big big slider

Nav Menu Pages

Friday, 31 October 2014

Katy Perry ရဲ့ဘ၀အကြောင်း

အခုခေတ် လူငယ်တွေကြားမှာ Katy Perry ဆိုရင်မသိတဲ့လူမရှိလောက်ပါဘူး။ပရိတ်သတ်ရင်ထဲရောက်မယ့် သီချင်းကောင်းများစွာကိုဖန်တီးပြီးတော့ ဆုတွေတစ်ပွေ့တစ်ပိုက်နဲ့ အောင်မြင်နေတဲ့ဒီအဆိုတော်မလေးဟာ အောင်မြင်မှုတွေကို ခူးပြီးခပ်ပြီးသားအသင့်ရခဲ့တာမဟုတ်ပဲ အတော်ကိုကြိုးစားယူလာရပြီးမှ ဒီလိုမျိုးနေရာတစ်နေရာ ရလာတာပါ။ကဲ....သူ့ရဲ့ဘ၀ဇာတ်ကြောင်းကို ကြည့်ရအောင်။

Katheryn Elizabeth Hudson လို့ခေါ်တဲ့သူ့ကို ၁၉၈၄ခုနှစ်၊အောက်တိုဘာ ၂
၅ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာမွေးခဲ့ပါတယ်။သူ့ရဲ့ ရှေးရိုးဆန်တဲ့မိဘနှစ်ပါးဟာ သူငယ်စဉ်က Rock နဲ့ Pop သီချင်းမျိုးတောင် နားထောင်ခွင့်မပေးခဲ့ပါဘူး။”ကျွန်မငယ်ငယ်တုန်းက နားထောင်လို့ရတာက Sister Act 1 နဲ့ 2 သီချင်းတွေပဲရှိခဲ့ပါတယ်” လို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။သူနဲ့သူ့မွေးချင်းနှစ်ယောက်ဟာ MTV နဲ့ VH1 ချန်နယ်တွေကိုလည်း ကြည့်ခွင့်မရခဲ့ပါဘူး။သူ့ရဲ့မျိုးနွယ်ကိုပြန်ကြည့်မယ်ဆိုရင်တော့ ဒီအဆိုတော်ဟာ Portuguese, German, Irish နဲ့ English မျိုးနွယ်တွေကနေ သက်ဆင်းလာပါတယ်တဲ့။
ဒီလိုမျိုး ရှေးရိုးစွဲမိဘတွေလက်ထဲမှာဗိုင်းကောင်းကျောက်ဖိနေခဲ့ရတဲ့ Perry ဟာ အသက်၉နှစ်အရွယ်မှာတော့ သီချင်းဆိုသင်တန်းတက်ခဲ့ပြီးတော့ အသက်၁၃နှစ်လောက်မှာ ဂစ်တာတီးသင်ခဲ့ပါတယ်။

သီချင်းဆိုသင်တန်းတက်ဖြစ်ပုံကလည်း သူ့ရဲ့အဆိုပညာပါရမီကို လျစ်လျူမရှုနိုင်တဲ့ မိဘတွေက သီချင်းဆိုသင်တန်းတက်ဖို့ခွင့်ပြုလိုက်တာနဲ့ အဲဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ခဲ့တာပါ။ငယ်စဉ်ကနေ အသက်၁၇နှစ်လောက်အထိ ဘုရားကျောင်းမှာသီချင်းတွေဆိုခဲ့ပြီးတော့ သူနဲ့ရင်းနှီးကျွမ်းဝင်တာဆိုလို့ ဓမ္မတေးတွေပဲရှိခဲ့ပါတယ်။ ဒီအချိန်ဝန်းကျင်လောက်မှာ ဂီတပါရမီပါပြီး ၀ါသနာကြီးလွန်းတဲ့အတွက်သူ့မိဘတွေရဲ့ ချုပ်ချယ်မှုကိုကြိုးစားပြီး တွန်းလှန်ခဲ့ပါတော့တယ်။အသက် ၁၅နှစ်မှာ ဘုရားကျောင်းမှာသီချင်းဆိုနေရင်းနဲ့ Nashville ကအဆိုတော်တစ်ယောက်ကသူ့ရဲ့အရည်အသွေးကိုမြင်တွေ့ပြီးတော့ အဆိုစွမ်းရည်နဲ့သီချင်းရေးတဲ့ပညာတွေကို အရောင်တင်ပေးဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ပဲ ဂီတလမ်းကြောင်းပေါ်ကို လျှောက်ဖို့ရွေးချယ်ခဲ့ပြီးတော့ မိခင်နဲ့အတူ Nashville ကိုထွက်လာပြီး Perry ဟာ သီချင်းအကြမ်းတွေကိုအသံသွင်းရင်းနဲ့ Country music တွေကို ဘယ်လိုသီဆိုရမလဲဆိုတာကို ကောင်းကောင်းသင်ကြားခဲ့ရပါတယ်။အဲဒီလိုနဲ့ ၂၀⁠၀၁ ခုနှစ်မှာထွက်လာခဲ့မယ့် Rock style ဓမ္မသီချင်းခွေဖြစ်တဲ့ Katy Husdon ဆိုတဲ့အခွေကိုအသံသွင်းခဲ့ပါတယ်။ဒါပေမယ့် ဒီအခွေဟာလုံးဝနာမည်မကြီးခဲ့ပဲနဲ့ လူအချို့ပဲ နားထောင်ဖြစ်ခဲ့ပါတယ်။အဲဒီအခွေအတွက် The Strangely Normal Tour ထွက်ခဲ့ပေမယ့် လုံးဝကိုမအောင်မြင်ခဲ့တာပါ။၂၀⁠၀၇ခုနှစ်မှာတော့ Capitol Records နဲ့စာချုပ်ချုပ်ပြီး Katy Perry ဆိုတဲ့အနုပညာနာမည်ကို ရွေးခဲ့ပါတယ်။ပိုက်ဆံအရရော အနုပညာအရရော ထိုးဖောက်နိုင်တဲ့အခွေကတော့ ၂၀⁠၀၈ ခုနှစ်မှာထွက်တဲ့ One of the Boys က ပထမဆုံးပါ။အဲဒီအခွေမှာတော့ “I Kissed a Girl”, “Hot n Cold” နဲ့ “Waking Up in Vegas”တို့က အောင်မြင်တဲ့ singles တွေဖြစ်ခဲ့ပါတယ်။ဒီအခွေအတွက် Hello Katy Tour ထွက်ခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ ဒုတိယအခွေ Teenage Dream အခွေအတွက်အသံသွင်းဖို့ပြင်ဆင်ခဲ့ပါတယ်။၂၀⁠၀၉ ခုနှစ်မှာ Timberland ရဲ့သီချင်း If we ever meet again မှာ featuring ဆိုပေးခဲ့ပြီး လူကြိုက်များတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ သြဂုတ်လမှာ ဒုတိယအခွေထွက်အပြီးမှာတော့သူ့သီချင်းတွေက အနုပညာအရရော ငွေကြေးအရပါ အောင်မြင်နေပါပြီ။Billboard Hot 100 မှာ “California Gurls”,”Teenage Dream”, “Firework”,
The One That Got Away”, “E.T” နဲ့ “Last Friday Night(T.G.I.F) တို့က ထိပ်ဆုံးမှာ အချိန်တော်တော်ကြာကြာရပ်တည်နိုင်ခဲ့ပါတယ်။ဒီအခွေအတွက်လည်း California Dreams Tour ထွက်ခဲ့ပါသေးတယ်။

အမျိုးသမီးအမျိုးအစားနှစ်မျိုး

* တစ်ချို့အမျိုးသမီးတွေက
ရုပ်လှဖို့အတွက်
အလှပြင်နေချိန်မှာ...

တစ်ချို့အမျိုးသမီးတွေက
စိတ်လှဖို့အတွက်
စာဖတ်နေတယ်.....

* တစ်ချို့အမျိုးသမီးတွေက
ယောက်ျားတွေရဲ့အကြည့်ခံပြီး
အလှပြနေချိန်မှာ...

တစ်ချို့အမျိုးသမီးတွေက
ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး
အလုပ်လုပ်ပြနေတယ်......

* တစ်ချို့အမျိုးသမီးတွေက
မဖော်ပြသင့်တဲ့အရာကို
မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ...

တစ်ချို့အမျိုးသမီးတွေက
ဖော်ပြသင့်တဲ့ပညာကို
သတ္တိရှိစွာ ဖွင့်ဟပြနေတယ်......

* တစ်ချို့အမျိုးသမီးတွေက
မိဘကို
မီးလိုအပူပေးပေမယ့်...

တစ်ချို့အမျိုးသမီးတွေက
မိဘကို
ထီးလိုအရိပ်မိုးပေးနေတယ်.....

* တစ်ချို့အမျိုးသမီးတွေက
လောကီစည်းစိမ်ဥစ္စာတွေသာ
စုဆောင်းတတ်ကြပေမယ့်...

တစ်ချို့အမျိုးသမီးတွေက
လောကီ၊လောကုတ္တရာနှစ်ဖြာသော
စည်းစိမ်ဥစ္စာတို့ကို
ပါးနပ်လိမ္မာစွာ စုဆောင်းတတ်ကြတယ်.....

* ဤသို့အားဖြင့်.....
တစ်ချို့သောမိန်းမတို့သည်
အသက်ကြီးလာသည်နှင့်အမျှ
စိတ်ဆင်းရဲမှုသည်လည်း
ကြီးမားလာခဲ့ကြပြီး......

တစ်ချို့သောမိန်းမများကား
အသက်ကြီးလာသည်နှင့်အမျှ
စိတ်ချမ်းသာမှုသည်
ကြီးမားလာခဲ့ကြတော့သည်.....

ဦးတိုးအောင်

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ

ခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


ကြွက်တက်ခြင်းဆိုတာ ဘာလဲ

ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ

လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ်ပါတယ်။

ဘယ်လိုပြဿနာတွေက ကြွက်တက်စေတာလဲ

အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။ ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ်တဲ့ ပြဿနာမျိုး ဖြစ်တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာကတော့ တခြားကျန်းမာရေး ပြဿနာတွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက်သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာမျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက်အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန်အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါတယ်။


ဘယ်လို ကုသမှု ပေးနိုင်မလဲ

အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေက ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာသွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီတမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုကြောင့် ကြွက်တက်တာမျိုးဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့ လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက်တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ

တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ သင့်မှာ လက်ရှိသောက်သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။ ဆေးဝါးသောက်နေရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆွေးနွေးတိုင်ပင်ပါ။

ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ

ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ

သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။

ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။
ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။
သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့ လိုပါတယ်။

သဲသဲRef: Good Health posted on Yatanarpon-news
All Credit to original post owner.

ဘဝမှာ ဘာအရေးအကြီးဆုံးလဲ (ဦးဇောတိက)


ကိုယ့်ဘဝမှာ အရေးအကြီးဆုံးအရာက ဘာလဲလို့မေးရင်….
ဘုန်းကြီး အသက်ခြောက်ဆယ်ရှိပြီ။ ဘဝအတွေ့အကြုံများပြီ။ ဘဝမှာ အရေးအကြီးဆုံးအရာဟာ ဘာလဲလို့မေးရင် သဘောထားနဲ့ အမြင်မှန်ဖို့ အရေးအကြီးဆုံးပဲလို့ ဖြေချင်ပါတယ်။

ပညာဘယ်လောက်တတ်တတ် သဘောထားမှားနေရင် အမြင်မ
ှားနေရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။ ငွေကြေးဘယ်လောက် ချမ်းသာချမ်းသာ သဘောထားနဲ့အမြင်မှားနေရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။ ဘွဲ့ကြီးကြီးရှိဖို့ထက် သဘောထားမှန်ဖို့ ပိုအရေးကြီးပါတယ်။ ရုပ်ရည်လှဖို့ ချောဖို့ထက် စိတ်ထားကောင်းဖို့ သဘောထားမှန်ဖို့ ပိုအရေးကြီးပါတယ်။

အရေးအကြီးဆုံးအချက်က ကိုယ့်သဘောထားကို ကိုယ်ပြင်လို့ရတယ် ဆိုတာပဲ။ အရပ်ရှည်အောင် လုပ်လို့မရဘူး။ အသားဖြူအောင် လုပ်လို့မရဘူး။ ဒါပေမယ့် သဘောထားမှန်အောင် လုပ်လို့ရတယ်။ စိတ်ရှည်အောင် လုပ်လို့ရတယ်။ စိတ်ထားဖြူအောင် လုပ်လို့ရတယ်။

အတိတ်ကို ပြင်လို့မရဘူး။ ဒါပေမယ့် သဘောထားမှန်ရင် အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်လို့ရတယ်။

ပတ်ဝန်းကျင်အခြေအနေကို ကိုယ်လိုသလို မပြင်နိုင်ဘူး။ ဒါပေမယ့် အဲဒီအခြေအနေတွေကို ဘယ်လိုသဘောထားမယ်ဆိုတာတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ့်သဘောထားကို ကိုယ်ရွေးနိုင်တယ်။ ကိုယ်တကယ်ပြင်လို့ရတာ ကိုယ့်သဘောထားပဲ။ ဒီတစ်ခုပဲ ကိုယ်ပိုင်တယ်။ ကိုယ့်ဘဝ အဆင်မပြေမှုဟာ ကိုယ့်သဘောထားပေါ်မှာ ၉၀% တည်ပါတယ်။ ဒါကြောင့် အဆင်ပြေချင်ရင် ကိုယ့်သဘောထားကို ကိုယ်တာဝန်ယူရမယ်။
ဆရာတော်ဦးဇောတိက (ဆရာတော်ဦးဇောတိက၏ “စိတ်ချမ်းသာဖို့လိုရင်းပါ” စာအုပ်မှ ဖြစ်ပါသည်)
All Credit to Original post owner

Wednesday, 29 October 2014

ဟင်းချိုမှုန့်၏ အန္တရာယ်နှင့် ဆိုကျိုးများ

အချိုမှုန့် ဆိုတာ ဘာလဲ ? ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။အချိုမှုန့်ဟာဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလားပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲဆိုတာကိုဆက်လေ့လာကြည့်ရအောင်
 (၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

 (၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

ဆေးလိပ်ဖြတ်ရန်စဉ်းစားနေပြီလား

ဆေးလိပ်ဖြတ်ရန်အတွက် လိုအပ်သောအရာများ

၁။ ဖွင့်ထားသောစိတ်
Open Minded ဖြစ်ရန်အရေးကြီးပါသည်။ လူတိုင်း တွင်ငုတ်နေသော မာန အခံစိတ် ကလေးများ ရှိနေတတ်ပါသည်။ ကောင်းစေလို၍ ပြောဆိုသော စကား သည် မည်သူပြောပြော ကောင်းစေလို၍ သာ ဖြစ်သော်လည်း သူ က ဘာမို့လဲ ၊ ငါက ဘာလို့ သူပြောတိုင်းလိုက်လုပ် ရမှာလဲ ဟု အရွဲ့တိုက်လိုသော စိတ်များ ၀င် တတ်ပါသည်။ထို့အပြင် လူ အတော်များများ သည် သူများပြောမှ လိုက်လုပ်ရသည် ကို ရှက်ရွံ့ စိတ်ဝင်တတ်ကြပါသည်။
ပထမဦးဆုံး စ၍ စဉ်းစားသင့်သည်မှာ ဤဆေးလိပ်ကိုဖြတ်၍ ကိုယ့်ဘ၀ အတွက် ဘာပိုထူး လာမလဲ ဟု လေးလေးနက်နက် မလိမ်မညာစတမ်း မေး ဖြေ လုပ်ကြည့်ပါ။ ဆေးလိပ် ၏ ဆိုးကျိုးသည် တွေးတောကြည့်မှ မှန်းဆ ရနိုင်သော အရာ မဟုတ်ပါ။ ကိုယ်တိုင် မြင်နေရပါမည်၊ကြားနေရပါမည်၊ခံစားနေရပါ မည်။ သိပ္ပံနည်းကျ စနစ်တကျ လေ့လာထားသော စမ်းသပ်ချက်ရ လဒ် တွေလည်း ရှိနေပါပြီ ။
ဆေးလိပ်၏ဆိုးကျိုးများစွာအနက် မိမိမှလွဲ၍ အခြားသူများ ကို ထိခိုက် စေနိုင်သော အချက် များကို ရှောင်ရှား၍ ရချင်ရပါ လိမ့်မည်။သို့ရာတွင် သောက်သုံး သော မိမိကိုယ်တိုင် ၏ ကျန်းမာရေးဆိုးကျိုးများကို တော့ မလွဲအသွေ ရင်ဆိုင် ရပါလိမ့် မည်။ ကိုယ့် ဘာသာ ကိုယ် သောက် တာ ဘာဖြစ်လဲ၊ ပတ်ဝန်းကျင် နှင့် အခြားသူ တစ်ဦး တစ်ယောက် ကိုမျှ ဒုက္ခ မဖြစ်စေရင် ပြီး တာပဲ ဟု ဆိုသူများ စဉ်းစားသင့်ပါသည်။

၂။ အမြင်
ဆေးလိပ်၏ဆိုးကျိုး တရားများကို ချရေးပါ။ တစိမ့်စိမ့်တွေး ပြီး အာရုံမှာ ထင်လာသည်အထိ မြင်အောင်တွေးကြည့်ပါ။ တစ်ခါတစ်ရံ တွင် စာလုံးကြီးကြီး ရေးကာ မြင်သာသော နေရာ ကပ်ထားသော နည်း ကလည်း အလုပ် ဖြစ်ပါသည်။

ခြေဖနောင့်အက်ကွဲခြင်း အတွက် အိမ်တွင်းကုထုံး

ဆောင်းရာသီ မှာ အသား အရေ ခြောက်သွေ့ တဲ့ နည်းတူ ခြေဖနောင့် ရှိ အရေပြား တွေ က လည်း ခြောက်သွေ့ အက် ကွဲပြီး ကွဲရှ ရာ ထင်တတ် ပါတယ်။ အဲဒီ အချိန် မှာ လမ်းလျှောက် များ ခဲ့ရင် ခြေဖ နောင့် အက်ကွဲ ရာ က ပိုကြီးပြီး ပိုနက်နဲ လာနိုင် ပါတယ်။ တစ်ခါတစ်ရံ သွေးထွက် တာ နဲ့ ပိုးဝင်တာ တွေ တောင် ဖြစ်စေ နိုင် တဲ့ အတွက် အလွန် အမင်း နာကျင် ရတတ် ပါတယ်။ ဒီလို ခြေဖနောင့် အက်ကွဲမှု မဖြစ်စေဖို့ နဲ့ ခြေဖနောင့် အက်ကွဲမှု ကို ကာ ကွယ် နိုင်ဖို့ရာ အတွက် လိုက်နာသင့် တဲ့ အချက်တွေ ကို ရေးသား လိုက်ရ ပါတယ်။
ခြောက်သွေ့ သော အရေပြားကို ကြေးချွတ် ပါ
ခြေဖနောက် အရေပြား ဟာ ခြောက်သွေ့ နေတယ် ဆိုရင် ဖိနပ် မပါဘဲ ဘယ်တော့ မှ လမ်း မလျှောက် ပါနဲ့။ အိပ်ရာ မဝင် ခင်မှာ ခြေထောက် တွေကို ကြက်သီးနွေး ရေထဲ ၁၅ - ၂၀ မိနစ်ခန့် စိမ်ပြီး ကြေးတွန်း ကျောက် နဲ့ ကြေးချွတ် ပါ ။

Tuesday, 28 October 2014

လက်ထပ်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး

ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။ မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။


တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။

ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။

ဘယ်လိုပြင်ဆင်ကြမလဲ

Five Balls



Imagine life as a game in which you are juggling some five balls in the air. 
You name them - Work - Family - Health - Friends - Spirit, and you're 
keeping all of these in the air.

You will soon understand that work is a rubber ball. If you drop it, it will bounce back. But the other four balls -- family, health, friends and spirit are made of glass. If you drop one of these, they will be irrevocably scuffed, marked, nicked, amaged or even shattered.