အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနဌာနက မစ္စတာ Philip Marter
ဟာ လွန်ခဲ့တဲ့နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်၊ ပို့စ်ရဲ့
အကြောင်းရင်းက ကမ္ဘာပေါ်မှာရှိသမျှလူဦးရေကို ၁၀၀ယောက်လို့ သတ်မှတ်ပြီး
အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာဘဲ ဖြစ်ပါတယ်။
၁) အာရှလူမျိုး၅၉ ယောက် ၊ဥရောပလူမျိုး ၂၁ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ ယောက်
၂)ယောကျာ်းလေး၅၂ယောက် မိန်းကလေး ၄၈ ယောက်
၃)လူဖြူအယောက် ၃၀၊ တစ်ခြားအရောင် ၇၀ ယောက်
၎)ခရစ်ယာန် ကိုးကွယ်သူ အယောက် ၃၀၊ တစ်ခြားဘာသာကိုးကွယ်သူ ၇၀ ယောက်
၅)လိင်ကွဲချစ်ကြိုက်သူ ၈၆ ယောက်၊ လိင်တူချစ်ကြိုက်သူ (၁၁) ယောက်
၆)၅၉%ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ၆ယောက်၊ အဲဒီ ၆ ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်၊
၇)ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေးအယောက် ၈၀
၈)စာမတတ်သူ ၇၀ ယောက်
၉)အာဟာရ မပြည့်သူ ၅၀ ယောက်
၁၀)သေခါနီးဆဲဆဲ ၁ ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁)ဘွဲ့ရသူ ၁ ယောက်
၁၂)ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်
ချုံလိုက်တဲ့
လူဦးရေ ရှုထောင့်ကနေ ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ
နားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို
ကျတော်တို့ ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ
တွေ့နိုင်တာက….
အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်မာမာနဲ့
ထလာနိုင်သေးတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁၀သိန်းဟာ တစ်ပတ်တောင်
အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ
မကြုံဖူးသေးဘူး ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊
ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်၊ လူဦးရေ
သန်း၅၀၀ ထက် သင်ဟာ ကံကောင်းတဲ့သူ ဖြစ်ခဲ့လို့ပါပဲ၊
အကယ်၍ သင်ဟာ
ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းခံ
မထိခဲ့ဘူး၊ မသေခဲ့ဘူး ဆိုရင် သင့်အစား ဝမ်းသာပါတယ်၊ လူဦးရေ သန်း၃၀၀၀ထက်
သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ
စားစရာတွေရှိတယ်၊ ဝတ်ဖို့ အဝတ်အစားတွေရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင်
သင့်အစား ဝမ်းသာပါတယ်၊ သင်ဟာ ကမ္ဘာလူဦးရေ ၈% ထဲ လူချမ်းသာ
စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့နေထိုင်သူဖြစ်တယ် ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သင်ဟာ ကံကောင်းသူနှစ်ထပ်ကွင်းပါ။ လူဦးရေ သန်း ၂၀၀၀ ဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက်
စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောက
ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို အကြင်နာတွေ ဖြန့်ပါ။
စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့ သံစဉ်ကို
ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ကြပါ။
forward mail တစောင်မှ သဘောကျလွန်းသောကြောင့် ကူးယူမှတ်သားပါသည်။
No comments:
Post a Comment