big big slider

Nav Menu Pages

Thursday, 29 May 2014

မြန်မာ မြန်မာ ဘယ်တော့များမှ


 "ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက
ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား
ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား

မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့
ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။

မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့်
ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။



ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း
ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။

အော်... မင်းကဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့
ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။

အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက
ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။

တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။

ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့။ လူဝင်မှု
အရာရှိရှေ့မှ စင်ကာပူသား

ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်

မျက်စိ ကျန်းမာရေး မှတ်စုများ

မျက်စိ ကျန်းမာရေး မှတ်စုများ

အဝေးမှုန်ခြင်းကာကွယ်ရန်
- စာဖတ်တဲ့အခါ အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ကြည့်ပါ။
- အနီးကပ် အာရုံစူးစိုက်ပြီး လုပ်ရတာတွေမှာ ၃၀-၄၅ မိနစ်လောက် လုပ်ပြီးတိုင်း ၅-၁၀ မိနစ်လောက် မျက်စိကို အနားပေးပါ။
- စာအုပ်နဲ့ မျက်စိကို အနည်းဆုံး တစ်ပေ အကွာထားပြီး စာရေးစာဖတ် လုပ်ပါ။
- ကွန်ပျူတာနဲ့ ၅၀ စင်တီမီတာလောက် ကွာပြီး ကြည့်ပါ။
- လဲလျောင်းပြီး စာမဖတ်ပါနဲ့။
- မျက်စိကို ဖိစီးမှု ပိုဖြစ်စေတဲ့ သေးငယ်ပြီး မှိန်နေတဲ့ စာလုံးတွေကို ဖတ်တာကနေ ရှောင်ကြဉ်ပါ။

မျက်စိကွယ်ခြင်း အဓိပ္ပာယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျက်စိကွယ်ခြင်းနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင်၊ မျက်စိ ၂ ဖက်စလုံး ကွယ်မှသာလျှင် မျက်စိကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ပြီး၊ မျက်လုံးတလုံးစီသည် ၁ဝ ပေ အကွာအဝေးတွင် ရှိသော လက်ချောင်းလေးများကို၊ မှန်အောင် မရေတွက်နိုင်ခြင်းအား မျက်စိကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မျက်စိကွယ်ခြင်းတွင် မွေးရာပါ မျက်စိမမြင်ခြင်းနှင့် ပြင်ပ အကြောင်းတရားများကြောင့် မျက်စိကွယ်ရခြင်းဟူ၍ ၂ မျိုးရှိပြီး၊ ပြင်ပအကြောင်းတရား တခုခုကြောင့် မျက်စိကွယ်ရခြင်းတွင် ကြိုတင်ကုသခံယူမှု နောက်ကျသည့်အတွက် မကွယ်သင့်ဘဲ ကွယ်ခဲ့ရသည့် မျက်စိကွယ်ရခြင်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၃ဝ % မျှ ရှိသည်ဟု WHO ၏ အစီရင်ခံစာက ဆိုသည်။

ပြင်ပအကြောင်းတရား တခုခုကြောင့် မျက်စိတွင် ဖြစ်ပေါ်သည့် ရောဂါပေါင်းများစွာ ရှိသည့်အနက်၊ ရောဂါအများစုသည် မျက်စိအား ကွယ်စေလောက်သည့် ရောဂါများ မဟုတ်ဘဲ၊ ကြိုတင်ကာကွယ်ကုသမှု ရှိခဲ့ပါက မျက်စိကွယ်ခြင်းမှ ကင်းဝေးနိုင်သည်။ မျက်စိကွယ်ခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်သည့် (Preventable Blindness) မျက်စိရောဂါများမှာ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၇ မျိုးခန့် ရှိသည်။

သောကဘုံလေးသို့

အောက်ပါအချက်များကို  စိတ်ဆင်းရဲစရာတွေနဲ့ပြည့်နေတဲ့သောသောကဘုံဘဝလေးကိုလိုချင်ပါကလိုက်နာကျင့်သုံး ရန်ဖြစ်ပါသည်။

>အသေးအမွှားကိစ္စများကိုတန်းလန်းတန်းလန်းအဆုံးမသတ်ဘဲထားပါ၊
>သင်ဘယ်လိုမှမပြုပြင်မပြောင်းလဲနိုင်တဲ့ကိစ္စတွေကိုထိုင်တွေးပြီးစိတ်ညစ်ပါ
>သင့်ပတ်ဝန်းကျင်ကလူတွေကိုအမြဲတမ်းအပြစ်မြင်ပါ
>သင်နားကသင့်ကိုချစ်တဲ့သူတွေကိုလည်းအမြဲစိတ်ပျက်စရာလို့တွေးပါ
>သင့်ရဲ့အားနည်းချက်တွေကိုဘဲ တွေးပြီးကောင်းမွန်စွာလုပ်ဆောင်ခဲ့တဲ့သင့်ရဲ့အရည်ချင်းတွေကိုအသိမှတ်မပြုပါနဲ့
>သင့်ထက်အဆင်ပြေနေတဲ့သူ၊ တော်တဲ့သူတစုံတယောက်ကို တွေ့ရင် သင်ရဲ့ညံဖျင်းမှု တွေကို ပြန်တွေးသတိရပြီး စိတ်ဆင်းရဲပါ၊
>သင့်ကိုတခြားလူတွေကြည့်နေသလိုတွေးပြီး တချိန်လုံးပြုမူလှုပ်ရှားပါ
>သင်ချစ်မြတ်နိုးတဲ့သူတွေကို ချစ်တယ် လို့ပြောဖို့ (၁၀)ပတ်ထက်မနည်းအချိန်ယူပါ
>ကလေးတွေကိုမုန်းပါ
>တခြားလူတွေသင့်ကိုဝေဖန်တာတွေကိုနားထောင်မိရင်လည်းနင့်နင့်ကာကာခံစားပြီးစိတ်ဆင်းရဲပါ၊ ဒေါသထွက်ပါ။
>ဟိုအရင်ကသင်လုပ်ခဲ့မိတဲ့အပြစ်တွေကိုလည်းလုံးဝမေ့မပစ်စေဘဲစိတ်ထဲမှာတနုံနုံတွေးပြီးညတိုင်းစိတ်ညစ်ပါ၊

မှတ်ချက်။ ။ ဖတ်ဖူးသော magazine တအုပ်မှဆောင်းပါးကို မှတ်မိသလောက် ချရေးပါသည်။

Wednesday, 28 May 2014

ပင်ပန်းနေတဲ့ သင့်မျက်လုံးလေးတွေကို အနားပေးပါ

ပင်ပန်းနေတဲ့ သင့်မျက်လုံးလေးတွေကို အနားပေးပါ

သင် ဒီနေ့ ကွန်ပြူတာရှေ့မှာ ဘယ်နှနာရီလောက်ထိုင်ခဲ့ပြီလဲ၊ ပြီးတော့ မနေ့က နဲ့ တနေ့ကရော? တပတ်ကို ကွန်ပြူတာနဲ့ ဘယ်နှစ်ကြိမ်လောက် အလုပ်လုပ်ဖြစ်လဲ? နေ့တိုင်းလား? ဒီမေးခွန်းရဲ့အဖြေတွေမှာ သင့်မျက်စိအတွက် ဂရုတစိုက် စိုးရိမ်သင့်ပြီဆိုပြီဆိုတာကို ပြနေပါလိမ့်မယ်၊ ကွန်ပြူတာရှေ့မှာ ကြာကြာထိုင်လေ မျက်စိပိုညောင်းလေ ဖြစ်လာဖူးကြမှာပါ၊ တခါတခါ များ ခေါင်းတွေကိုက် မျက်ရိုးတွေကိုက်ပြီး အမြင်အာရုံဝေဝါးတာတွေတောင်ကြုံ
ဖူးကြမှာပါ။ ကျွန်မတို့လူသားတွေအနေနဲ့ ဘဝဝမ်းစာအတွက် ဒါမှမဟုတ် ဝါသနာအတွက် နေ့ပေါင်းများစွာရဲ့ နာရီတော်တော်များများ ကွန်ပြူတာ မော်နီတာရှေ့မှာ အချိန်တွေကုန်ဆုံးကြရပါတယ်။ တနေ့တာ လုပ်ငန်းတာဝန် ပြီးဆုံးရင်တော့လည်း အနားယူကြပါတယ်။ အဲလို အနားယူတဲ့အခါမှာ လည်းဘဲ TV Screen ဒါမှမဟုတ် ကွန်ပြူတာScreen တွေရှေ့မှာ ဘဲ ရုပ်ရှင်ကြည့်ရင်း ဒါမှမဟုတ် ဂိမ်းလေးဆော့ရင်း ဒါမှမဟုတ် တခြား ဝါသနာပါရာ တစ်ခုခုလုပ်ရင်းနဲ့ဘဲ စိတ်အပန်းဖြေဖူးကြမှာပါ၊ ကျွန်မတို့ရဲ့ မျက်စိလေး ဘယ်လိုနေရှာမလဲ။ အဲလိုမလုပ်သင့်ဘူးလို့တော့ မပြောပါဘူး၊ ကင်းကွာလို့ မရတဲ့ ဝန်းကျင်တစ်ခု အတွက် အဆင်ပြေမဲ့ အကူညီလေးတစ်ခုဘဲပေးချင်တာပါ၊ ဘယ်လိုမျိုးလဲဆိုရင် သင့်မျက်လုံးကျန်းမာရေးအတွက် အသုံးတည့်တဲ့ စေမဲ့ ၊ အချိန်သီးသန့်ပေးစရာမလိုဘဲ သက်တောင့်သက်သာဖြစ်စေမဲ့ မျက်လုံးလေ့ကျင့်ခန်း တချို့ကို ဝေမျှပေးချင်ပါတယ်။

မြန်မာပြည်တွင် ငွေလိမ်မခံရစေရန် ...

၂၀၀၈ ဝန်းကျင်လောက် တုန်းက တခြားကလောင် နာမည်နဲ့ ရေးထားတဲ့ စာဖြစ်ပါသည်။ ထပ်မံ၍ ယခု ဘလော့အသစ်လေးမှာ  ပိုစ်တင် ပါသည်။

ငွေအလိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခုပြောပြချင်လို့ပါ၊ အခုခောတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေကြေးလဲလှယ်မှုများ မြင့်မားလာနေသည်နှင့် အမျှ နိုင်ငံတကာသုံးငွေတွေ တရားမဝင်လဲလှယ်ကြတာက အပြစ်ကြီးတစ်ခုလို့ မတွေးထင်ကြတော့ပါဘူး၊ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ ဘယ်သူမှ တရားဝင်မလဲလှယ်ကြပါဘူး၊ အရပ်သားအချင်းချင်းလက်တို့စနစ်နဲ့ လဲလှယ်နေကြတာ ဆယ်စုနှစ်ချီနေပါပြီ၊ ဒါကလည်း ခောတ်ရေစီးရဲ့လိုအပ်ချက် ဖြစ်နေလို့ပါ၊ တစ်ဒေါ်လာကို ပေါက်ဈေးဘယ်လောက်ဆိုပြီး ရောင်းသူဝယ်သူအချင်းချင်း ဒေါ်လာပေးကြ မြန်မာငွေပေးကြ နဲ အရောင်းအဝယ်လုပ်ကြရာမှာ မြန်မာငွေကြေးကို လိမ်ကြတာပါ၊ ၊ ကြားဖူးနေတဲ့ တို့ဆေးဘာဆေးကိစ္စတွေနဲ့ လိမ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး၊ အခုလိမ်နည်းက ငွေကြေးရေတွက်ပုံကို အသုံးချပြီး ရိုးရိုးလေးနဲ့ကို လိမ်တာပါ၊ အသိ အစ်ကိုကြီး တစ်ယောက်ကိုယ်တိုင်မြို့ထဲမှာ ဒေါ်လာကို မြန်မာငွေနဲ့သွားအလဲမှာ ခံလိုက်ရတာပါ၊ အိမ်ရောက်မှ ရလာတဲ့မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ ၂၇၀၀၀ကျပ်စီလျော့နေတာပါ၊ အရောင်းအဝယ် လုပ်နေတုန်း ကလည်းရွေလာပါတယ်၊ တစ်ခုတော့ရှိတယ်၊ တဖက်လူက ရဲလာတော့မယ် မြန်မြန်လုပ်ပါ လို့ ခဏခဏ ပြောနေတဲ့ကြားက အလောတကြီးရွေလာရတာပါ၊ စာဖတ်သူက မဖြစ်နိုင်ဘူးလို့ထင်ပါလိမ့်မယ်၊ဒါပေမဲ့ ခံရတဲ့သူက တကယ်ခံလာရတာပါ၊ အရောင်းအဝယ်ကိစ္စတွေမှာ တကယ်သတိထားစရာကိစ္စပါ၊

မြန်မာပြည်မှာ ငွေတစ်သိန်းအုပ်စီရင် နှစ်မျိုးစည်းနိုင်ပါတယ်(တစ်ထောင်တန်ဖြင့်အလိမ်ခံခဲ့ရပါသဖြင့်တစ်ထောင်တန်ကိစ္စသာပြောပါမည်)ထောင်တန် အရွက်တစ်ရာကို တစ်အုပ်လုပ်စည်းကြသလို ၊ထောင်တန်ဆယ်ရွက်ပါ သောင်းအုပ် ဆယ်အုပ် လုပ်ပြီးလည်းစည်းတတ်ကြပါတယ်၊အခုလိမ်နည်းက အရွက်တစ်ရာထပ်စည်းထားတဲ့တစ်သိန်းအုပ်မှာ လိမ်လို့မရပါဘူး၊ သောင်းအုပ်ဆယ်အုပ်လုပ်ထားတဲ့တစ်သိန်းအုပ်မှာလိမ်တာပါ၊

လူသားတို့၏ ပျော်ရွှင်ခြင်း များ

အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနဌာနက မစ္စတာ Philip Marter ဟာ လွန်ခဲ့တဲ့နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်၊ ပို့စ်ရဲ့ အကြောင်းရင်းက ကမ္ဘာပေါ်မှာရှိသမျှလူဦးရေကို ၁၀၀ယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာဘဲ ဖြစ်ပါတယ်။

၁) အာရှလူမျိုး၅၉ ယောက် ၊ဥရောပလူမျိုး ၂၁ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ ယောက်
၂)ယောကျာ်းလေး၅၂ယောက် မိန်းကလေး ၄၈ ယောက်
၃)လူဖြူအယောက် ၃၀၊ တစ်ခြားအရောင် ၇၀ ယောက်
၎)ခရစ်ယာန် ကိုးကွယ်သူ အယောက် ၃၀၊ တစ်ခြားဘာသာကိုးကွယ်သူ ၇၀ ယောက်
၅)လိင်ကွဲချစ်ကြိုက်သူ ၈၆ ယောက်၊ လိင်တူချစ်ကြိုက်သူ (၁၁) ယောက်
၆)၅၉%ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ၆ယောက်၊ အဲဒီ ၆ ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်၊
၇)ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေးအယောက် ၈၀
၈)စာမတတ်သူ ၇၀ ယောက်
၉)အာဟာရ မပြည့်သူ ၅၀ ယောက်
၁၀)သေခါနီးဆဲဆဲ ၁ ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁)ဘွဲ့ရသူ ၁ ယောက်
၁၂)ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်

ချုံလိုက်တဲ့ လူဦးရေ ရှုထောင့်ကနေ ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို ကျတော်တို့ ရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက….
အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်မာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁၀သိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

Tuesday, 27 May 2014

မိပန်ဒါ အိမ်လေးကနေ ကြိုဆိုပါတယ်

ဟုတ်ကဲ့။ မိပန်ဒါ အိမ်လေးကနေ ကြိုဆိုပါတယ်။ အရင်တုန်းက စာရေးဖြစ်ပေမဲ့ တခြား အမည်နာမတွေ နဲ့ ရေးပါတယ်။ ကလောင် အမည် အတိအကျ မစဉ်းစားမိဘူးဖြစ်နေတာ။ အခု ကလောင်အမည်   မိပန်ဒါ ရေးချင်တာတွေ ရေးမယ် စဉ်းစားထားပါတယ်။ မိပန်ဒါ ဆိုတာ သူမသဘောကျတဲ့ သူမရဲ့ nick name ဖြစ်တာရယ်။ သူမကိုယ်တိုင် ပန်ဒါလေးတွေက  ချစ်တာရယ် ကြောင့် ပန်ဒါကို ယူတယ်။ သူမက မိန်းကလေးဖြစ်တာကြောင့် ရှေ့မှာ 'မိ' ဆို ထည့် ပြီး မိပန်ဒါ ဖြစ်လာပါသည်။ မိပန်ဒါ ဖတ်သည် မှတ်သည် စဉ်းစားသည် များကို မျှဝေပေးပါမယ်ရှင်။ တကူးတက မိပန်ဒါ အိမ်လေးကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။