big big slider

Nav Menu Pages

Tuesday, 21 April 2015

ဗုဒ္ဓဘာသာ


တည်ထောင်သူ-               သိဒ္ဓတ္ထဂေါတမဗုဒ္ဓ
မွေးဖွားသည့်နှစ်-              ခရစ်မပေါ်မီ ၆၂၄
တည်ထောင်သောနှစ်-        ခရစ်မပေါ်မီ ၅၈၉
ပရိနိဗ္ဗာန်စံသည့်နှစ်-          ခရစ်မပေါ်မီ ၅၄၄
ပေါ်ပေါက်ရာဌာန-             အိန္ဒိယနိုင်ငံ
ကျမ်းစာ-                                    ပိဋက ၃ ပုံ

အခြေခံ                          ကမ္ဘာလောကကိုဖြစ်စေ၊ သတ္တ၀ါကိုဖြစ်စေ ဖန်ဆင်းသူ တန်ခိုးရှင်မရှိ။ ကမ္ဘာလောက
ယုံကြည်ချက်များ              ရော၊ သတ္တ၀ါများပါ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပ်ါလာကြသည်။ သက်မဲ့
                                    လောက၊ သက်ရှိလောက နှစ်ခုလုံး အကြောင်းကြောင့် ဖြစ်ပျက်နေသော ရုပ်အစဉ်၊ နာမ်အစဉ် မျှသာ ဖြစ်သည်။ တည်မြဲသော ပုဂ္ဂိုလ် သတ္တ၀ါမရှိ၊ အတ္တမရှိ။  ရုပ်နာမ်မှန်သမျှ ဖြစ်ပြီးလျှင် တစက္ကန့် 
တောင်မှ တည်တံ့မနေဘဲ ချက်ချင်းပျက်စီးသွားကြ၍ မမြဲသောသဘော၊ မကောင်းသောသဘော၊ အခိုင်အမာ အနှစ်အသားမဟုတ်သော သဘောချည်း ဖြစ်ကြသည်။
                                    သတ္တ၀ါတိုင်း မိမိအလုပ်အားလျော်စွာ အကျိုးရကြသည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရသည်။ ဆိုးတာလုပ်လျှင် ဆိုးကျိုးခံစားရသည်။
                                    သတ္တ၀ါသည် တဘ၀တည်းမဟုတ်၊ ဘ၀ပေါင်းများစွာဖြစ်သည်။
                                    ဆင်းရဲ၊ ဆင်းရဲ၏အကြောင်း၊ ဆင်းရဲငြိမ်းခြင်း၊ ဆင်းရဲငြိမ်းကြောင်း အကျင့်လမ်းဟု အမှန်တရား လေးပါးရှိသည်။

ကြင်ဖော်ရွေးချယ် ချစ်သက်လယ်

၁။
လူတွေကို မိသားစုများက မွေးဖွားလိုက်ကြသည်။ ယောက်ျား နှင့် မိန်းမတို့ အတူတူပေါင်းသင်းနေထိုင်ခြင်း
ဖြင့် မိသားစုဘဝများကို အစပြုပြန်၏။ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်သည့် အတွေးအမြင်များက
တော့ ယဉ်ကျေးမှုနောက်ခံအပေါ် တည်မှီသည်။

ထိမ်းမြားခြင်းဆိုင်ရာအတွေးအမြင်များသည် အမှား၊ အမှန်နှင့်ပတ်သက်၍ အခြေခံယုံကြည်ချက်ဖြစ်သည်။
လက်ထပ်ထိမ်းမြားဓလေ့ကို လေ့လာကြည့်သည့်အခါ နည်းလမ်းအဖုံဖုံဖြင့် ကြင်ဖော်ကြင်ဖက် ရွေးချယ်ရ
သည့် ပြဿနာကို ဖြေရှင်းသော အသွယ်သွယ်သော ယဉ်ကျေးမှုကို တွေ့ မြင်လာရသည်။

အိမ်ထောင်ဖက်ရွေးချယ်သည်ဆိုတာက လူတိုင်းအတွက် ကာလဒေသမရွေး ဘယ်သောအခါမျှ လွယ်ကူ
သော ကိစ္စမဟုတ်ပါ။

၂။
တရုတ်ယဉ်ကျေးမှုတွင် သားသမီးများ၏ အိမ်ထောင်ရေးကို မိဘက ဆုံးဖြတ်သည်။ သား သို့ မဟုတ် သမီးအတွက် ဇနီးလောင်း သို့ မဟုတ် ခင်ပွန်းလောင်းရှာလိုသူမိဘတို့ က အောင်သွယ်တော်တဦးဦးကို
အသက်အရွယ်၊ ပညာရေးအရည်အချင်းစတာတွေပါဝင်သည့် စရိုက်လက္ခဏာကောင်းရှိသူကို ရှာဖွေပေး
ဖို့ အကူအညီတောင်းခံရသည်။

တရုတ်အတွေးအခေါ်အတိုင်းပြောလျှင် လူငယ်တွေကို သူတို့ စိတ်ကူးယဉ်တဲ့အတိုင်း သူတို့ ကြင်ဖက်ကို
ရွေးချယ်ခွင့်ပေးလိုက်တာသည် မဟာအမှားကြီးတခုဖြစ်သည်။ လက်ထပ်ထိမ်းမြားရေးအတွက် အရေးကြီး
ဆုံးဖြတ်ချက်ကို မိသားစုခေါင်းဆောင်အိမ်ထောင်ဦးစီးများက ချမှတ်ကြသည်။ ထိုဦးစီးကြီးများသည် အိမ်ထောင်ပြုတယ်ဆိုတာ ကျန်းမာရေးကောင်းတဲ့ သားများ မွေးဖွားရေးအတွက်ဆိုသည့် အဓိက ရည်ရွယ်
ချက်ကို နားလည်သူများ ဖြစ်သည်။

တရုတ်လူမျိုးအသိုင်းအဝိုင်းတွင် သားယောက်ျားများသည် အရေးပါအရာရောက်ကြ၏။ သားက မိသားစု
ခေါင်းဆောင်နေရာကို ဆက်ခံကာ မိသားစုနာမည်ကို ထိန်းသိမ်းသည်။

၃။
ကမ္ဘာကြီးမှာ လက်ထပ်ရေးဆိုင်ရာတွင် ယဉ်ကျေးမှု နှင့် ယုံကြည်မှုနောက်ခံကွဲပြားလျှင် ကွဲပြားသလောက်
မတူတာတွေ ရှိပါသည်။
တရုတ်ထုံးတမ်းစဉ်လာအရ လူငယ်များအား  သူတို့ အိမ်ထောင်ဘက်ကို သူတို့ ကိုယ်တိုင် လွတ်လွတ်လပ်
လပ် ရွေးချယ်ခွင့်ပြုခြင်းကို အသိအမှတ်မပြုပေမယ့် မြောက်အမေရိကတိုက်က ဟိုပီတိုင်းရင်းသားများတွင်
လွတ်လပ်ခွင့်နှင့်ပတ်သက်လို့ တရုတ်လူမျိုးတို့ နှင့် အပြတ်အသတ်ကွာခြားသည်။ လုံးဝမတူ။

ဟိုပီတိုင်းရင်းသားများသည် သားယောက်ျားလေးအသက် ၁၃ နှစ်ပြည့်လျှင် မိဘအိမ်မှာမနေဘဲ ကီဝ လို့ 
ခေါ်သည့် ယောက်ျားလေးများအတွက် သီးသန့် နေရာမှာ နေထိုင်ခွင့်ရကြသည်။ ကီဝအိမ်ရာမှာနေသူ
ယောက်ျားလေးများသည် ညပိုင်းမှာ တယောက်တည်းအပြင်ထွက်ခွင့် ရှိသည်။ မိန်းမပျိုလေးအိမ်သို့  တိတ်တဆိတ် လူပျိုလှည့်ခွင့်ရှိသည်။ ကောင်လေးအများစုက မိုးစင်စင်မလင်းခင် မိန်းကလေးအိမ်မှ ထွက်
ခွါတတ်ကြသည်။ သို့ သော် မိန်းကလေးရှင်မိဘများကလည်း ညဖက်လူပျိုလှည့်တာကို  စိတ်ဆိုးမာန်ဆိုး
မလုပ်ကြချေ။ သမီးအတွက် အိမ်ထောင်ဖက်ကောင်း သမက်လောင်းဖြစ်မည့်သူဟု သဘောကျလျှင် လွှတ်ပေးထားလိုက်သည်။

လူပျိုလှည့်တာ လချီကြာပြီးနောက် မိန်းကလေးမှာ ကိုယ်ဝန်ရှိလာမည်။ အကျိုးဆက်အနေဖြင့် မိန်းကလေး
က သူသဘောကျတဲ့ ကောင်လေးကို ခင်ပွန်းလောင်းအဖြစ် ရွေးချယ်လိုက်ပေသည်။

၎။
လူပျို နှင့် အပျို တယောက်ဆီတယောက် ညဖက်အလည်အပတ်ပြုတာ ဟိုပီယဉ်ကျေးမှုမှာသာ ရှိသည်
မဟုတ်သေး၊ ဂျာမနီတောင်ပိုင်းရှိ ဘာဗေးရီးယန်း လို့ ခေါ်သည့် လူမျိုးမှာလည်း "ပြူတင်းတံခါးဖွင့်ဟ
ထားခြင်း"ခေါ်တဲ့ အလေ့အထရှိနေပြန်သည်။

မိန်းမပျိုလေးက ပြူတင်းတံခါးကို ညအချိန်တွင် ကိုလူပျိုများ ဝင်လာနိုင်အောင် ဖွင့်လှစ်ထားသည်။
မိန်းကလေး ကိုယ်ဝန်ရှိလာလျှင် ယောက်ျားလေးက မိန်းကလေးဆီမှာ လက်ထပ်ခွင့် တောင်းရပေ
တော့၏။ "ပြူတင်းပေါက်ဖွင့်ပေး"ပြီးတာတောင် ကိုယ်ဝန်မရသော မိန်းကလေးခမျာ ခင်ပွန်းယောက်ျား
မရနိုင်တော့ပြီ။ ဤယဉ်ကျေးမှုအရ မိန်းကလေးအတွက် "သားသမီးထွန်းကားမွေးဖွားပေးနိုင်ခြင်း" မှာ
သေရေးရှင်ရေးတမျှ အရေးပါအရာရောက်သည်။ အသိုင်းအဝိုင်းအတွင်း သားသမီးမွေးဖွားပေးနိုင်ကြောင်း
အခြားသူကို သက်သေပြနိုင်သူကိုမှ "ပြူတင်းတံခါးဖွင့်ဟထားခြင်း" ယဉ်ကျေးမှုက အိမ်ထောင်ပြုခွင့်
ပေးသည်။

Friday, 17 April 2015

လူ့ဘဝ

လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။
လူ့တာဝန်အရေးငါးပါးလို့ဆိုရင်မမှားပါဘူး။ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ၊ လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။

♠   ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ
    ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။

♠  စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။

♠  အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

♠ လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာ ဘ၀တိုင်းလူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။

♠   ပညာရေးမြင့် မား တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ
     ဖြစ်လေ ရာ ဘ၀ တိုင်း အသိဥာဏ် ထုံ ထိုင်းပြီး ပညာရေးအောက် တန်းကျ တတ် ပါတယ်။လူ့တာဝန်အရေးငါးပါးလုံးမှာ
     အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို
     အဖြူစင်ဆုံး၊အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။လူရယ်လို့ဖြစ်လာတိုင်းဘ၀ကောင်းတစ်ခုရပြီ
     လို့မ ဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုး ဆက်တွေ နဲ့ ထု ဆစ်ထားတဲ့ လူ တစ်ယောက် ရဲ့ ဘ၀ ဟာ
     ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလလုံခြုံမှုရဲ့အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ဘ၀ကိုသာ
     အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကို
     ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

 အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)

Wednesday, 1 April 2015

စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု


စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူမှုရေး၊ ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ် ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ အမူအကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့် သေးသေးလေး (၁၀)ခုပါပဲ။

၁။ အားလုံးကို ချရေးပါ

သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့ အရာတွေအတွက် အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့ တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊ အတွေးတွေအားလုံးကို တစ်နေရာရာ ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင် လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။

၂။ တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့ ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း ပို နည်းပါလိမ့်မယ်။ ဒီတော့ တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်မယ့်အစား သင့်ရဲ့တစ်နေ့တာကို အရေးအကြီးဆုံး အလုပ်တွေကို အရင်ဆုံးပြုလုပ်ခြင်းဖြင့် စတင်လိုက်ပါ။

၃။ မခန့်မှန်းပါနဲ့၊ မေးပါ

စိတ်တွေကို ဖတ်ခြင်းဟာ ခက်ခဲပါတယ်။ ဒီတော့ အဲဒီအစား မေးခွန်းတွေ ထုတ်ပါ၊ ဆက်သွယ်ပါ။ ဒီဟာက သင့်ကို မလိုအပ်တဲ့ ငြင်းခုန်ရမှုတွေ၊ နားလည်မှုလွဲတာတွေ၊ အဆိုးမြင်တာတွေ၊ အချိန်နဲ့ စွမ်းအင်ကုန်ဆုံးမှုတွေကို သက်သာစေပါတယ်။

၎။ အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ပါနဲ့

သင်ဟာ တစ်ခုခုကို အများကြီးတွေးတော့မယ်၊ ဒါမှမဟုတ် သင့်စိတ်ထဲမှာ ကြီးကြီးမားမားတစ်ခုခုကို စဉ်းစားတော့မယ်ဆိုရင် သင့်ကိုယ်သင် မေးပါ ” ငါဟာ အရေးမကြီးတာတွေကို အရေးတကြီးလုပ်နေသလား? ”

၅။ အိပ်ရာမ၀င်ခင် သင့်ရဲ့အိတ်ကို ပြင်ဆင်ထားပါ

ဒီတော့ မနက်ခင်းမှာ ပျာယာမခတ်ရတော့ဘူးပေါ့။ ပြီးတော့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။

၆။ သင့်ရဲ့ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေကို နယ်နိမိတ် ကန့်သတ်ထားပါ

အလုပ်အတွက် စလုပ်ရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သတ်မှတ်ပါ။ ကျနော်ဟာ ညနေခင်းမှာဆိုရင် ၇ နာရီနောက်ပိုင်းမှာ အလုပ်တွေကို ရပ်လိုက်တယ်။

နေ့စဉ်နေ့တိုင်း နားချိန်လေးတွေ ထားပါ။ ညနေခင်းတွေနဲ့ ရက်သတ္တပတ် နောက်ဆုံးရက်တွေမှာ လန်းဆန်းနေစေဖို့၊ စွမ်းအင်တွေ ရှိနေစေဖို့ တစ်နေ့တာမှာ နားချိန်လေးတွေ သတ်မှတ်ထားပါ။ ကျနော်ဟာ ပုံမှန်အားဖြင့် ၄၅ မိနစ်လောက် အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားပါတယ်။ အဲဒီ နားချိန်မှာဆိုရင် ကျနော်ဟာ ကွန်ပျူတာရှေ့ကနေ ထလိုက်တယ်။ ပြီးတော့ အပြင်မှာ လေကောင်းလေသန့်ရှူတယ်၊ တစ်ခုခုစားတယ်၊ ဒါမှမဟုတ်ရင်လည်း Simpsons ဇာတ်လမ်းတွဲ အခန်းတစ်ခန်းကို တစ်ဝက်ကြည့်တယ်။

အလုပ်နားရက်တွေမှာ အလုပ်မလုပ်ပါနဲ့။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျနော်ဟာ အလုပ်တွေကနေ ဝေးဝေးနေပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ကို မီဒီယာနဲ့ အင်တာနက်ကနေလည်း ဝေးဝေးနေပါတယ်။ ကျနော်ဟာ အဲဒီနေ့တွေမှာဆိုရင် မေးလ်တွေ မစစ်ဘူး။ အဲဒီအစား ကျနော့်ရဲ့ ချစ်သူနဲ့ အချိန်ကုန်လွန်စေတယ်၊ ဒါမှမဟုတ် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစု၊ စာအုပ်ကောင်းတစ်အုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ကျနော့်ကို ပျော်ရွှင်စေမယ့်အရာတစ်ခုခုကို လုပ်တယ်။

၇။ အရာရာတိုင်းကို နေရာတကျ ထားပါ

အရာအားလုံးဟာ သူ့နေရာနဲ့သူ ရှိနေမယ်ဆိုရင် သင့်ရဲ့အိမ်ကို နေ့စဉ်နေ့တိုင်း အစီအစဉ်တကျဖြစ်အောင်၊ မရှုပ်ပွနေအောင် ထိန်းသိမ်းရာမှာ အများကြီး လွယ်ကူစေပါတယ်။ ပြီးတော့ အပြင်ထွက်ခါနီး သော့တွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်း ရှာမတွေ့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။

၈။ ဆယ်မိနစ် စောပါစေ

ဒီရိုးရှင်းတဲ့နည်းလေးဟာလည်း စိတ်ဖိစီးမှုတွေကို အတော်လည်း လျော့နည်းစေပါတယ်။ ပြီးတော့ ဒီနည်းလမ်းလေးက ခရီးသွားရာမှာလည်း သင့်ကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၉။ အလုပ်စားပွဲကို ရိုးရှင်းအောင် ထားပါ

သင်အလုပ်လုပ်တဲ့ နေရာကို ရိုးရှင်းအောင် ထားခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ၊ ရှုပ်ပွနေတာမျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ဟာလည်း အရေးအကြီးဆုံးအလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒီတော့ သင်အလုပ်လုပ်မယ့်နေရာကို အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားကြည့်ပါ။

အကြံဥာဏ်တစ်ခုကတော့ အလုပ်စားပွဲမှာ အလုပ်အတွက် အလိုအပ်ဆုံးအရာများကိုသာ ထားဖို့ပါပဲ။ နံရံတွေပေါ်မှာတော့ သင့်ရဲ့အရေးအကြီးဆုံးလုပ်စရာတွေ၊ ဒါမှမဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို ရေးပြီး ကပ်ထားနိုင်ပါတယ်။ သင်အကြိုက်ဆုံး စကားတစ်ခွန်းခွန်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ဖြစ် ကပ်ထားနိုင်ပါတယ်။

၁၀။ အသက်ရှူရုံလေးပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ပြဿနာတစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ဒါမှမဟုတ် သင့်ရဲ့စိတ်ဟာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရောက်နေတဲ့အခါ၊ သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး အသက်ရှုပါ။ ပြီးတော့ သင့်နှာခေါင်းထဲကို လေ၀င်လာတာ၊ လေ ပြန်ထွက်သွားတာတွေကို အာရုံစူးစိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်လာစေပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ စိတ်ကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ခေါ်ပေးပါလိမ့်မယ်။
အထွေထွေ ဗဟုသုတဖတ်စရာများ

Credit to Maukkha.

မိမိတို့ရဲ့ ငွေကြေး ကို ဘယ်လို စီမံခန့်ခွဲကြမလဲ။

   
ငွေကြေး ကို ကောင်းကောင်းစီမံဆောင်ရွက်တတ်ဖို့ဆိုတာ လူတိုင်းအတွက်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ စိတ်အာရုံ နောက်တတ်တဲ့ လူတွေ အတွက်ကတော့ ငွေရေးကြေးရေး အခြေအနေတွေဆိုတာ ပိုလို့တောင် ရှုပ်ထွေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလူမှုလောကတွင် ငွေကြေး အကန့်အသတ် တွေနဲ့ဆေးကုသစရိတ်ကြီးမားခြင်း ဟာလည်း ငွေကြေး ကို စီမံခန့်ခွဲပြီး အသုံးပြုနိုင်ဖို့အတွက် တကယ့်ကို စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ပါတယ်။ ဒီငွေရေးကြေးရေးဖိအားတွေဟာ လူတွေအတွက် တကယ့်ကို စိတ်သောကရောက်စေပါတယ်။ဒါပေမယ့် မိမိတို့ရဲ့ ငွေကြေးအအခြေအနေအပေါ်မူတည်ပြီး ကိုင်တွယ်သုံးစွဲခြင်းဖြင့် ပေါ့ပေါ့ပါးပါးနေနိုင်ဖို့အောက်ဖော်ပြပါ နည်းလမ်းတွေ က အသုံးဝင်နိုင်ပါတယ်။

ငွေကြေးသုံးစွဲခြင်း စီမံကိန်းကို ရေးဆွဲထားပါ။

တကယ်လို့ သင်ဟာ မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ၊ဆွေမျိုးမိသားစုတွေ ဆီမှ ပိုက်ဆံချေးငှားသုံးစွဲရပြီး အကြွေးတွေတင်နေရတဲ့အထိ ငွေအထွက်များနေလျင် မိမိ ရဲ့ ငွေကြေးသုံးစွဲမှု စနစ်ကို ပြန်လည်သုံ့သပ်ပြီး ငွေကြေးသုံးစွဲခြင်းဆိုင်ရာ စီမံကိန်းတစ်ခုကိုဆွဲလိုက်ပါ။ဒီလို စီမံကိန်း ဇယားတစ်ခုကို ရေးဆွဲလိုက်ခြင်းဖြင့် နောက်ထပ်ငွေကြေးသုံးစွဲမှုအတွက်ကြိုတင်ပြင်ဆင်မှုတွင် များစွာ အထောက်အကူပြုနိုင်ပါတယ်။

အဆင့်(၁)-မိမိတို့ရဲ့ ဝင်ငွေ ကို သိပါ။

မိမိ ရဲ့ ဝင်ငွေ အနေအထားကို သိပြီး ဘယ်လောက် အတိုင်းအတာထိ သုံးလို့ရမလဲဆိုတာ အသေအချာသိထားဖို့လိုပါတယ်။ တကယ်လို့ သင်ဟာ ပုံမှန် လစာဝင်ငွေရှိတဲ့ အစိုးရဝန်ထမ်း ၊ ကုမ္မဏီဝန်ထမ်းတွေ ဖြစ်နေခဲ့လျင် သင့်အနေနဲ့ ဒီအချက်ကို ပိုမိုသိရှိထားဖို့လိုပါတယ်။တကယ်လို့ သင်ဟာ နာရီအပိုင်းအခြားဖြင့် လုပ်အားခရတဲ့သူ ၊ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူဖြစ်နေခဲ့လျင်တော့ သင်ဟာ ပျမ်းမျ အားဖြင့် မိမိရဲ့ ဝင်ငွေပမာဏ အနေအထားကို တွက်ချက်ထားဖို့လိုပါတယ်။

အဆင့်(၂) မိမိ ရဲ့ပုံမှန်အသုံးစရိတ်ကို သိပါ။

မိမိတွင် ပုံမှန်ပေးစရာရှိတဲ့ အသုံးစရိတ်အားလုံးကိုစဉ်းစားလိုက်ပါ။ပြီးတော့ အရင်လ က သုံးစွဲခဲ့တာတွေ ကို အမှတ်ရပါ။ အချို့သော အသုံးစရိတ်တွေဖြစ်တဲ့ အိမ်ငှားခတွေ လိုမျိုး က တစ်သတ်မတ်တည်း ဖြစ်နေတဲ့ ပုံမှန်ကုန်ကျစရိတ်မျိုးဖြစ်ပါတယ်။ အခြားအသုံးစရိတ်လိုမျိုး က မိမိသုံးစွဲခဲ့တဲ့ အသုံးအစွဲအပေါ် အခြေခံပြီး များပြားနိုင်ပါတယ်။မိမိတို့ရဲ့ ပုံမှန် အသုံးစရိတ်တွေထဲမှာ အောက်ဖော်ပြပါ အသုံးစရိတ်တွေက မရှိမဖြစ်ပါဝင်နေပါလိမ့်မယ်။

အိမ်လခ
အထွေထွေအသုံးစရိတ် ( ဥပမာ- တယ်လီဖုန်း ခ၊ အင်တာနက်ခ ၊ရေဖိုး၊ မီးဖိုး၊ အမှိုက်ခ)
စားသောက်ကုန်
အာမခံကြေး
ဆေးဝါး
သွားလာကုန်ကျစရိတ်
ဆေးကုသကုန်ကျစရိတ်
အားလပ်ချိန် မှာ အပန်းဖြေသွားလာဖို့စရိတ်
တစ်ကိုယ်ရေတစ်ကာယ အသုံးစရိတ်
အကြွေးဆပ်ဖို့ငွေကြေး
ကလေးကျောင်းစရိတ်
အဆင့် (၃) ဒီအချက်အလက်တွေ ကို အသုံးပြုပြီး ငွေကြေးသုံးစွဲမှုနှုန်းထား ဇယားတစ်ခု ရေးဆွဲထားပါ။

ဒီလို အသုံးစရိတ်ဆိုင်ရာ ဇယားတစ်ခု ရေးဆွဲထားခြင်းဟာ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် ထိရောက်မှုရှိစေပါတယ်။

အဆင့်(၄) နေ့စဉ်အသုံးစရိတ်ကို သိအောင်လုပ်ပါ။

ဘယ်လောက်ဘဲ မိမိ တို့မှာ ကောင်းမွန်တဲ့ စီမံကိန်းဇယားတွေ ဆွဲထားပါစေ လူတွေမှာ အများအားဖြင့် အမြဲတမ်း အပိုဝယ်စရာဆိုတာ ကြုံတတ်ကြရပါတယ်။ ဥပမာ ကားဆီပြတ်သွားလို့ ဆီထည့်ရတာတွေ ၊ ဖိနပ်ပြတ်သွားလို့ ဖိနပ်အသစ်ဝယ်ရတာတွေ၊ လမ်းလျောက်သွားနေရင်း စတိုးဆိုင်ရှေ့ ဖြတ်လျောက်မိတဲ့အခါ လမ်းကြုံကော်ဖီ ဝင်ဝယ်မိတာမျိုး နဲ့ မမျော်လင့်ဘဲ ကုန်ကျရတဲ့ စရိတ်တွေရှိတတ်ကြပါတယ်။ ဒါ့အပြင် စိတ်အလိုလိုက်ပြီး အကြိုက်တွေ့တိုင်း ဝယ်ယူခြင်း ကလည်း ရှိနေတတ်သလို ဒါတွေဟာ ဆုတွေယူနေသလို ပျော်စရာကောင်းပေမယ့်
ပုံမှန်ဝယ်ဖြစ်လာရင်တော့ ဒါဟာ မိမိတို့ရဲ့ ဘဏ္ဌာရေး ကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်အသုံးစရိတ်ကို သိရှိပြီး မျတစွာ သုံးစွဲတတ်ဖို့လိုပါတယ်။ဥပမာ - မလိုအပ်ဘဲ မဝယ်ယူဘဲ တကယ်လိုအပ်လို့ ဝယ်ယူတာမျိုး ဖြစ်ဖို့လိုပါတယ်။

တိုင်ပင်ဆွေးနွေးခြင်းဖြင့် အကူအညီရယူပါ။

တကယ်လို့ သင့်မှာ မိမိရဲ့ ငွေကြေးအပေါ် ပုံမှန်စံမံခန့်ခွဲခြင်းဖြင့် ကြိုးစားဆောင်ရွက်ချက်တွေ ရှိနေပေမယ့် သင့်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိနေခဲ့လျင် မိမိတို့ရဲ့ ရင်းနှီးယုံကြည်ရာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီမှာ အကြံဥာဏ်တောင်းခြင်းဖြင့် အကူအညီရယူပါ။သင့်ရဲ့ မိတ်ဆွေ ၊ မိသားစုဝင်တွေ က သင့်ရဲ့ သုံးစွဲမှု အနေအထားကို ကြည့်ပြီး ဘယ်ဟာ ကဖြင့် တကယ့်သုံးသင့်တယ်၊မသုံးသင့်ဘူးဆိုတာ ထောက်ပြအကြံပြုခြင်းဖြင့် အကူအညီ ရနိုင်ပါတယ်။

ငွေကြေး ကို ဘယ်လိုစုဆောင်းနိုင်ကြမလဲ ။

သင်ဟာ တစ်နေ့အသုံးစရိတ်ကို တစ်နေ့ ထိန်းချုပ်မှု ရရှိလာတာနဲ့တစ်ပြိုင်နက် ငွေကြေးကိုစုဆောာင်းဖို့အစီအစဉ် ဇယားတစ်ခု ကို ရေးဆွဲဖို့လိုလာပြီ။ ဥပမာ - DVD စက်တစ်လုံးကို ဝယ်ယူဖို့အတွက် ငွေစုဆောင်းထားခြင်း ၊အားလပ်ရက်မှာ ခရီးထွက်ဖို့အတွက် ငွေကြေးစုဆောင်းတာမျိုး ၊ မိမိ တို့ရဲ့ ကလေးတွေ ကို ကျောင်းသို့ပို့ပေးပြီး ရေရှည်စီမံကိန်းတစ်ခုအနေနဲ့ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးစုဆောင်းခြင်း ၊ ပင်စင်အနားယူတဲ့အခါ သုံးစွဲဖို့ ငွေကြေးစုဆောင်းခြင်း။ဒါတွေဟာ ငွေကြေးတစ်ခုကိုအလုံအလောက်ရရှိဖို့အတွက် အချိန်ယူပြီးစုဆောင်းခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးတစ်ခု ကို ဘယ်လို စုဆောင်းရမလဲဆိုတဲ့ လမ်းညွှန်ချက် အချို့ကို အောက်တွင်ဖော်ပြထားပါတယ်။

နည်းနည်းလေးစီ စုဆောင်းသွားပါ။- တစ်ကြိမ်မှာ နည်းနည်းလေးစီ ငွေစုဆောင်းသွားခြင်း ဟာ စိုးရိမ်ကြောင့်ကြမှုနည်းစွာနဲ့ ပန်းတိုင်သို့ ရောက်ရှိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ DVD စက်တစ်လုံး ကို ဒေါ်လာ ၁၂၀ နှင့် ဝယ်ယူချင်တယ်ဆိုပါစို့။ ဒါဟာ သင့်ရဲ့ လစဉ် အသုံးစရိတ်ထဲမှ တစ်လုံးတစ်ခဲထွက်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြီး ပုံမှန် နည်းနည်းစီ စုဆောင်းထားခြင်း ဖြင့် တစ်ခါတည်း တစ်နင့်တစ်ပိုးကုန်ကျသွားမယ့် အခြေအနေမျိုးကို ကျော်လွှားနိုင်ပါတယ်။

ဘဏ်အကောင့်တစ်ခုဖွင့်ထားပါ။-သင့်ရဲ့ငွေကြေးတွေကို ဘဏ်မှာသိမ်းထားလိုလျင် ဘဏ်အကောင့် တစ်ခုဖွင့်ထားလိုက်ပါ။ဥပမာ တစ်လကိုပုံမှန် အနေနဲ့ ၁ဝ ဒေါ်လာစီ ပေါ့ပေါ့ပါးပါး စုဆောင်းထားခြင်းဖြင့် ၂ နှစ်ကျော်လာတဲ့အခါ ဒေါ်လာ ၂၅၀ စုဆောင်းပြီးသွားဖြစ်ပါလိမ့်မယ်။သင့်အနေနဲ့ တစ်လကို ၁၀ ဒေါ်လာစုဆောင်းရခြင်းအပေါ် ခံစားချက်သက်ရောက်မှု မရှိပေမယ့် ၂ နှစ်အကြာမှာ စုဆောင်းသွားမိတဲ့ ငွေကြေးပမာဏအပေါ်တွင်တော့ သက်ရောက်မှု အများကြီး ရရှိမှာပါ။

မိမိကိုယ်တိုင်မှ သဘောတူကြည်ဖြူစွာလုပ်ဆောင်ပါ။- ငွေကြေး သုံးစွဲခြင်း နှင့် ငွေကြေး စုဆောင်းခြင်းတို့ကို မျတအောင်လုပ်ဆောင်ခြင်းဟာ သင့်ရဲ့ စိတ်နှလုံးကိုပျော်ရွှင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဥပမာ နေ့တိုင်း သင်ဟာ ဆော်ဒါတစ်ခွက် သောက်တယ်ဆိုလျင် သင့်ရဲ့ဝင်ငွေထဲ က လေးပုံတစ်ပုံ ကို သင့်ရဲ့ ဘဏ်အကောင့်ထဲ ကိုသွင်းလိုက်ပါ။နေ့တိုင်း ရေခဲမုန့်စားဖြစ်တယ်ဆိုလျင် ရေခဲမုန့်တန်ဖိုးနှင့် ပမာဏတူတဲ့ ငွေကြေး ကို ဘဏ်အကောင့်ထဲသို့ထည့်လိုက်ပါ။

မမျော်လင့်ဘဲရရှိလာတဲ့ငွေကြေး။-မမျော်လင့်ဘဲ ထီပေါက်သလိုမျိုးငွေတွေဝင်လာခဲ့လျင် ၊ ဒါမှမဟုတ် အမွေတွေရရှိလာတာမျိုး ကြုံလာခဲ့လျင် ဒီလိုငွေကြေးမျိုးကို မှန်ကန်စွာဖြင့်လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ပါတယ်။ တကယ်လို့ ဒီငွေကြေးတွေကို ပါ သင်က စုဆောင်းထားချင်တယ်ဆိုလျင်တော့ ဒါဟာ သင့်အတွက် ပန်းတိုင်သို့ အမြန်ရောက်စေဖို့နည်းလမ်းဘဲဖြစ်ပါတယ်။
All Credit to Original post owner.

နေလောင်ကာ ခရင်မ်ရွေးချယ်နည်း လမ်းညွှန်

နွေ ရောက်ပါပြီ။ နေရောင်ထဲမှာပါလာတဲ့ ခရမ်း လွန်ရောင်ခြည်ဟာ အရေပြားရဲ့အနက်ရှိုင်း ဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ် တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါကြောင့် တစ်နေ့တခြား သိသိ သာသာ ပူနွေးလာတဲ့ကမ္ဘာကြီးအတွက် သင့်အသားအ ရေကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

UV rays ဆိုတာ …

ခရမ်းလွန်ရောင်ခြည်လို့ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA ESifh UVB ဆိုပြီးနှစ်မျိုးရှိပါတယ်။

(၁) UVA က အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့အပြင် အရေပြားအောက် ခြေမှာရှိတဲ့ collagen ကိုပျက်စီးစေကာ အသားအရေအ ဖတ်လန်ခြင်း၊ ခြောက်သွေ့ခြင်းနဲ့အရွယ်မတိုင်မီ အရေပြား အိုမင်းခြင်းကိုဖြစ်စေပါတယ်။

(၂) UVB က နေလောင် ခြင်းကိုဖြစ်စေတာကြောင့် ဖြစ်နိုင်ရင် နံနက် ၁ဝနာရီကနေ ညနေ၄နာရီအတွင်း နေပူဒဏ်မခံရင် အကောင်းဆုံးပါပဲ။ ခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေဖို့ နေပူထဲထွက် တဲ့အခါမှာ

(က)ချည်သားအဝတ်အထည် ချောင်ချောင် ပွပွတွေကိုသာ ဝတ်ဆင်ပါ။
(ခ) အရောင်ဖျော့ဖျော့လေး တွေ ရွေးဝတ်ပါ။
(ဂ) ဦးထုပ်-ထီးဆောင်းပါ။ ( UV ကာ ကွယ်တဲ့ ရောင်ပြန်ထီးတွေက လုံခြုံမှုကိုပေးပါတယ်)
(ဃ) မျက်စိအမြင်အာရုံတစ်ခုလုံးကို ဖုံးအုပ်ပေးနိုင်တဲ့နေကာ မျက်မှန်ကြီးကြီးတပ်ပါ။ (င) နေပူခံခရင်မ်တွေလိမ်းပေးပါ။
(စ) ရော်ဘာဖိနပ်တွေမစီးပါနဲ့။

Sunscreen ဆိုတာ …

Sunscreen ဆိုတာ နေလောင်ဒဏ်ကာ ကွယ်ပေးတဲ့ ခရင်မ်တစ်မျိုးပါ။ အကယ်၍ Sunscreen ခရင်မ်ကို ကြိုတင်လိမ်းထား တဲ့အခါ၊ ထိုခရင်မ်က ခရမ်းလွန်ရောင် ခြည်တွေ အရေပြားထဲသို့ဝင်မလာအောင် ဆီးကြို စုပ်ယူပြီးတော့ ပြင်ပသို့ပြန်ကန် တိုက်ထုတ်ပေးတဲ့အတွက် အသားအ ရေအပေါ် မလိုလားအပ်တဲ့အမည်းစက် အပြောက်တွေ၊ အရေပြားတွန့်ခြင်း တွေ ဖြစ်မလာစေတော့ပါဘူး။ Sunscreen ခရင်မ်ကို မိတ်ကပ်အောက်ခံ အဖြစ် သုံး နိုင်ပါတယ်။ သို့သော် အလှကုန်ဈေးကွက် ထဲမှာ ရောင်းနေတဲ့ Sunscreen အများစု ဟာ UVB ကိုကာကွယ်ဖို့အတွက်သာ အဓိက ထားထုတ်လုပ်လေ့ရှိတာကြောင့် ပစ္စည်းဝယ်တဲ့ အခါ ဘူးခွံပေါ်မှာ ‘ PA + ' စာတန်းပါတဲ့ အမျိုး အစားကိုရွေးဝယ်ခြင်းဖြင့် UVAနှင့် UVB နှစ်မျိုး စလုံးကို ကာကွယ်ပေးပါလိမ့်မယ်။

SPF နံပါတ်တွေဆိုတာ …

UVB ကြောင့် အသားအရေပျက်စီးခြင်းကို ကာ ကွယ်ပေးနိုင်တဲ့ နေလောင်ကာခရင်မ်ရဲ့ စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို Sun Protection Factor(SPF) နံပါတ် တွေဖြင့် စံညွှန်းထားသတ်မှတ်လေ့ရှိပါတယ်။ ဥပမာအား ဖြင့် …SPF 50 ကို လိမ်းထားတဲ့သူဟာ နေလောင်ခရင်မ် လုံးဝမလိမ်းတဲ့သူထက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အဆ ၅ဝကာကွယ်ရာရောက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ ကြောင့် SPF ပမာဏများတဲ့ နေလောင်ကာခရင်မ်လိမ်း ထားနိုင်လေ အသားအရေကို ပိုမိုကာကွယ်နိုင်လေပါပဲ။

UVA ပါဝင်မှုဆိုတာ …

အလှကုန်ပစ္စည်းတွေအတွက် UVA ကို PA လို့ နာမ် စားသုံးစွဲ ခေါ်ဝေါ်လေ့ရှိပါတယ်။ UVA အကာအကွယ် ပါဝင်နှုန်း အနည်းအများပမာဏကိုတော့ ခရင်မ်ဘူးခွံတွေ ပေါ်မှာ PA+ (သို့) PA++ (သို့) PA+++ စသည်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ “ + ”ပါဝင်မှုများလေ နေရောင် ခြည်ကြောင့် အသားအရေအိုမင်းမှုကို ပိုမိုကာကွယ်နိုင် လေပါပဲ။

နေလောင်ကာခရင်မ်ရွေးချယ်နည်း
*************************************
နေလောင်ကာခရင်မ် တွေကို အိမ်ပြင်သို့မထွက်ခင် အနည်းဆုံးမိနစ်၂ဝခန့်အလို ကြိုလိမ်းထားပေးရပါမယ်။

(က) မွေးရာပါအသားမည်းသူများအတွက်

အသားမည်း သူတွေမှာ သဘာဝတရားကြီးရဲ့လက် ဆောင်အဖြစ် အသားအရောင်ဖျော့သူတွေထက် အသား အရေဖွဲ့စည်းကြံ့ခိုင်မှု သိပ်သည်းဆပိုရှိနေကြပါတယ်။ ဒါကြောင့် SPF 10 PA+ (သို့) SPF 15 PA+ လောက် သာ သုံးပေးနိုင်ပါတယ်။

(ခ) ရုံးတက်ကျောင်းတက်သူများအတွက်

များသောအားဖြင့် ရုံးတက်ကျောင်းတက်သူများဟာ နေပူထဲတစ်နေ ကုန်မထွက်ကြရပါဘူး။ ရုံးသွား ကျောင်း ပြန်အချိန်လောက်သာ နေပူထဲထွက် ရပြီး ကျန်တဲ့အချိန် တွေမှာ နေရိပ်ထဲ (သို့မဟုတ်)ငေမ ခသည အအေးခန်းထဲ နေ ရသူများဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ရာ နှုန်းပြည့်မခံရရင် SPF 24 PA++ (သို့) SPF 30 PA+ အမျိုးအစားခရင်မ်ကို နေ့စဉ်လိမ်းပေးရုံနဲ့လုံလောက် ပါပြီ။

(ဂ) နေ့စဉ် နေပူထဲမကြာခဏထွက်နေရသူများ အတွက်

ခရမ်းလွန်ရောင်ခြည် သင့် ခံရသူဖြစ်တာကြောင့် မျက် နှာအစခြေဖျားအဆုံး နေလောင်ကာခရင်မ်လိမ်းပေးထား သင့်ပါတယ်။ ထိုသူများအတွက် အသင့်တော်ဆုံးခရင်မ် များမှာ SPF30 PA++ (သို့) SPF 50 PA+++ တို့ဖြစ် ပါတယ်။

(ဃ) အလည်အပတ်ဈေးဝယ်ထွက်သူများအတွက်

အလည်အပတ်ဈေး ဝယ်ထွက်သူတွေ၊ ဘုရားသွား ကျောင်းတက်သူတွေက နေရိပ်ထဲဝင်လိုက်၊ နေပူပူအောက် ရောက်လိုက်ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ် ကို ရာနှုန်းပြည့်မခံရသော်ငြား နေလောင် ဒဏ်ကြောင့် အသားအရေပျက်စီးနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ အိမ် ပြင်မထွက်ခင်ကတည်းက SPF 30 PA++ ကို ကြိုလိမ်း သွားပါ။

(င) အားကစားလိုက်စားသူများအတွက်

ဥပမာ-နေပူပူအောက် စက်ဘီးစီးသူများ၊ တာဝေး အပြေးသမားများ၊ တောင်တက်သူများဟာ ခရမ်းလွန်ရောင် ခြည်ကို အပြည့်အဝခံစားရတဲ့အပြင် ချွေးထွက်လွန်သူ များဖြစ်တာကြောင့် မိမိအသားအရေကိုကောင်းစွာမစောင့် ရှောက်နိုင်ပါက အရေပြား ပျက်စီးတတ်ပါတယ်။ ကံမကောင်း သူများအတွက် အရေပြားကင်ဆာအထိ ဖြစ်လာစေနိုင် ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ်ကို လိမ်းလေ့ လိမ်းထမရှိတဲ့ နားရွက်အနောက်ဘက်ကိုလည်း ချန်မထား သင့်ပါဘူး။ နေရောင်ခြည်နဲ့ထိတွေ့မှုအများဆုံးနေရာဖြစ် တဲ့ နှာခေါင်းနှင့်လက်မောင်းအပေါ်ဘက်ပိုင်းတွေကို ခရင်မ် ပို၍ လိမ်းပေးပါ။

အိမ်မှမထွက်ခင် SPF50 PA+++ ကို တစ်ကိုယ်လုံး လိမ်းပေးရုံသာမက ခရင်မ်ဘူးကို မိမိနဲ့အ တူ တစ်ပါ တည်းဆောင် ထားပြီး နေပူ ထဲထွက်ရှိမှု ကြာချိန်ပေါ်မူ တည်လို့ နှစ်နာ ရီ၊ သုံးနာရီခြားတစ် ကြိမ် ခရင်မ်ထပ်မံလိမ်း ပေးပါ။ (လှေလှော်ရွက်တိုက် သူများ၊ ရေကူးသူများက water proof sunscreen SPF50 PA+++ ကို ရွေးချယ်သုံးစွဲပါ)

(စ) အပန်းဖြေကမ်းခြေထွက်လည်သူများအတွက်
နေလောင်ဒဏ် အပြင် ရေလောင်ဒဏ်ပါခံစားရတာ ကြောင့် ရေစိုခံနေရောင်ခြည် ကာ ခရင်မ်အမျိုးအစားဖြစ် တဲ့ (တအေနမ (water proof sunscreen) ကိုသာ ရွေးချယ်ပေးပါ။ SPF50 PA+++ ကိုသုံးပါ။

ဒီ ထက်ပမာဏများတဲ့ နေလောင်ကာ ခရင်မ်ကိုသုံးနိုင်ရင် အကောင်းဆုံးဖြစ် ပါတယ်။ (မဟာသင်္ကြန်ရေကစားသူများ ကျား၊မ အားလုံးသုံးစွဲသင့်တဲ့ နေလောင်ကာအမျိုးအစားဖြစ်ပါ တယ်) အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြ ပါစေရှင်။
#TheYangonTimes
Credit to ပေါက်ပေါက်

Starrbuck အောင်မြင်ရတဲ့ အကြောင်းအရင်း

Starrbuck ကမ္ဘာမှာ အအောင်မြင်ဆုံး ကော်ဖီ ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ဝန်ထမ်းအင်အား ၁သန်းခွဲကျော် မကနဲ့ လုပ်ငန်း လည်ပတ်လျက် ရှိပါတယ်။ သူ အောင်မြင်ရတဲ့ အကြောင်းအရင်းကို inc.com က စာရေး ဆရာတစ်ဦးဟာ လက်ရှိ Starbuck ရဲ့ စီအီးအို ဖြစ်သူ Howard Schultz ကို မေးမြန်းအင်တာဗျူးခဲ့ ပြီး ယခုလို အကြောင်းချက်များ ထုတ်ပြခဲ့ ပါတယ်။

၁) ရည်မှန်းချက် (Mission) ရှိတယ်.

အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ ပိုက်ဆံရလို့ လုပ်နေတာထက်၊ ရည်ရွယ်ချက် တစ်ခုအတွက် လုပ်နေတာက ပိုပြီးတော့ အဓိပ္ပါယ်ရှိ ပါလိမ့်မယ်။ Starbuck ဟာ To inspire and nature the human spirit – one person, one cup and one neighborhood at a time ဆိုတဲ့ Mission ရှိပါတယ်။ ကော်ဖီသောက်ရုံ မဟုတ်ပဲ အနားယူရန်၊ အလုပ်လုပ်ရန် နဲ့ မိတ်ဆွေသစ် တိုးရန် နေရာလေး တစ်ခုအဖြစ် သတ်မှတ်ထား ပါတယ်။

၂) စားသုံးသူတွေကို မေးခွန်းမေးတယ်..

စားသုံးသူတွေ ဘာလိုအပ်လဲ..။ သူတို့တွေကို ဆိုင်ရဲ့ ဘယ်အရာတွေက အမှတ်ရစေသလဲ မေးခွန်းလေးတွေ မေးပါတယ်။ ယင်းသို့ မေးမြန်းမှုက စားသုံးသူကို ဂရိုစိုက်ကြောင်းလည်း ပြသပြီး ရလာတဲ့ အချက်များကို Marketing မှာ ပြန်လည် အသုံးချ ပါတယ်။

၃) စားသုံးသူနဲ့ ဝန်ထမ်းတို့ကို သိရှိခြင်း

ဆိုင်မှာ အမြဲ ဝယ်သောက်သူတွေက ဘယ်သူတွေ၊ အော်ဒါမှာသူတွေက ဘယ်သူတွေ၊ အသစ်တွေက ဘယ်သူတွေ သိနေဖို့ လိုအပ် ပါတယ်။ ဒါမှ မိမိဟာ သူတို့အတွက် သီးသန့် ဖန်တီးပေးတယ် ဆိုတာမျိုး ပြသနိုင်ပြီး ငါ့ အကြိုက်သိနေပါလား ဆိုတဲ့ ခံစားချက်ကို ပေးစွမ်း ပါတယ်။ သူတို့ကို ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် ဝန်ထမ်းကိုလည်း သိဖို့ လိုအပ်ပါသေးတယ်။ သင့်ဝန်ထမ်းက စားသုံးသူထံ ဘာသယ်သွားပေမယ့် ဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မိမိဝန်ထမ်းရဲ့ အားနည်းချက် အားသာချက်များကို သိထားရင် ပိုကောင်းတဲ့ ဝန်ဆောင်မှုမျိုး ရအောင် ဖန်တီးပေးနိုင် ပါတယ်။

၎) တီထွင်ဆန်းသစ်မှု ရှိခြင်း

၂၀၁၀ ခုနှစ်က Wi Fi အခမဲ့ပေးတဲ့ ပထမဆုံး ကော်ဖီဆိုင်များ စာရင်းထဲမှာ Startbuck ပါဝင်ခဲ့ ပါတယ်။ အိမ်မှာ ထိုင်သောက်ချင်သူများ ရှိတာကိုလည်း သိတာကြောင့် အော်ဒါ စနစ်နဲ့ အရောက်ပို့ပေး တာကိုလည်း ပြုလုပ်ခဲ့ ပါတယ်။ ဒါ့အပြင် iPhone app တစ်ခုနဲ့ ငွေပေးချေ ဝယ်သောက်ရတဲ့ ကော်ဖီလည်း ဖြစ်လာပါတယ်။ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုပြီး ပြုပြင်လွယ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

၅) တာဝန်ယူမှုရှိခြင်း

စားသုံးသူက မှားပြီး မှာမိရင်တောင် သူလိုချင်တဲ့ ကော်ဖီ ကို ဘာမေးခွန်းမှ မမေးပဲ Starbuck က ပြန်လဲ ပေးသတဲ့။ ဝန်ထမ်းများကိုလည်း အမှား နည်းအောင် လေ့ကျင့်သင်ကြားပေး သလို၊ တစ်ခုခု မှားရင်လည်း တာဝန်ယူမှု အပြည့်ရှိအောင် သင်ကြားပေးထားကြောင်း ဆိုပါတယ်။

၆) စွန့်စားခြင်း

Starbucks ရဲ့ အောင်မြင်မှုထဲမှာ စွန့်စားရဲခြင်းဟာလည်း တစ်ခုပါဝင်တဲ့ အကြေင်းပြချက် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဘက် ကုမ္ပဏီများ ပြုလုပ်နေတာမျိုးတွေ လုံးဝ မလုပ်ပဲ သူ့နည်းသူ့ဟန်နဲ့ စဉ်းစားပြီး ဈေးကွက်ထိုးဖောက် ပါတယ်။

၇) ဆိုရှယ်မီဒီယာ အင်အားကို အသုံးပြုတယ်

ကြီးထွားလာတဲ့ ဆိုရှယ်မီဒီယာ အင်အားကို သိရှိပြီး Facebook, Instagram တို့မှာ စားသုံးသူတို့ရဲ့ သဘာဝ ဓာတ်ပုံတွေ၊ ဆိုင်ရဲ့ အလှအပ၊ ကော်ဖီရဲ့ အလှအပတွေကို တင်ပါတယ်။ ဓာတ်ပုံ ဦးစားပေး ဆိုရှယ်မီဒီယာ စာမျက်နှာကြောင့်လည်း Starbucks ကို ပိုမို လူသိများ၊ လူကြိုက်များလာစေပါတယ်။

၈) အရာ အားလုံး အရေးကြီးတယ်

Starbucks ဟာ ကော်ဖီရောင်းတာ ဖြစ်ပေမယ့် ဆိုင်က အိမ်သာထဲမှာ သုံးတဲ့ စက္ကူအတွက်က အစ အလေးပေး စဉ်းစားသူ ဖြစ်ပါတယ်။ affordable luxury လို့ ခံယူထားတဲ့ Starbucks ဟာ စားသုံးသူတို့ အတွက် သက်သောင့်သက်သာ ရှိအောင် အစစရာရာကို ဂရုစိုက် ပြင်ဆင်ပေးတတ်ပါတယ်။

၉) ပါတနာ မှန်ရွေးချယ် တတ်ခြင်း

Starbucks ဟာ ကုမ္ပဏီကြီးထွားလာဖို့အတွက် ပါတနာ ကောင်းများနဲ့ မိတ်ဖက်လျက် ရှိပြီး ယင်းထဲက ဥပမာ အနေနဲ့ ၂၀၀၆ ခုနှစ်တုန်းက Apple နဲ့ သဘောတူညီချက် ရယူထားမှုလည်း ပါဝင်ပါတယ်။ ဆိုင်မှာ နားထောင်နေတဲ့ သီချင်းကို iTune Store ကနေ ချက်ချင်း download ဆွဲ ဝယ်ယူနိုင်မယ့် စနစ်မျိုးကို စတင် ဖန်တီးပေးခဲ့ ပါတယ်။

၁၀) မပြောင်းလဲတဲ့ အရာသာများ

ခေတ်ပြောင်းလာတာနဲ့အမျှ တိုးလာတဲ့ အရသာများ ရှိပေမယ့် ပုံမှန်စားသုံးနေသူများအတွက် မပြောင်းလဲတဲ့ အရသာ များကိုလည်း ဖန်တီးပေးပါသေးတယ်။ ဥပမာ အမေရိကန်တစ်နိုင်ငံတည်းက မြို့ချင်းမတူတဲ့ ဆိုင်တွေမှာ မှာသောက်နေကျ ကော်ဖီတစ်မျိုး ရှိခြင်း ယင်းကော်ဖီဟာ အရသာ ပြောင်းမသွားပါဘူး။

၁၁) နေရာဒေသ အလိုက် ဖန်တီးပြင်ဆင်မှု

နေရာဒေသကွဲရင် လူကွဲ၊ ယဉ်ကျေးမှုကွဲ၊ ခံစားမှု အရသာ ကွဲပါတယ်။ ဒါတွေကိုလည်း သိရှိနားလည်ထားပြီး နေရာ ဒေသ အလိုက် ဆိုင်အပြင်အဆင် နဲ့ အစားအသောက်က အစ ဖန်တီးပေးမှုများ ပြုလုပ်ပါတယ်။

၁၂) ခေါင်းဆောင်ကောင်း ထားရှိခြင်း

Starbuck ရဲ့ အောင်မြင်ရတဲ့ အချက် ၁၂ ချက်ထဲမှာ နောက်ဆုံး အချက်တစ်ခုအနေနဲ့ ခေါင်းဆောင်ကောင်း ရှိခြင်းကြောင့် ဖြစ်ကြောင်း စီအီးအိုက ဆိုထား ပါတယ်။ ဆိုင်အသီးသီး လုပ်ငန်းအသီးသီးက ခေါင်းဆောင်ကောင်းများ ရှိတာကြောင့် ကုမ္ပဏီအောင်မြင်ရခြင်း ဖြစ်ကြောင်းလည်း ဆိုပါတယ်။
.
Ref: Inc.com
အောင်ခမ်း (ရိုးရာလေး)

စိတ်ထောင်ချောက်များ (Thinking Traps)

ကျွန်တော်တို့ကိုယ်တိုင်၏ စိတ်တွင် အတွေးအခေါ်ပိုင်းဆိုင်ရာ ထောင်ချောက်များ တည်ရှိနေပါသည်။ အကယ်၍ ၎င်းတို့ကို သတိမပြုမိခဲ့ပါလျှင် အဆိုပါ ထောင်ချောက်များသည် ယေဘုယျကျကျ စဉ်းစားတွေးခေါ်နိုင်သည့် ကျွန်တော်တို့၏ အရည်အချင်းကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး ညံ့ဖျင်းသည့် ဆင်ခြင်မှုနှင့် အမှားမှားအယွင်းယွင်း ဆုံးဖြတ်ချက်များ ချမိစေရန်အထိ ဦးတည်သွားစေ နိုင်ပါသည်။ အသုံးချရန်အတွက် တည်ရှိနေသည့် ထူးခြားသည့် စိတ်စွမ်းရည်များသည် တကယ့်လက်တွေ့တွင်မူ ကျွန်တော်တို့ကို ဒုက္ခတွေ့ရန် ဖန်တီးထားသလို ဖြစ်သွားစေနိုင်သည်။ အဆိုပါ ထောင်ချောက်များနှင့် အသုံးဝင်နိုင်စရာ ရှောင်ကွင်းနည်းတချို့ကို ဖော်ပြလိုက်ပါသည်။

(၁) ကျောက်ဆူးထောင်ချောက် (The Anchoring Trap)

(စဦးအတွေးအပေါ်တွင် အလွန်အကျွံမှီခိုခြင်း)

“တူရကီနိုင်ငံရဲ့ လူဦးရေသည် (၃၅) သန်း ကျော်ပါသလား။ မိတ်ဆွေရဲ့ အနီးစပ်ဆုံး ခန့်မှန်းခြေကို ပြောပြပါ” သုတေသီများက ဤမေးခွန်းကို လူတစ်စုအား မေးမြန်းခဲ့ရာတွင် ၎င်းတို့၏ ခန့်မှန်းခြေများမှာ (၃၅) သန်းနှင့် အတော်လေး ကွာခြားခဲသည်။ အဆိုပါ မေးခွန်းကိုပင် ဒုတိယလူစုကို မေးမြန်းပြန်သည်။ ဤအကြိမ်တွင်မူ စမှတ်အဖြစ် (၃၅) သန်းအစား သန်း (၁၀၀) ဟု ပြောင်းလဲ အသုံးပြုခဲ့သည်။ မေးမြန်းခံရသူ အုပ်စုနှစ်စုလုံးအနေဖြင့် ခန့်မှန်းခြေ ကိန်းဂဏန်းများကို အတိအကျ မသိဘဲ ရမ်းတုပ်ကြသည်ချင်း အတူတူ သန်း (၁၀၀) အဖွဲ့၏ ခန့်မှန်းခြေများသည် (၃၅) သန်းအဖွဲ့၏ ခန့်မှန်းခြေများထက် သိသိသာသာ လွန်ကဲနေသည်ကို တွေ့ခဲ့ရပါသည်။

မှတ်သားထားသင့်သည့် အချက်များမှာ စမှတ်သည် မိတ်ဆွေ၏ တွေးခေါ်မှုကို သိသိသာသာ ဘက်လိုက်မှုဖြစ်စေနိုင်သည်။ စဦး အမြင်၊ အတွေး၊ ခန့်မှန်းခြေ (သို့မဟုတ်) အချက်အလက်များသည် နောက်ဆက်တွဲအတွေးများကို ၎င်းနှင့်အနီးစပ်ဆုံးနေရာတွင် “ကျောက်ဆူးချ” ထားနိုင်ပါသည်။ ဤကျောက်ဆူးထောင်ချောက်အား အခြေအနေအတော်များများတွင် ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေ သည့်အတွက် ၎င်းသည် ပုံမှန်ထက်ပို၍ အန္တရာယ်ရှိသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဥပမာအားဖြင့် ၀ါရင့်အရောင်းသမားတစ်ယောက်သည် ဈေးအကြီးဆုံး ရောင်းကုန်ကို အရင်ဦးဆုံးပြပြီး အဆိုပါဈေးနှုန်းကို မိတ်ဆွေ၏စိတ်ထဲတွင် ကျောက်ဆူးချစေပြီး ထောင်ချောက်ဆင်နိုင်ပေသည်။ အဆိုပါ “ကျောက်ဆူးတံဆိပ်” လူလည်ကျနည်း ထောင်ချောက်အား ပါးပါးနပ်နပ် ရှောင်ကွင်းလိုပါလျှင် အောက်ပါအချက်လေးများကို ဆရာလုပ်ခံနေရသည်ဟု သဘောမထားဘဲ လေ့လာကြည့်စေလိုပါသည်။

ပြဿနာတစ်ခုကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်ပါ။ စမှတ်တစ်ခုခုကို စိတ်ထဲစွဲ မနေပါနှင့်။ အဖြေအတွက် လမ်းစမပေါ်သေးခင် ပြဿနာအပေါ်တည့်တည့်တွင်သာ အာရုံထားပါ။ အများနှင့် မတိုင်ပင်ခင် မိမိကိုယ်တိုင် အရင်ဆုံးစဉ်းစားပါ။ အခြားသူများ၏ ကျောက်ဆူးများ မိမိအပေါ်မလွှမ်းမိုးခင် အချက်အလက် ရနိုင်သမျှအများဆုံး စုဆောင်းပြီး ကိုယ်ပိုင်ကောက်ချက်များ ချကြည့်ပါ။ ကျယ်ပြန့်ပြီး မတူကွဲပြားသည့် ရင်းမြစ်များမှ သတင်းအချက်အလက်များကို ရှာဖွေပါ။ အယူအဆအများအပြားကို စုဆောင်းပြီး မိတ်ဆွေ၏ ကိုးကားသည့် ဘောင်ကို ချဲ့ထွင်ပါ။ အမြင်တစ်ခုအတွင်းတွင် ပိတ်မိနေခြင်းမျိုး မဖြစ်ပါစေနှင့်။

(၂) ပစ္စက္ခထောင်ချောက် (The Status Quo Trap)

(ရတာယူ၊ ပေးတာစား)

စမ်းသပ်မှုတစ်ခုတွင် လူတစ်စုအား လက်ဆောင် ပစ္စည်း နှစ်ခုအနက်မှ တစ်ခုကို ကြုံသလို ဝေပေးလိုက်သည်။ လူတစ်ဝက်တိတိမှာ မတ်ခွက်လှလှလေး တစ်ခုစီ လက်ဆောင်အဖြစ် ရရှိကြပြီး၊ ကျန်တစ်ဝက်က ချောကလက် အတောင့်ကြီး တစ်တောင့်စီ ရရှိကြသည်။ ထို့နောက်တွင် ၎င်းတို့အား မိမိတို့ရရှိသည့် လက်ဆောင်ကို တခြားသူများနှင့် စိတ်တိုင်းကျ လဲလှယ်နိုင်ကြောင်း အသိပေးလိုက်ပါသည်။ ဤနေရာတွင် အနည်းငယ် စဉ်းစားကြည့်စေ လိုပါသည်။ လူအမျိုးမျိုးစိတ်အထွေထွေ ရှိသည့်အထဲ လက်ဆောင်ပစ္စည်းများကို ကြိုက်မကြိုက်မမေးစမ်းဘဲ “ကြုံသလို” ဝေပေးလိုက်ခြင်းသာဖြစ်၍ လူတစ်ဝက်လောက်သည် မိမိတို့ ကြိုက်နှစ်သက်ရာ ပစ္စည်းကို မရရှိကြောင်း ယုတ္တိဗေဒနည်းအရ အကြမ်းဖျင်း ကောက်ချက်ဆွဲနိုင် ပါလိမ့်မည်။ (အလကားရတာပဲ ဘာရရဟု အတွေးမကပ်စေလိုပါ) သို့သော် တကယ့်လက်တွေ့တွင်မူ အစမ်းသပ်ခံ လူများထဲမှ (၁၀%) ခန့်သာ မိမိတို့ရရှိသည့်လက်ဆောင်ပစ္စည်းကို တခြားတစ်ခုနှင့် လဲလှယ်ကြသည်ကို တွေ့ရှိရပါသည်။

“ပစ္စက္ခထောင်ချောက်” ရှောင်ကွင်းလိုပါလျှင် မိမိလက်ထဲတွင် လက်ဆုပ်လက်ကိုင်ရှိနေသည့်အရာကို ရွေးချယ်စရာ အများကြီးထဲမှ တစ်ခုအဖြစ်သာ သဘောထားပါ။ လက်ထဲက ငှက်တစ်ကောင်နှင့် ပျံနေသည့် ငှက်ခြောက်ကောင် သဘောထားမျိုး မရှုမြင်မိ ပါစေနှင့်။ မိတ်ဆွေ ရွေးချယ်ခဲ့သည့် လက်ရှိ အခြေအနေသည် တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးပါ။ မိမိ၏ ရည်ရွယ်ချက်ကို သိပါ။ လက်ရှိအခြေအနေမှအပ အခြားရွေးချယ်စရာရှိခဲ့ပါက မိမိအမှန်တကယ် လိုချင်သည့်အရာ ဘာဖြစ်သည်ကို ဓမ္မဓိဌာန်ကျကျ တန်ဖိုးတွက်ဆုံးဖြတ်ပါ။ ပြောင်းလဲနေသော ပုံသေမဟုတ်သည့် တန်ဖိုးများအပေါ် လိုတာထက်ပို၍ တန်ဖိုးပိုတွက်လျှော့တွက်ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။

(၃) တန်ရာတန်ကြေး (The Sunk Cost Trap)

(မထူးဇာတ်ခင်း)

ဘောလုံးပွဲ တစ်ပွဲအတွက် ပြန်အမ်းငွေမပေးသည့် လက်မှတ်တစ်စောင် ကြိုတင်ဝယ်ယူထားပြီ ဆိုပါစို့။ ထိုပွဲ ကြည့်ရမည့်နေ့ရောက်သော် မိတ်ဆွေသည် ပင်ပန်းနွမ်းနယ်နေပြီး အပြင်တွင်လည်း မိုးကြီးလေကြီး ကျနေသည်။ မိတ်ဆွေအနေဖြင့် လက်မှတ်ဖြတ်ထားမိသည့်အတွက် နောင်တရနေ မိပါပြီ။ အမှန်အတိုင်း ၀န်ခံကြေးဆိုလျှင် အိမ်မှာနေပြီး နွေးနွေးထွေးထွေးနှင့် ဘောလုံးပွဲကို တီဗီမှကြည့်လျှင် ပိုကောင်းပါသည်။ ထိုအတိုင်းလည်း ကြည့်ချင်ပါသည်။ ဘယ်လိုလုပ်ရ မည်နည်း။

ဤအခြေအနေတွင် အိမ်တွင်နေခြင်းသည်သာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ငြင်းဆန်ဖို့ ခက်ပါသည်။ စင်စစ် လက်မှတ်ဖိုး ပိုက်ဆံသည် ကစားပွဲကို သွားကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ ကုန်ပြီးဖြစ်သည်။ ကြည့်ဖြစ်ခြင်း၊ မကြည့်ဖြစ်ခြင်း “ရွေးချယ်စရာ” နှစ်ခုအနက် မည်သည့်လမ်းရွေးရွေး တန်ဖိုးငွေကို ဆုံးရှုံးထားပြီးဖြစ်ခြင်းသည် တူညီပါသည်။ မတူညီသည်က မိမိအတွက် အဆင်ပြေခြင်း၊ မပြေခြင်းအချက်များသာ ဖြစ်ပါသည်။ ၎င်းသည် “တန်ရာတန်ကြေး ထောင်ချောက်” ဖြစ်ပါသည်။

မည်သို့ဖြေရှင်းမည်နည်း။
အမှားကျူးလွန်မိတတ်ခြင်းကို လက်ခံပါ။ ပါးပါးလေးပါ သဘောထားပါ။ (ဆုံးပြီကိုး ဒီလိုပဲသဘောထားရ တော့မှာပေါ့ ;P ) အစောပိုင်းကလုပ်ထားခဲ့မိသည့် အမှားတစ်ခု (ပြင်လို့မရတော့) ကို လက်ခံရန် အဘယ်ကြောင့် စိတ်ဓာတ်ကျနေသနည်းဟု မိမိကိုယ်ကိုယ် စစ်ဆေးမေးမြန်းပါ။ အမှားကင်းသည့်လူ မရှိပါ။ မိမိကျမှ အဘယ်ကြောင့် တစ်စိတ်တစ်အိတ်လုပ်နေ မည်နည်း။ နောက်တစ်ကြိမ် မမှားဖို့အတွက်သာ မိမိကိုယ်ကိုယ် သေချာအောင် ပြင်ဆင်ပါ။

အစောပိုင်းဆုံးဖြတ်ချက် (လက်မှတ်ဝယ်ထား စဉ်က) တွင် မပါဝင်သည့် လူများ ပေးသည့်အကြံကို လက်ခံပါ။ ထိုဆုံးဖြတ်ချက်တွင် ကြံရာပါမဟုတ်သည့် လူများက မိတ်ဆွေကို ဘေးလူအနေဖြင့် သင့်လျော်သည့် အကြံဉာဏ်များ ပေးနိုင်ပါလိမ့်မည်။

မိမိ၏ ပန်းတိုင်ကို အာရုံစိုက်ကြည့်ပါ။ ပန်းတိုင်ကိုရောက်ရှိရန်အတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ အဆိုပါ ပန်းတိုင်သို့သွားရာ အဆင့်တစ်ထစ်ချင်းစီကို ဖက်တွယ်မထားပါနှင့်။ လောလောဆယ်အခြေအနေတွင် အဆိုပါပန်းတိုင်ကို မည်သို့ ပိုကောင်းအောင် ရယူမည်လဲ စဉ်းစားဆင်ခြင်ပါ။

(၄) သေဖော်ညှိ ထောင်ချောက် (Confirmation Trap)

(ရေလာမြောင်းပေး အတွေးအခေါ်)

လာမည့်အပတ်တွင် မန်ယူ ကျိန်းသေပေါက် နိုင်လိမ့်မည်ဟု မိတ်ဆွေ ခံစားနေရသည်။ မိမိ၏ အာရုံရမှုကို အသေအချာ အတည်ပြုရန် မကြာသေးခင်ကမှ မန်ယူဘက်က လောင်းပြီး ပြန်လာသည့် ဘော်ဒါတစ်ဦးကို မန်ယူဘက်က ဘာကြောင့် ထိုင်သင့်သလဲဟု သူ၏ အကြောင်းပြချက်များကို မေးမြန်းစုံစမ်းပြီ ဆိုပါစို့...။

အဆိုပါ သေဖော်ညှိ ထောင်ချောက်အတွင်းသို့ ကျွမ်းထိုးမှောက်ခုံ သက်ဆင်းသွားပြီဟုသာ ဆိုရပေမည်။ မိမိ၏ ကြိုတင်ရှုမြင်ချက်နှင့် ရပ်တည်မှုကို အထောက်အကူ ဖြစ်နိုင်ချေအရှိဆုံး အချက်အလက်များကို ရှာဖွေမှုပြုသည့်တစ်ချိန်တည်းတွင်ပင် စိန်ခေါ်ပုတ်ခတ်နိုင်သည့် အချက်အလက်များကို သက်တောင့်သက်သာ ရှောင်ကွင်းခြင်းသည် သေဖော်ညှိသည့် ထောင်ချောက်ပင် ဖြစ်ပါသည်။

အဆိုပါ အတည်ပြုချက် ဘက်လိုက်မှုသည် “မည်သည့်နေရာ” မှ သဲလွန်စကောက်သနည်းဟူသည့်အချက် အပေါ်တွင် မူတည်သည့်နည်းတူ မိတ်ဆွေက အချက်အလက်အား “မည်သို့” အနက်ကောက်သနည်း ဟူသည်နှင့်လည်း သက်ဆိုင်ပါသည်။ မိမိတို့၏ မူလအကြံအစည်ကို ထောက်ခံမဲပေးသည့် အချက်များကို အပြစ်မြင်ခဲပြီး ဆန့်ကျင်သည့်အချက်များအပေါ် ခုခံအားကောင်းခြင်းသည် လူ့သဘာဝ ဖြစ်ပါသည်။

မိမိကိုယ်ကိုယ် မည်မျှ အဂတိတရားကင်းရှင်း (ကြားနေ) ပါသည်ဟု ထင်ထင် ကျွန်တော်တို့၏ ဦးနှောက်သည် သဘာဝအားဖြင့်ကို ကျွန်တော်တို့မသိစေဘဲ အဆိုပါထောင်ချောက်အတွင်းသို့ တမဟုတ်ချင်း သက်ဆင်းစေတတ်ပါသည်။

ဤထောင်ချောက်နှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်နိုင်ပါသနည်း။
ဆန့်ကျင်ပဋိပက္ခဖြစ်နေသည့် အချက်အလက်များမှ သင်ယူနိုင်အောင်ကြိုးစားပါ။ တူညီသည့် မလိုတမာစိတ် (အပြစ်ရှာစိတ်) ဖြင့် သဲလွန်စများကို စစ်ဆေးပါ။ မထောက်ခံသည့် သဲလွန်စများအပေါ် ဖော့မတွေးပါနှင့်။ တစ်ခုခုကို ရွေးချယ်နေခြင်းလား မိမိမူလယူဆထားသည့် တစ်ခုခုကို အတည်ပြုချက်ရှာဖွေနေခြင်းလား မိမိကိုယ်ကို မေးမြန်းပါ။

ကိုယ်ချိန်ဆနေသည့် ဆုံးဖြတ်ချက်၏ ဆန့်ကျင်ဘက်မှ မိမိနှင့်ငြင်းခုန်ရန် ဘက်တူသည်ဟု ယူဆသော သူတစ်ယောက်ကို ရှာဖွေပါ။ ဤသို့ရှာဖွေရန် မဖြစ်နိုင်လျှင် ကိုယ်တိုင် တန်ပြန်ငြင်းခုန်ချက်များ တည်ဆောက်ကြည့်ပါ။ စိတ်ကို ဖွင့်ထားပြီး အခြားသော အနေအထားများကိုလည်း အမြဲတမ်းစဉ်းစားပါ။ တစ်ပြိုင်နက်တည်းတွင် တခြားထောင်ချောက်များနှင့်လည်း ငြိနေမနေ စဉ်းစားဖို့ဖြစ်ပါသည်။

ရေလာမြောင်းပေး မေးခွန်းများ မမေးပါနှင့်။ အကြံဉာဏ်တောင်းခံရာတွင် မိမိချိန်ခွင်လျှာ ယိမ်းရာ ဘက်ခြမ်းကို တခြားသူများက ရောချလိုက်ခြင်းမှ ရှောင်ရှားနိုင်ရန် သမာသမတ်ကျသည့် မေးခွန်းများ ဖြင့်သာ မေးမြန်းပါ။ ဥပမာ- “ဘယ်ဘက်က ထိုင်သင့်သလဲမသိဘူး” သည် “မန်ယူဘက်က ထိုင်လိုက်ရင် ဘယ့်နှယ့်လဲ..” ထက် ပိုကောင်းပါသည်။

(၅) အချက်အလက် ချို့တဲ့မှု ထောင်ချောက် (The Incomplete Information Trap)

(ကြိုတင်ယူဆချက်အား ပြန်လှန်စစ်ဆေးရန်)

မောင်မောင့်ကို ကြည့်ရတာ ရှက်ကိုးရှက်ကန်း နိုင်သည်။ သူသည် စာကြည့်တိုက်မှူးတစ်ဦး၊ သို့မဟုတ် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သည် ဟုလည်း ကျွန်တော်တို့ သိထားသည် ဆိုပါစို့။ ဘယ်သူ အဖြစ်နိုင်ဆုံးဟု ကျွန်တော်တို့ စဉ်းစားမိပါ မည်လဲ။

စာကြည့်တိုက်မှူးတစ်ဦး ဖြစ်သည်ဟုသာ မြေကြီးလက်ခတ်မလွဲ နီးနီး ကျွန်တော်တို့ ယူဆမိပါမည်။ အရောင်းဝန်ထမ်းများအနေဖြင့် အပြင်သို့ လတ်လျားလတ်လျား ထွက်ရခြင်း၊ ၀ယ်ချင်ချင်မ၀ယ်ချင်ချင် အတင်းထိုးရောင်းရခြင်း စသည့် မာကက်တင်းတစ်ယောက်၏ စရိုက်လက္ခဏာများ ခေါင်းထဲသို့အလိုလို ရောက်လာပါမည်။ အလွဲကြီးလွဲနိုင်သည့် (အနည်းဆုံး မပြည့်စုံသည့်) ကျိုးကြောင်းချိတ်ဆက်မှု ဖြစ်ပါသည်။

အဆိုပါကောက်ချက်သည် “အရောင်းဝန်ထမ်းဦးရေသည် စာကြည့်တိုက်မှူးဦးရေထက် အဆ (၁၀၀) ပိုများသည်” ဟူသည့် အချက်ကို လျစ်လျူရှုလိုက်သည်။ မောင်မောင်၏အကျင့်စရိုက်အကြောင်း မစဉ်းစားမိသေးခင်တွင်ပင် သူ စာကြည့်တိုက်မှူးဖြစ်သည် ဟူသည့် ဖြစ်နိုင်ခြေ ၁% အပေါ်တွင်သာ ရပ်တည်လိုက်မိပါပြီ။ (ဤသို့ဖြစ်လျှင် စာကြည့်တိုက်မှူး “အားလုံး” သည် ရှက်ကိုးရှက်ကန်းလေးများ ဖြစ်သည်ဆိုလျှင်တောင်မှ အဆိုပါ “အားလုံး” မှာ အရောင်းဝန်ထမ်းများအတွင်း ရှက်တက်သူအရေအတွက် ၁% ကိုသာ ကာမိပါသည်)

ဤသည်မှာ အပေါ်ယံရှပ် ကြည့်လိုက်မိသည့် ရိုးရှင်းလှသည့် အချက်တစ်ခုမှ ကျွန်တော်တို့၏ “အာရုံသိ” ကို လမ်းမှားသို့လုံးလုံးရောက်အောင် ခေါ်ဆောင်သွားသည်ကို ပြနိုင်သည့် ဥပမာတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ဦးနှောက်သည် အဖြစ်မှန်ကိုရှင်းလင်းထားချက်များ ဖြစ်သည့် စိတ်ကူးပုံရိပ်များ အလိုအလျောက် ပြုလုပ်တတ်သည်။ ထိုစိတ်ကူးပုံရိပ်များက ကြိုတင်ယူဆချက်ကို မေးခွန်းထုတ်ခြင်း၊ သို့မဟုတ် လုံလောက်သည့် အခြေအမြစ် ရှိမရှိ မဆန်းစစ်တော့ဘဲ ကောက်ချက်တစ်ခု ခုန်ပျံကျော်လွှား ချမိအောင် လုပ်ဆောင်ပါသည်။

ထို့ကြောင့် မိတ်ဆွေ၏ ကြိုတင်ယူဆချက်များကို လွယ်ကူရှင်းလင်းအောင် လုပ်ပါ။ ပြဿနာရပ်တိုင်းကို သူ့အတိုင်းတိုင်း ရှုပ်ထွေးနေသည့်အခြေအနေတွင် မထားပါနှင့်။ ပြဿနာတိုင်းကို ကိုင်တွယ်ရာတွင် လွယ်ကူရှင်းလင်းသည့် အချက်အလက်များဖြင့် တည်ဆောက်ထားသည့် ကြိုတင်ယူဆချက်များကိုသာ အသုံးပြုဖို့ စိတ်တွင်မှတ်ထားပါ။ ကြိုတင်ယူဆချက်များသည် ခိုင်လုံမှုရှိမရှိ စစ်ဆေးရန်မှာ များသောအားဖြင့် မခက်လှပါ။ သို့သော် ထိုသို့စစ်ဆေးနိုင်ဖို့ မိမိ၏ ကြိုတင်ယူဆချက်သည် ဘာလဲဟု သိဖို့ လိုအပ်ပါသည်။

ကျွန်တော်တို့၏ အာရုံသိမှု နမူနာပုံစံ (Stereotype) များသည် (ဥပမာ- အညာသား အသားမည်း၊ အပျိုကြီးများ ဇီဇာကြောင် စသည်ဖြင့်) အခြေအနေ အမြောက်အများတွင် အသုံးဝင်နိုင်ပါသည်။ သို့သော် ၎င်းတို့အပေါ်တွင်ချည်း အလွန်အကျွံ အားကိုးအားထားမပြုရန် အမြဲ ဂရုစိုက်သင့်ပါသည်။ ရွေးချယ်ခွင့်ရှိခဲ့ပါလျှင် ခိုင်မာသည့် အချက်အလက်ကိုသာ ရွေးချယ်ပါ။
Ref: Top Ten Thinking Traps Exposed: How to Foolproof your Mind, Part I
Credit: တေဇာ

ကိုယ့်ဘ၀နေထိုင်မှုနဲ. အလုပ်အကိုင် ဟန်ချက်ညီညီရပ်တည်နိုင်စေဖို

လူဆိုတာအလုပ်မလုပ်ဘဲနဲ.လဲတသက်လုံးရပ်တည်လို.မလွယ်နိုင်ပါဘူး။ အလုပ်ချည်းပဲအချိန်ပြည့် နေရာပေးထားရပြန်ရင်လည်း ဘ၀ကဘယ်လိုမှအဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါဆိုဘ၀ကိုပျော်ပျော်ရွှင်ရွှင် အဓိပ္ပါယ်ရှိရှိနဲ. အလုပ်မှာလည်းလစ်ဟင်းမှုမရှိတဲ့သူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုဟန်ချက်ညီညီစီမံခန်.ခွဲဖို. မလိုအပ်ဘူးလား ???
အဲ့လိုဘ၀တစ်ခုရဖို.အတွက် ဒီအချက် (၁၀) ချက်ကသင့်ကို အထောက်အကူပြုပြီးအကျိုးရှိစေနိုင်ပါလိမ့်မယ်။

၁။ သင့်ကိုယ်ပိုင်ဟန်ချက်ထိန်းနည်းကိုသင်ရှာဖွေပါ။

- စည်းကမ်းချက်တွေမလိုပါဘူး။ ကိုယ်ဘာကိုဦးစားပေးသင့်တယ်၊ ဘာကိုအချိန်ရွှေ.ဆိုင်းလို.ရတယ်ဆိုတာ ကိုယ်အသိဆုံးပါ။ ကြိုတင်ပြင်ဆင်စရာလိုတာတွေ မလိုတာတွေကိုလည်းသေချာ စီစဉ်ဆောင်ရွက်ထားပါ။ အဓိကက " ငါလုပ်ရမှာပါပဲ " " ငါလုပ်ရင်ကောင်း မလား " ဆိုပြီးတော့ မတွေဝေပါနဲ.။ ဘေးလူတွေရဲ. စကားအတိုင်းလည်းလိုက်ပြီးမစဉ်းစားမဆုံးဖြတ်ပါနဲ.။
ကိုယ့်လိုအပ်ချက်၊ စိတ်ခံစားချက်တွေကို ကိုယ်ကသာအသိဆုံးပါ။ အဲ့တော့ ကိုယ်ဘယ်လိုလုပ်ရင် ဘယ်လိုစီစဉ်ရင်ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာ ကိုယ်ဘာသာပဲ ဆုံးဖြတ်ရှာဖွေပါ။

၂။ စိတ်လှုပ်ရှားတက်ကြွမှုကိုလည်းသတိထားပါ။

- အလုပ်မှာတက်တက်ကြွကြွရှိတာကောင်းပါတယ်။ တက်ကြွတဲ့စိတ်ကကိုယ့်ကိုခွန်အားတွေ၊ စွမ်းဆောင်ရည်တွေ တိုးမြှင့်ပေးနိုင်တယ်လို. ထင်ရပေမယ့် အပြည့်တော့မမှန်ပါဘူး။ ဘာလို.လဲဆိုတော့တက်တက်ကြွကြွဖြစ်နေရာကနေ အချိန်ကြာလာတာနဲ.အမျှလူရောစိတ်ရောစပင်ပန်းလာပါတယ်။ ပြီးရင်ကိုယ်ကတက်ကြွစိတ်အားထက်သန်လွန်းတော့ ကိုယ်ပင်ပန်းစပြုလာတဲ့အခါမှာ စိတ်ဖိစီးမှုပါစ၀င်လာပါတယ်။ တက်ကြွလွန်းတဲ့သူတစ်ယောက်ဖြစ်တော့ စိတ်ဖိစီးမှုမရှိလာရင်တောင်မှ ကိုယ်ကဘယ်လိုမျိုးထပ်ဖြစ်တာ၊ ဘာတွေထပ်လုပ်ချင်တာ စသဖြင့်အတွေးတွေပိုများလာပါတယ်။ တကယ်လို.စိတ်အားတက်ကြွလွန်းတာကိုက သင့်ပင်ကိုယ်စရိုက်ဖြစ်နေရင်တော့ သင်ရေရှည်အဆင်ပြေပြေ ရပ်တည်နိုင်ဖို.အတွက် စိတ်ကိုခဏအနားပေးငြိမ်နေတာမျိုး လုပ်ဖို.လိုအပ်ပါတယ်။ပင်ပန်းပြီးတက်တက်ကြွကြွမရှိတော့မှာကိုမကြောက်ပါနဲ.။ ပင်ပန်းစရာရှိရင် ပင်ပန်းလိုက်ပါ။ လေးလံ ထိုင်းမှိုင်းသလိုဖြစ်နေရင်လည်းဖြစ်ပါစေ။ ဒါမှ အနားရသွားပြီးရင် ပြန်တက်ကြွလန်းဆန်းလာနိုင်မှာပါ။

၃။ လူတတ်ကြီးသိပ်လုပ်ပြီး အပြောသိပ်မကြီးပါနဲ.။

- အလုပ်ခွင်မှာ " ငါလုပ်စရာတွေအများကြီးရှိသေးတယ် " " ငါပဲဒီကိစ္စတွေအကုန်လုံးကိုလုပ်နိုင်မှာ " ဆိုတာမျိုးတွေပြောဖူးလား ??? ကိုယ်ကသိပ်လုပ်ပြချင်တော့ တကယ်ကို ကိုယ့်အတွက် အလုပ်တွေများလာပါပြီ။ အဲ့တော့တဖြည်းဖြည်းနဲ.လူရော စိတ်ရောပင်ပန်းလာရပါတယ်။ ပိုဆိုးတာကအဲ့လိုတွေပြောနေ လုပ်နေတာက ကိုယ့်ကိုလူတော်ကြီးလို.ထင်မယ်လို.မတွက်ပါနဲ.။ သင့်လုပ်ရပ်တွေက သင့်လုပ်ဖော်ကိုင်ဖက်တွေကိုပိုပြီးစိတ်ရှုပ် အမြင်ကပ်စေပါတယ်။ နောက်ပြီး သင်ကလုပ်နိုင်တယ်လို.ကြွေးကြော်ထားတော့ တာဝန်တွေက သင့်ဆီပိုပုံကျလာတော့မှာပါ။

၎။ အကူအညီတောင်းပါ။

- အကူအညီယူတာကလည်း စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ရတာတွေကိုလျော့ကျစေပါတယ်။ အခက်အခဲပြသနာတွေကို ကိုယ့်ဘာသာ ကြိတ်ဖြေရှင်းနေတာထက်စာရင် အသိပေးစရာရှိတာကိုပေးပါ။ လုပ်ဖော်ကိုင်ဖက်တွေ မန်နေဂျာတွေကိုပြောဆိုတိုင်ပင်ပါ။ သင်အကူအညီမတောင်းရတဲ့အကြောင်းက (၁) သင့်ကို ကိုယ့်ဘာသာမကိုင်တွယ် မဖြေရှင်းတတ်တဲ့သူလို.ထင်မှာစိုးတာ (၂) တခြားလူတွေကို အနှောင့်အယှက်မပေးချင်တာ၊ သင်ကပြသနာဖြစ်လွန်းသူလို. ထင်မှာစိုးတာ (၃) ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ဖြစ်မြောက်အောင် လုပ်နိုင်မယ်လို.ယုံကြည်ချက်မရှိတာမျိုးလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့အကူအညီလိုရင် မေးမြန်းဖို.ကိုတုံ.နှေးပြီးမချင့်မရဲနဲ.အချိန်ဆွဲတာမျိုးမဖြစ်ပါစေနဲ.။

၅။ အကောင်းဆုံးနဲ. ကောင်းပါတယ်ဆိုတာကိုခွဲခြားသိပါ။

- ကိစ္စတစ်ခုခုကိုပြီးမြောက်အောင်လုပ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒီအလုပ်ကပြီးရုံပဲလုပ်လို.ရလား၊ အကုန်လုံးသေသေချာချာ လှလှပပပြီးမြောက်မှအဆင်ပြေမှာလား၊ ကိုယ်ကိုယ်တိုင်လုပ်မှဖြစ်မှာလား၊ လူလွှဲပြီးလုပ်ခိုင်းလို.ရောရနိုင်လား ဆိုတာကိုသေချာစဉ်းစားပါ။ ဥပမာပြောရရင် Martha ကနေ.တိုင်း သူမရဲ.မိသားစုအတွက် အ၀တ်လျှော်ရပါတယ်။ အရင်တုန်းကအဆင်ပြေပေမယ့် သူမအလုပ်ရပြီးတဲ့နောက်ပိုင်းမှာ အ၀တ်လျှော်တဲ့အလုပ်ကို သူမသေချာသီးသန်. အချိန်ပေးလုပ်ဖို.အခက်အခဲဖြစ်လာပါတယ်။ သူမခင်ပွန်းကို အကူအညီတောင်းပြီး လုပ်ခိုင်းလည်းရပေမယ့် သူမကိုယ်တိုင်လုပ်တာလောက်စိတ်တိုင်းမကျပြန်ပါဘူး။ ဒါပေမယ့်လည်းတကယ်တမ်းမှာတော့ သူမစိတ်တိုင်းမကျဘူး ဘယ်လောက်ပြောပြောအခုတော့ အ၀တ်လျှော်တဲ့အလုပ်ကို သူမအချိန်ပေးနိုင်တဲ့အချိန်သူမ၊ သူမမအားရင် သူမယောင်္ကျားကပဲကူနေရပါတယ်။ သူမယောင်္ကျားလျှော်ဖွပ်တဲ့အခါတွေ သူမသဘောမကျပေမယ့် ဒီအလုပ်က ဘယ်သူလုပ်လို.ပြီးပြီး ပြီးမြောက်ဖို.က အဓိကမို.လို. ဒီလိုဖြေရှင်းလိုက်တော့လည်းအဆင်ပြေသွားတာပါပဲ။

၆။ " မဖြစ်ဘူး " " မလုပ်ဘူး " လို.ပြောပါ။

- ဒီစကားကိုအမြဲတမ်းပြောခိုင်းတာမဟုတ်သလို၊ အလုပ်ကိစ္စတာဝန်ပိုင်းတွေနဲ.ပတ်သက်ပြီးပြောခိုင်းတာလည်းမဟုတ်ပါဘူး။ ဒီလိုအငြင်းစကားတွေကို အလုပ်နဲ.အိမ်မှာယူရမယ့်အပိုတာဝန်တွေနဲ. ပတ်သက်လာမှပြောခိုင်းတာပါ။ တကယ်လို.သင်ကတော်ရုံငြင်းဆိုတတ်တဲ့သူ မဟုတ်ဘဲ " ဟုတ်ကဲ့ " ဆိုတာချည်းပဲပြောတတ်တဲ့သူဆိုရင်တော့ သင်တာဝန်တွေ ပိလာတော့မှာသေချာပါတယ်။ အဲ့လိုမဖြစ်ချင်ရင်တော့ သင့်ကိုအလုပ်ပိုလုပ်ခိုင်းဖို.ပြောလာတဲ့အခါ ၅မိနစ်နေရင်ကျွန်တော်ပြန်လာပြောပါ့မယ်ဆိုပြီး အဲ့၅မိနစ်မှာ သူအကူအညီတောင်းတဲ့ကိစ္စကိုလက်ခံသင့်လား လက်မခံသင့်လား သေချာစဉ်းစားပါ။ တကယ်လို.သင့်အဖြေက မလုပ်နိုင်ဘူး လို.သာဖြေမယ်ဆိုခဲ့ရင် သူ.ကို ဆောရီးပါ၊ ကျွန်တော်မအားဘူး မလုပ်နိုင်ဘူး လို.ပဲတိုက်ရိုက်ငြင်းပါ။ တခြားဆင်ခြေတွေမပေးပါနဲ.။ ရိုင်းရိုင်းစိုင်းစိုင်း ခါးခါးသီးသီးကြီးလည်းငြင်းစရာမလိုပါဘူး။ မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်းသာငြင်းလိုက်ပါ။

၇။ လက်ခံလိုက်ရင် ထပ်လက်မခံနဲ.တော့.....

- အလုပ်ပိုတစ်ခုကိုကိုယ်လုပ်မယ်လို.လက်ခံမိသွားတယ်၊ တကယ်တမ်းကိုယ့်မှာလုပ်စရာအလုပ်တွေကလည်း မပြတ်သေးဘူးဆိုရင် နောက်ထပ်အလုပ်ပိုတွေကို ထပ်တော့လက်မခံပါနဲ.တော့..... အဆင်ပြေမှာသေချာတဲ့အလုပ်မျိုး ထပ်ဝင်လာရင်တောင်လက်မခံပါနဲ.တော့..... ဘယ်လောက် အဆင်ပြေမယ်ထင်ထင် ပြီးစီးအောင်လုပ်နိုင်ဖို.ကအဓိကပါ။

၈။ တစ်ပတ်တာအားလပ်ချိန်ထားပါ။

- ၄ပတ် (သို.) ၆ပတ် တစ်ခါ တစ်ပတ်လုံးအနားယူပါ။ အလုပ်နဲ.ပတ်သက်တာတွေ၊ အစီအစဉ်တွေ၊ Meeting တွေအကုန်လုံးကိုမေ့ထားလိုက်ပါ။ သင့်ချစ်သူ ဒါမှမဟုတ် မိသားစု၊ မဟုတ်ရင်လည်း သင့်ဘာသာပဲ တစ်ယောက်တည်း အိမ်မှာနေပြီးတော့ဖြစ်ဖြစ် အချိန်တွေကုန်ဆုံးလိုက်ပါ။ ဒါသင်ဘာမှမလုပ်တာမဟုတ်ပါဘူး။ သင်လုပ်စရာရှိတာတွေ ထပ်မလုပ်ခင် ကြိုအားယူတာပါ။

၉။ သင့်လုပ်ချင်တာလုပ်ဖို. ညနေခင်းတစ်ခုစာအချိန်ပေးပါ။

- သင့်အတွက်ပျော်ရွှင်မှုရနိုင်မယ့်အရာမျိုးဖြစ်ပါစေ။ သင့်ချစ်သူဖြစ်ချင်တာကိုလုပ်ပေးတာမျိုး သင့်ကလေးပူဆာတာကို လိုက်လုပ်ပေးရတာမျိုး မဖြစ်ရပါဘူး။ ဒါသင့်အတွက်သီးသန်.ပါ။ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာဝိုင်တစ်ခွက်နဲ. သက်တောင့်သက်သာနေလိုက်တာပဲဖြစ်ဖြစ်၊ TV ကြည့်တာပဲဖြစ်ဖြစ် လုပ်ချင်တာလုပ်လိုက်ပါ။ ဖုန်းကိုပိတ်ထားပါ။ E-mail တွေလည်း မစစ်ပါနဲ.။ အဲ့ဒီ့အချိန်ကသင့်အတွက်ပဲအပြည့်အ၀ရှိပါစေ။

၁၀။ အလုပ်နဲ.အိမ်ကြားမှာ စည်းတားထားပါ။

- တကယ်လို.သင်က အိမ်မှာရောအလုပ်မှာရော အလုပ်တွေအရမ်းပိလာပြီ၊ လုပ်စရာတွေတအားများ လာပြီဆိုရင်ဘာဖြစ်လာမလဲ ? ရှင်းပါတယ်။ သင်အလုပ်လုပ်နေတဲ့အချိန်မှာ အိမ်အတွက်နောက်ဆံတင်းနေရပြီး အိမ်ပြန်ရောက်တော့လည်း အလုပ်အတွက် စိတ်တထင့်ထင့်ဖြစ်ရပါတော့မယ်။ အဓိကက သင်အလုပ်မဆင်းခင် (သို.) သင်အိမ်ကမထွက်ခင် သင်ခေါင်းထဲပေါ်လာသမျှကို စာအုပ်ထဲချရေးတာပဲဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာမှတ်ထားတာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာမှတ်ထားတာပဲဖြစ်ဖြစ်မှတ်ထားပါ။ သင်ပြန်လာရင် လုပ်ရမယ့်အရာတွေပါမှတ်ထားပြီး ဒီနေ.အလုပ်ကနေအိမ်ပြန်သွားရင် အလုပ်ကလုပ်စရာတွေကိုခဏမေ့ထား၊ အိမ်ကိုဝင်၊ နောက်နေ.အိမ်က ထွက်ကာနီးရင် အိမ်ကလုပ်စရာတွေကိုခဏပြန်မေ့ထားပြီး အလုပ်မှာလုပ်ဖို. ကျန်တယ်လို.မှတ်ထားတာတွေကို ဆက်လုပ်ပါ။
ဒီအချက် (၁၀)ချက်ကတော့ သင့်ဘ၀အတွက် အလုပ်နဲ.ဘ၀ကြားမှာ အခက်အခဲပြသနာတွေနည်းသွားအောင် ဟန်ချက်ထိန်းဖို. အဓိကနားလည်ထားရမယ့် အချက်တွေဖြစ်လို. သေချာမှတ်သား နားလည်ထားသင့်ပါတယ်။

Wilson Chan (YK)
Credit : Post Owner.

အလုပ်ထွက်စာရေးဖို.

အလုပ်မှာစိတ်ညစ်နေပါသလား? အလုပ်ထဲမှာသိပ်စိတ်ဝင်စားမှုမရှိတော့ဘူးလား? ကိုယ်နဲ.ကိုက်ညီမှုမရှိဘူးလား? နည်းလမ်းပေါင်းစုံစဉ်းစားပြီးတဲ့နောက်မှာ အဖြေကအလုပ်ထွက်ဖို.တစ်မျိုးတည်းဖြစ်နေရင်တော့အလုပ်ထွက်စာကောင်းကောင်းလေး တစ်စောင်ရေးဖို.လိုပါတယ်။

အလုပ်ခွင်တစ်ခုခုကနေတစ်ခုပြောင်းတယ်ဆိုတာ လူတိုင်းကြုံတွေ.ရမယ့်ကိစ္စတစ်ခုပါ။ ကိုယ်ဘာကြောင့်ဘဲအလုပ်ထွက်ထွက် ကိုယ့်ရဲ.အလုပ်ရှင်နဲ. ကောင်းမွန်တဲ့ဆက်ဆံရေးကျန်ခဲ့ဖို. နဲ.သူ.ဆီကထောက်ခံစာ ရဖို.ကလည်းအရေးကြီးပါတယ်။
ကိုယ်နောက်ပြောင်းမယ့် အလုပ်အတွက် ယခုအလုပ်က လှေကားထစ်တစ်ထစ်ဖြစ်နိုင်တာကြောင့် အလုပ်ထွက်စာတစ်စောင်ကို ဘယ်လိုအဆင်ပြေပြေရေးရမလဲ ဆိုတာ ယခုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

အခြေခံမပါမဖြစ်ပါရမယ့်အချက်တွေကတော့ ကိုယ့်ရဲ.နာမည်၊ နေ.စွဲ၊ အခုလုပ်ကိုင်နေတဲ့ရာထူးနဲ. အလုပ်ထွက်စာကိုလက်ခံမယ့်လူနာမည်နဲ့ရာထူး (ဥပမာအားဖြင့်ဆိုရင် manager ၊ supervisor ၊line manager အစရှိသဖြင့်) ဖော်ပြပေးရပါမယ်။ ကိုယ်ရဲ.လက်မှတ်လည်းပါဝင်ရပါမယ်။

နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ ကိုယ်ဘာကြောင့်အလုပ်ထွက်ရလဲ ဆိုတဲ့အချက်ကို ဖော်ပြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အထူးပဲပါးနပ်ဖို.လိုအပ်ပါတယ်။ အလုပ်ထွက်တယ်ဆိုကတည်းက ဒီအလုပ်မှာလုံးဝအဆင်မပြေလို.ပါ။ ကိုယ်မှာလုပ်ငန်းခွင်ကို မနှစ်မြို.တဲ့အချက်တွေအများကြီးရှိနိုင်ပါတယ်။ အဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်း အကုန်ရေးမချပါနဲ.။ အပြုသဘောဆောင်တဲ့ပုံစံမျိုးနဲ့သာ ဝေဖန်ပါ။ ဥပမာပြောရရင် ကိုယ် ကအသစ်အဆန်းတွေကို ပိုလေ့လာသင်ယူချင်လို.ဆိုတဲ့အကြောင်းပြချက်မျိုး။ ကိုယ်ရဲ.စိတ်ခံစားမှုကဘယ်လိုပဲဖြစ်ဖြစ်၊ဘယ်လောက်ပဲအဆိုးမြင်နေနေ professional ကျကျခံစားချက်တွေ မပါဝင်ဘဲ အချက်အလက်တွေကိုပဲရေးသားပြောဆိုသင့်ပါတယ်။
အဓိကကတော့ အလုပ်ရှင်နဲ.လုပ်ဖော်ကိုင်ဖက်တွေကို လုံးဝလုံးဝမကောင်းမပြောမိပါစေနဲ.။ ကိုယ်ကသွေးပူနေလို.စိတ်လိုက်မာန်ပါ ရေးသားမိမယ်ဆိုရင်ခုချိန်မှာ မှန်တယ်လို.ထင်ရပေမယ့် နောင်တစ်ချိန်ကျရင် ကိုယ့်ကိုမျက်နှာပျက်စေနိုင်ပါတယ်။ ဒီတော့ ဘာပဲရေးရေး၊ ဘာပဲလုပ်လုပ်အပြုသဘောလေးနဲ. လုပ်ဆောင်ရပါမယ်။

မရေးမဖြစ်မဟုတ်ပေမယ့် ထည့်ရေးရင်မမှားတဲ့ အချက်ကတော့ ကျေးဇူးတင်ကြောင်းပါ။ အခုလုပ်ငန်းခွင်မှာလုပ်ခွင့်ရတဲ့အတွက်ရခဲ့တဲ့အတွေ.အကြုံတွေ၊ အကျိုးကျေးဇူးတွေ ၊ ကိုယ်သဘောကျတဲ့အချက်တွေကိုဖော်ပြပါ။ ကိုယ်က အလုပ်ထွက်ဖို. စိတ်အရမ်းပြင်းပြနေတယ်ဆိုရင်တောင် နောက်ပိုင်းကျရင် ကိုယ်လုပ်ထားတဲ့အလုပ်တွေအတွက် ထောက်ခံစာလိုအပ်နိုင်တာကြောင့် ကောင်းမွန်တဲ.ဆက်ဆံရေးကိုပဲ ချန်ထားခဲ့သင့်ပါတယ်။
ဥပမာအနေနဲ.ဆိုရင် ဒီနှစ်နှစ်မှာအလုပ်ရတဲ့အတွက် ပညာတွေ၊ အတွေ.အကြုံတွေ အများကြီးရခဲ့ပါတယ်။ အများကြီးသင်ယူခဲ့ရပါတယ်။ နောက်ပိုင်းကျရင်လည်း အခုအလုပ်မှာသင်ယူခဲ့တာတွေဟာ အမြဲတမ်းအသုံးဝင်နေမှာဖြစ်တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ပိုပြီးတော့လည်း အနာဂတ်မှာအောင်မြင်ပါစေလို. ဆန္ဒပြုပါရစေ။

နံပါတ်သုံးအချက် ကတော့ ကိုယ့်နေရာကိုတာဝန်ယူမယ့်လူအသစ်ကို တာဝန်လွဲ ပြောင်းပေး ချင်စိတ် ကြောင်း လွဲပြောင်းပေးမယ့်ကြောင်းကိုပါ ထည့်ရေးပါ။ အသေးစိတ်ရေးစရာမလိုသလို ကိုယ်အမှန်တကယ်လုပ်ပေးနိုင်တဲ့အချက်များကိုသာ ရေးပါ။ ဒါပေမယ့် ကိုယ့်တာဝန်ကို နောက်ဆုံးနေ.အထိ အကောင်းဆုံးကျေပွန်အောင် အပြီးသတ် လုပ်ဆောင်သွားမယ့်အကြောင်း ပေါ်လွင်အောင်ရေးပါ။ ကိုယ်ကလုပ်လက်စမပြီးပြတ်သေးတဲ့ project တွေ၊ အလုပ်တွေရှိရင်လည်း ဘယ်အဆင့်ထိလုပ်ပြီးသွားကြောင်း၊ စာရွက်စာတမ်းတွေပစ္စည်းတွေကို ဘယ်နေရာမှာသိမ်းထားကြောင်း၊ ဘာတွေဆက်လုပ်ဖို.လိုကြောင်း စသည့်ဖြင့်နောက်လူအတွက် အရေးကြီးမယ့်အရာတွေကို သေချာလက်လွဲပေးမယ့်အကြောင်းတွေကို ထည့်ရေးနိုင်ပါတယ်။ နောက်ထပ်အဆင်ပြေအောင် ဘာတွေထပ်လုပ်ပေး စေလိုကြောင်းလဲမေးပါ။ အဲလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ. Professional ကျမှုကိုသရုပ်ပေါ်စေနိုင်သလို အလုပ်ကိုတန်ဖိုးထားမှုကိုပေါ်လွင်စေတာကြောင့် နောက်အလုပ်တွေအတွက် နာမည်ကောင်းရစေပါတယ်။ ကိုယ်ရဲ.အလုပ်က တာဝန်ကြီးပြီး ခက်ခဲတယ်ဆိုရင် ပိုလို.တောင်လုပ်ပေးသင့်ပါတယ်။
အလုပ်ထွက်စာရေးရာမှာ သေသေသပ်သပ်ရှိဖို.လိုအပ်ပါတယ်။ စံသတ်မှတ်ထားတဲ့ စာလုံးပုံစံတစ်မျိုး၊ စာလုံးအရွယ်အစားတစ်မျိုးထဲနဲ.သာ ရေးပါ။ စာလုံးပေါင်းမှန်အောင်ရေးပါ။ စာအရှည်ကိုတော့အကြမ်းဖျင်းအားဖြင့် တစ်မျက်နှာလောက်ထားသင့်ပါတယ်။ ကိုယ်မှာထွက်ရတယ့်အကြောင်းရင်း အများကြီးရှိနိုင်သော်လည်း အတတ်နိုင်ဆုံး လိုရင်းတို ရှင်းရေးပါ။
နောက်ဆုံးအဆင့်အနေနဲ. ထွက်စာမတင်မီကုမ္ပဏီရဲ. resignation policy ကိုနားလည်အောင်လုပ်ပါ။ အလုပ်ထွက်စာတင်ပြီး ကိုယ်ဘယ်လောက် အနည်းဆုံးထပ်လုပ်ပေးရမလဲဆိုတာကို သေချာသိအောင်လုပ်ပါ။ ချက်ချင်းပြောင်းစရာ အလုပ်မရှိသေးဘူးဆိုရင် ကိုယ့်ဆုံးဖြတ်ကို ကိုယ်သေချာအောင်ပြန်စဉ်းစားပါ။ စာထဲမှာဘန်းစကားတွေ၊ ရိုင်းပျမယ့်စာသား၊ မသင့်တော်တဲ့အရေးအသားတွေကို ရှောင်ကြဉ်ပါ။
ကိုယ်ကဒီအလုပ်ကို ကျော ခိုင်းတော့မှာဖြစ်ပေမယ့် နောက်အလုပ်ရှင်က ဖုန်းဆက်ပြီးအလွယ်တကူစုံစမ်းနိုင်တာကြောင့် ကိုယ့် image ကိုမကျစေသင့်ပါဘူး။

အခုပြောပြထားတဲ့အချက်တွေကိုပြုလုပ်ခြင်းအားဖြင့် သေချာရမည့်အကျိုးကျေးဇူးနှစ်ခုကတော့ နောက်အလုပ်ရှင်က ကိုယ့်ကိုအထင်ကြီးကာ ယုံကြည့်မှုတိုးစေမှာပါ။ နောက်တစ်ချက်အနေကတော့ ကိုယ်ကနောင်တစ်ချိန် အခုကုမ္ပဏီကိုပြန်လာချင်တယ်၊ အလုပ်တွဲလုပ်ရမယ်ဆိုရင်လည်း ကောင်းမွန်တဲ့မှတ်တမ်းတွေ ကျန်ခဲ့မှာဖြစ်ပါတယ်။

ခုနကပြောပြထားတဲ့အရာတွေကို ထည့်သွင်းရေးသာြး့ပီးသွားပြီ ဆိုရင်တော့ ပြတ်ပြတ်သားသားနဲ. အလုပ်ထွက်စာကိုတင်လိုက်ပါတော့၊ ပိုကောင်းတဲ့အလုပ်အကိုင်သစ်တွေကို ရရှိနိုင်ကြပါစေ။

Credit : Nang Akari Htoo

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695

သဘာဝနည်း နဲ့ အမာရွတ်လေးတွေ နှင်ထုတ်ရအောင်


အရေပြားပေါ်မှာ ရှိတတ်တဲ့ အမာရွတ်လေးတွေကို စိတ်ပျက်နေတဲ့သူများအတွက်ပါ။ စိတ်ပျက်မယ် ဆိုလဲပျက်စရာပဲလေ။ တခါတလေ ခြေသလုံးသားအလှအပလေး ပြချင်ရင် ဒီအမာရွတ်တွေကြောင့် စိတ်ပျက်အားငယ်စရာလေးတွေ ဖြစ်တတ်ပါတယ်။

အားလုံး ရာနှုန်းပြည့်ပျောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့လည်း သိသိသာသာ လျှော့ပါးသွားနိုင်အောင်ပြုလုပ်ပေးနိုင်သော အမာရွတ်ဖျောက်ပေးတဲ့ ခရင်တွေ၊ ဂျယ်လီတွေ၊ ဆေးတွေနဲ့ မီးဖိုချောင်သုံးဆေးဝါးတွေအစရှိသဖြင့် အမျိုးမျိုးရှိကြပါတယ်။

အမာရွတ်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိတဲ့အထဲက မီးလောင်၊ ခွဲစိတ်၊ ထိခိုက်ဒါဏ်ရာ၊ ရေကြောက်၊ ဝက်ခြံအမာရွတ်လေးများနှင့် အင်းဆက်ကြောင့် ဖြစ်ပေါ်သော အမာရွတ်များကို အောက်ပါနည်းများဖြင့် ငွေကုန်ကြေးကျများစရာမလိုပဲ ကုစားနိုင်ပါတယ်။

(၁) ဗိုက်တာမင်အီး

နှစ်ပေါင်းအတန်ကြာကပင် ဗိုက်တာမင်အီးကို ကျန်းမာရေးဆိုင်ရာများနှင့် အလှအပဆိုင်ရာ ဆောင့်ရှောက်မှုများအတွက် အကျိုးထိရောက်မှုရှိစွာ ယနေ့ထိတိုင်သုံးစွဲနေကြဆဲဖြစ်ပါတယ်။ လည်းကောင်းတွင် ပါဝင်သော အလွန်အစွမ်းထက်သည့် အန်တီအေက်ဆီဒန့်နှင့် အသားအရေ စိုပြေစေရန် ထိန်းသိမ်းပေးသည့်ဓါတ်က အရေပြားနှင့် ပျက်ဆီးနေသော တစ်ရှုးများကို ပြန်လည်ပြင်ဆင်ပေးသည်။

ဗိုက်တာမင်အီး ဆေးတောင့်ကို သောက်နိုင်သည် သို့မဟုတ် ပင်အပ်လေးနှင့် ပေါက်အောင် ဖေါက်လိုက်ပြီး အမာရွတ်ပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေးနိုင်သည်။ အချို့ အချို့သောလူများတွင် အရေပြားနှင့် ထိသည့်အခါ မတည့်သည့်အတွက် အရေပြားရောင်အန်းနာကျင်ခြင်း ဖြစ်တတ်သည့် အတွက် အကုန်အသုံးမပြုခင် အပ်နှင့်ဖေါက်ပြီး အနည်းငယ်ကို အရေပြားပေါ်တွင် အစက်ကလေးချ၍ စမ်းသပ်ကြည့်ပါ။

(၂) Cocoa Butter

ဒါကလဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ ပစ္စည်းပါ။ အရေပြား၏ အပေါ်လွာနှင့် အလယ်လွာတို့ကို ပျော့ပြောင်းစေ၍ အသားအရေ စိုပြေအောင်လုပ်ပေးခြင်းဖြင့် အမာရွတ်များကို လျှော့ချပေးနိင်ပြီး တချိန်ထဲမှာပင် အရေပြားမျက်နှာပြင်ကို ချေမွေ့တောက်ပြောင်စေသည့် သဘာဝ ထုတ်ကုန်တမျိုးဖြစ်ပါတယ်။ ကိုကိုးစစ်စစ် သို့မဟုတ် Cocoa Butter ပါဝင်သည့် လိုးရှင်းကို တနေ့လျှင် ၂ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်း အသုံးပြုနိုင်သည်။

လိမ်းတဲ့အချိန်မှာ ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် အတွက် အရေပြားပေါ်တွင် စက်ဝိုင်းပုံ လှည့်လည်၍ အားလုံးအရေပြားထဲကို စိမ့်ဝင်သွားစေရန် ဂရုစိုက်၍ လိမ်းရမည်။ Cocoa Butter ဟာ အမာရွတ်အဟောင်းတွေထက်စာရင် အသစ်တွေပေါ်မှာလိမ်းတာ ပိုအကျိုးသက်ရောက်တာ တွေ့ရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လိမ်းပြီးရင် တိုးတက်မှုကို တနည်းနည်းဖြင့် တွေ့နိုင်ပါတယ်။

(၃) သံပုရာရည်

စွယ်စုံသုံးလို့ရတဲ့ အိမ်သုံးဆေးဝါးတခုဖြစ်တဲ့ သံပုရာသီးရဲ့ အရည်ကလဲ အမာရွတ်ကို ပျောက်ကင်းနိုင်ပါတယ်။ အနီရောင်အမာရွတ်ကို တဖြည်းဖြည်း အရောင်ဖျော့လာအောင် လုပ်ပေးရင်းနဲ့ သေနေသော ဆဲလ်များကိုဖယ်ထုတ်ကာ အသစ်ပြန်လည်မွေးဖွားအောင် လုပ်ဆောင်ပေးသည်။ ဒါပေမဲ့ အချို့အရေပြား အထူးကုများကတော့ သံပုရာရည်ဟာ အရည်ပြားကို ခြောက်သွေ့ပြီး ကြမ်းတမ်းစေတယ်။ အမာရွတ်ကို သံပုရာရည်ဟာ ပျောက်ကင်းစေနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျနည်းလမ်းများဖြင့် သက်သေမပြနိုင်သေးဖူးလို့ ပြောကြပါတယ်။

တကယ်လို့ သံပုရာရည်ကို အမာရွတ်အတွက် အသုံးပြုတော့မယ်လို့ ဆုံးဖြတ်ထားရင် ပထမဆုံး အနေနဲ့ အမာရွတ်ပေါ်ကို သံပုရာသီးစိတ်လေးက အရည်ကို တိုက်ရိုက်ညှစ်ချလိုက်ပါ။ ပြီးရင် တည သို့မဟုတ် နာရီများစွာ ကြာအောင်ထားလိုက်ပါ။ တနေ့ကို တကြိမ်ထက် ပို့၍ အသုံးမပြုပါနဲ့။
သံပုရာရည်သီးသန့်အသုံးပြုလို့ စူးတယ်၊ စပ်တယ်ဆိုရင် အသုံးမပြုခင်မှာ ရေအနည်းငယ်ရောစပ်၍ လည်းကောင်း သခွားသီး အရည်ဖြင့် ရောစပ်၍လည်းကောင်း အမာရွတ်ပေါ်မှာ မလိမ်းခင် ရောစပ်နိုင်ပါတယ်။

(၄) ရှားစောင်း လက်ပတ်

အရေပြားကျန်းမာရေးအတွက် ရှားစောင်း လက်ပတ်အနှစ်ဟာ အများကြီး အသုံးဝင်သလို နာမည်လဲကြီးပါတယ်။ မီးလောင်ဒါဏ်ရာများနှင့် အမာရွတ်များအတွက် အသုံးပြုနိုင်သည်။ ကွဲဟနေသော အရေပြားဒါဏ်ရာများကို အသုံးပြုရန် မသင့်တော်သော်လဲ လည်းကောင်းတွင်ပါဝင်သော ရောင်ရမ်းခြင်းနှင့် ဘက်တီးရီးယားများကို ကာကွယ်ပေးသည့်အတွက်ကြောင့် လောလောလတ်လတ် ဖြစ်ပေါ်လာသော အမာရွတ်များကို ပိုမိုအကျိုးသက်ရောက်သည်။ အရေပြားဝေဒနာကို သက်သာစေပြီး အရေပြားသစ် ဖြစ်ပေါ်လာစေရန် အားပေးခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။

အသုံးပြုရန်အတွက်ကတော့ ရှားစောင်းလက်ပတ် အနှစ်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ လှည့်၍ အရေပြားတွင်းဝင်အောင် လိမ်းပါ။ တနေ့လျှင် ၄ကြိမ်အထိသုတ်လိမ်းနိုင်ပါသည်။ တကယ်လို့ ရှားစောင်းလက်ပတ်ကို ရှာဖွေလို့ မလွယ်ရင်တော့ လည်းကောင်းပါဝင်သော ခရင်၊ လိုးရှင်းများကို လိမ်းခြင်းဖြင့် တူညီသော အကျိုးကို ရရှိနိုင်ပါတယ်။

(၅) သံလွင်ဆီ

သံလွင်ဆီဟာလဲ အမာရွတ်များကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတလက်ဖြစ်ပါတယ်။ သံလွင်ဆီမျိုးကွဲများထဲမှ Extra Virgin သံလွင်ဆီကို ပိုပြီးအသုံးပြုနိုင်ရင် သူ့မှာပါဝင်တဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှု၊ ဗိုက်တာမင် အီးနှင့် ကေတို့က အခြားသောသံလွင်ဆီတို့ထက် ပိုမိုပါဝင်တဲ့အတွက် အကောင်းမွန်ဆုံး ရလဒ်ကို ရရှိနိုင်ပါတယ်။ ပါဝင်သော အက်ဆစ်ဓါတ်ဟာ ဆဲလ်သေများကို ဖယ်ရှားပေးစဉ်မှာပဲ အမာရွတ်တစ်ရှုးများကို ပျှော့ပြောင်းစေကာ အသားအရေ စိုပြေစေသည်။

သံလွင်ဆီ လက်ဘက်ရည်ဇွန်း တဇွန်းခန့်ကို အမာရွတ်ပေါ်တွင် သုတ်လိမ်းပြီး စက်ဝိုင်းပုံ အရေပြားထဲသို့ စိမ့်ဝင်သည်အထိ လိမ်းပါ။ မုန့်ဖုတ် ဆိုဒါ (Baking Soda) နှင့် ဆတူရောစပ်၍ အရေပြားပေါ်ရှိ ဂျီး(ကြေးညှော်) များကို တိုက်ချွတ်နိုင်သည်။ ပြီးပါက ရေနွေးနွေးနှင့် ဆေးကြောပါ။

(၆) သခွားသီး

အမာရွတ် တစ်ရှုးများကို ဖြိုခွဲရန် အကောင်းဆုံး နဲ့စိတ်အချရဆုံး သဘာဝ ဆေးကတော့ သခွားသီးဖြစ်ပါတယ်။ ရောင်ရမ်းနေသော အရေပြားတဝိုက်ကို ပြေလျှော့စေပြီး အေးမြမှုကိုပေးပါတယ်။ သူကလဲ အမာရွတ်အဟောင်းများထက်စာရင် လတ်လတ်ဆတ်ဆတ် အမာရွတ်များကို ပိုမိုထိရောက်ပါတယ်။

အခွံနွာပြီး မွှေစက်ထဲမှာ အရည်ပျစ်ပျစ် ရသည်အထိလှည့်၍ အမာရွတ်ပေါ်တွင် ပါးပါးလိမ်းကာ တညထားနိင်သည်။ သို့မဟုတ် ထူထူသုတ်လိမ်းကာ မိနစ် ၂၀ခန့် ထားကာ ရေဖြင့်ဆေးကြောပါ။
စက်နဲ့မွှေထားတဲ့ ကျန်ရှိနေသော သခွားသီးအရည်ပျစ်များကို ရေခဲသေတ္တာထဲတွင် ရက်အတန်ကြာအောင် သိမ်းပြီး နောက်ရက်များတွင်ပါ ဆက်လက်အသုံးပြုနိုင်ပါတယ်။
ဒီသခွားရည်ကို ပိုပြီးအစွမ်းထက်အောင် လုပ်ချင်ရင်တော့ အထက်မှာဖေါ်ပြခဲ့တဲ့ သံပုရာရည်၊ သံလွင်ဆီ၊ ရှားစောင်း လက်ပတ်တို့နှင့်ပါ ရောစပ်အသုံးပြုနိုင်သည်။

နည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ အလွယ်တကူ မိမိကိုယ်တိုင်ပြုလုပ်နိုင်သော အိမ်သုံးဆေးဝါးများနှင့် အမာရွတ်သက်သာစေသည့် နည်းလမ်းများကို ဖေါ်ပြရင်း လှပ၍ ချောမွတ်သော အရေပြား ပိုင်ရှင်များဖြစ်နိုင်ကြပါစေ။

ဝင်းလှိုင်ဦး
Credit to ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

ပြိုင်ရတာ မောတယ် ?

သူများလုပ်တိုင်း လိုက်လုပ်တာ
သူ့ကလေးက ဟိုနာမည်ကြီး နိုင်ငံတကာ အဆင့်မီကျောင်းမှာတက်လို့ ငါ့ကလေးကိုလည်း အဲဒီလို ကျောင်းမျိုးမှာ ထားမယ်ဆိုတဲ့ အတွေးမျိုး၊ သူများလုပ်လို့ လိုက်လုပ်တာမျိုး၊ ဒါလည်း ပြိုင်တာပဲလို့ ပြောကြတယ်။ သေချာတွေးကြည့်တော့ ပြိုင်တယ်ဆိုတာကိုယ်က ပြိုင်ဘက်လို့ သဘောထားသူကလုပ်သမျှအရာရာကို စောင့်ကြည့်အကဲခတ်ပြီး သူ့ထက်မနိမ့်တဲ့ အပြု အမူကိုလိုက်လုပ်ရုံပဲလား။ သူ့စတိုးဆိုင်က ဒီပစ္စည်းကို ဒီလောက်ဈေးချရောင်းလို့ ကိုယ့်ပစ္စည်းကိုလည်း ဈေးချစရာ လိုအပ်ပါသလား။
မူရင်းက မူရင်း

ပြိုင်ဆိုင်မှုဆိုတာမှာ အသစ်တီထွင် ဖန်တီးနိုင်မှုဆိုတဲ့အချက် ထည့်သွင်းစဉ်းစားရပါမယ်။ ပြီးရင်ကိုယ်နဲ့ရော အဆင်ပြေရဲ့လား တွေးရပါမယ်။ သူများက ဒီလိုလုပ်တာအလုပ်ဖြစ်တယ်။ ငါလည်း လုပ်လို့မရပါဘူး။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုပြေးသလို လိုက်ပြေးရင်ငါလည်း မြန်မယ်လုပ်လို့ မရပါဘူး။ မြန်ကောင်းမြန်လိမ့်မယ်။ စီရော်နယ်ဒိုတော့ ဖြစ်မ လာပါဘူး။ အဆိုပါပြိုင်ပွဲတွေမှာ အဆိုတော်တွေရဲ့ အသံကိုတု ဆိုတတ်သူတွေလည်း ပါပါတယ်။ ထူးအိမ်သင်ဆိုတာ ဖြစ်တည်ခဲ့ပြီ။ နောက်တစ်ယောက် ဘယ်သူမှအစားလို့ မရပါဘူး။ မူရင်းက မူရင်း။

အတုခိုးတိုင်း မအောင်မြင်နိုင်ဘူး။ ယှဉ်ပြိုင်တုပမရနိုင်ဘူး။ သူ့သားလေးကို ဒီ အင်တာနေရှင်နယ် ကျောင်းထားလို့ ကိုယ့်ကလေးကို ထားတာတော့ ဟုတ်ပါပြီ။ ကလေးကရော ပျော်ရဲ့လား။ သူနွေရာသီကျောင်း ပိတ်ရက်ကိုဂစ်တာတီးသင်တန်းတို့၊ အပ်ချုပ်သင်တန်းတို့၊ ဓာတ်ပုံရိုက်ကူးမှု သင်တန်းတို့ စသဖြင့် အခြားပညာရပ်တွေကိုရော မလေ့လာချင်တာ သေချာပါရဲ့လား။ ကျွန်တော်တို့က ယှဉ်ချင်ဇောနဲ့ စွတ်လုပ်လို့ မရပါဘူး။ ပြိုင်တယ်ဆိုတာ မတူတဲ့ ပြေးလမ်းတွေကလည်း ပြိုင်လို့ရပါတယ်။
အထူးသဖြင့် ပညာရေး

ပြိုင်ဆိုင်မှုပိုကဲနေတဲ့နေရာမှာ ကလေးမိဘအချို့လည်း ပါမယ်ထင်ပါတယ်။ ပညာရေးဆိုတာဘ၀ရဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်ကို ရွေးချယ်နိုင်အောင် ပြုစုပျိုးထောင်ခြင်းဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေစွာ နေထိုင်နိုင်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် ပညာရေးက အရေးပါပါတယ်။

ဒါပေမဲ့ ပညာဆိုတာ ထုတ်ကုန်ပစ္စည်းမဟုတ်ပါဘူး။ ဖက်ရှင်ဆန်လို့ မရပါဘူး။ ပညာသင်ဖို့က အရေးကြီးပါတယ်။ ဈေးနှုန်းနဲ့လည်း တန်ဖိုးမဖြတ်ရပါဘူး။ မိဘတွေကြားထဲက (တချို့ကို ဆိုလိုပါတယ်) အမှတ်ပြိုင်ဆိုင်မှု၊ သားသမီးကို ဘယ် ကျောင်းထားနိုင်လဲဆိုတဲ့ ပြိုင်ဆိုင်မှုတွေကြောင့် ကလေးတွေ ဖိအားအရမ်းများပါတယ်။

နွေကျောင်းပိတ်ရက်အနားမရ၊ ကျူရှင်တွေတက်၊ အိမ်မှာလည်းဆရာ၊ဆရာမတွေခေါ်သင်။ နားချိန်လေးကစား ချိန်လေး လဲပေးပါဦး။ ကလေးဘ၀မှာကစားချိန်၊ နားချိန်၊ စာဖတ်ချိန်မျှတဖို့တော့ လိုတယ်ဆိုတာ အများသိပါတယ်။ စာမေးပွဲပြီး တဲ့နေ့လေး ပန်းခြံခေါ်သွားပြီး နောက်နေ့ကစ ကျူရှင်စတက်ရတာကတော့ မိဘရဲ့စေတနာလို့  ခေါင်းစဉ်တပ်လည်း ကျွန်တော် မငြင်းပါဘူး။

ဆယ်တန်းအောင်စာရင်းထွက်ပြီဆိုလည်း ဘယ်သူအမှတ်ဘယ်လောက်ရလဲ မေးရတာအမော။ ပြိုင်ဆိုင်ကြတယ် ဆိုတာ အားလုံးအသိပါပဲ။ ဒါကိုက သဘာဝဖြစ်နေပါပြီ။ ရိုးလည်းရိုးအီနေပါပြီ။ အဲဒီပြိုင်ဆိုင်မှုတွေကြောင့် ယဉ်ကျေးမှုတက္ကသိုလ် တက်ချင်သော်လည်း ဆေးကျောင်းတက်ခဲ့ရသူတွေ၊ ကျောင်းဆရာလုပ်ချင်သော်လည်း အင်ဂျင်နီယာလုပ်ခဲ့ရသူ လူငယ်တွေ အများကြီးရှိခဲ့ပါပြီ။ ကိုယ့်အလှည့်တုန်းက မဖြစ်ရတဲ့အိပ်မက်တွေကို သားသမီးတွေလက်ထက်ဖြစ်စေချင်တဲ့ စေတနာ၊ ဘ၀ အတွေ့အကြုံအရရွေးချယ်ပေးတဲ့ မိဘရဲ့မေတ္တာကိုလည်း နားလည်ပေးရမှာ ဖြစ်ပါတယ်။ နည်းနည်းလေးတော့ လျှော့ပြိုင်ရုံ ကလွဲလို့ တခြားမရှိပါဘူး။
လုပ်ငန်းခွင် နယ်ပယ်

လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာလည်း ဝန်ထမ်းအချင်းချင်း ပြိုင်ဆိုင်မှုရှိတာပဲ။ အထက်လူကြီးနဲ့ ဘယ်သူပိုရင်းနှီး လည်းပြိုင်တယ်။ တစ်ခါတစ်လေဆို အ၀တ်အစားလည်း ပြိုင်တယ်။ အလုပ်လုပ်ပိုင်ခွင့် ဘယ်သူပိုရလဲ ပြိုင်တယ်။ အဓိက ကတော့ လူ့စိတ်ထဲကအားလုံးနဲ့ တန်းတူညီမျှအခွင့်အရေးရချင်တဲ့စိတ်ကစ အခြေခံပြီး ပြိုင်ဆိုင်မှု ဖြစ်လာတာပါ။ သူက သူကြိုးစားလို့ အောင်မြင်တယ်။ ရာထူးရာခံရတယ်ဆိုလည်း မကျေနပ်ဘူး။

ပြိုင်လို့မရတော့ မနာလိုဖြစ်တဲ့အဆင့်ပါ ရောက်လာတယ်။ အတင်းတွေ ပြောမယ်။ အတင်းပြောတယ်ဆိုတာကလည်း မကောင်းတာတော့ မှန်တယ်။ ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ ထွက်ပေါက်ပေါ့။ အချင်းချင်း ရင်ဖွင့်ကြတာမျိုးပေါ့လေ။ ဝန်ထမ်းတွေကြားထဲ ပြိုင်ဆိုင်မှုရှိနေတာကလည်း လွန်ကဲလာရင် မကောင်းပြန်ဘူး။ အလုပ်လုပ်ရတာ မပေါ့ပါးဘူး။ စိတ်ဖိစီးမှု ပိုများလာတယ်။ အားကစားသမားတွေတောင်မှ ပြိုင်ပွဲရှိမှ ပြိုင်ရတာ။ တခြားအချိန်က Training လုပ်နေရတာ။ ကိုယ့်မှာတော့မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ ရုံးသွားရင်း ကိုယ်နဲ့ပြိုင်ဘက် လုပ်ဖော်ကိုင်ဖက်ကိုမြင်၊ ပြိုင်ဆိုင်ချင်စိတ်တွေ ပိုတိုး လာ၊ စိတ်ရှုပ်ရတာပေါ့။ ကိုယ်သာနေတဲ့အချိန်တော့ ကောင်းရင်ကောင်းမယ်။ ဘာပဲပြောပြော ရန်သူမွေးသလို ဖြစ်နေ တာပေါ့။
မျှဝေပူးပေါင်းရအောင်

ပထမလုပ်လို့ရတဲ့အချက်က ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေးမှာပါ မျှဝေပူးပေါင်းတဲ့စနစ်ကလေးသုံးလို့ ရပါ တယ်။ သူနဲ့ကိုယ်နဲ့ ပြိုင်မယ့်အစား ပူးပေါင်းလိုက်လို့ ပိုပြီး စီးပွားရေးတောင့်တင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ထူးခြားကြည့်ရအောင်

ဖန်တီးနိုင်မှုစွမ်းအားက ပြိုင်ပွဲတွေမှာ အရေးပါတဲ့အချက် ဖြစ်ပါတယ်။ သင်တန်းကျောင်းတစ်ခုရဲ့ သင်တန်းကြေးက နှစ်သောင်းခွဲ၊ သုံးသောင်းဖြစ်သော်လည်းပဲ ကိုယ့်သင်တန်းမှာ ရှစ်ထောင်လောက်နဲ့ သင်လို့ရပါတယ်။ ဈေးပေါတာနဲ့ ဈေးသက် သာတာ ကွဲပြားပါတယ်။ မတူပါဘူး။ လူတိုင်းက အသစ်တွေကို ကြိုက်ပါတယ်။ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက် သောက်စရာ မလိုပါဘူး။ ဥပမာ ပေးတာပါ။
ဖန်တီးနိုင်စွမ်း မြင့်မားသူတွေကသာလျှင် ဈေးကွက်တိုင်းမှာ ဦးဆောင်နေတာပါ။ အထူးခြားဆုံး မဟုတ်တောင်မှ အသစ်တစ်ခုကို တီထွင်လိုက်ပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်း ကိုယ့်ရဲ့ အားထုတ်မှုအကျိုးကို ခံစားရမှာပါ။

ခုချက်ချင်း လုပ်ခုချက်ချင်းမြတ်ဖြစ်မလာလို့ စိတ်ဓာတ်ကျလက်လျှော့မယ်ဆိုရင်တော့ တစ်နေ့ရောက်ရမယ့် ပန်းတိုင် ဆိုတာကို စိတ်ကူးနဲ့တွေးအား ပြန်ဖြည့်လျှောက်လှမ်းဖို့ လိုပါမယ်။ လူတွေကအသစ်ကို ကြိုက်ပါတယ်။ အသစ်ရရင်လည်း အဟောင်းကို ပြန်တောင့်တပါတယ်။

အဲဒီသဘောတရားနဲ့ တီထွင်ဖန်တီးနိုင်ရပါမယ်။ ထူခြားမှုတွေက လူ့ပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးဖြစ်အောင် အကျိုးရှိ အောင်လုပ်ပေးနိုင်ရင် ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးကဦးဆောင်မှာပါ။ ပြေးလမ်းမတူလို့ လာခြေထိုးခံလို့လည်း မရတော့ဘူးပေါ့။
တွန်းအားလား၊ ဖိအားလား

လူမှုပတ်ဝန်းကျင်၊ အလုပ်ခွင်နယ်ပယ်အသီးသီးမှာ ပြိုင်ဆိုင်မှုတွေရှိကြောင်းကို စာဖတ်သူတို့သိသလို အထက်က စာပိုဒ် တွေမှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ အခုလည်းပြိုင်သလို နောက်လည်း ပြိုင်ကြဦးမှာပါ။ တချို့က ရိုးသားအေးချမ်းတဲ့ဘ၀လေးကို သဘောကျတယ်။ တချို့ကျလည်း အပြိုင်အဆိုင် ခရီးဆက်ချင်တယ်။

ပြိုင်ဆိုင်မှုက ကိုယ့်အတွက် တွန်းအားဖြစ်နေရင်တော့ သိပ်ကိစ္စမရှိပုံပေါ်ပေမယ့် ဖိအားအသွင် ဖြစ်လာပြီဆိုရင်တော့ ပြန်စဉ်းစားကြည့်ဖို့ လိုနေပါပြီ။ စိတ်ချမ်းသာစွာ နေထိုင်ကြရအောင်ပါ။ တစ်ဘ၀လုံး စိတ်အပင်ပန်းခံ ယှဉ်ပြိုင်နေရတာမျိုးတော့ မဖြစ်စေလို။
~Mizzima

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

တစ်နေ့

ကျွန်တော် နယူးယောက်မှာ မိတ်ဆွေတစ်ယောက်နှင့်အတူ တက္ကစီစီးသည်။ ကားထဲကထွက်တော့ မိတ်ဆွေက
ဒရိုင်ဘာကို ပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”

တက္ကစီဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟု ပြန်ပြောသည်။
“မဟုတ်ဘူးဗျ၊

မနောက်ပါဘူး၊ ကျွန်တော် တကယ်ပြောတာပါ၊ ကားတွေ ရှုပ်ယှက်ခတ်နေတဲ့ နေရာမှာခင်ဗျားတည်တည် ငြိမ်ငြိမ်
အလုပ်လုပ်တာ သဘောကျလို့ပါ”“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။

“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ” ကိုယ့်ချည်း ရှိတော့မှ ကျွန်တော် မေးမိသည်။“နယူးယောက်မြို့ကြီး
ထဲမှာမေတ္တာတရားတွေ ပြန့်ပွားအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကိုကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်” မိတ်ဆွေ
က ဆိုသည်။“ခင်ဗျားတစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”  “တစ်ယောက်တည်း
မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီးကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်
၊ အကယ်၍ ဒီနေ့မှာ သူ ခရီးသည် ၂၀မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော်တစ်ယောက် ကောင်းထား
လို့ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ ၂၀ အပေါ် သဘောကောင်းကောင်းနဲ့ဆက်ဆံတော့မယ် ဗျ၊ အဲဒီလူ
တွေကတစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ ဆက်ဆံရတဲ့အလုပ်ရှင်တွေ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို
ပျူပျူငှာငှာဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေအပေါ်မှာလည်း ပိုကြင်နာသွားမယ်ဆိုရင် ဒီတစ်ဦးအပေါ်တစ်ဦး ချစ်
ကြည်ရင်းနှီး မှုဟာ အနည်းဆုံး လူ ၁၀၀၀ လောက်ဆီအထိပြန့်သွားလိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ၊ မဟုတ်ဘူး လား”
“ဒါပေမဲ့ခင်ဗျားရဲ့ ချစ်ကြည်ရေးစိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီတက္ကစီဒရိုင်ဘာပေါ်မှာ လုံးလုံးလျားလျား မူတည်မနေပေဘူးလားခင်ဗျာ”“ဟာ…ဘယ်ဟုတ်မလဲ၊သူတစ်ဦးတည်းအပေါ်တော့လည်း ကျွန်တော် ဘယ်လုံးလုံး လျားလျား ပုံအပ်ထားပါ့မလဲ၊သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ လူ ဆယ်ယောက်နဲ့ အဲဒီလို မေတ္တာဖြန့် ကျက် ဆက်ဆံ ဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကိုပြန့်ပွားသွားရင် သူတို့ ကနေ ဆင့်ပွား ပြီး လူ ၃၀၀၀ မှာ စိတ်သဘောကောင်းတွေဝင်သွားမယ်”“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမဲ့ လက်
တွေ့မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး” “မဖြစ်တော့လည်းဘာနစ်နာသွား
တာ မှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျားလုပ်ပုံကိုင်ပုံတော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက်ကျွန်တော့်
မှာလည်းဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူးပိုပေးစရာလည်း မလို၊လျှော့ပေးစရာလည်း မလို၊
ကိုယ့်စကား သူ့ရင်ထဲ ၀င်မသွား တော့လည်း ဘာဖြစ်လဲ၊နောက်နေ့ နောက်ထပ်တက္ကစီသမားတစ်ယောက်နဲ့ တွေ့တော့
သူဝမ်းသာ သွားအောင်၊စိတ်ချမ်းသာကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့” “အင်း…ခင်ဗျားလည်း တစ်နည်း
တစ်ဖုံ ကြောင်တဲ့ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက်ချမိသည်။
“ဟာ

အဲဒါပဲ ခင်ဗျားနှလုံးသားတွေ ဘယ်လောက်မာကျောနေပြီဆိုတာ ဒီမှာပေါ်တယ်၊ကျွန်တော် ဒီကိစ္စ အတော်လေ့လာထား
ပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန၀န်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင်အသိအမှတ်ပြု စကားဗျ၊
ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ…ဟုတ်လား၊ သူတို့အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့
စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ် အကျိုးပြုပါတယ် မပြောကြဘူး”“ဟ၊ ခင်ဗျားလူတွေကလည်း ကောင်းကောင်းမှ
မလုပ်ကြဘဲဗျ” “ခင်ဗျားပြောတာမှန်တယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်း လုပ်လုပ် မလုပ်လုပ်အကြောင်း
မထူး ဘူး၊ ဘယ်သူမှလည်း အရေးမစိုက်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတာကြီးကစွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်
ယောက်က သူတို့အပေါ် ကြင်နာတဲ့စကားအသိအမှတ်ပြုတဲ့စကား ပြောမပေးသင့် ဘူးလားဗျ”  စကားပြောရင်းလျှောက်
လာ ကြရာ ဆောက်လက်စ အဆောက်အဦတစ်ခု အနီးသို့ ရောက်လာ သည်။ သည်မှာအလုပ်သမား ၅ ယောက် နေ့လည်
စာ စားနေကြတာ တွေ့တော့ ကျွန်တော့်မိတ်ဆွေက ရပ်ပြီးစကားပြောသည်။

“ခင်ဗျားတို့ အဆောက်အဦကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လည်း များ
မယ့်ပုံ”အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။

“ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။
“ဟာ…ဟုတ်လား၊ ကောင်းတယ်ဗျာ၊ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”ကျွန်တော်တို့  ထွက်လာ
ခဲ့သည်။ “အင်း…ခင်ဗျားလို ပုဂ္ဂိုလ်မျိုးတော့ ရှားမှရှားပဲဗျို့” ကျွန်တော် သြဘာ ပေးမိသည်။

သူက အေးအေးဆေးဆေး။ “ရုတ်တရက်တော့တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွား
လိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ကြီး
ထဲက တခြားလူတွေခံစားရလိမ့်မယ်”

“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။
“ဘယ်

ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးကြီးဆုံးအချက်က အားမလျှော့ဖို့ပဲ၊မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာ
အောင် လုပ်တဲ့ကိစ္စဗျာ၊ ဒါပေမဲ့ကျွန်တော့် စစ်ဆင်ရေးထဲမှာ တခြားလူတွေ လည်း ပါဝင်လာအောင်စည်းရုံးနိုင်မယ်ဆို
ရင်…” “ကြည့်စမ်း ဟေ့လူ ခင်ဗျား ခုနက အရုပ်ဆိုးဆိုးမိန်းမကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော်
ကြားဖြတ်မေးသည်။

“ဟုတ်တယ်လေဗျာ၊

ဒါလောက်အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော်မျက်စပစ်ပြလိုက်တော့ သူ့ကိုလည်းသဘောကျတဲ့လူ ရှိသေးတာပဲတွေးပြီး
ကြည်နူးသွားမယ်၊ အကယ်၍ သူသာကျောင်းဆရာမတစ်ယောက် ဖြစ်မယ်ဆိုပါတော့၊ အတန်းထဲက ကလေးတွေ
အဖို့တော့ ဒီနေ့ဟာပျော်စရာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။ကျွန်တော့် မိတ်ဆွေကတော့ ပျော်ပျော်ကြီး ပြောဆိုနေ
လေသည်။

[မူရင်း။ ။ Art Buchwald ၏ Love And The Cabbie] ဦးဖေမြင့် ဘာသာပြန်သည်။
All Credit to Original post Owner.