်းချက်မျိုးစုံရှာပါ၊ အကျိုးဆက်များကို ကြိုတွေးကြည့်ပါ။ မိမိ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက် ဖြစ်ပါစေ။ နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကိုသက်ဆိုင်သူများအား ထိထိရောက်ရောက် တာဝန်ပေးအပ်ပါ။
(52) ပထမဦးစွာ ဆန္ဒခံယူပါ၊ ဆန္ဒခံယူခြင်းဖြင့် အလုပ်မဖြစ်မှသာ အာဏာကို သုံးပါ။
(53) တာဝန်ယူတတ်ပြီး စွန့်စားလုပ်ကိုင်တတ်သူများကိုသာ မိမိ၏ အဓိကလက်အောက်ခံ အမှုဆောင်
ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပါ။
(54) ရှေ့တန်းသို့ထွက်ပါ၊ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါ။
(55) အမှုထမ်းများက မိမိ၏အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အား ပြစ်တင်ဝေဖန်လာပါက စွပ်စွဲချက်မှန်ကန်လျှင် ထိုပုဂ္ဂိုလ်အား ဖယ်ရှားပစ်ရန် မကြောက်ပါနှင့်။
(56) မိမိနောက်လိုက်များအား အတတ်နိုင်ဆုံး အထောက်အကူပေးပါ။
(57) စွမ်းဆောင်ရည်မရှိသူများအား စွမ်းဆောင်ရည်ပြည့်ဝလာအောင် သုံးလမှ ငါးလအထိ ‘သိက္ခာဆည်ချိန်’ပေးပါ။
(58) အလုပ်ကောင်းကောင်းမလုပ်လျှင် အာဏာကို ဖြည်းဖြည်းလျှော့ချပါ။ ပြုပြင်ပြောင်းလဲနိုင်အောင်
အချိန်လုံလောက်စွာပေးပါ။
(59) ဘာမျှ အလုပ်မလုပ်ဘဲ သတင်းအချက်အလက်များကိုသာ တစ်ပုံတစ်ပင်ကြီး စုဆောင်းနေသော
လက်အောက်ခံပုဂ္ဂိုလ်မျိုးကို သတိထားပါ။
(60) အမှုဆောင်သစ်အား လမ်းမှန်ကို လျှောက်နိုင်အောင် သင်ပြပါ၊ လမ်းညွှန်ပါ။ မိမိက သူ့အား
အလုပ်ဖြစ်စေလိုကြောင်း သူသိပါစေ။
(61) ရဲရင့်ပြတ်သားသော ခေါင်းဆောင်များသည် သူတို့လို လူသားမျိုးကိုသာ လက်အောက်ခံအဖြစ်
ရွေးကြသည်။
(62) အတင်းဖိတိုက်သင့်လျှင် အတင်းဖိတိုက်ပါစေ။
(63) လက်ရှိအခြေအနေတွင် အခက်အခဲတွေ တောင်လိုပုံနေလျှင် အခြေအနေနှင့်အတူ မြင့်တက်ပါ၊
အသစ်တွေးပါ၊ အသစ်လုပ်ပါ။
(64) မိမိလူတွေ မအောင်မြင်လျှင်လည်း သူတို့အပေါ်တွင် ယုံကြည်မှု လျော့မသွားပါနှင့်။
(65) မိမိသည် သူတို့အကြံဉာဏ်များကို အမြဲတမ်းလိုလားကြောင်း လက်အောက်ငယ်သားများ သိပါစေ။
(66) ဘယ်တော့မျှ မကြိုးစားလျှင် ဘယ်တော့မျှ မအောင်မြင်နိုင်။
(67) ကျယ်ပြန့်သော မူဝါဒကိစ္စများမှတစ်ပါး အခြားကိစ္စများတွင် အထက်အမိန့်ကို စောင့်မနေဘဲ မိမိတို့၏ဦးဆောင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ကြရန် လက်အောက်ငယ်သားများအား အားပေးပါ။
(68) အတော်ဆုံး ခေါင်းဆောင်များသည် အမြဲတမ်း လေ့လာဆည်းပူးနေသည် ဟူသော အချက်ကို မမေ့ပါနှင့်။
(69) မိမိ၏ ပတ်ပတ်လည်တွင် ကိုယ့်အလုပ်ကိုယ်သိသောသူများသာ ရှိပါစေ၊ ‘ပုတ်သင်ခေါင်းညိတ်’
လူစားမျိုးတွေ မရှိပါစေနှင့်။
(70) အသစ် တိုးတက်မှုတွေကို အသုံးချရန် လက်မနှေးပါနှင့်၊ မိမိ၏ တပ်သားများ လက်ထဲသို့ လက်နက်သစ်တွေ ချက်ချင်းရောက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။
(71) မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။
(72) ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံ သဘောတရားများကို ဖော်ထုတ်ပါ။
(73) ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာ
ရနိုင်သည်။
(74) ‘လှည့်လည်ခေါင်းဆောင်မှု’ နည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။
(75) မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ၊ သာမန်ပြည်သူတွေသဘောပေါက်ပါလိမ့်မည်။ သူတို့သာလျှင် သင်၏ပစ်မှတ်ဖြစ်သည်။
(76) အမြင်ကို ဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထို့နောက် ထိုနှစ်ခုကို အနာဂတ်နှင့်
ပေါင်းကူးပေးပါ။
(77) ဆန်းသစ်သောအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်း
သဘောပေါက်ပါ။
(78) လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။
(79) စကားပြောသောအခါ ပင်ကိုသဘာဝအတိုင်း ရိုးသားစွာပြောပါ၊ မ၀င့်ဝါပါနှင့်၊ အထက်စီးလေသံ မပါပါစေနှင့်။ မိမိအား သူတို့တစ်သက်လုံး သိကျွမ်းလာခဲ့ခြင်းဖြစ်သည်ဟူ၍ လူတွေထင်မှတ်ကျန်ရစ်ပါစေ။
(80) လူတွေကို မိမိဘက်ပါအောင် ဆွဲဆောင်ရာတွင် ဟာသဉာဏ်သည် အဓိကအရေးပါသော အင်္ဂါတစ်ရပ်ဖြစ်သည် ဟူသော အချက်ကို မမေ့ပါနှင့်။
(81) ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သော ဆေးစွမ်းကောင်းဖြစ်သည်။
(82) ရယ်စရာ ပုံတိုပတ်စများဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်လျှင် ပို၍ ထိရောက်သည်။
(83) အခြားသူများ၏ လေကြောရှည် အကျိုးမဲ့ ဆွေးနေွး ချက်များကိုဖြစ်စေ၊ မိမိ၏ ကြိုးစားပမ်းစား ရှင်းလင်းချက်များကိုဖြစ်စေ ဆီလျော်လျောက်ပတ်သော ပုံတိုပတ်စကလေးဖြင့် ရှောင်ရှားနိုင်သည်။
(84) လက်အောက်ငယ်သားများနှင့် အလွတ်သဘော စကားလက်ဆုံ ပြောခြင်းဖြင့် သစ္စာရှိမှုကို ပို၍
ရရှိနိုင်သည်။
(85) လက်အောက်ငယ်သားများအား တူညီသော လွတ်လပ်မှုနှင့် တူညီသော အခွင့်အရေးပေးပါ။
(86) မိမိ အမြင့်သို့ရောက်သွားသောအခါ အောက်ကို ပြန်ကြည့်ပြီး နောက်ကလူကို အကူအညီပေးပါ။
(87) နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ်ဆောင်ရွက်ပါ။
(88) မှန်မှန်ကန်ကန်ရပ်သောသူနှင့် အတူရပ်ပါ၊ သူ မှန်ကန်နေလျှင် သူနှင့်အတူတူရပ်ပါ။ သူအမှား
လုပ်သောအခါ သူ့ကို စွန့်ခွာလိုက်ပါ။
(89) လုပ်ရပ်မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ၀န်မပိပါစေနှင့်။
(90) အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တိုးတက်မြှင့်တင်ရန်နှင့် ပူးပေါင်းအကျိုးဆောင်သူများကို ကူညီရန်မှာခေါင်းဆောင်၏ တာဝန်ဖြစ်သည်။
(91) ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကိုနောက်ထပ်ဘယ်တော့မျှ ရရှိနိုင်တော့မည်မဟုတ်။
(92) ခေါင်းဆောင်ကောင်းသည် သူ့လုပ်ငန်းပြီးမြောက်သောအခါ၊ သူ့ရည်မှန်းချက် အောင်မြင်သောအခါလက်အောက်ငယ်သားများအား ‘ဒီအလုပ်ကို ကျွန်တော်တို့ကိုယ်တိုင် လုပ်တာ’ ဟူ၍ ဂုဏ်ယူပြောကြားခွင့်ပြုသည်။
(93) နောက်လိုက်များကြောင့် အနှောင့်အယှက်မဖြစ်ပါနှင့်၊ မလုံမခြုံမဖြစ်ပါနှင့်။
(94) အချင်းချင်း ပဋိပက္ခဖြစ်နေသူများအား မျက်နှာချင်းဆိုင် ဆုံပေးပြီး ညှိနှိုင်းဆွေးနွေးစေပါ။ မိမိက လမ်းညွှန်ထိန်းမတ်ပေးပါ။
(95) လုပ်ငန်းအောင်မြင်လျှင် လက်အောက်ငယ်သားများ ဂုဏ်ယူကြပါစေ။ လုပ်ငန်းမအောင်မြင်လျှင်
မိမိကြောင့်ဟု ထင်ကြပါစေ။
(96) လက်အောက်ငယ်သားများထံသို့ သူတို့မှန်သည်၊ မိမိမှားသည်ဆိုသော ပုဂ္ဂိုလ်ရေးပေးစာများ ရေးပို့ပါ။
(97) လက်အောက်ငယ်သားများက အကြံကောင်း ဉာဏ်ကောင်းများ တင်ပြလာလျှင် လက်တွေ့ အကောင်အထည်ဖော်ခိုင်းပါ။ သို့သော် မိမိက လုပ်ငန်းတိုးတက်မှုအတွက် ကြပ်မတ်ပေးပါ။
(98) ရှေ့တန်းတပ်မှူးများ မအောင်မြင်လျှင် မိမိလည်း မအောင်မြင်၊ မိမိ၏အလုပ်အမှုဆောင်များလည်းမအောင်မြင်။
(99) အဖွဲ့အစည်းတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်တွင် မတည်ဆိုသည်ကို ဘယ်တော့မျှ မမေ့ပါနှင့်။
(100) မိမိ၏ အဖွဲ့အစည်းတွင် အခက်ခဲဆုံး လုပ်ဆောင်ရသူများအား အကြီးကျယ်ဆုံး ဂုဏ်ပြုချီးကျူးပါ။(101) မိမိ၏ နောက်လိုက်ငယ်သားများအား ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် စည်းရုံးပါ။
(102) လက်အောက်ငယ်သားများ စိတ်ပါလက်ပါ ချက်ချင်း လိုက်နာဆောင်ရွက်နိုင်မည့် ရေတိုပန်းတိုင်များကို
တိကျပြတ်သားစွာ သတ်မှတ်ပါ။
(103) အုပ်စုတစ်ခု၏ ခေါင်းဆောင်အဖြစ်နှင့် တစ်စုံတစ်ခုကို လုပ်နိုင်သောပုဂ္ဂိုလ်က အုပ်စုတစ်ရာ၏
ခေါင်းဆောင်အဖြစ်နှင့် ဘာတစ်ခုမျှ မလုပ်နိုင်သော ပုဂ္ဂိုလ်အား ကျော်တက်သွားလိမ့်မည်။
(104) တစ်ခါတစ်ရံ အခက်အခဲကို တိုက်ရိုက်ဖြတ်ကျော်ခြင်းထက် သွယ်ဝိုက်ဖြေရှင်းခြင်းက ပို၍ အကျိုးရှိ
နိုင်သည်။
(105) ယနေ့ လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
(106) စစ်ပွဲကို မဟာဗျူဟာသက်သက်ဖြင့် မအောင်မြင်နိုင်၊ အတင်းဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ပို၍
အောင်မြင်နိုင်သည်။
(107) နိစ္စဓူဝအားမာန်အပြည့်ဖြင့် မလုပ်လျှင် ဘယ်လုပ်ငန်းမျှ မပြီးမြောက်နိုင်။
(108) တစ်ဝက်တစ်ပျက်သာပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။
********************************************************************************
မောင်ပေါ်ထွန်း - စံပြခေါင်းဆောင်စာအုပ်မှ အချက်အလက်များကို ကောက်နှုတ်ထားပါသည်....
Ucs Jugger
ပဋ္ဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ
ပဋ္ဌာန်း = ပ + ဌာန
ပ = အမျိုးမျိုးအစားစား များပြားသော ဌာန = အကြောင်း (ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။ စာအုပ်တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာကိုတော့ ဌ နဲ့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ကြည့်တော့ ဋ္ဌ = ဋ + ဌ လို့ တွေ့ရပါတယ်။ ပ+ဌာန ကို သီဟိုဠ် ပါဠိ ပြင်လိုက်တော့ ပဋ္ဌာန်း လို့သာ မြန်မာ အက္ခရာနဲ့ ရေးရမယ်ဆိုပါတယ်။ ပဌာန်း လို့ မရေးကြရပါဘူး။ အရေးမကြီးလှပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲသွားမှာစိုးလို့ သတိထားမိပါတယ်။ ) ။ နောက် အမည်တစ်မျိုးကတော့ - အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း = အနန္တနယ + သမန္တ အနန္တနယ = အဆုံးမရှိသောကျမ်း သမန္တ = ထက်ဝန်းကျင်အဆုံးမရှိသော နည်းလမ်းတို့ဖြင့် တန်ဆာဆင်ထားသော ထက်ဝန်းကျင် ပြည့်စုံသောကျမ်း လို့ခေါ်ကြပါတယ်။ ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်း တရားများကို လေ့လာဟောကြားတဲ့ တရားတော်ဖြစ်ပါတယ်။ လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရ လောက ရယ်လို့ (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် ( ၂ ) ပါးပဲ ရှိပါမယ်။ ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂)မျိုး ထပ် ရှိမယ်။ ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် ( တနည်း ) ရုပ် ၊ စိတ် ၊ စေတသိတ် တို့ ရှိနေပြီး ၊ သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာ ရှိတဲ့ နိယာမတရား(၅)ပါးနဲ့ ထိတွေ့တဲ့ အခါ အချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ် ၊ ကြီးရင့်တယ် ၊ အိုဟောင်းလာတယ် ၊ မျိုးပွားတယ် ၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြလို့ သက်မဲ့ ကို သက်ရှိ အဖြစ် အယူမှားတာတွေ ရှိခဲ့ ၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပေါ့ ။ နောက်တစ်ချက် ဒီ လောက (၃)ပါးမှာ အ၀ိဇ္ဖာနဲ့ တဏှာ ကို အရင်းခံပြီး ဥပါဒါန် ၊ ကံ (သင်္ခါရ) နဲ့ အာဟာရ တွေ ထောက်ပံ့ တည်ပေးနေသမျှကတော့ သတ္တလောက က သတ္တ၀ါတွေဟာ သြကာသလောကထဲက ဘုံ အမျိုးမျိုးမှာ ကျင်လည်နေကြရမှာပါပဲ ။ ဒီလို ဒုက္ခတွေ မွေးလိုက်၊သေလိုက်နဲ့ လည်နေတာကို သံသရာလို့ ခေါ်တာပါပဲ ။ ဒီလို လူဖြစ်လိုက် ၊ နတ်ဖြစ်လိုက် ၊ တိရ စ္ဆာန် ဖြစ်လိုက် ၊ အပယ်ရောက်လိုက်၊ ငရဲကျလိုက်ဖြစ်နေတာတွေဟာ ကိုယ် ပြုဖူးတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ ဘယ်တန်ခိုးရှင်တစ်ဦးတစ်ယောက်မှ ဖန်တီးပေးနေတာ မဟုတ်ဘူး။ အကြောင်းတရား ရှိခဲ့ လို့ ဒီလို အကျိုးတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပိုင်းခြားဟောထားတာကတော့ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော် ပါပဲ ။
မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃
ခု၊ ကဆုန်လပြည့်နေ့ ရဲ့ ညဉ့်ဦးယံမှာ ရှေးက ခန္ဓာ စဉ်ကို ပြန်အောက်မေ့
သိရှိနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ် ၊သန်းခေါင်ယံမှာ နတ်မျက်စိနဲ့ တူတဲ့
ဒိဗ္ဗစက္ခှုဥာဏ်တွေကို ရရှိပြီးတော့ အာသ၀က္ခာဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို
အလွယ်တကူ မရပါဘူး။ ဒါကြောင့် ဘာမှားနေလဲ ဆိုပြီး ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်
နဲ့ ရှေး ဘုရားတွေကို ပြန် ကြည့်ပါတယ်။ ဒီအခါမှာ
ရှေးရှေးကပွင့်တော်မူပြီးသော ဘုရားရှင်အားလုံးဟာ ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်
ကို ဆင်ခြင်ပြီးမှသာ ဘုရားဖြစ်တော်မူကြကြောင်း သိတော်မူပြီး အနုလောမ ၊
ပဋိလောမ အားဖြင့် ဆင်ခြင်နှလုံးသွင်းပါတယ်။ ဒါကြောင့်လဲ မိုးသောက်ယံမှာ
အာသ၀က္ခယဥာဏ် လို့ ခေါ်တဲ့ ဗောဓိဥာဏ်ကို ရရှိပြီး ဗုဒ္ဓ
အဖြစ်ရောက်တော်မူပါတယ်။
ပဋိစ္စ သမုပ္ပါဒ် ဒေသနာတော်ဆိုတာကလည်း ခန္ဓာဥာဏ်ရောက် သဘောပေါက်အောင်
ဟောရ ၊ရေးရမယ်ဆိုရင် ခက်လွန်း ၊ ပရိယာယ် များလွန်းလို့ ၀ိသုဒ္ဓမဂ်
အဋ္ဌကထာကို စီရင်ရေးသားတဲ့ အရှင်ဗုဒ္ဓဃောသ ကိုယ်တော် ကြီး ကတောင်
သမုဒ္ဒရာပြင်ကျယ် ရေပင်လယ်မှာ ယုန်သူငယ် ခြေထောက်လို့ မမီနိုင်သလိုပဲလို့
ညည်းတော်မူခဲ့ရပါတယ်။ ဘုရားရှင်တောင် ပဋိစ္စ သမုပ္ပါဒ်ကို ဆင်ခြင်ပြီးမှ
ဘုရားဖြစ်တယ်ဆိုတော့ ကနေ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူ ၀ိပဿနာ
ယောဂီတိုင်း ၀ိပဿနာကျင့်စဉ် ၊ သစ္စာတရား နဲ့ ပဋိစ္စ သမုပ္ပါဒ်ကို ယှဉ်တွဲ
သွားမှသာ လမ်းမှန်မယ်လို့ ဆိုရပါမယ်။ ပရိညာ (၃) ပါး ရှိတဲ့ အထဲမှာ
ဥာတပရိညာ နဲ့ ဒိဋ္ဌိဖြုတ်မှုကို ရှေ့တန်းတင်ရပါမယ်။ တိရဏ ပရိဥာကို
ရှေ့တန်းတင်ပါက ရှေ့နောက်လွဲပြီး တရားမရဖြစ်နေတတ်ပါတယ်။
ပဋိစ္စ သမုပ္ပါဒ်ကို နားမလည်ပါက ဒိဋ္ဌိကို ဥာတပရိညာ (အသိ) နဲ့ တောင် ခွာမရတော့ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင် မိစ္ဆာ ဒိဋ္ဌိတွေ ဖြစ်နေကြဦးမှာပေါ့ ။ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင်တော့ အဟေတုက ၊ နတ္ထိက ၊ အကိရိယ ဟူသော နိယတ မိစ္ဆာ ဒိဋ္ဌိ (၃)ပါးမှ စပြီး အားလုံး (၆၂)ပါးသော မိစ္ဆာ ဒိဋ္ဌိများကို ဥာတပရိညာ (အသိ) နဲ့ ကင်းစင်စေပါမယ် ။ ပိဋကတ်တော်တွေမှာ ရှိတဲ့ အခြားအခြားသော သုတ္တာန် များ ၊ ဓမ္မများကို တဦးတယောက်က ၀င်ရေးသွားခဲ့တာ လို့ ပြောရင် ပြောနိုင်လိမ့်မယ်။ အငြင်းပွားစရာ ရှိနိုင်တယ်။ သစ္စာတရား ၊ ပဋိစ္စ သမုပ္ပါဒ် နဲ့ ပဋ္ဌာန်း ကိုတော့ မည်သူမျှ ကြားဝင် စဉ်းစားနိုင်သော တရားမဟုတ်ပါ ။ ဘုရားရှင်ကိုယ်တိုင် သဗ္ဗညုတ ဥာဏ်တော်နဲ့ ဖော်ထုတ်ဟောပြောခဲ့သော တရားစစ်စစ်များဖြစ်ကြောင်း ခေတ် အဆက်ဆက် ထောက်ခံခဲ့ကြပါတယ်။ ပဋိစ္စ သမုပ္ပါဒ် က အကြောင်းအကျိုး ဆက်နွယ်မှုကို ပြတယ် ။ ဒီအကြောင်းတွေ ကြောင့် ဒီ အကျိုး ပေါ်လာတယ် ၊ ဒီအကြောင်းမရှိရင် ဒီအကျိုးအပေါ်ဘူး။ ဒီအကြောင်းချုပ်ရင် ဒီအကျိုးချုပ်မယ်။ စသည်ဖြင့် ရှင်းလင်းဟောကြားထားတယ်။ သုတ္တန် ဒေသနာ နည်းနဲ့ဟော ပါတယ်။ ဒီတော့ အကျိုးဖြစ်နေတာတွေကတော့ သိပါပြီ။ ဒီအကျိုးပေါင်းစုံကို ဖြစ်စေတဲ့ အကြောင်းတရား တွေနဲ့ သူတို့ရဲ့ စွမ်းအင်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းမှာ ဟောကြားပါတယ်။ ပဋ္ဌာန်းကိုတော့ အဘိဓမ္မာနည်း နဲ့ ပရမတ္တ တိတိကျကျ ခွဲခြားပြီးဟောပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရား လို့ အဓိပ္ပါယ်အားဖြင့်လဲ ပေါ်လွင်လာပါတယ်။
ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။
(၁) အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများ (၂) ကုသိုလ်တရား ၊ အကုသိုလ်တရားများ ကိုဖန်တီးခြင်း (၃) ကုသိုလ်တရား ၊ အကုသိုလ်တရားများမှ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖန်တီးခြင်း ။ အကြောင်းတရားပေါင်းများစွာထဲက အထင်ရှားဆုံး ရွေးထုတ်တဲ့အခါ (၂၄)ပါးထွက်လာပါတယ်။ အခြားသော အကြောင်းတရားများကိုပါ ပေါင်းရင် အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတ ဥာဏ်တော်နဲ့ သာ ပြီးပြည့်စုံအောင် သိနိုင်ပါမယ်။ ဒီတော့ လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ် ။ (၁) အတိဝိတ္ထာရ ဒေသနာ (၂) အတိသင်္ခေပဒေသနာ (၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဆိုပြီး ခွဲပါတယ်။ (၁)အတိဝိတ္ထာရ ဒေသနာ ဆိုတာ အရမ်းကို ကျယ်ပြန့်လွန်းတယ် ၊ မြတ်စွာဘုရား တာဝတိသာမှာ ဟောတဲ့ အပြည့်အစုံပဋ္ဌာန်း ဖြစ်တယ်။ (၂) အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရားဟောနေရာကနေ နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသားစစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့ လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာကို ဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ (ဖြစ်စဉ်ကို အရှေ့မှာ ရေးပြီးပါပြီ ၊ ပြန်ဖတ်လိုက်ပါ) ။ အလွန်အတိုချုပ်ဟောပေမယ့် အရှင်သာရိပုတ္တရာက နည်းပေါင်းများစွာနဲ့ တန်ဆာဆင်ပြီး အကျယ်သိနိုင်ပါတယ်။ (၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတပည့် ရဟန်း (၅၀၀)ကို့ ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း ၊ မကျယ်လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။ ဘုရားရှင်ပဋ္ဌာန်းကို ဟောပုံ၊ဟောနည်းကလည်း (၃)မျိုးရှိပါတယ်။ (၁) ပု စ္ဆာ ၀ါရ = အမေး မြတ်စွာဘုရားဟောတဲ့ ပဋ္ဌာန်းဟာ ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် အမေးပုစ္ဆာပေါင်း ၄၀၄၉၄ ကုဋေ ၊ ( ၈ ) သန်း၊ ( ၅ )သိန်း ၊ ( ၃ )သောင်း ၊ ( ၃ )ထောင် ၊ ( ၂ ) ရာ ၊( ၄ )ဆယ့် ( ၈ ) ရှစ် ရှိတယ်လို့ ဆိုပါတယ်။ အမေးပု စ္ဆာပေါင်း ဂဏာန်းဖြင့် - (၄၀၄၉၄ ၈၅၃ ၃၂၄၈) ပု စ္ဆာ ရှိတယ်။ အဲဒီတော့ လူတစ်ယောက်က တစ်နေ့ကို အမေးပု စ္ဆာပေါင်း တစ်သိန်း (၁၀၀ ၀၀၀) ကို ရွတ်ပြီး ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ( ပဋ္ဌာန်းတစ်ခုတည်းနော်၊ အဘိဓမ္မာ (၇) ကျမ်းလုံးထဲက မဟုတ်ဘူး) အဲဒီလူ နှစ်ပေါင်း ၁၀၀၀၀ ရွတ်မှာ အမေးပုစ္ဆာတွေ ကုန်နိုင်မယ်လို့ ကျမ်းပြု ဆရာတော်တွေ တင်စားရေးသားကြတယ်။ ဒီအမေးပုစ္ဆာတွေကို ပုံနှိပ်မယ်ဆိုရင်လည်း စာရွတ်လောက်မှာ မဟုတ်ဘူးတဲ့ ။ (၂) ၀ိသဇ္ဖနာဝါရ = အဖြေ အမေးတောင် ဒီလောက်များတာ အဖြေကတော့ ပြောမနေတော့ဘူး။ (၃) သချာင်္ ၀ါရ = သရုပ်ခွဲ သရုပ်ခွဲပြီး ချဲ့ ဦးမယ် ဆိုရင်တော့ ဘာပြောကောင်းမလဲ ။ ဒါကြောင့် ပဋ္ဌာန်းကို မဟာ ပကရဏကျမ်း လို့လဲခေါ်တယ်။ မဟာ = ကြီးကျယ် ပကရဏ = ခမ်းနားခန့် ငြား ဒါကြောင့်လဲ သံဃာယနာတွေမှာ ပဋ္ဌာန်းကို အတိုဆုံးချုပ်ပြီးသာ ချန်ပြီးတင်ပါတယ်။ (၃)မျိုးအားဖြင့် ခွဲခြားဝေဖန်ကြပါတယ်။- ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်း ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ် ဝေဖန်ခြင်း ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း ။ သံဃာယနာဆဋ္ဌမူအရ ကိုပဲ အကျယ်ဝေဖန်မယ်ဆိုရင် အမေးပုစ္ဆာ တစ်ခုကို ကျယ်ကျယ်ပြန့်ုပြန့် ရှင်းလင်းဖြေကြားနိုင်ဖို့ ကျမ်း ( ၃၀ ) အုပ် ၊ ရွက်ရေ ( ၄၀၀၀ )ကျော် ရိုက်မှ ရမယ်။ အမေး ကုဋေ (၄၀၀၀၀)ကျော်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပဋ္ဌာန်းအကျယ်ကို အသံမစဲ ပူဇော်ကြတော့ ဆရာတော်တွေက ပ၊ပ၊ပ ၊လ၊လ၊လ စသည် အတိုတွေကို ရွတ်သွားကြတာရှိတယ်။ ဒါကို မြုပ်ပြီးဆိုတာ ၊ ညှို့တယ်လို့လဲ ပြောကြတယ်။ အကျယ်သိချင် ဖော်ပြီးကြည့်ရမယ်လို့ ဆိုလိုတယ်။
အဲဒီလို မတရားချုံ့ ထားတဲ့ ဟာတောင် ပဋ္ဌာန်းက (၅)ကျမ်းရှိတယ် ။ (၅) အုပ်ပေါ့ ၊စာမျက်နှာ - ၂၆၄၀ ရှိတယ်။ အချိန် (၁၃၂)နာရီရွတ်ရမယ်။
ကျမ်းကြီးအနေနဲ့ ကတော့ ပဋ္ဌာန်းကျမ်းကြီး (၄)မျိုး ရှိပါတယ်။ ၁- ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ၂- ဓမ္မပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ၃- ဓမ္မာနုလောမ ပစ္စနီယပဋ္ဌာန်း - အကျဉ်း ၆ကျမ်း ၄- ဓမ္မပစ္စနီယာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ဆိုပြီး ဟောပုံ ဟောနည်းအရ ကျမ်း (၄)မျိုးရှိပါတယ် ။ဒီတော့ အားလုံးက အကျဉ်းအားဖြင့် (၂၄ )ကျမ်း ရှိတယ်။ ဓမ္မာနုလောမ ပဋ္ဌာန်း - အကျဉ်း ၆ ကျမ်း ကို အကျယ်အားဖြင့် ဒီလို ပြန်ခွဲနိုင်ပါတယ် ။ ၁- ဓမ္မာနုလောမ တိက ၂၂ ၊ ၂- ဓမ္မာနုလောမ ဒုက ၁၀၀ ၊ ၃- ဓမ္မာနုလောမ ဒုက တိက ၆၆၀၀ ၊ ၄- ဓမ္မာနုလောမ တိက ဒုက ၄၄၀၀ ၊ ၅- ဓမ္မာနုလောမ တိကတိက ၁၃၈၆ ၊ ၆- ဒုက ဒုက ၁၉၈၀၀ဆိုပြီး ရှိပြန်တယ် ။ ဒါကြောင့် အကျယ် မှာ ဓမ္မာနုလောမ ပဋ္ဌာန်းအတွက် ၃၂၃၀၈ကျမ်း ဖြစ်ပြန်တယ်။ ဒီတော့ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အကျဉ်းချည်းပဲ ၆ * ၄ = ၂၄ ကျမ်း ၊ အကျယ်အားဖြင့် ၃၂၃၀၈ * ၄ ဆိုတော့ အားလုံး ၁၂၉၂၃၂ ကျမ်း …ရှိမယ်။ ကြည့်ပါဦး ၊ဘယ်လောက်များတယ်ဆိုတာ ၊ ဘယ်လိုများ အကုန်လေ့လာနိုင်မလဲ ။ အင်မတန်ကို ဥာဏ်ကြီးသူတွေ ပဲ နာကြားနိုင်တဲ့ တရားတော်ကြီးပါပဲ ။ ပဋ္ဌာန်းရဲ့ နက်နဲမှုမှာလဲ (၄)မျိုးရှိပြန်တယ်။ ဂမ္ဘီရ (၄) မျိုး လို့ ခေါ်ပါတယ် ။ ဓမ္မ ဂမ္ဘီရ =ဝေါဟာရ စကားလုံးနက်နဲခြင်း အတ္ထ ဂမ္ဘီရ = အနက်အဓိပ္ပါယ် နက်နဲခြင်း ဒေသနာ ဂမ္ဘီရ =ဟောပုံဟောနည်း နက်နဲခြင်း ပဋိဝေဒ ဂမ္ဘီရ = ထိုးထွင်းသိမြင်နိုင်မှု နက်နဲခြင်း တို့ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော် ကိုနာကြားပြီးချိန်မှာတော့ နတ် ဗြဟ္မာ ကုဋေ ( ၈၀ ၀၀၀ ) ကျွတ်တမ်းဝင် ၊ လူပြည်က ရဟန်း ၅၀၀ - ရဟန္တာ ဖြစ် တယ်လို့ ဆိုပါတယ်။ အခြားသာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ အခြေပြုပဋ္ဌာန်းစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။ ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင် ၊ ပီ အောင် ၊ ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။ (ဥပမာ - ပစ္စယော = ပျစ်စယော မဟုတ် -ျ အသံ မပါစေရ ၊၊ ရ (လျှာလိပ်) နဲ့ ယ အသံခွဲ ၊ အင်ညမင်ည ၊ ဿ = နိဿယ = နိတ်သယ ၊ အ-ရူပ (ခွဲပြီးရွတ်) ၊ အ-၀ိဂတ ၊ အိန်ဒရိယ…စသည် )… ဟေတု စတဲ့ ပစ္စည်း တစ်ခုခြင်းတွေကိုတော့ မရေးတော့ဘူး။ ဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒ (၂) ပါး တော့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေ ရှိတယ် ၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် ၊ဒေါက်တာမင်းတင်မွန် တို့ရဲ့ တရားတွေ ရှိမယ်။ ဆွေးနွေးချင်တာရှိသေးရင်တော့ ကျွန်တော် ထပ်ရှာပြီး ရေးပေးပါမယ်။
ချမ်းသာကြပါစေ ။
Solomon http://solomonn.0fees.net/wordpress/?page_id=10 |
|||
ပဌာန်း ဒေသနာတော် နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ All Credit to : http://www.dhammaweb.net/ |
Subscribe to:
Posts (Atom)